Sunday 27 February 2011

25-Trojan ဆိုတဲ့ စက်ကိုလေးစေတဲ့ Virus ကိုရှင်းပုံ ၊ ရှင်းနည်း

တစ်နေ့ ကျွန်တော်မေးလ်ထဲကို I love you
Virus (သို့) ayann chit tal (အရမ်းချစ်တယ်.) Virus ကိုက်တယ် ဆိုတဲ့ မေးလ်ဝင်လာတယ်..။
ကျွန်တော့်ဆိုက်ထဲမှာ တင်ထားတဲ့ အရမ်းချစ်တယ် Virus သတ်တဲ့ အတိုင်းလဲ မရဘူးတဲ့..။
 ဒါနဲ့ကျွန်တော်တစ်ခု စဉ်းစားမိတယ်..။
သူ့ရဲ့Antivirus အလုပ်မှ လုပ်သေးရဲ့လားလို့..ဒါနဲ့ ကျွန်တော် သူ့ကို တစ်မျိုး ထပ်စမ်းခိုင်းတယ်..။
( Antivirus အလုပ်၊မလုပ်စမ်းတဲ့ နည်းကိုကျွန်တော် နောက် Post မှာ ရေးပေးပါ့မယ်..။)
ဒီလိုစမ်းပြီးတော့ သူက ကျွန်တော့်ကိုပြောတယ်..။
သူ့စက်မှာ Virus ရှိတာ သေချာနေပြီတဲ့..။
ကျွန်တော်က Virus Scan လုပ်ခိုင်းတာကို ရှိမှန်းသိပေမဲ့..စစ်လို့
မရဘူးတဲ့..။ ကျွန်တော်စဉ်းစားမိတာက Spyware နဲ့ Adware ဆိုရင်လဲ
ဒီလို မဖြစ်ဘူးဗျ..။ ဒါကြောင့် ကျွန်တော် Trojan ကို သွားစဉ်းစားမိတယ်..။
သူက နာမည်နဲ့လိုက်အောင် အတွင်းလှိုက်ပြီး ဖိုင်တွေကိုပိတ်၊ စက်ကိုလေးစေတယ်..။
တခြားတော့ ထူးထူးခြားခြားမဖြစ်တတ်ပါဘူး.။
ခက်တာက သူ့ကို ရိုးရိုး Antivirus နဲ့ သူကမရဘူး..။
ဒါကြောင့် ကျွန်တော် ဒီ Link ကနေ သူ့ကို download ဆွဲခိုင်းလိုက်တယ်။
တကယ်လွယ်ပါတယ်..။ ပြီးတော့ Kaspersky  နဲ့လဲ ပြဿနာ မရှိဘူးဗျ.။

http://www.softpedia.com/progDownload/Trojan-Remover-Download-6773.html

ကျွန်တော့် Link ကနေရှာရင်တော့ နံပါတ် -78 မှာပါ..။
ဒီကနေ ဒေါင်းလိုက်ပါ..။
ပြီးရင် run လိုက်ရုံပါပဲ..။
သူရှာလို့ တွေ့တဲ့ Trojan တွေကို  ဖျက်ပစ်ပေါ့ဗျာ..။
နောက် သူက Restart တောင်းရင် ပေးလိုက် ရုံပါပဲ..။
လွယ်ပါတယ်..တစ်ယောက်နဲ့ တစ်ယောက် မတူတော့ လုပ်နည်း
နည်းနည်းလွဲနိုင်ပေမဲ့ ဘာပြဿနာမှ မရှိပါ.။

အောက်မှာ ကျွန်တော်ဆီ စာရေးသော အမ တစ်ယောက်ရဲ့ စာလေးပါ ဖော်ပြပေးထားတာပါ..။



“ ၀တ်ရည်ရဲ့စက်ထဲမှာKasperskyကိုခဏဖြုတ်ထားတဲ့အချိန်
မှာတစ်ခြားဌာနကညီမလေးတစ်ယောက် အကူအညီတောင်းလို့
သူ့ရဲ့memory stickထဲကဖိုင်ကို print ထုတ်ပေးမယ်ဆိုပြီး
စက်မှာထည့်လိုက်တာစက်ကြီး..ဟမ်းသွားတယ်။
ဒါပေမယ့်လည်းသူကအရေးကြီးနေတော့အဆင်ပြေအောင်ဆိုပြီးသူ့ဟာကိုရအောင်ထုတ်ပေးလိုက်တယ်။
ပြီးမှကိုယ်ပြန်လုပ်ဆိုပြီးထားလိုက်တယ်။ နောက်kasကိုပြန်တင်ပြီးသတ်တော့လည်းမရ။
နောက်ဆုံးဝင်းဒိုးပါပြန်တင်တယ်။
ပြန်သတ်တယ်။
nod32 နဲ့လည်းသတ်တယ်..မရဘူး။
ဘာဗိုင်းရပ်စ်ဆိုပြီးတော့နာမည်ပေါ်လို့Trojanမှန်းသိတာ။
စက်ကြီးကသုံးနေရင်းနဲ့လေးလည်းလေးနေတယ်လေ။ alermလည်းပြတယ်။
memory is lowဆိုပြီး။
ခု ကိုဇော် ပေးတဲ့ထရိုဂျန်သတ်တဲ့ဟာကို run လိုက်တာ.
အိုကေသွားတယ်။
အရင်ကပျောက်နေတဲ့ဖိုင်တွေကို ခုပြန်ခေါ်လို့ရသွားပြီ။
အဲဒါကြောင့် ကိုဇော့် ကိုကျေးဇူးတင်ပါတယ်လို့ပြောတာ။ ဖိုင်တွေရှိမှန်းသိရဲ့နဲ့ခေါ်မရဖြစ်နေတာ။
search နဲ့ရှာလည်းမရနဲ့။
ခုမှအဆင်ပြေသွားတယ်။
ဝတ်ရည်ရေးတာ.အဆင်ချောချင်မှချောမယ်နော်..
ကိုဇော့်ဘာသာအဆင်ပြေသလိုရေးပါ။ ”

No comments:

Post a Comment