Saturday 24 November 2018

ကွန်ပျူတာ Speed မြန်အောင်လုပ်နည်း (၅) နည်း

၁။ ပထမဆုံးနည်

Start >> Run (or) win + R ကိုကလစ်ပါ..
run box တွင် prefetch ကိုရေးပြီး ok ပေးလိုက်ပါ..
ပေါ်လာတဲ့ ဖိုင်တွေအားလုံးကို delete ပေးလိုက်ပါ...


၂။ ဒုတိယနည်း

Start >> Run (or) win + R ကိုကလစ်ပါ..
run box တွင် regedit ကိုရေးပြီး ok ပေးလိုက်ပါ..
ပေါ်လာတဲ့ Registry Editor box အောက်က
HKEY_CURRENT_USER >> Control Panel >> Desktop ထိအစဉ်လိုက်သွားလိုက်ပါ..
Desktop ရောက်ရင် double click ပေးလိုက်ရင်ဘေးက box က MenuShowDelay ကို
right click >> modify>> Value data ကို 400 ကနေ 0 ထိလျှော့ချပေးပြီး ok ပေးလိုက်ပါ..

၃။ တတိယနည်း

Start >> Run (or) win + R ကိုကလစ်ပါ..
run box တွင် msconfig ကိုရေးပြီး ok ပေးလိုက်ပါ..
ပေါ်လာတဲ့ box မှာ Startup Tab ကိုသွားပါ..
အဲဒီက မလိုအပ်ဖူးထင်တဲ့ software တွေက အမှန်ခြစ်ဖြုတ်ပေးလိုက်ပါ.
ပြီးရင် Apply ok ပေးလိုက်ပါ restart တောင်းပါလိမ့်မယ် Exit Without Restart ကိုပဲကလစ်လိုက်ပါ.
တကယ်ဆိုရင် restart ပေးရမှာပါ ဒါပေမယ့်ကျနော်တို့က နည်းလမ်းငါးမျိုးလုံးလုပ်မှာဖြစ်လို့ မပေးပါနဲ့
အားလုံးပြီးမှ restart ပေးလိုက်ရင်လည်းရပါတယ်.

၁။ စတုတ္တနည်း

Start >> Control Panel >> System ထိရောက်အောင်သွားပြီး double click နဲ့ဖွင့်လိုက်ပါ.
(mycomputer >> right click >> Properties ဆိုရင်လည်း တူတူပါပဲ)
System Properties Box ပေါ်လာပါလိမ့်မယ် Advanced Tab >> Performance Settings ကိုကလစ်လိုက်ပါ.
Adjust for best performance ကိုရွေးပြီး Apply ok ပေးလိုက်ပါခင်ဗျာ..
PC ကတော့ ပုံစံပြောင်းသွားပါလိမ့်မယ် effect တွေမပါတော့တဲ့အတွက် သိသိသာသာ ပေါ့ပါးသွားပါလိမ့်မယ်..

၅။ ပဉ္စမ နည်း

Start >> Run (or) win + R ကိုကလစ်ပါ..
run box တွင် system.ini ကိုရေးပြီး ok ပေးလိုက်ပါ..
ပေါ်လာတဲ့ Notepad ထဲမှာ အောက်က code လေးကို copyကူးပြီး အောက်ဆုံးမှာထည့်ပေးလိုက်ပါခင်ဗျာ..
page buffer=100000kbps load=100000kbps Download=100000kbps save=100000kbps back=100000kb
ပြီးရင် file >> save ပေးပြီး close လိုက်ပါ ..အားလုံးပြီးပြီဆိုရင် ကွန်ပျုတာကို restart ချလိုက်ပါ.



Credit : http://myintmyataung1989.blogspot.com

Tuesday 28 August 2018

Programming လေ့လာနေသူတွေအတွက် OOP in C++ (Object-Oriented Programming in C++) မှတ်စု [Ebook]


Sunday 24 August 2014

Windows 8 မှာ မြန်မာလို ရေး/ဖတ် လို့ရအောင် ပြုပြင်နည်း



ဒီတစ်ခါတော့ Windows 8 အသုံးပြုသူများအတွက် Zawgyi-One Font အသုံးပြုနည်းလေး ပြောပြပါ့မယ်။ 
အရင်ဆုံးကျွန်တော်အောက်မှာပေးထားတဲ့ Link လေးတွေကနေ Zawgyi Font 
ကိုဒေါင်းလော့ချလိုက်ပါ။ ပြီးရင်  Winrar ဖို်င်လေးကိုဖြည်လိုက်ပါ။ ပထမဖိုင်လ်ထဲမှာ  Setup 
ဆိုတာလေးကို အရင် Install လုပ်ပါ။ ပြီးရင် ဒုတိယဖိုင်ထဲက IEZawGyiGtalkfont ဆိုတာကို install 
လုပ်ပါ။ Window 8 32bit အတွက်ဆိုရင် ဒီအဆင့်မှာဘဲ ပြီးပါပြီ။ 
ဒုတိယအဆင့်က Control Panel ထဲဝင်ပြီး Language Setting ကိုပြင်ဖို့လိုပါတယ်။ 
  ဆင့်(၁) Control Panel ကိုသွားဖို့ကရိုးရိုးလေးပါပဲ။ Desktop ပေါ်ကို Right Click ထောက် 
Personalize ကိုကလစ်ပေးပါ။  ညာဘက်ထိပ်မှာ Control Panel Home ဆိုတာကို ကလစ်ပေးပါ။ 
 Windows 8 ဖြစ်တဲ့အတွက် Language ဆိုပြီးကမ္ဘာလုံးပုံလေးကို ကလစ်ပေးပါ။


အဆင့်(၂) အဲဒီမှာ Advaced Settings ဆိုတာကို လကစ်ပေးပါ။ 




အဆင့်(၃) Override for default input method  ဆိုတာကိုရှာ၊ အဲဒီအောက်က ဘားလေးထဲမှာ
English(United States)- Zawgyi Myanmar Unicode L  ဆိုတာလေးကို ရွေးပေးပါ။  ဒါဆိုရင် Zawgyi
Font ကို windows 8 မှာ အသုံးပြုလို့ရပါပြီ။

Download Link Update 21 April 2013
  Click Here to Download Zawgyi-keyboard-layout
 
 
  www.winkabarkyaw.net

Thursday 3 July 2014

အင်္ဂလိပ်-မြန်မာ စာရိုက်လေ့ကျင့်ခန်း


ရတနာပုံကွန်ပျူတာစင်တာသင်တန်းမှရေးထားသော အင်္ဂလိပ်-မြန်မာစာရိုက်လေ့ကျင့်ခန်း ဖြစ်ပါတယ်။လေ့ကျင့်ခန်း ၁၆ ခန်းပါဝင်သည်။လက်ကွက်ပုံပါသဖြင့်ဆရာမလိုဘဲမိမိကိုယ်တိုင်လေ့ကျင့်နိုင်ပါသည်။ သင်တန်းတွင်လက်တွေ့ အသုံး ချနေပါတယ်
 Download =>  solidfiles  မှတ်ချက်(window 7 တွင် Right=Click---> Run As Adminstrator)နှိပ်ပြီးသွင်းပါ အဆင်ပြေပါစေ..
Source: http://www.aungkyaw.net/2013/09/blog-post_9.html
www.aungkyaw.net မှ ပြန်လည်မျှဝေသည်


မိုဘိုင်းဖုန်းမှ တခြား Computer, MobilePhone,Tablet များသို့ အင်တာနက် ရှယ်ယာ လုပ်နည်း




အင်တာနက် ရရှိတဲ့ ဖုန်းကနေပြီးတော့ Wi-Fi hotspot တစ်ခု တည်ဆောက်ပေးပြီး ကွန်ပျူတာ၊ မိုဘိုင်းဖုန်းနဲ့ Tablet တွေမှာ အရေအတွက် ရှစ်လုံးအထိ အင်တာနက် မျှဝေ အသုံးပြုနိုင်ပါတယ်။ 
အင်တာနက်လိုင်း ရတဲ့ မိုဘိုင်းဖုန်းရဲ့ အင်တာနက် ကွန်နက်ရှင်ကို On ပေးပါ။
 Wi-Fi hotspot တစ်ခု တည်ဆောက်မှာမို့ ဖုန်းရဲ့ Settings ကို အရင်ဖွင့်ပါ။ Wireless & networks ကိုရှာပြီး select လုပ်ပါ။ ကွန်နက်ရှင်ကို Share ပေးမှာမို့ Tethering & portable hotspot ကို ရွေးပေးပါ။ Portable WLAN hotspot ကို တွေ့ရင်တော့ check box မှာ အမှန်ခြစ်ပြီး Portable WLAN hotspot settings ထဲသို့ ၀င်လိုက်ပါ။
 အခြား devices များနှင့် ချိတ်ဆက်မှာဖြစ်တဲ့အတွက်ကြောင့်ကိုယ့် ကွန်နက်ရှင် လုံခြုံစိတ်ချရစေဖို့အတွက် Configure WLAN hotspot ထဲကို ၀င်ပြီး Security Password ပေးရပါမယ်။
Configure WLAN hotspot ထဲမှာ Network SSID, Security, Password ဆိုတဲ့ tabs သုံးခုကို တွေ့ရမယ်။
Network SSID မှာ စိတ်ကြိုက် SSID Name ပေးလို့ ရတယ်။ 
 Security ထဲမှာတော့ WPA2 PSK ကို ရွေးပေးလိုက်ပါ။ 
Password ကတော့ မိမိ စိတ်ကြိုက်ပေးလို့ ရပြီး အနည်းဆုံး characters အရေအတွက် (၈) လုံး အထိ ရိုက်ထည့်ပေးရပါမယ်။
 ပြီးသွားရင်တော့ Save လုပ်လိုက်ပါ။
တဖက်မှာလည်း အင်တာနက် လက်ခံအသုံးပြုမယ့် မိုဘိုင်းဖုန်းနဲ့ Tablet မှာ WLAN Settings ထဲကို ၀င်ပြီး အင်တာနက် လွှင့်ထားတဲ့ SSID
Name ကို တွေ့တာနဲ့ Password ရိုက်ထည့်ပြီး အင်တာနက် အသုံးပြုနိုင်ပါတယ်။ ကွန်ပျူတာနဲ့ အင်တာနက် အသုံးပြုချင်ရင်တော့ ကွန်ပျူတာရဲ့
Control Panel > Network and Internet > Manage Wireless Networks ထဲမှာ အင်တာနက် လွှင့်ထားတဲ့ SSID Name ထဲ ၀င်ပြီး Password
ရိုက်ထည့်ကာ အင်တာနက် သုံးလို့ရပြီ
credit:http://www.akarphyoe.com