Wednesday, 10 July 2013

Shweyoe Dictionary Version 3.0 (ရွှေရိုးအဘိဓာန်)

ရွှေရိုး အဘိဓာန် (Shweyoe Dictionary for Windows) ကို Update  ပြုလုပ်ထားသော Shweyoe Dictionary Version 3 ဖြစ်ပါတယ်။ Shweyoe Version 3 တွင် ဘာသာစကား ငါးမျိုးမှ မြန်မာဘာသာသို့  အပြန်အလှန် အလွယ်တကူ ဘာသာပြန်ဆိုနိုင်ပါတယ်။
အသုံးပြုနိုင်သော ဘာသာစကားများမှာ -
  • အင်္ဂလိပ် <-> မြန်မာ
  • ရုရှား <-> မြန်မာ
  • ကိုရီးယား <-> မြန်မာ
  • ထိုင်း   <-> မြန်မာ
  • ဂျပန် <-> မြန်မာ
ဘာသာစကားငါးမျိုးအပြင် ထပ်မံပေါင်းထည့်ထားသော -
  • Wikipedia , Wiktionary
  • Design Improvement and Improve Performance
  • Support Zawgyi font and keyboard
  • Add new words for five languages and myanmar orthography
- နှင့်အခြား update များလည်းပါဝင်ပါသေးတယ်။
Shweyoe Dictionary Version 3 အား အသုံးပြုရန်အတွက် မိမိကွန်ပြူတာတွင် Net Framework 4.0 ရှိရမှာဖြစ်ပါတယ်။ Net frame 4.0 တွင်အခြေခံပြီး ရေးထားခြင်းကြောင့်၊ Net 4.0 သွင်းထားပီးမှ Shweyoe Dictionary Version 3 ကို Install လုပ်ရမှာဖြစ်ပါတယ်။ Windows 8 အသုံးပြုသော ကွန်ပြူတာများတွင်တော့ Net 4.0 သွင်းရန်မလိုပါ။
ပေါ့ပေါ့ပါးပါးနဲ့ အသုံးပြုပုံမှာလည်း ရိုးရှင်းပါတယ်။ မြန်မာစာလုံးများအတွက် အသုံးပြုသူများနှင့် ရင်းနှီးပီးသားဖြစ်သော “ဇော်ဂျီဖောင့်” နှင့် “ဇော်ဂျီကီးဘုတ်” ကို အသုံးပြုထားပါတယ်။
Shweyoe Dictionary Version 3 အကြောင်းနှင့် အသုံးပြုပုံ overview လေးပါ ~~

Shweyoe Dictionary Version 3 ရဲ့ Screenshot များ ဖြစ်ပါတယ် ~~
  • ရိုးရှင်းတိကျသော အင်္ဂလိပ် <-> မြန်မာ ဘာသာပြန်ဆိုမှုနှင့် အသံနှင့်ဘာသာပြန်ဆိုခိုင်းနိုင်မှု ~

  • ဘာသာစကားငါးမျိုးမှ မြန်မာဘာသာသို့ အပြန်အလှန်ဘာသာပြန်ဆိုနိုင်ခြင်း ~

  • အခမဲ့ References ဘဏ်တိုက်ကြီး Wikipedia အား OneClick ဖြင့် ခေါ်ယူအသုံးပြုနိုင်ခြင်း (Online) ~

  • နယ်ပယ်အသီးသီးမှ စကားလုံးအသစ်များ စိတ်ကြိုက်ဖန်တီးမှုစကားလုံးများကိုလည်း နှစ်သက်ရာ ဘာသာစကားငါးမျိုး အဘိဓာန်ထဲတွင် ထည့်သွင်းအသုံးပြုခြင်း ~

စသည်အားဖြင့် ဘက်စုံသုံး အဘိဓာန်တစ်ခုသဖွယ် အသုံးပြုနိုင်ပါတယ်။ Shweyoe  Dictionary သည် FOC (Free Of Charges) ဖြစ်သည့်အတွက်ကြောင့် မည်သူမဆို အခကြေးငွေ ပေးဆောင်စရာ မလိုပဲ လွတ်လပ်စွာအသုံးပြု မျှဝေနိုင်ပါတယ်။ လေးစား ဂုဏ်ပြု ကျေးဇူးတင်အပ်ပါသည်။
Shweyoe Dictionary Version 3 အား အောက်ပါလင့်များမှ ဒေါင်းယူအသုံးပြုနိုင်ပါသည်။ အဘိဓာန်နှင့် Net 4.0 တွဲလျက်အပြင်၊ သီးခြားစီဒေါင်းနိုင်ရန်ပါ တင်ပေးလိုက်ပါတယ် ။ ဖိုင်အရွယ်အစားမှာလည်း 10MB ခန့်သာရှိပါသည်။

Fileswap ကနေဒေါင်းမယ်ဆိုရင် Slow Download ကိုနှိပ်ဒေါင်းကြပါ။


Download Dictionary ==> Link 1 / Link 2


......................................................................................................................................

1) Shweyoe Dictionary V 3 + Net 4.0 (2 in 1) Download Links (10.74MB)

http://www.mediafire.com/?1dnnor1dn4po1as
<or>
http://www.dropbox.com/Shweyoedictionary V3

2) Shweyoe Dictionary V 3 (Installer Only) Download Links

http://www.mediafire.com/?pcqd40p0mc5wlu9
<or>
http://www.dropbox.com/Shweyoe Dictionary 3
3) Net 4.0 For Shweyoe Dictionary V 3 Download Links (9.99MB)

http://www.mediafire.com/?0s0qa7e0vasi0jw
<or>
http://www.dropbox.com/Netframe 4.0
<0r>
http://download.microsoft.com/Net 4.0

Source : http://www.myanmartutorials.com/announcements/shweyoe-dictionary-version-3-0-windows/

Friday, 14 June 2013

Windows 8 အသုံးပြုသူများအတွက် Zawgyi-One Font အသုံးပြုနည်း




Windows 8 အသုံးပြုသူများအတွက် Zawgyi-One Font အသုံးပြုနည်းလေးကတော့။ အရင်ဆုံးကျွန်တော်အောက်မှာပေးထားတဲ့ Link လေးတွေကနေ Zawgyi Font ကိုဒေါင်းလော့ချလိုက်ပါ။ ပြီးရင်  Winrar ဖို်င်လေးကိုဖြည်လိုက်ပါ။ ပထမဖိုင်လ်ထဲမှာ  Setup ဆိုတာလေးကို အရင် Install လုပ်ပါ။ ပြီးရင် ဒုတိယဖိုင်ထဲက IEZawGyiGtalkfont ဆိုတာကို install လုပ်ပါ။ ဒါဆိုရင်ပထမ အဆင့်ပြီးပါပြီ။ 
Download For Zawgyi-One font  

Download for Zawgyi keyboard 

Download for IE Zawgyi Gtalk Font   

ဒုတိယအဆင့်က Control Panel ထဲဝင်ပြီး Language Setting ကိုပြင်ဖို့လိုပါတယ်။ 
 Control Panel ကိုသွားဖို့ကရိုးရိုးလေးပါပဲ။ Desktop ပေါ်ကို Right Click ထောက် Personalize ကိုကလစ်ပေးပါ။  ညာဘက်ထိပ်မှာ Control Panel Home ဆိုတာကို ကလစ်ပေးပါ။  Windows 8 ဖြစ်တဲ့အတွက် Language ဆိုပြီးကမ္ဘာလုံးပုံလေးကို ကလစ်ပေးပါ။
ဒီတစ်ခါတော့ Windows 8 အသုံးပြုသူများအတွက် Zawgyi-One Font အသုံးပြုနည်းလေး ပြောပြပါ့မယ်။ အရင်ဆုံးကျွန်တော်အောက်မှာပေးထားတဲ့ Link လေးတွေကနေ Zawgyi Font ကိုဒေါင်းလော့ချလိုက်ပါ။ ပြီးရင်  Winrar ဖို်င်လေးကိုဖြည်လိုက်ပါ။ ပထမဖိုင်လ်ထဲမှာ  Setup ဆိုတာလေးကို အရင် Install လုပ်ပါ။ ပြီးရင် ဒုတိယဖိုင်ထဲက IEZawGyiGtalkfont ဆိုတာကို install လုပ်ပါ။ ဒါဆိုရင်ပထမ အဆင့်ပြီးပါပြီ။ 
ဒုတိယအဆင့်က Control Panel ထဲဝင်ပြီး Language Setting ကိုပြင်ဖို့လိုပါတယ်။ 
 Control Panel ကိုသွားဖို့ကရိုးရိုးလေးပါပဲ။ Desktop ပေါ်ကို Right Click ထောက် Personalize ကိုကလစ်ပေးပါ။  ညာဘက်ထိပ်မှာ Control Panel Home ဆိုတာကို ကလစ်ပေးပါ။  Windows 8 ဖြစ်တဲ့အတွက် Language ဆိုပြီးကမ္ဘာလုံးပုံလေးကို ကလစ်ပေးပါ။
အဲဒီမှာ Advaced Settings ဆိုတာကို လကစ်ပေးပါ။
 
ပြီးရင်Override for default input method  ဆိုတာကိုရှာ၊ အဲဒီအောက်က ဘားလေးထဲမှာ English(United States)- Zawgyi Myanmar Unicode L  ဆိုတာလေးကို ရွေးပေးပါ။  ဒါဆိုရင် Zawgyi  Font ကို windows 8 မှာ အသုံးပြုလို့ရပါပြီ။
 


Saturday, 20 April 2013

WHIZZO English-Myanmar Dictionary

English Myanmar Dictionary လေးဖြစ်ပါတယ်။
ကျောင်းသားကျောင်းသူလေးတွေရေးထားတဲ့
ဆော့ဝဲလ်လေးပါပဲ။ ဘာရယ်မဟုတ်ပါဘူး။ ကျွန်တော်သုံးနေတဲ့ကွန်ပျူတာမှာတွေ့တာနဲ့ သဘောကျပြီးသယ်ရင်းတို့ကိုပါ မျဝေချင်လို့ တင်ပေးလိုက်တာပါ။ ဖိုင်ဆိုဒ်ကလည်း သေးသေးလေးဆိုတော့ အဆင်ပြေမှာပါ။ ထုံးစံအတိုင်းပဲ mediafire ကနေတင်ပေးထားတယ်နော်။ အဆင်ပြေကြပါစေဗျာ...

English-Myanmar Dictionary

English-Myanmar Dictionary ထဲမှာ ပေါ့ပေါ့ပါးပါးလေးမို့ ယူထားသင့်ပါတယ်။ ဖိုင်ဆိုဒ်ကလည်း သေးသေးလေးပါပဲ။အရင်ဆုံး မိမိစက်ထဲ့မှာ Alpha Zawgyi, Myanmar3 လိုမြန်မာဖောင့်တစ်ခုခုကို Install လုပ်ထားရမှာဖြစ်ပါတယ်။ ဒီဆော့ဝဲလ်ရဲ့ မူလပိုင်ရှင်ကတော့ ဒီဆော့ဝဲလ်ကို သူ့ရဲ့ခွင့်ပြုချက်မရှိဘဲနဲ့ ပြုပြင်ခြင်း (Reverse နည်းပညာကိုအသုံးပြုပြီး)အခြားဆိုဒ်တစ်ခုခုကနေ ပို့စ်လုပ်ခြင်းမှ ခွင့်မပြုပါဘူးတဲ့။
ကျွန်တော်ကတော့ဒီဆော့ဝဲလ်ကိုမိမိအကျိုးအတွက်တင်ပေးတာမဟုတ်တဲ့အတွက် Copyright 
နဲ့မငြိတန်ကောင်းပါရဲ့ ။ လိုချင်တယ်ဆိုရင် အောက်ကနေယူသွားနိုင်ပါတယ်နော်။
အားလုံးပဲ အဆင်ပြေကြပါစေ။ kozaw357.multiply.com မှ
                                                  File Size:5.57 MB


Saturday, 13 April 2013

ကွန်ပျုတာ မအိပ်အောင်


ကျွန်တော်ကတော့ ဒီ ကွန်ပျုတာ Sleep သွားတာ ခဏခဏကြုံရတယ် အထူးသဖြင့် Download လုပ်နေ
တဲ့အချိန် ဒါမှမဟုတ် Upload လုပ်နေတဲ့အချိန်မှာ ကိုယ့်ကလဲ ဒီအတိုင်းဘဲ ကွန်ပျုတာကို ထားခဲ့ပြီးအပြင်
ထွတ်သွားတာပေါ့ ပြန်လဲရောက်ရော ကွန်ပျုတာက အိပ်ပျော်နေပါရော(Sleep) ပြန်လဲဖွင့်လိုက်ရော
Download, upload လုပ်ထားသမျှတွေ အကုန် ပျက်ပြီး အစကနေ ပြန် Download, upload လုပ်ရတာပေါ့။ ဒီဘာမှမဟုတ်တဲ့ Setting လေးတခုကို မချိန်းထားမိတာနဲ့ အခုလိုဖြစ်ရတာပေါ့။ တခါတလေကျတော့လဲ အခုလိုကွန်ပျုတာ(Sleep)အိပ်ပျော်အောင် လုပ်ထားခြင်းဖြင့် တခါတလေမှာလဲ
ကိုယ်မသုံးဘဲနဲ့ ဒီအတိုင်းထားခဲ့မိရင် သူ့အလိုလျောက်ပိတ်သွားတော့ မီးအားသက်သာပြီး အဆင်ပြေတာပေါ့။ဆိုတော့ Setting အပြောင်းအလဲကို
Desktop မှာ Right click- personalization-screen saver-change power settings- change when the computer sleeps ကနေပြီးတော့ ကိုယ်လိုအိပ်သလို အပြောင်းအလဲလုပ်နိုင်ပါတယ်။

Windows 8 ရဲ့ သိသင့်တဲ့လျို့ဝှက်ချက် ၆ ခု

Windows 7 နဲ့ windows 8 က တော်တော်လေးကို ပြောင်းလဲသွားပြီး စအသုံးပြုတဲ့ အခါမှာ အခက်ခဲတွေကိုများကြီးတွေ့ရမယ်လို့ထင်ပါတယ် ဒီလို အခက်ခဲတွေထဲက တချို့တလေကို ဖြေရှင်းဖို့နည်းလမ်း ၆ ကိုမိတ်ဆတ်ပေးချင်ပါတယ်။ ပထမဦးဆုံး အလွယ်ဆုံး windows 7 နဲ့ အတူဆုံးဖြစ်တဲ့ Desktop ကို windows 8 ကနေသွားတဲ့နည်းပါ။

windows 8 ကိုဖွင့်ဖွင့်လိုက်ခြင်းမှာ အထက်ပါပုံအတိုင်းတွေ့ရပါမယ်။ ဒီမှာ ငါးအရုပ်လေးနဲ့ Desktop ဆိုကို
နှိပ်လိုက်ရင် windows 7 မှာ သုံးနေကြ Desktop ကိုတွေ့ရပါမယ်။ ဒီမှာတော့ start button မရှိပေမဲ့  အရင်က အဲဒီ start button ရှိတဲ့ နေရာမှာ Right click နှိပ်လိုက်ရင်
 အထက်ပါပုံအတိုင်းဘဲ Task manger, Run, Search, control panel, disk manager စတဲ့ windows ရဲ့
Features တွေကို ၀င်ရောက်လို့ရပါတယ်။
၂၊ Automatic Backup
Windows 8 မှာ automatic backup features ပါလာပါတယ်  ဒီ features ကို File history လို့ခေါ်ပြီးတော့  files တွေကို backup အလိုလျှောက်လုပ်ပေးပါတဲ့  အရင် System restore နဲ့ ခပ်ဆင်ဆင်ဖြစ်ပါတယ်။  ကျွန်တော်က Files တွေကို မသိဘဲနဲ့ ဖျတ်လိုက်မိတာတို့ windows ပျတ် သွားတာတို့မှာ အထောက်အကူအများကြီးပြုမှာဖြစ်ပါတယ်။ ဒါပေမဲ့လဲ ဒီ Features က windows  မှာ အလိုလျှောက် enable မထားပါဘူး။ enable လုပ်ဖို့လိုအပ်ပါလိမ့်မယ် Control panel ကနေတဆင့်။
၃၊ Desktop Mix
Windows 7 မှာ ကျွန်တော်တို့ သိတဲ့အတိုင်း cursor နဲ့ ဖွင့်ထားတဲ့ window တခုကို ဆွဲပြီး desktop ရဲ့ ထောင့်ကိုပစ်လိုက်ရင် ဒီ window က ဒေါင့်တနေရာမှာရှိပြီး နောက်တခုကို ထိုနည်းအတူလုပ်ခြင်းဖြင့်
အောက်ပါပုံအတိုင်း window နှစ်ခုကို တပြိုင်ထဲအသုံးပြုလို့ရပါတယ်။

Windows 8 မှာကျတော့  ဒီထက်ပိုပြီးတော့ Mix metro desktop လို့ခေါ်တဲ့  weather forecast စတာကို
အထက်ပါပုံမှာ မြင်တဲ့အတိုင်း Desktop ရဲ့ ဒေါင့်မှာ ပေါ်နေပြီး ကိုယ့်က Photoshop လုပ်နေရင်းနဲ့
Weather, twitter, facebook စတဲ့ သူများ Status update လုပ်နေတာကိုပါ မြင်နေရပါမယ်။
၎။ Sync Everywhere
Windows 8 က Apple ရဲ့ Icloud လိုဘဲ Windows ID နဲ့ Computer မှာ ၀င်လိုက်ရင် ကိုယ့် account ထဲမှာရှိတဲ့ email, photos etc.. စတဲ့ ကိုယ့် data တွေနဲ့ Setting တွေကို windows ထဲမှာ ၀င်သွားမှာဖြစ်ပါတယ်.
၅။ Shortcuts
Windows 8 မှာ အရင်က Windows 7 မှာ အသုံးပြုခဲ့တဲ့ Shortcuts တွေလဲ အသုံးပြုလို့ရသေးသလိုထက်
ပြီးတော့  တိုးလာတဲ့ Shortcuts လေးတွေရှိပါတယ်.
win key နဲ့ Prtsc key ကို အတူတူနှိပ်ခြင်းအားဖြင့် Print screen ကို .png format နဲ့ pictures library folder မှာအလိုလျှောက် save ပေးမှာဖြစ်ပါတယ်။ windows 8 ရဲ့ shortcuts99ခုကိုဒီမှာ ဖော်ပြထားပါတယ်။
၆။ Easy Reinstall
Windows 8 မှာပါလာတဲ့  ဒီ Easy Reinstall က အရင်တုန်းက ရှိတဲ့ Systemrestoreနဲ့တူပါတယ်။အဲဒါကတော့
Refresh your PC ဆိုတာပါဘဲ။ Refresh your PC က windows setting တွေကိုအားကိုdefauleမှာပြန်ထား
ပေးပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ Data တွေကိုတော့ ဘာမှမထိဘဲ အရင်ကအတိုင်းရှိနေမှာပါ။
ဒါပေမဲ့ Remove everything ကို နှိပ်လိုက်ရင်တော့  အားလုံးကို ဖျောက်ပစ်လိုက်မှာဖြစ်ပါတယ်။ ဒီဟာက
တော့ Virus ထိတဲ့ အခါတို့ Computer မှာရှိတဲ့ Data တွေအားလုံးကို ဖျောက်ပစ်တဲ့ အချိန်ကြမှာသာ
အသုံးဖို့ဖြစ်ပါတယ်။
SBSangpi(စံပီး)
Source:
http://www.lifehacker.com.au/2013/01/six-hidden-windows-8-features-you-cant-live-without/

Sunday, 23 September 2012

Windows Live Messenger 2012 v16.4.3503.0728 Portable

 The best way to stay in touch with your friends
             More than just IM
With Windows Live Messenger, you can do more than just IM with friends. Chat in high definition (HD), watch videos together, share a photo slide show while you chat, and even play fun games.

Size: 44.9 MB

Note:
1- Multi Messenger Supported
2- This Version of Messenger requires Windows 7 or Windows Vista
3- Enjoy!

မည်သည့်ကွန်ပျူတာမဆို မြန်မာစာ နှင့် မြန်မာ Keyboard ထည့်သွင်းနည်း (For All Window)



ကွန်ပျူတာပေါ်မှ  မြန်မာစာအဆင်မပြေသမျှကို  စုစည်းပေးလိုက်ပါတယ်..။

မြန်မာစာ အဆင်မပြေလို့ပဲဖြစ်ဖြစ် , ကွန်ပျူတာအသစ်မှာထည့်ချင်လို့ပဲဖြစ်ဖြစ်  ပထမဆုံး... သိထားရမှာက.... မိမိကွန်ပျူတာဟာ 32Bit Operating System လား ?   64Bit Operating System လား ?  ဆိုတာ သိထားဖို့လိုပါမယ်..။

တကယ်လို့ မသိသေးဘူးဆိုရင် အောက်ပါပုံအတိုင်း Window Logo နဲ့ Pause ဆိုတဲ့ Key နှစ်ခုကို တွဲနှိပ်လိုက်ပါ။
(ပုံသေးနေရင် ပုံကိုနှိပ်ပြီးကြည့်နိုင်ပါတယ်)

အပေါ်က ပုံမှာ မြင်တွေ့ရတာကတော့ System Type: 32-bit Operating System ဆိုတော့ 32Bit ပါ....

ဒီပုံကတော့ System Type : 64Bit Operating System ဆိုတော့  64Bit ပါ..

ကဲ....  32Bit Operating System  (Or)  64Bit Operating System  ဆိုတာ သိပြီးပြီဆိုရင်.. မြန်မာ Font ကို စ,တင် Install လုပ်နိုင်ပါပြီ...


ပထမဆုံး လိုအပ်တဲ့...

Zawgyi Font Installer  လေးကို  ဒီနေရာကိုနှိပ်ပြီး   ဒေါင်းယူပါ...

[Zawgyi Font ရော Keyboard ပါ အလွယ်တကူ ထည့်သွင်းနိုင်တဲ့ 2 in 1 Program လေးပါ.... 32Bit Operating System  မှာရော 64Bit Operating System  မှာပါ အသုံးပြုနိုင်ပါတယ်။Window XP,Vista ကနေ Window 7/8/8.1/10 အထိ အလုပ်လုပ်ပါတယ်..  ညီလေး Phyo Zin Linn  ဖန်တီးထားတာဖြစ်ပါတယ်]

ဒေါင်းလို့ရလာတဲ့ Zawgyi Font Installer  လေးကို Double Click နဲ့ Run လိုက်ပါ...
  Install Font ကို နှိပ်ပြီး Next နဲ့ Install လုပ်ပါ...



Next


Next



Next


Finish

သင့်စက်ဟာ 32Bit Operating System ဆိုရင် ဒီအဆင့်မှာပင် OK ကို နှိပ်ပြီး စက်ကို Restart ချပေးလိုက်ရင် မြန်မာလို ရေး/ဖတ် နိုင်ပါပြီ..။
X====>XXXXX<====X



တကယ်လို့ သင့်စက်က 64Bit Operating System ဆိုရင်တော့ Cancel ကိုနှိပ်ပြီး
  Install Keyboard ကို ဆက်နှိပ်ပေးကာ  Next နဲ့ Install လုပ်ပေးပါ...


 ခဏလေး စောင့်ပေးပါ.... အောက်ကပုံလို ပေါ်လာရင် Close နဲ့ ပိတ်ပြီး စက်ကို Restart ချပေးလိုက်ပါ..။


တကယ်လို့ အောက်ကပုံလို ပေါ်နေရင်တော့ Keyboard ကို အရင်က သွင်ထားဖူးလို့ပါ..  Repair the keyboard layout ကို နှိပ်ပြီး Finish ကို ဆက်နှိပ်ပေးလိုက်ပါ။  အားလုံးပြီးရင် စက်ကို Restart ချပေးဖို့လိုပါမယ်။

စက်ပြန်တတ်လာတဲ့အခါ မြန်မာလို ရေးဖို့အတွက် Ctrl + Shift နဲ့  Keyboard ကို ခေါ်မရတာမျိုးဖြစ်နေတယ်ဆိုရင် အောက်ပါအတိုင်း ဆောင်ရွက်ပေးပါ...

  Window Logo ပေါ်ကို Right Click နှိပ်ပြီး Control Panel ကိုရွေးပါ......


Category ကို နှိပ်ပြီး Large icon ကို ရွေးပါ...    (ပုံသေးနေရင် ပုံကိုနှိပ်ပြီးကြည့်နိုင်ပါတယ်)
 


Language ကို နှိပ်ပါ...



Advanced settings ကို ထပ်နှိပ်ပါ...


Override for default input method အောက်မှ English (United States) ကို နှိပ်ပါ...

English (United States) - Zawgyi Myanmar Unicode L ကို ရွေးပေးလိုက်ပါ...




ပြီးရင်  Save ကို နှိပ်ပြီး စက်ကို Restart ချပေးလိုက်ပါ... စက်ပြန်တတ်လာရင် Ctrl + Shift နှင့် Keyboard ကိုခေါ်ကာ  မြန်မာလို ရေးနိုင်ပါပြီ။

@@@@@@@@@@@@



အိုင်တီ ရမ်းကု ဖန်တီးထားတဲ့ YS Easy Zawgyi Font Installer လေးကိုတွေ့လို့ ထပ်ဖြည့်ပေးလိုက်ပါတယ်... အပေါ်က Zawgyi  Installer လိုပဲ အသုံးပြုနိုင်ပါတယ်...  ထူးခြားတာကတော့ အားလုံး မြန်မာလိုရေးထားတာမို့  ညွှန်ကြားချက်အတိုင်း နှိပ်ပေးရုံပါပဲ... ဒီနေရာကို နှိပ်ပြီး==>  ဒေါင်းယူနိုင်ပါတယ်..။


@@@@@@@@@@@@


Window 8/8.1 နှင့် Window 10 မှာ မြန်မာစာမမှန်သေးရင်...
  ဒီ Window 10 Font (New)==>  ကို ဒေါင်းယူပြီး Zip ဖိုင်လ်ကိုဖြည်ကာ.. အထဲမှ Font နှစ်ခုစလုံးကို Install လုပ်ပေးလိုက်ပါ...။ (32bit မှာရော 64 bit မှာပါ အလုပ်လုပ်ပါတယ်)
Window 10 အတွက် Font ကိုတော့  ညီလေး ThanToeAung  မှ ဖန်တီးပေးထားတာဖြစ်ပါတယ်။


@@@@@@@@@@@@


 ကွန်ပျူတာပေါ်မှာ မြန်မာလိုရေးဖို့အတွက် လက်ကွက် လေ့ကျင့်ချင်တယ်ဆိုရင် ဒီနေရာကိုနှိပ်ပါ==>



@@@@@@@@@@@@


Window 7 မှာစာရိုက်ဖို့  Keyboard ခေါ်မရတာဆိုရင်တော့   ဒီနေရာကိုနှိပ်လိုက်ပါ==>   အသေးစိတ်ရှင်းပြထားပါတယ်။



@@@@@@@@@@@@


နောက်ထပ်...
 မြန်မာစာနဲ့ ပါတ်သတ်ပြီး ဖြစ်လေ့ရှိတဲ့ ဆက်စပ်တာလေးတွေကို တခါတည်း လမ်းညွှန်ပေးလိုက်ပါတယ်....

@@@@@@@@@@@@

Window 8 / 8.1 / 10 တွေက  Folder Name , Desktop Icon  တွေမှာရေးမှတ်ထားတဲ့  မြန်မာစာတွေ မမှန်ရင် ၊ လေးထောင့်တုံးတွေဖြစ်နေရင်    ဒီနေရာကိုနှိပ်လိုက်ပါ==>  ဖေါ်ပြပါ Post ထဲကအတိုင်း လုပ်ဆောင်ပေးလိုက်ပါ ။

@@@@@@@@@@@@

Window 7 မှာ Folder Name , Desktop Icon စ တဲ့နေရာတွေမှာ မြန်မာစာ မမှန်တာ ၊ လေးထောင့်တုံးတွေ ဖြစ်နေတာဆိုရင် အောက်ပါအတိုင်း ဆောင်ရွက်ပေးပါ...
Desktop ပေါ်မှ လွတ်တဲ့ တနေရာမှာ Right Click ထောက်ကာ  Personalize ကတဆင့်



Window Color


Desktop ကို နှိပ်ပြီး Icon ကို ရွေးပါ..


အောက်က Font ကို နှိပ်ပြီး Zawgyi-One ကို ရွေးပေးပါ..


ဒီပုံအတိုင်းဖြစ်ရမှာပါ... ရပြီဆိုရင် Apply ကို နှိပ်ပြီး....



OK နဲ့ ထွက်လိုက်ပါ...။

 အောက်ကပုံလေးအတိုင်း မြန်မာစာတွေ အဆင်ပြေသွားပါပြီ...။




@@@@@@@@@@@@


နောက်တစ်ခုကတော့ ...
Internet Browser  (IE,Chrome,Firefox)  တွေက Menu , Message Box  တွေမှာ မြန်မာစာတွေ ဖတ်မရဖြစ်နေတတ်ပါတယ်...



 အဲ့ဒီ ပြဿနာကိုတော့...
 စောစောကအတိုင်း  Desktop ပေါ်မှ လွတ်တဲ့ တနေရာမှာ Right Click ထောက်ကာ  Personalize ကတဆင့် Window Color ကနေ ဝင်ပြီး..
Menu နှင့် Mseeage Box ဆိုတဲ့ နေရာလေး နှစ်နေရာကို အပေါ်ကအတိုင်း Zawgyi-One ကို ပြောင်းပေးလိုက်ပါ..။


Icon နေရာကို နှိပ်ပြီး Menu ကို ရွေးပါ...



Font မှာ Zawgyi-One ကို ရွေးပေးပါ...



နောက်တခါ... Menu မှ  Message Box ကိုရွေးပါ....



Font မှာ Zawgyi-One ကို ရွေးပေးပါ...



အားလုံးပြီးရင် Apply ကို နှိပ်လိုက်ပါ....



ခဏနေလို့ ပုံမှန်အတိုင်းဖြစ်ပြီဆိုရင် OK ကိုနှိပ်ပြီး ထွက်လိုက်ပါ... Browser တွေက Menu , Message Box  တွေမှာ မမှန်တာတွေ မှန်သွားပါပြီ...။

@@@@@@@@@@@@

နောက်ထပ်တစ်ခုက Notepad ပေါ်မှာ မြန်မာစာတွေရေးပြီး Save တဲ့အခါ (??????) တွေချည်းဖြစ်နေတတ်တာပါ...


အဲ့ဒီလိုဖြစ်နေရင်...
Save လုပ်တဲ့အခါ ပုံပါအတိုင်း Unicode ကို ရွေးပြီးမှ Save လုပ်ပါ..။

ကွန်ပျူတာပေါ်က Viber မှာ မြန်မာစာမမှန်ရင်....


Viber Window 10 အတွက်ကိုတော့ ဒီနေရာကို နှိပ်ပါ==>

@@@@@@@@@@@@
Firefox Browser မှာ မြန်မာစာမမှန်ရင်  ဒီနေရာကိုနှိပ်ပါ==>   ရေးထားတဲ့အတိုင်း ဆောင်ရွက်ပေးနိုင်ပါတယ်။ အဆင်မပြေသေးရင်  ဒီနေရာကိုနှိပ်လိုက်ပါ==>  Video လေးကိုကြည့်ပြီး လုပ်ဆောင်နိုင်ပါတယ်..။


@@@@@@@@@@@@

Chrome Browser အတွက်ကိုတော့ ဒီနေရာကိုနှိပ်လိုက်ပါ==> 



@@@@@@@@@@@@

Opera Browser အတွက်ကတော့  ဒီနေရာကိုနှိပ်လိုက်ပါ==>

@@@@@@@@@@@@


အင်တာနက်ကို အခုမှ စ,တင်အသုံးပြုသူတွေအတွက် 
အင်တာနက်နဲ့ ပါတ်သတ်တဲ့ Download ဆွဲခြင်း၊ သိလိုသည်များ ရှာဖွေခြင်း စ,တဲ့ အကြောင်း အရာတွေကိုတော့   ဒီနေရာကိုနှိပ်ပြီး==>    ဖတ်ရှု့နိုင်ပါတယ်။ (အင်တာနက်ကို အခုမှ စ သုံးတာဆိုရင် ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ)

လက်ကိုင်ဖုန်းကတဆင့်လေ့လာာချင်တယ်ဆိုရင် ဒီ App လေးကို==>  ဒေါင်းယူပြီး Install လုပ်ပေးပါ..။


@@@@@@@@@@@@


ဒီ Font တွေကတော့ ကွန်ပျူတာတိုင်း ထည့်သွင်းထားသင့်တဲ့ Myanmar Font တွေပါ...


Myanmar Font For Window 10


အခြားသော Myanmar Font တွေကိုတော့  ဒီနေရာကိုနှိပ်ပြီး  ဒေါင်းယူနိုင်ကြပါတယ်ခင်မျာ..။



@@@@@@@@@@@@



 Font တွေကို ထည့်သွင်းမယ်ဆိုရင် Double Click နှင့် Install ကို နှိပ်ပြီး ထည့်သွင်းပေးနိုင်ပါတယ်.။



ပုံပါအတိုင်း အပြာရောင်နဲ့ ပြထားတဲ့  Install ဆိုတာလေးက ရေးရေးလေးပဲ ပေါ်နေတာဆိုရင် Font ကို ထည့်သွင်းပြီးသွားပါပြီ..။

@@@@@@@@@@@@
Comment မှာ ပြောသွားလို့ပါ...
Win - researcher Font ဆိုတာကတော့... Zawgyi Font Support မလုပ်တဲ့နေရာမှာ ဒီ Win - researcher Font ကို အသုံးပြုနိုင်ပါတယ်။

Font သွင်းနည်းကတော့ အပေါ်မှာ ပြထားသလိုပဲ အလွယ်တကူသွင်းယူနိုင်ပါတယ်..
သွင်းချင်တဲ့ Font ကို Double Click  (သို့) Click နှစ်ချက်နှိပ်ပြီး Install ကိုနှိပ်လိုက်ပါ..
 Install လုပ်နေပါလိမ့်မယ်...
အပေါ်ကပုံလို Install နေရာလေးမှာ ခပ်ရေးရေးလေးပဲပေါ်နေပြီဆိုရင် Font သွင်းပြီးသွားပါပြီ..။
အခြား Font ထည့်သွင်းနည်းကတော့ Control Panel > Font Folder မှတဆင့်သွင်းနိုင်ပါတယ်.. အခုဖေါ်ပြပေးတာကတော့ အလွယ်ကူဆုံးနည်းလမ်းကို ဖေါ်ပြပေးတာပါ။

Download YS Easy Zawgyi Font Installer (New) 32/64Bit ==>

 Zawgyi Myanmar Font For Window 10 (New) 32/64Bit ==>

  ဒီဇိုင်းသမားများ နှင့် စာစီစာရိုက် လုပ်ငန်းများအတွက် မြန်မာဒီဇိုင်းဖေါင့် အလှတွေကို ဒီနေရာမှာ==>  နှင့် ဒီနေရာမှာ==>  ဒေါင်းယူပါ။

http://www.winkabarkyaw.net