ကွန်ပျူတာပေါ်မှ မြန်မာစာအဆင်မပြေသမျှကို စုစည်းပေးလိုက်ပါတယ်..။
မြန်မာစာ အဆင်မပြေလို့ပဲဖြစ်ဖြစ် , ကွန်ပျူတာအသစ်မှာထည့်ချင်လို့ပဲဖြစ်ဖြစ် ပထမဆုံး... သိထားရမှာက.... မိမိကွန်ပျူတာဟာ 32Bit Operating System လား ? 64Bit Operating System လား ? ဆိုတာ သိထားဖို့လိုပါမယ်..။
တကယ်လို့ မသိသေးဘူးဆိုရင် အောက်ပါပုံအတိုင်း Window Logo နဲ့ Pause ဆိုတဲ့ Key နှစ်ခုကို တွဲနှိပ်လိုက်ပါ။
(ပုံသေးနေရင် ပုံကိုနှိပ်ပြီးကြည့်နိုင်ပါတယ်)
ဒီပုံကတော့ System Type : 64Bit Operating System ဆိုတော့ 64Bit ပါ..
ကဲ.... 32Bit Operating System (Or) 64Bit Operating System ဆိုတာ သိပြီးပြီဆိုရင်.. မြန်မာ Font ကို စ,တင် Install လုပ်နိုင်ပါပြီ...
ပထမဆုံး လိုအပ်တဲ့...
ဒေါင်းလို့ရလာတဲ့ Zawgyi Font Installer လေးကို Double Click နဲ့ Run လိုက်ပါ...
ပထမဆုံး လိုအပ်တဲ့...
Zawgyi Font Installer လေးကို ဒီနေရာကိုနှိပ်ပြီး ဒေါင်းယူပါ...
[Zawgyi Font ရော Keyboard
ပါ အလွယ်တကူ ထည့်သွင်းနိုင်တဲ့ 2 in 1 Program လေးပါ.... 32Bit Operating System မှာရော 64Bit Operating System မှာပါ
အသုံးပြုနိုင်ပါတယ်။Window
XP,Vista ကနေ Window 7/8/8.1/10 အထိ အလုပ်လုပ်ပါတယ်.. ညီလေး Phyo Zin Linn ဖန်တီးထားတာဖြစ်ပါတယ်]
Install Font ကို နှိပ်ပြီး Next နဲ့ Install လုပ်ပါ...
Next
Next
Finish
ခဏလေး စောင့်ပေးပါ.... အောက်ကပုံလို ပေါ်လာရင် Close နဲ့ ပိတ်ပြီး စက်ကို Restart ချပေးလိုက်ပါ..။
တကယ်လို့ အောက်ကပုံလို ပေါ်နေရင်တော့ Keyboard ကို အရင်က သွင်ထားဖူးလို့ပါ.. Repair the keyboard layout ကို နှိပ်ပြီး Finish ကို ဆက်နှိပ်ပေးလိုက်ပါ။ အားလုံးပြီးရင် စက်ကို Restart ချပေးဖို့လိုပါမယ်။
Next
Next
Next
Finish
သင့်စက်ဟာ 32Bit Operating System ဆိုရင် ဒီအဆင့်မှာပင် OK ကို နှိပ်ပြီး စက်ကို Restart ချပေးလိုက်ရင် မြန်မာလို ရေး/ဖတ် နိုင်ပါပြီ..။
X====>XXXXX<====X
တကယ်လို့ သင့်စက်က 64Bit Operating System ဆိုရင်တော့ Cancel ကိုနှိပ်ပြီး
Install Keyboard ကို ဆက်နှိပ်ပေးကာ Next နဲ့ Install လုပ်ပေးပါ...
ခဏလေး စောင့်ပေးပါ.... အောက်ကပုံလို ပေါ်လာရင် Close နဲ့ ပိတ်ပြီး စက်ကို Restart ချပေးလိုက်ပါ..။
တကယ်လို့ အောက်ကပုံလို ပေါ်နေရင်တော့ Keyboard ကို အရင်က သွင်ထားဖူးလို့ပါ.. Repair the keyboard layout ကို နှိပ်ပြီး Finish ကို ဆက်နှိပ်ပေးလိုက်ပါ။ အားလုံးပြီးရင် စက်ကို Restart ချပေးဖို့လိုပါမယ်။
စက်ပြန်တတ်လာတဲ့အခါ မြန်မာလို ရေးဖို့အတွက် Ctrl + Shift နဲ့ Keyboard ကို ခေါ်မရတာမျိုးဖြစ်နေတယ်ဆိုရင် အောက်ပါအတိုင်း ဆောင်ရွက်ပေးပါ...
Window Logo ပေါ်ကို Right Click နှိပ်ပြီး Control Panel ကိုရွေးပါ......
Category ကို နှိပ်ပြီး Large icon ကို ရွေးပါ... (ပုံသေးနေရင် ပုံကိုနှိပ်ပြီးကြည့်နိုင်ပါတယ်)
Language ကို နှိပ်ပါ...
Advanced settings ကို ထပ်နှိပ်ပါ...
Override for default input method အောက်မှ English (United States) ကို နှိပ်ပါ...
English (United States) - Zawgyi Myanmar Unicode L ကို ရွေးပေးလိုက်ပါ...
ပြီးရင် Save ကို နှိပ်ပြီး စက်ကို Restart ချပေးလိုက်ပါ... စက်ပြန်တတ်လာရင် Ctrl + Shift နှင့် Keyboard ကိုခေါ်ကာ မြန်မာလို ရေးနိုင်ပါပြီ။
@@@@@@@@@@@@
အိုင်တီ ရမ်းကု ဖန်တီးထားတဲ့ YS Easy Zawgyi Font Installer
လေးကိုတွေ့လို့ ထပ်ဖြည့်ပေးလိုက်ပါတယ်... အပေါ်က Zawgyi Installer လိုပဲ
အသုံးပြုနိုင်ပါတယ်... ထူးခြားတာကတော့ အားလုံး မြန်မာလိုရေးထားတာမို့
ညွှန်ကြားချက်အတိုင်း နှိပ်ပေးရုံပါပဲ... ဒီနေရာကို နှိပ်ပြီး==> ဒေါင်းယူနိုင်ပါတယ်..။
@@@@@@@@@@@@
Window 8/8.1 နှင့် Window 10 မှာ မြန်မာစာမမှန်သေးရင်...
ဒီ Window 10 Font (New)==> ကို ဒေါင်းယူပြီး Zip ဖိုင်လ်ကိုဖြည်ကာ.. အထဲမှ Font နှစ်ခုစလုံးကို
Install လုပ်ပေးလိုက်ပါ...။ (32bit မှာရော 64 bit မှာပါ အလုပ်လုပ်ပါတယ်)
@@@@@@@@@@@@
ကွန်ပျူတာပေါ်မှာ မြန်မာလိုရေးဖို့အတွက် လက်ကွက် လေ့ကျင့်ချင်တယ်ဆိုရင် ဒီနေရာကိုနှိပ်ပါ==>
@@@@@@@@@@@@
Window 7 မှာစာရိုက်ဖို့ Keyboard ခေါ်မရတာဆိုရင်တော့ ဒီနေရာကိုနှိပ်လိုက်ပါ==> အသေးစိတ်ရှင်းပြထားပါတယ်။
@@@@@@@@@@@@
နောက်ထပ်...
မြန်မာစာနဲ့ ပါတ်သတ်ပြီး ဖြစ်လေ့ရှိတဲ့ ဆက်စပ်တာလေးတွေကို တခါတည်း လမ်းညွှန်ပေးလိုက်ပါတယ်....
@@@@@@@@@@@@
Window 8 / 8.1 / 10 တွေက Folder Name , Desktop Icon တွေမှာရေးမှတ်ထားတဲ့ မြန်မာစာတွေ မမှန်ရင် ၊ လေးထောင့်တုံးတွေဖြစ်နေရင် ဒီနေရာကိုနှိပ်လိုက်ပါ==> ဖေါ်ပြပါ Post ထဲကအတိုင်း လုပ်ဆောင်ပေးလိုက်ပါ ။
@@@@@@@@@@@@
Window 7 မှာ Folder Name , Desktop Icon စ တဲ့နေရာတွေမှာ မြန်မာစာ မမှန်တာ ၊ လေးထောင့်တုံးတွေ ဖြစ်နေတာဆိုရင် အောက်ပါအတိုင်း ဆောင်ရွက်ပေးပါ...
Desktop ပေါ်မှ လွတ်တဲ့ တနေရာမှာ Right Click ထောက်ကာ Personalize ကတဆင့်
Window Color
Desktop ကို နှိပ်ပြီး Icon ကို ရွေးပါ..
အောက်က Font ကို နှိပ်ပြီး Zawgyi-One ကို ရွေးပေးပါ..
OK နဲ့ ထွက်လိုက်ပါ...။
အောက်ကပုံလေးအတိုင်း မြန်မာစာတွေ အဆင်ပြေသွားပါပြီ...။
@@@@@@@@@@@@
နောက်တစ်ခုကတော့ ...
Internet Browser (IE,Chrome,Firefox) တွေက Menu , Message Box တွေမှာ မြန်မာစာတွေ ဖတ်မရဖြစ်နေတတ်ပါတယ်...
အဲ့ဒီ ပြဿနာကိုတော့...
စောစောကအတိုင်း Desktop ပေါ်မှ လွတ်တဲ့ တနေရာမှာ Right Click ထောက်ကာ Personalize ကတဆင့် Window Color ကနေ ဝင်ပြီး..
Menu နှင့် Mseeage Box ဆိုတဲ့ နေရာလေး နှစ်နေရာကို အပေါ်ကအတိုင်း Zawgyi-One ကို ပြောင်းပေးလိုက်ပါ..။
Icon နေရာကို နှိပ်ပြီး Menu ကို ရွေးပါ...
Font မှာ Zawgyi-One ကို ရွေးပေးပါ...
နောက်တခါ... Menu မှ Message Box ကိုရွေးပါ....
Font မှာ Zawgyi-One ကို ရွေးပေးပါ...
အားလုံးပြီးရင် Apply ကို နှိပ်လိုက်ပါ....
ခဏနေလို့ ပုံမှန်အတိုင်းဖြစ်ပြီဆိုရင် OK ကိုနှိပ်ပြီး ထွက်လိုက်ပါ... Browser တွေက Menu , Message Box တွေမှာ မမှန်တာတွေ မှန်သွားပါပြီ...။
@@@@@@@@@@@@
နောက်ထပ်တစ်ခုက Notepad ပေါ်မှာ မြန်မာစာတွေရေးပြီး Save တဲ့အခါ (??????) တွေချည်းဖြစ်နေတတ်တာပါ...
အဲ့ဒီလိုဖြစ်နေရင်...
Save လုပ်တဲ့အခါ ပုံပါအတိုင်း Unicode ကို ရွေးပြီးမှ Save လုပ်ပါ..။
Firefox Browser မှာ မြန်မာစာမမှန်ရင် ဒီနေရာကိုနှိပ်ပါ==> ရေးထားတဲ့အတိုင်း ဆောင်ရွက်ပေးနိုင်ပါတယ်။ အဆင်မပြေသေးရင် ဒီနေရာကိုနှိပ်လိုက်ပါ==> Video လေးကိုကြည့်ပြီး လုပ်ဆောင်နိုင်ပါတယ်..။
@@@@@@@@@@@@
Chrome Browser အတွက်ကိုတော့ ဒီနေရာကိုနှိပ်လိုက်ပါ==>
@@@@@@@@@@@@
Opera Browser အတွက်ကတော့ ဒီနေရာကိုနှိပ်လိုက်ပါ==>
@@@@@@@@@@@@
အင်တာနက်ကို အခုမှ စ,တင်အသုံးပြုသူတွေအတွက်
အင်တာနက်နဲ့ ပါတ်သတ်တဲ့ Download ဆွဲခြင်း၊ သိလိုသည်များ ရှာဖွေခြင်း စ,တဲ့ အကြောင်း အရာတွေကိုတော့ ဒီနေရာကိုနှိပ်ပြီး==> ဖတ်ရှု့နိုင်ပါတယ်။ (အင်တာနက်ကို အခုမှ စ သုံးတာဆိုရင် ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ)
လက်ကိုင်ဖုန်းကတဆင့်လေ့လာာချင်တယ်ဆိုရင် ဒီ App လေးကို==> ဒေါင်းယူပြီး Install လုပ်ပေးပါ..။
@@@@@@@@@@@@
ဒီ Font တွေကတော့ ကွန်ပျူတာတိုင်း ထည့်သွင်းထားသင့်တဲ့ Myanmar Font တွေပါ...
Myanmar Font For Window 10
@@@@@@@@@@@@
Font တွေကို ထည့်သွင်းမယ်ဆိုရင် Double Click နှင့် Install ကို နှိပ်ပြီး ထည့်သွင်းပေးနိုင်ပါတယ်.။
ပုံပါအတိုင်း အပြာရောင်နဲ့ ပြထားတဲ့ Install ဆိုတာလေးက ရေးရေးလေးပဲ ပေါ်နေတာဆိုရင် Font ကို ထည့်သွင်းပြီးသွားပါပြီ..။
@@@@@@@@@@@@
Comment မှာ ပြောသွားလို့ပါ...
Win - researcher Font ဆိုတာကတော့... Zawgyi Font Support မလုပ်တဲ့နေရာမှာ ဒီ Win - researcher Font ကို အသုံးပြုနိုင်ပါတယ်။
Font သွင်းနည်းကတော့ အပေါ်မှာ ပြထားသလိုပဲ အလွယ်တကူသွင်းယူနိုင်ပါတယ်..
သွင်းချင်တဲ့ Font ကို Double Click (သို့) Click နှစ်ချက်နှိပ်ပြီး Install ကိုနှိပ်လိုက်ပါ..
Install လုပ်နေပါလိမ့်မယ်...
အပေါ်ကပုံလို Install နေရာလေးမှာ ခပ်ရေးရေးလေးပဲပေါ်နေပြီဆိုရင် Font သွင်းပြီးသွားပါပြီ..။
အခြား Font ထည့်သွင်းနည်းကတော့ Control Panel > Font Folder
မှတဆင့်သွင်းနိုင်ပါတယ်.. အခုဖေါ်ပြပေးတာကတော့ အလွယ်ကူဆုံးနည်းလမ်းကို
ဖေါ်ပြပေးတာပါ။
Download YS Easy Zawgyi Font Installer (New) 32/64Bit ==>
Zawgyi Myanmar Font For Window 10 (New) 32/64Bit ==>
ဒီဇိုင်းသမားများ နှင့် စာစီစာရိုက် လုပ်ငန်းများအတွက် မြန်မာဒီဇိုင်းဖေါင့် အလှတွေကို ဒီနေရာမှာ==> နှင့် ဒီနေရာမှာ==> ဒေါင်းယူပါ။
http://www.winkabarkyaw.net
No comments:
Post a Comment