Tuesday 15 March 2011

96-harddriveပျက်ဆီးခြင်းမှကာကွယ်ပေးမဲ့အချက်(10)ချက်

Hardware တွေရဲ့ ဈေးနှုန်းက ဒီဆယ်စုနှစ်ထဲမှာ အံ့ဩဖွယ်ကောင်းလောက်အောင်ကို ပြိုကျလာခဲ့ပါတယ်။ ဒါပေမဲ့လည်း လူတိုင်းက ကိုယ်စက်ထဲက hardware တွေကို ပျက်ချင် ပျက်ပါစေလို့ဆိုပြီး ပစ်စလက်ခတ်ထားကြမှာတော့ မဟုတ်ကြပါဘူး။ အထူးသဖြင့် hard drive တွေကို ဒီလိုမျိုး မထားတတ်ကြပါဘူး။
အချက်အလက်ဟာ နည်းပညာလောကသားတွေအတွက် အလွန်အရေးပါလှပါတယ်။ ဒီအချက်အလက်တွေ သိုလှောင်ရာဖြစ်တဲ့ hard drive တွေရဲ့ ကြံ့ခိုင်ရေးဟာ အလွန်ကို အရေးပါလှပါတယ်။ အောက်ဖော်ပြပါ အချက် (၁၀) ချက်ကတော့ hard drive တွေကို အလွယ်တကူ မပျက်စီးစေဖို့ လုပ်ဆောင်သင့်တဲ့ အချက်တွေ ဖြစ်ပါတယ်။
၁။ chkdsk ကို run ပေးပါ။
Hard drive တွေက မီးအားအတက်အကျကြောင့်ဖြစ်စေ၊ အခြားသောအကြောင်း အမျိုးမျိုးကြောင့်ဖြစ်စေ အထဲမှာပါတဲ့ သတ္တုပြားမှာ ပြဿနာတက်တာ၊ ဆော့ဖ်ဝဲ ပြဿနာဖြစ်တာ၊ partition table မှာ ပြဿနာဖြစ်တာ အစရှိတဲ့ ပြဿနာတွေ တွေ့ကြုံရတတ်ပါတယ်။ ဒီပြဿနာတွေကို ပြေလည်စေဖို့အတွက် chkdsk ဆိုတဲ့ ပရိုဂရမ်လေးဟာ Windows မှာ အစကတည်းက လာထည့်ပေးထားပါတယ်။ ဒီပရိုဂရမ်လေးက ပြဿနာ အတော်များများကို ပြေလည်အောင် ဖြေရှင်းပေးပါတယ်။
၂။ Hard drive ကို စောင့်ကြည့်ပေးနိုင်တဲ့ ပရိုဂရမ်သုံးပါ။
Hard drive ကို စောင့်ကြည့်လေ့လာပေးတဲ့ ပရိုဂရမ်တွေ များစွာရှိပါတယ်။ Acronis Drive Monitor ကတော့ အခမဲ့ရတဲ့ tool တစ်ခုဖြစ်ပြီး သုံးစွဲရတာ အလွန်ကောင်းပါတယ်။ အပူချိန်နဲ့ hard drive ရဲ့ နေရာလွတ်တွေကို စောင့်ကြည့်ပေးနိုင်ပါတယ်။
၃။ Data ထားတဲ့နေရာနဲ့ OS တင်ထားတဲ့နေရာကို ခွဲထားပါ။
OS တင်ထားတဲ့နေရာနဲ့ data ထားတဲ့နေရာကို partition တွေ သီးခြားပိုင်းထား သင့်ပါတယ်။ အဲဒီလို တင်မထားတဲ့အခါ OS ဆိုတာ ပျက်လွယ်တဲ့အတွက် data တွေကို သီးခြား partition မပိုင်းဘဲ OS ထားတဲ့ partition မှာထားမယ်ဆိုရင် ပျက်စီးဆုံးရှုံးမှုတွေ ရှိလာပါလိမ့်မယ်။
၎။ ကွန်ပျူတာသုံးနေတဲ့ ပတ်ဝန်းကျင်ကို သတိပြုပါ။
ကွန်ပျူတာကိုထားတဲ့နေရာက ဖုန်တွေထူတာ၊ ရေငွေ့တွေပေါများတာနဲ့ အပူချိန် သိပ်များတာ အစရှိတဲ့ အကြောင်းအရာတွေကို သတိထားရှောင်သင့်ပါတယ်။ အဲဒီလိုဖြစ်တာတွေက ကွန်ပျူတာမှာ လျှပ်စစ်ပတ်လမ်းတို့တွေဖြစ်ပြီး hardware တွေကို ပျက်စီးနိုင်တဲ့ အခြေအနေတွေ ဖြစ်ပေါ်အောင် ဖိတ်ခေါ်နေသလိုပါပဲ။ ပြီးတော့ ကွန်ပျူတာကို အပူချိန်လျော့နိုင်သလောက်လျော့အောင် ပန်ကာလေးတွေ ထားသုံးဖို့ လိုအပ်ပါတယ်။ Hard drive ကို ပန်ကာထည့်ပြီးသုံးတာက အပူချိန်လျော့နိုင်တဲ့အတွက် ပျက်စီးမှုကို ကာကွယ်နိုင်သလို hard drive ပူလာတဲ့အတွက် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။
၅။ လျှပ်စစ်ဓာတ်အပိုတွေ ကွန်ပျူတာမှာ မစီးပါစေနဲ့။
ကွန်ပျူတာကို မီတာနဲ့ထောက်ပြီး တိုင်းတာတဲ့အခါ လျှပ်စစ်ဓာတ်အားတွေက ကွန်ပျူတာပုံးမှာ စီးနေတာတွေကို တွေ့ရတတ်ပါတယ်။ အဲဒီလို ဖြစ်တတ်တာက ကွန်ပျူတာကို ပျက်စီးစေဖို့ လွယ်ကူစေပါတယ်။ လျှပ်စစ်ဓာတ်အား ရယူသုံးစွဲတဲ့ ပလပ်ပေါက်တွေနဲ့ ကြိုးတွေကို ကောင်းမွန်အောင်လုပ်ထားဖို့ လိုအပ်သလို မြေစိုက်ကြိုးကိုလည်း ထည့်ပေးထားဖို့ လိုအပ်ပါတယ်။
၆။ Drive ကို defragment ပုံမှန်လုပ်ပေးပါ။
Drive တွေကို သုံးစွဲတာကြာလာတဲ့အခါ ဖိုင်တွေရဲ့ အထားအသိုက ပြန့်ကျဲလာပါတယ်။ အဲဒီလိုဖြစ်တဲ့အခါ ဖိုင်တွေကို နေရာချတာနဲ့ ရှာဖွေတာလုပ်တဲ့အချိန် ပိုကြာလာပါတယ်။ အဲဒီလိုဖြစ်လာတာကို ကာကွယ်ဖို့အတွက် drive ကို defragment ပုံမှန်လုပ်သင့်ပါတယ်။
၇။ Solid state drive ကို ပိုသုံးပါ။
Hard drive တွေက solid state drive တွေထက် ပျက်စီးနိုင်မှုမှာ ပိုများပြားပါတယ်။ ဈေးကြီးပေမယ့် solid state drive တွေက hard drive တွေထက် ပျက်စီးနိုင်မှုမှာ လျော့နည်းတာကြောင့် ပိုမိုရွေးချယ်သင့်ပါတယ်။
၈။ Power save နည်းပညာကို သုံးပါ။
Hard drive တွေကို အလုပ်မလုပ်စေပဲ အချိန်ကြာကြာ ဖွင့်လှစ်ထားတာထက် ဘယ်အချိန်လောက်အထိ ဆက်တိုက်မသုံးစွဲဘူးဆိုခဲ့လျှင် hard drive ကို ပိတ်ထားတာတို့ sleep mode ကို သုံးတာတို့ လုပ်ထားသင့်ပါတယ်။ hard drive သက်တမ်း ပိုကြာပါလိမ့်မယ်။
၉။ ဝက်အူတွေနဲ့ မလှုပ်အောင် ကြပ်ထားပါ။
Hard drive ကို အချို့က စကူနှစ်လုံးပဲ ဖမ်းထားတာ၊ ချောင်နေတဲ့ စကူတွေ ထည့်သုံးတာတို့က hard drive ကို အခန့်မသင့်ရင် လှုပ်တာ ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုးဖြစ်ပေါ်လာခဲ့ရင် hard drive ကို သုံးမရအောင် ပျက်စီးသွားစေပါလိမ့်မယ်။
၁၀။ Back up ပုံမှန်လုပ်ပါ။
ပစ္စည်းတွေမှာ မပျက်တဲ့ ပစ္စည်းမရှိပါဘူး။ အချိန်ကြာမှ ပျက်တာနဲ့ စောစောပျက်တာပဲ ကွာပါတယ်။ ဒါကြောင့် အချက်အလက်တွေကို ပုံမှန် Back up လုပ်ထားသင့်ပါတယ်။
forward:mail မှ

95-username လေးမကျန်ခဲ့အောင်

ကဲအဲဒါလေးကိုဘယ်လိုကာကွယ်မလဲဆိုတော့။ start key +R နှိပ်ပါ။ box ထဲမှာ regedit ရိုက်ထည့်ပါ။ အဲဒီကနေ HKEY_CURRENT_USER==>Software==>Google==>Google Talk==Accounts ကိုထောက်လိုက်ပါ။ ညာဘက်မှာ o ဆိုတာတွေ့ပါမယ်။ အဲဒါကို double Click နှိပ်ပါ။ Value data: အောက်မှာ gtalk သုံးခဲ့တဲ့ username တွေကိုတွေ့ရပါမယ်။ ကိုယ်နာမည်ပါရင်ဖျက်ခဲ့ပေါ့။       ကူညီချင်တယ်ဆိုရင်တော့သူများနာမည်တွေပါဖျက်ပေးခဲ့ရင် ပိုကောင်းတာပေါ့ ။ အဲဒါပြီးရင်မပြီးသေးဘူးဗျ စောစောက Accounts ကိုကြည့်နေတယ်မလား အပေါ်ကအဆင့်ပြီးရင် အဲဒီ +Accounts ဆိုတာရှိတယ်မလား အဲဒီ + လေးကိုနှိပ်လိုက်ပါ။ အဲဒီမှာ ကိုယ်ဝင်ထားတဲ့ Username တွေရှိပါသေးတယ်။ ကိုယ့် Username ပေါ် click ထောက်လိုက်ပါ။ right click==>delete နဲ့ဖျက်လိုက်ပါ။ ဒါဆိုရင်တော့လုံခြုံ(သွားပြီလို့ထင်ပါတယ် ) သွားပါပြီ။

94-connection ကောင်းမကောင်းဘယ်လိုကြည့်

အင်တာနက်ဆိုင်မှာလူတွေပြောလေ့ရှ
ိပါတယ် ကျသွားပီတို့ တက်လာပီတို့ (con)ပြောပါတယ်
အခုပြောမှာက အဲ့ကောင်းတယ်မကောင်းဘူးဆိုတာဘယ်လိုကြည့်လဲပေါ့

ပထမတစ်နည်းကတော့
Task Manager ကကြည့်လို့ရပါတယ်
Task Manager ကိုတော်တော်များများသိပါတယ် မသိရင်တော့  Ctrl+Alt+Del(or)Ctrl+Shift+Esc နှိပ်ကြည့်ပါ

ပထမဆုံး Networking Tab ကိုသွားပါ အဲ့ကအောက်မှာပြထားတဲ့အနီရောင်ဘောက်လေးမှာ
0.1% 0.12% တို့ဆိုရင်တော့ကျနေပါတယ် အဲ့ထက်များရင်တော့ကောင်းပါတယ် 0.5လောက်ဆိုရင်တော့အတိုင်းအထက်အလွန်ပါပဲ(နေပြည်တော်ကလိုင်းလောက်ရှိပါတယ်)

ဒုတိယတစ်နည်း
win+R>>cmd>>nslookup>>nslookup အဲ့မှာ

အဲ့လိုပေါ်လာရင်တော့ တက်တယ်ပေါ့ မပေါ်ပဲ Request Time Out ဆိုရင်တော့ကျနေပါတယ်
Address ဆိုတာကတော့ကိုယ်သုံးနေတဲ့ IP ပဲဖြစ်ပါတယ်

93-Folderများကိုလော့ချနည်း

တချို့သော Folderများကိုလော့ချချင်တဲ့ အခါ ဆော့ဝဲ လေးတွေကို
အသုံးပြုကြရပါတယ်... အခုဟာလေးကတော့ ဆော့ဝဲမပါဘဲ Folder
လော့ချတဲ့ နည်းလေးပါ... ကဲစမ်းကြည့်လိုက်ကြရအောင်...
1.   Folder လေးတစ်ခုကို မိမိနှစ်သက်အမည်နဲ့ ဆောက်လိုက်ပါ။
2.   အဲဒီ Folder ထဲမှာ TXT ဖိုင်လေးပြုလုပ်ပြီး ကုဒ်လေးတွေထည့်လိုက်ပါ။(အောက်မှာပေးထားပါတယ်)
Code:
cls
@ECHO OFF
title Folder Private
if EXIST "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}" goto UNLOCK
if NOT EXIST Private goto MDLOCKER
:CONFIRM
echo Are you sure you want to lock the folder(Y/N)
set/p "cho=>"
if %cho%==Y goto LOCK
if %cho%==y goto LOCK
if %cho%==n goto END
if %cho%==N goto END
echo Invalid choice.
goto CONFIRM
:LOCK
ren Private "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}"
attrib +h +s "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}"
echo Folder locked
goto End
:UNLOCK
echo Enter password to unlock folder
set/p "pass=>"
if NOT %pass%== password here goto FAIL
attrib -h -s "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}"
ren "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}" Private
echo Folder Unlocked successfully
goto End
:FAIL
echo Invalid password
goto end
:MDLOCKER
md Private
echo Private created successfully
goto End
:End

3.   ကော်ပီကူပြီးထည့်လိုက်တဲ့ ကုဒ်များထဲမှ ၂၃ ကြောင်းမြောက်မှာရှိတဲ့ password here ဆိုတဲ့နေရာလေးမှာ မိမိထည့်ချင်သော စကားဝှက်ကို ထည့်လိုက်ပါ..
4.   စကားဝှက်ထည့်ပြီးနောက် အဲဒီဖိုင်လေးကို Save as ကနေ locker.bat အမည်နဲ့ save လိုက်ပါ..
5.   ပြီးပါက Folder လေးထဲကို ပြန်ကြည့်လိုက်ပါ LOCKER ဆိုတဲ့ ဖိုင်လေးကို တွေ့ရပါလိမ့်မယ်...
6.   LOCKER ဆိုတဲ့ဖိုင်လေးကို ၂ချက်ကလစ်ပြီးဖွင့်လိုက်ပါ Private ဆိုတဲ့ Folder လေးကို တွေ့ရပါလိမ့်မယ်...
7.   ကဲ ကိုယ်ထည့်ချင်တဲ့ ဖိုင်များကို Private ဆိုတဲ့ Folder လေးထဲမှာ ထည့်လိုက်ပါ။ ပြီးရင် LOCKER ဆိုတဲ့ ဖိုင်လေးကို ကလစ်လိုက်ပါ Folder ကို လော့ချမှာလား၊ လော့မချဘူးလားဆိုတာတောင်းပါလိမ့်မယ်..


8.    လော့ချမယ်ဆိုရင် Y လို့ ရိုက်လိုက်ပြီး Enter နှိပ်လိုက်ပါ..
9.   သင်က လော့ချထားတဲ့ Folder ကို ပြန်ပြီး မြင်ချင်တယ်ဆိုပါက LOCKER ဆိုတဲ့ ဖိုင်လေးကို ပြန်ကလစ်ပြီး အပေါ်မှာ ပေးထားခဲ့တဲ့ စကားဝှက်ကိုထည့်လိုက်ပါ.. Folder လေးပြန်ပေါ်လာပါလိမ့်မယ်...

92-အခြေခံ ကွန်ပျူတာ Virus များရှင်းလင်းခြင်း


တကယ်တမ်း ကွန်ပျူတာ ဗိုင်းရပ်စ် တွေကို ရှင်းလင်းရတယ်ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်သလို မိမိရဲ့ အဖိုးတန်တဲ့ အချိန်တစ်ချို့ကိုပေးဆပ်ကြရတာပါ။ ဘယ်ကွန်ပျူတာမှ Virus တစ်မျိုးတည်း ရတယ်ဆိုတာ မရှိပဲနဲ့ မိမိရဲ့အိမ်မှာ ပုရွက်ဆိတ်လေးတွေ ၀င်လာသလိုပါပဲ နောက်ဆုံး တပ်စုကြီးနဲ့ပဲ ပြန်လည်ထွက်ခွာသွားကြတာပါ။ Antivirus ဆိုတာ အကောင်းမွန်ဆုံး ကာကွယ်ရေး တပ်ဖွဲ့ကြီးဖြစ်တယ် သို့ပေမယ့်လည်း ၄င်း Antivirus က out of date ဖြစ်နေမယ်ဆိုရင် အသုံးဝင်တဲ့ antivirus program တစ်ခုဖြစ်လာမှာမဟုတ်ပါဘူး။ ဒီတော့ virus တွေကို ခုခံတိုက်ခိုက်ဖို့၊ virus ရှိမရှိဆိုတာ သိဖို့အတွက် သံသယဖြစ်ဖွယ်ရာ processing တွေ၊ ဖိုင်တွေကို သိဖို့လိုပါတယ်။ ဒီလို ဒုက္ခပေးနိုင်တဲ့ virus တွေကို config, taskmanager နဲ့ autoruns tools တွေနဲ့ ရှာဖွေကြရတယ်။ ဒါကြောင့် သံသယ ဖြစ်ဖွယ် process တွေကို မိတ်ဆွေတို့အနေဲ့ ရှာတော့မယ်ဆိုရင် ဒီ file က ဘယ်ကလာတာလဲ၊ registry keys တွေအတွက် လေးလံစေတဲ့ ဖိုင်တွေလား၊ ဘယ်လို services တွေကို အသုံးပြုနေလဲ၊ ဘယ် startup program တွေထဲမှာ ဘယ်လိုဖိုင်တွေအနေနဲ့ ၀င်ရောက် အသုံးပြုနေလဲဆိုတာကို သိဖို့လိုပါတယ်။ အကယ်၍များ virus ကို ရှင်းလင်းလိုက်ဖို့ ၂ နာရီလောက် အချိန်ကြာမယ်ဆိုရင် အဲ့လိုရှင်းလင်းလိုက်ဖို့ထက် Operating System ကိုပြန်လည်၍ အသစ်တင်လိုက်မည်ဆိုသော အချက်နဲ့ ညှိနှိုင်းရပါလိမ့်မယ်။ ဒါက အချိန်ကုန်မခံစေချင်တဲ့အတွက် ကြောင့်ပင်ဖြစ်သည်။

Virus ရဲ့ အဓိပ္ပါယ်။
အရိုးရှင်းဆုံး ဝေါဟာရတစ်ခုအနေနဲ့ Computer Virus ဆိုတာ သူကိုယ်တိုင် ဖိုင်တစ်ခုကို ဖန်တီးနိုင်တယ် ကူးယူနိုင်တယ်။ လုံခြုံရေး ဆိုင်ရာ program တွေကို စိန်ခေါ် ခြိမ်းခြောက်နိုင်တဲ့ အစွမ်းတွေရှိတယ်။ တစ်ချို့ virus တွေက သတ်မှတ်ထားတဲ့ ဖိုင်တွေကို delete လုပ်နိုင်တယ်၊ တစ်ချို့က user တွေ ကွန်ပျူတာရဲ့ password နဲ့ information တွေကို ခိုးယူနိုင်တယ်။ တစ်ချို့ကြပြန်တော့ မိမိရဲ့ ကွန်ပျူတာကို OS တက်မလာလောက်အောင် ဖျက်စီးမှု့လုပ်နိုင်ကြတယ်။
အကြမ်းဖျင်းအားဖြင့် -
Virus = ကိုယ်တိုင် copy ကူးယူနိုင်သော file တစ်ခု
Trojan = virus သို့မဟုတ် malware တွေပါဝင်သော program တစ်ခု
Spyware = ကွန်ပျူတာ ကိုထိန်းချူပ်ခွင့်ရရန် သိုမဟုတ် ကြားဖေါက်ဝင်ရောက်နိုင်အောင် ဖန်တီးထားတော့ ဖိုင် သို့မဟုတ် program တစ်ခု
Maleware = ကွန်ပျူတာအား ပိုင်ရှင်၏ ခွင့်ပြုချက်မရပဲ ပျက်စီးရာ ပျက်စီးကြောင်း ဖန်တီးနိုင်သော program
Worm = Network အပေါ်မှာ လမ်းသလားသော virus

Virus ဖယ်ရှားခြင်း။
မိမိကွန်ပျူတာမှာ virus ရှိသည်ဟု ယူဆပါက Up to Date ဖြစ်နေသော Antivirus program တွေနဲ့ စစ်ဆေးပေးပါ။ Antivirus program က detect သိလို့ ဖယ်ရှားနိုင်တယ်ဆို ရင်တော့ ကံကောင်းတာပေါ့။ AV တွေ Detect သိတယ်.. Remove မလုပ်နိုင်တော့ဘူးဆိုရင်တော့ ဖြစ်နေတဲ action နဲ့ file ကို မှတ်သားထားပါ .. ပြီးရင် Search Engine မှာ ၄င်းဖိုင် နဲ့ ၄င်း virus ရဲ့ ဒုက္ခပေးပုံတွေကို ပြောဆို အကူအညီတောင်းပါ။ ပြီးလျင်လမ်းညွန်အတိုင်းဖြေရှင်းမှာ။ ဖြေရှင်းမှု့မလုပ်ခင်တိုင်းမှာ မိမိရဲ့ အရေးကြီးတဲ့ ဖိုင်တွေကို backup လုပ်ထားပါ။

Virus Detect မသိခဲ့ရင်
ကွန်ပျူတာမှာ AntiVirus / AntiSpyware program တွေအနေနဲ့ Detect မသိဘူး သို့သော် ကွန်ပျူတာက အရင်အတိုင်းပဲ နှေးမြဲနှေးနေမယ်ဆိုရင်တော့ background processes တွေကို ကြည့်ရပါလိမ့်မယ်။ ဒီအတွက် special tool လေးတွေက အဓိက တာဝန်ထမ်းဆောင်ရလိမ့်မယ်။ ဥပမာ :- task manager, autoruns, process explorer and hijackthis တို့လိုပေါ့။

Checking Running Processes
ကျွန်တော်တို့ PC တစ်လုံး Error ဖြစ်တယ်ဆိုရင် ပထမဦးဆုံးအကြိမ် task manager (Ctrl + Alt+ Del) ကို ခေါ်ကြည့်တယ်. ပြီးရင် ဘယ်လို file နဲ့ services တွေ Run နေလဲ Memory usage တွေဘယ်လောက်များများကို ဘယ်လို file တွေက အသုံးပြုနေလဲဆိုတာကိုကြည့်မယ်။ ပြီးရင် System Configuration Ultility (RUN>msconfig) က နေဘယ် serivces တွေ နဲ့ ဘယ်ဖိုင်တွေက Operating System (Windows ) startup မှာ ၀င်ရောက်နေလဲဆိုတာကိုပါကြည့်ပါ။အကယ်၍ starup မှာ ထူးထူးခြားခြား file အမည်လေးတွေနဲ့ ၀င်နေတာတွေ့ရင်


တို့မှာသွားပြီး ဖိုင်အမည်ကို ရိုက်ထည့်စစ်ဆေးကြည့်ပါ။ ဘာကြောင့်လဲဆိုတော့ တစ်ချို့ ဖိုင်တွေက system file တွေနဲ့ပုံစံတူတွေဖြစ်နေတတ်တယ်။ မိမိကွန်ပျူတာအတွက် အရေးမပါတဲ့ processes တွေကို end လုပ်ပါ။

System Configuration Utility


RUN dialog box မှာ msconfig ဆိုပြီးတော့ ရိုက်ထည့်လိုက် ပြီးရင် System Configuration Utility ဆိုတာပေါ်လာမယ်... ဒါကတော့ Microsoft Windows မှာဆိုရင် အကောင်းဆုံး ကွန်ပျူတာကိုပြင်ဆင်မှု့ပိုင်းမှာ အထောက်အကူပြုတဲ့ utility ပဲဖြစ်တယ်။ နောက်ဆုံး ဘာမှမသိဘူးပဲထား startup tab မှာ Disable All ဆိုတာကို နိုပ်မယ်။ နောက် Services tab မှာ Hide All Microsoft Services ဆိုတာကို အမှန်ခြစ်မယ်. ပြီးရင် Disable All ဆိုပြီးနိုပ် restart လုပ်လိုက်ရင် မိမိရဲ့ ကွန်ပျူတာ system ဟာပုံမှန်ထက်သိသိသာသာကို ကောင်းမွန်လာတာကိုတွေ့ရလိမ့်မယ်။ ဒီပုံစံနဲ့ တစ်ခါတစ်လေ ဘာ error မှန်းမသိ (အထူးသဖြင့် Software Conflict ဖြစ်၍ windows normal ၀င်မရခြင်း) တဲ့ ပြဿနာတွေကို F8 နိုပ်ကာ Safe Mode ထဲကနေ ပြင်ပြီးသုံးသွားရင်တောင် အဆင်ပြေပါတယ်။

All-in-one diagnostic Tools
Autoruns


ဒီ software က Task manager, msconfig and the services list တွေ စသည့် system diagnostic အစုံပါတဲ့ freeware လေးတစ်ခုပါ။

Process Explorer

ဒါလေးကတော့ အပေါ်က ပုံစံပါပဲ.. သူ့ရဲ့ ထူးခြားချက်ကတော့ file တစ်ခုခြင်းစီအတွက် ကိုယ်ပိုင် ထိန်းချုပ်မှု့ပါ၊ CPU,IO,VM တွေအပြင် performace graphed တွေပါတယ်။

Hijack This

Technician တွေနဲ့ ကွန်ပျူတာ နဲ့နည်းစပ်သူတွေတော်တော်တော်များများသိကြတဲ့ Tool ပါ။ ဒါပေမဲ့ ၄င်းတို့မှာ ပါဝင်တဲ့ R0,R1,R2,R3 / F0,F1,F2,F3 / 01 / 04 / 23 စသည့် notable entries လေးတွေကို သတိမထားမိတတ်ပါဘူး။ R0,R1,R2,R3 ဆိုတာက အင်တာနက် အွန်လိုင်း အမှားအယွင်းတွေ၊ အထူးသဖြင့် Internet Browser တွေပေါ့... အသေးစိတ်ကို


Malware Bytes

Antivirus Program တွေက ၄င်းတို့ရဲ့ Virus Signiture တွေနဲ့ငြိတဲ့ ဖိုင်တွေကို စစ်မယ်၊ Anti Spyware တွေက Registry Entries မှာ ၄င်းတို့ Spyware အဖြစ်သတ်မှတ်ထားတဲ့ ဖိုင်တွေကို စစ်မယ်။ ဒါပေမဲ့ တစ်ချို့ malware တွေကို antivirus တွေ antispyware တွေ Detect သိသော်ငြားလည်း သူတို့ကို Delete မလုပ်ဘူး( Delete လုပ်ဖို့လည်း သူတို့မှာ Power မရှိသလို၊ System File လား၊ ဘာလား မခွဲခြားနိုင်ခြင်း၊ ၄င်း malware တွေနဲ့ familiar ဖြစ်နေခြင်း)။ (မှတ်ချက် - တစ်ချို့ Antivirus program တွေက အဲ့လို malware ရရင် တွေ့သမျှ အကုန်ဖျက်ပါတယ်...ဘာဖိုင်မှကိုမထားပါဘူး။ ပြီးရင်တော့ စက်တောင် မတက်တော့ဘူး။ မိမိရဲ့ ကွန်ပျူတာက malware ကိုက်လို့ ဘာမှမဖြစ်ပဲနဲ့ Antivirus run လိုက်မှ နောက်ဆုံး ရှိတဲ့ ဖိုင်လေးတွေပါ အကုန်ပြောင်သွားတတ်ပါတယ်။) ဒါကြောင့် ၄င်း malware တွေက မိမိရဲ့ Running System နဲ့ Applications တွေကို နည်းမျိုးစုံနဲ့ဒုက္ခပေး၊ application သုံးနေရင်းနဲ့ ရုတ်တရက်ပိတ်၊ error ကျ အဲ့လိုတွေဖြစ်လာတတ်တယ်။ ဒီအတွက် Maleware Bytes ဆိုတဲ့ software လေးက အဆင်ပြေဆုံးပါ။
 ဆိုဒ်တခုမှ ကူးထားခြင်းဖြစ်သည်။

91-ကွန်ပျူတာ ဘာကြောင့် နှေးသွားရတာလဲ

“ကျွန်တော့် ကွန်ပျူတာက ဘာလို့ အလွန်နှေးနေတာလဲ” လို့ သင့်ကိုယ်သင် မကြခဏမေးဖူးပါသလား။ သူတို့ရဲ့ ကွန်ပျူတာက နှေးသွားတဲ့အခါ ကွန်ပျူတာ သုံးသူတိုင်းက ဘာမှ မလုပ်တတ်ကြတော့ပါဘူး။ တစ်ချိန်တုန်းက အဖြေကို ရှာခဲ့တာကြောင့် ကျွန်တော် သိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့် ကွန်ပျူတာက အကြောင်းပြချက်မရှိဘဲနဲ့ နှေးသွားတတ်လို့ပါ။ ကျွန်တော့် ကွန်ပျူတာပေါ်မှာ Spyware တွေကြောင့် ပါလို့ တစ်ချို့ လူတွေက ပြောပါတယ်။ ဒါပေမယ့် Spyware ကို ရှင်းလင်းလိုက်ပေမယ့် ကျွန်တော့် ကွန်ပျူတာရဲ့ စွမ်းရည်ကို အကျိုးမသက်ရောက်ပါဘူး။ အဲဒီကတည်းက ပြသာနာက စစ်စတမ်ထဲက လာတယ်ဆိုတာ တွက်ဆမိပါတယ်။
၁။ ကွန်ပျူတာတစ်လုံးက ဘာကြောင့် နှေးသွားရတာလဲ။
အွန်လိုင်း ၀က်ဆိုဒ်များနဲ့ ဖောရမ်များမှာ ပိုမို လွန်ကဲတဲ့ လေ့လာမူတွေကို လုပ်ပြီးတဲ့ နောက်တွင် ကွန်ပျူတာ Registry က Error တွေကြောင့် ဖြစ်တဲ့ ကွန်ပျူတာနှေးကွေးမူရဲ့ အဓိကအကြောင်းရင်းကို လေ့လာခဲ့ပါတယ်။ လူအများစုက Registry ဟာ ဘာအတွက်ဆိုတာရယ် ဒါမှမဟုတ် ကွန်ပျူတာတစ်လုံးကို ဘယ်လိုနည်းနဲ့ နှေးနိုင်တယ်ဆိုတာကို မသိကြပါဘူး။
၂။ ကွန်ပျူတာ Registry ဆိုတာ ဘာလဲ။
ကွန်ပျူတာထဲမှာရှိတဲ့ Registry ဖိုင်များမှာ သင့် ဟာ့ဝဲ နဲ့ ဆော့ဝဲ ကို မှန်မှန်ကန်ကန် ဘယ်လို လည်ပတ်ရမယ်ဆိုတာ ပြောဖို့ ညွှန်းကြားချက်များနဲ့ Setting များ ပါဝင်ပါတယ်။ Application တစ်ခုကို လုပ်ဆောင်တဲ့ အခါ ကွန်ပျူတာက မှန်ကန်တဲ့ Registry Key များကို ရှာဖွေဖို့ ရှေ့ဆက်ပါတယ်။ အချိန်ကြာလာတဲ့ အမျှ Registry မှာ Error များ ပိုမို ပါဝင်လာပါတယ်။ ဒါမှမဟုတ် စစ်စတမ်က အဲဒါတွေကို အကြိမ်ကြိမ် ရွေ့ပြောင်းပြီးတဲ့ အခါတွင် Registry Key များက ရှုပ်ပွလာပါတယ်။ စစ်စတမ်ကနေ ပျောက်ဆုံးနေတဲ့ ဒါမှမဟုတ် ရှုပ်ထွေးနေတဲ့ အပိုင်းများကို တွေ့တဲ့အခါ ကွန်ပျူတာက ကြောက်စရာကောင်းလောက်အောင် နှေးသွားပါတယ်။ ဒါမှမဟုတ် Hang တောင် ဖြစ်သွားနိုင်ပါတယ်။
၃။ သင့် ကွန်ပျူတာ Registry ကို ဘယ်လိုနည်းနဲ့ ပြင်ဆင်မလဲ။
သင့် ကွန်ပျူတာကို ပြင်ဆင်တာက လွယ်ကူပါတယ်။ ဒါပေမယ့် သင်က Registry Setting များကို ပြောင်းလဲခြင်းနဲ့ အတွေ့အကြုံ မရှိဘူးဆိုရင် သင်ကိုယ်တိုင် လုပ်ဆောင်ဖို့ မကြိုးစားသင့်ပါဘူး။ အမှတ် အမြင့်ဆုံး Registry Cleaner တစ်ခုကို အင်တာနက်ကနေ ကျွန်တော် ဒေါင်းလုပ် လုပ်ခဲ့ပါတယ်။ အဲဒါက ကျွန်တော့်ကွန်ပျူတာရဲ့ Registry ထဲမှာရှိတဲ့ Errors ပေါင်းရာချီကို မဖော်ထုတ်ခင်မှာ ကျွန်တော့် ကွန်ပျူတာကို Scan ဖတ်ပါတယ်။ နောက် ဆယ့်မိနှစ်လောက် ကြာတော့ ကျွန်တော့် ကွန်ပျူတာကို ရှင်းလင်းပေးလိုက်ပြီး သူရဲ့ လုပ်ဆောင်မူနူန်းက သိသိသာသာကို တိုးလာပါတယ်။ ကျွန်တော့် ကွန်ပျူတာက နောက်တစ်ကြိမ် အသစ်တစ်လုံးလို ခံစားရပါတယ်။
၎။ သင့် Registry ကို ထိန်းသိမ်းခြင်း
သင့် Registry ကို ရှင်းလင်းပြီးတဲ့နောက်တွင် အဲဒီအပေါ်မှာ သင့်အနေနဲက ထိန်းသိမ်းခြင်းကို လုပ်ဆောင်သင့်ပါတယ်။ သင့် Registry Cleaner ကို သင့် ကွန်ပျူတာ ချောချောမွတ်မွတ် လည်ပတ်နေစေဖို့ ရက်သတ္တပတ် အနည်းငယ် တစ်ကြိမ် Scan လုပ်ပေးပါ။ သင့် Registry ဖိုင်များကို ပြင်ဆင်ပါ။ သင့် ကွန်ပျူတာကို နောက်တစ်ခါ အသစ်တစ်လုံးကဲ့သို့ လုပ်ဆောင်ပေးပါ။
(၀န်ခံချက်။ ။စာရေးဆရာ Austin Porter ရဲ့ ဆောင်းပါး Why is My Computer So Slow? ကို မြန်မာ ဘာသာသို့ ပြန်ဆိုပါတယ်။)
forward :mail မှ