Windows 7 နဲ့ windows 8 က တော်တော်လေးကို ပြောင်းလဲသွားပြီး စအသုံးပြုတဲ့ အခါမှာ အခက်ခဲတွေကိုများကြီးတွေ့ရမယ်လို့ထင်ပါတယ် ဒီလို အခက်ခဲတွေထဲက တချို့တလေကို ဖြေရှင်းဖို့နည်းလမ်း ၆ ကိုမိတ်ဆတ်ပေးချင်ပါတယ်။ ပထမဦးဆုံး အလွယ်ဆုံး windows 7 နဲ့ အတူဆုံးဖြစ်တဲ့ Desktop ကို windows 8 ကနေသွားတဲ့နည်းပါ။
windows 8 ကိုဖွင့်ဖွင့်လိုက်ခြင်းမှာ အထက်ပါပုံအတိုင်းတွေ့ရပါမယ်။ ဒီမှာ ငါးအရုပ်လေးနဲ့ Desktop ဆိုကို
နှိပ်လိုက်ရင် windows 7 မှာ သုံးနေကြ Desktop ကိုတွေ့ရပါမယ်။ ဒီမှာတော့
start button မရှိပေမဲ့ အရင်က အဲဒီ start button ရှိတဲ့ နေရာမှာ Right
click နှိပ်လိုက်ရင်
အထက်ပါပုံအတိုင်းဘဲ Task manger, Run, Search, control panel, disk manager စတဲ့ windows ရဲ့
Features တွေကို ၀င်ရောက်လို့ရပါတယ်။
၂၊ Automatic Backup
Windows 8 မှာ automatic backup features ပါလာပါတယ် ဒီ features ကို File
history လို့ခေါ်ပြီးတော့ files တွေကို backup အလိုလျှောက်လုပ်ပေးပါတဲ့
အရင် System restore နဲ့ ခပ်ဆင်ဆင်ဖြစ်ပါတယ်။ ကျွန်တော်က Files တွေကို
မသိဘဲနဲ့ ဖျတ်လိုက်မိတာတို့ windows ပျတ် သွားတာတို့မှာ
အထောက်အကူအများကြီးပြုမှာဖြစ်ပါတယ်။ ဒါပေမဲ့လဲ ဒီ Features က windows မှာ
အလိုလျှောက် enable မထားပါဘူး။ enable လုပ်ဖို့လိုအပ်ပါလိမ့်မယ် Control
panel ကနေတဆင့်။
၃၊ Desktop Mix
Windows 7 မှာ ကျွန်တော်တို့ သိတဲ့အတိုင်း cursor နဲ့ ဖွင့်ထားတဲ့ window
တခုကို ဆွဲပြီး desktop ရဲ့ ထောင့်ကိုပစ်လိုက်ရင် ဒီ window က
ဒေါင့်တနေရာမှာရှိပြီး နောက်တခုကို ထိုနည်းအတူလုပ်ခြင်းဖြင့်
အောက်ပါပုံအတိုင်း window နှစ်ခုကို တပြိုင်ထဲအသုံးပြုလို့ရပါတယ်။
Windows 8 မှာကျတော့ ဒီထက်ပိုပြီးတော့ Mix metro desktop လို့ခေါ်တဲ့ weather forecast စတာကို
အထက်ပါပုံမှာ မြင်တဲ့အတိုင်း Desktop ရဲ့ ဒေါင့်မှာ ပေါ်နေပြီး ကိုယ့်က Photoshop လုပ်နေရင်းနဲ့
Weather, twitter, facebook စတဲ့ သူများ Status update လုပ်နေတာကိုပါ မြင်နေရပါမယ်။
၎။ Sync Everywhere
Windows 8 က Apple ရဲ့ Icloud လိုဘဲ Windows ID နဲ့ Computer မှာ ၀င်လိုက်ရင် ကိုယ့် account ထဲမှာရှိတဲ့ email, photos etc.. စတဲ့ ကိုယ့် data တွေနဲ့ Setting တွေကို windows ထဲမှာ ၀င်သွားမှာဖြစ်ပါတယ်.
၅။ Shortcuts
Windows 8 မှာ အရင်က Windows 7 မှာ အသုံးပြုခဲ့တဲ့ Shortcuts တွေလဲ အသုံးပြုလို့ရသေးသလိုထက်
ပြီးတော့ တိုးလာတဲ့ Shortcuts လေးတွေရှိပါတယ်.
win key နဲ့ Prtsc key ကို အတူတူနှိပ်ခြင်းအားဖြင့် Print screen ကို .png format နဲ့ pictures library folder မှာအလိုလျှောက် save ပေးမှာဖြစ်ပါတယ်။ windows 8 ရဲ့ shortcuts99ခုကိုဒီမှာ ဖော်ပြထားပါတယ်။
၆။ Easy Reinstall
Windows 8 မှာပါလာတဲ့ ဒီ Easy Reinstall က အရင်တုန်းက ရှိတဲ့ Systemrestoreနဲ့တူပါတယ်။အဲဒါကတော့
Refresh your PC ဆိုတာပါဘဲ။ Refresh your PC က windows setting တွေကိုအားကိုdefauleမှာပြန်ထား
ပေးပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ Data တွေကိုတော့ ဘာမှမထိဘဲ အရင်ကအတိုင်းရှိနေမှာပါ။
ဒါပေမဲ့ Remove everything ကို နှိပ်လိုက်ရင်တော့ အားလုံးကို ဖျောက်ပစ်လိုက်မှာဖြစ်ပါတယ်။ ဒီဟာက
တော့ Virus ထိတဲ့ အခါတို့ Computer မှာရှိတဲ့ Data တွေအားလုံးကို ဖျောက်ပစ်တဲ့ အချိန်ကြမှာသာ
အသုံးဖို့ဖြစ်ပါတယ်။
SBSangpi(စံပီး)
Source:http://www.lifehacker.com.au/2013/01/six-hidden-windows-8-features-you-cant-live-without/
Saturday, 13 April 2013
Sunday, 23 September 2012
Windows Live Messenger 2012 v16.4.3503.0728 Portable
The best way to stay in touch with your friends
More than just IM
With Windows Live Messenger, you can do more than just IM with friends. Chat in high definition (HD), watch videos together, share a photo slide show while you chat, and even play fun games.
More than just IM
With Windows Live Messenger, you can do more than just IM with friends. Chat in high definition (HD), watch videos together, share a photo slide show while you chat, and even play fun games.
Size: 44.9 MB
Note:
1- Multi Messenger Supported
2- This Version of Messenger requires Windows 7 or Windows Vista
3- Enjoy!
Note:
1- Multi Messenger Supported
2- This Version of Messenger requires Windows 7 or Windows Vista
3- Enjoy!
မည်သည့်ကွန်ပျူတာမဆို မြန်မာစာ နှင့် မြန်မာ Keyboard ထည့်သွင်းနည်း (For All Window)
ကွန်ပျူတာပေါ်မှ မြန်မာစာအဆင်မပြေသမျှကို စုစည်းပေးလိုက်ပါတယ်..။
မြန်မာစာ အဆင်မပြေလို့ပဲဖြစ်ဖြစ် , ကွန်ပျူတာအသစ်မှာထည့်ချင်လို့ပဲဖြစ်ဖြစ် ပထမဆုံး... သိထားရမှာက.... မိမိကွန်ပျူတာဟာ 32Bit Operating System လား ? 64Bit Operating System လား ? ဆိုတာ သိထားဖို့လိုပါမယ်..။
တကယ်လို့ မသိသေးဘူးဆိုရင် အောက်ပါပုံအတိုင်း Window Logo နဲ့ Pause ဆိုတဲ့ Key နှစ်ခုကို တွဲနှိပ်လိုက်ပါ။
(ပုံသေးနေရင် ပုံကိုနှိပ်ပြီးကြည့်နိုင်ပါတယ်)
ဒီပုံကတော့ System Type : 64Bit Operating System ဆိုတော့ 64Bit ပါ..
ကဲ.... 32Bit Operating System (Or) 64Bit Operating System ဆိုတာ သိပြီးပြီဆိုရင်.. မြန်မာ Font ကို စ,တင် Install လုပ်နိုင်ပါပြီ...
ပထမဆုံး လိုအပ်တဲ့...
ဒေါင်းလို့ရလာတဲ့ Zawgyi Font Installer လေးကို Double Click နဲ့ Run လိုက်ပါ...
ပထမဆုံး လိုအပ်တဲ့...
Zawgyi Font Installer လေးကို ဒီနေရာကိုနှိပ်ပြီး ဒေါင်းယူပါ...
[Zawgyi Font ရော Keyboard
ပါ အလွယ်တကူ ထည့်သွင်းနိုင်တဲ့ 2 in 1 Program လေးပါ.... 32Bit Operating System မှာရော 64Bit Operating System မှာပါ
အသုံးပြုနိုင်ပါတယ်။Window
XP,Vista ကနေ Window 7/8/8.1/10 အထိ အလုပ်လုပ်ပါတယ်.. ညီလေး Phyo Zin Linn ဖန်တီးထားတာဖြစ်ပါတယ်]
Install Font ကို နှိပ်ပြီး Next နဲ့ Install လုပ်ပါ...
Next
Next
Finish
ခဏလေး စောင့်ပေးပါ.... အောက်ကပုံလို ပေါ်လာရင် Close နဲ့ ပိတ်ပြီး စက်ကို Restart ချပေးလိုက်ပါ..။
တကယ်လို့ အောက်ကပုံလို ပေါ်နေရင်တော့ Keyboard ကို အရင်က သွင်ထားဖူးလို့ပါ.. Repair the keyboard layout ကို နှိပ်ပြီး Finish ကို ဆက်နှိပ်ပေးလိုက်ပါ။ အားလုံးပြီးရင် စက်ကို Restart ချပေးဖို့လိုပါမယ်။
Next
Next
Next
Finish
သင့်စက်ဟာ 32Bit Operating System ဆိုရင် ဒီအဆင့်မှာပင် OK ကို နှိပ်ပြီး စက်ကို Restart ချပေးလိုက်ရင် မြန်မာလို ရေး/ဖတ် နိုင်ပါပြီ..။
X====>XXXXX<====X
တကယ်လို့ သင့်စက်က 64Bit Operating System ဆိုရင်တော့ Cancel ကိုနှိပ်ပြီး
Install Keyboard ကို ဆက်နှိပ်ပေးကာ Next နဲ့ Install လုပ်ပေးပါ...
ခဏလေး စောင့်ပေးပါ.... အောက်ကပုံလို ပေါ်လာရင် Close နဲ့ ပိတ်ပြီး စက်ကို Restart ချပေးလိုက်ပါ..။
တကယ်လို့ အောက်ကပုံလို ပေါ်နေရင်တော့ Keyboard ကို အရင်က သွင်ထားဖူးလို့ပါ.. Repair the keyboard layout ကို နှိပ်ပြီး Finish ကို ဆက်နှိပ်ပေးလိုက်ပါ။ အားလုံးပြီးရင် စက်ကို Restart ချပေးဖို့လိုပါမယ်။
စက်ပြန်တတ်လာတဲ့အခါ မြန်မာလို ရေးဖို့အတွက် Ctrl + Shift နဲ့ Keyboard ကို ခေါ်မရတာမျိုးဖြစ်နေတယ်ဆိုရင် အောက်ပါအတိုင်း ဆောင်ရွက်ပေးပါ...
Window Logo ပေါ်ကို Right Click နှိပ်ပြီး Control Panel ကိုရွေးပါ......
Category ကို နှိပ်ပြီး Large icon ကို ရွေးပါ... (ပုံသေးနေရင် ပုံကိုနှိပ်ပြီးကြည့်နိုင်ပါတယ်)
Language ကို နှိပ်ပါ...
Advanced settings ကို ထပ်နှိပ်ပါ...
Override for default input method အောက်မှ English (United States) ကို နှိပ်ပါ...
English (United States) - Zawgyi Myanmar Unicode L ကို ရွေးပေးလိုက်ပါ...
ပြီးရင် Save ကို နှိပ်ပြီး စက်ကို Restart ချပေးလိုက်ပါ... စက်ပြန်တတ်လာရင် Ctrl + Shift နှင့် Keyboard ကိုခေါ်ကာ မြန်မာလို ရေးနိုင်ပါပြီ။
@@@@@@@@@@@@
အိုင်တီ ရမ်းကု ဖန်တီးထားတဲ့ YS Easy Zawgyi Font Installer
လေးကိုတွေ့လို့ ထပ်ဖြည့်ပေးလိုက်ပါတယ်... အပေါ်က Zawgyi Installer လိုပဲ
အသုံးပြုနိုင်ပါတယ်... ထူးခြားတာကတော့ အားလုံး မြန်မာလိုရေးထားတာမို့
ညွှန်ကြားချက်အတိုင်း နှိပ်ပေးရုံပါပဲ... ဒီနေရာကို နှိပ်ပြီး==> ဒေါင်းယူနိုင်ပါတယ်..။
@@@@@@@@@@@@
Window 8/8.1 နှင့် Window 10 မှာ မြန်မာစာမမှန်သေးရင်...
ဒီ Window 10 Font (New)==> ကို ဒေါင်းယူပြီး Zip ဖိုင်လ်ကိုဖြည်ကာ.. အထဲမှ Font နှစ်ခုစလုံးကို
Install လုပ်ပေးလိုက်ပါ...။ (32bit မှာရော 64 bit မှာပါ အလုပ်လုပ်ပါတယ်)
@@@@@@@@@@@@
ကွန်ပျူတာပေါ်မှာ မြန်မာလိုရေးဖို့အတွက် လက်ကွက် လေ့ကျင့်ချင်တယ်ဆိုရင် ဒီနေရာကိုနှိပ်ပါ==>
@@@@@@@@@@@@
Window 7 မှာစာရိုက်ဖို့ Keyboard ခေါ်မရတာဆိုရင်တော့ ဒီနေရာကိုနှိပ်လိုက်ပါ==> အသေးစိတ်ရှင်းပြထားပါတယ်။
@@@@@@@@@@@@
နောက်ထပ်...
မြန်မာစာနဲ့ ပါတ်သတ်ပြီး ဖြစ်လေ့ရှိတဲ့ ဆက်စပ်တာလေးတွေကို တခါတည်း လမ်းညွှန်ပေးလိုက်ပါတယ်....
@@@@@@@@@@@@
Window 8 / 8.1 / 10 တွေက Folder Name , Desktop Icon တွေမှာရေးမှတ်ထားတဲ့ မြန်မာစာတွေ မမှန်ရင် ၊ လေးထောင့်တုံးတွေဖြစ်နေရင် ဒီနေရာကိုနှိပ်လိုက်ပါ==> ဖေါ်ပြပါ Post ထဲကအတိုင်း လုပ်ဆောင်ပေးလိုက်ပါ ။
@@@@@@@@@@@@
Window 7 မှာ Folder Name , Desktop Icon စ တဲ့နေရာတွေမှာ မြန်မာစာ မမှန်တာ ၊ လေးထောင့်တုံးတွေ ဖြစ်နေတာဆိုရင် အောက်ပါအတိုင်း ဆောင်ရွက်ပေးပါ...
Desktop ပေါ်မှ လွတ်တဲ့ တနေရာမှာ Right Click ထောက်ကာ Personalize ကတဆင့်
Window Color
Desktop ကို နှိပ်ပြီး Icon ကို ရွေးပါ..
အောက်က Font ကို နှိပ်ပြီး Zawgyi-One ကို ရွေးပေးပါ..
OK နဲ့ ထွက်လိုက်ပါ...။
အောက်ကပုံလေးအတိုင်း မြန်မာစာတွေ အဆင်ပြေသွားပါပြီ...။

@@@@@@@@@@@@
နောက်တစ်ခုကတော့ ...
Internet Browser (IE,Chrome,Firefox) တွေက Menu , Message Box တွေမှာ မြန်မာစာတွေ ဖတ်မရဖြစ်နေတတ်ပါတယ်...
အဲ့ဒီ ပြဿနာကိုတော့...
စောစောကအတိုင်း Desktop ပေါ်မှ လွတ်တဲ့ တနေရာမှာ Right Click ထောက်ကာ Personalize ကတဆင့် Window Color ကနေ ဝင်ပြီး..
Menu နှင့် Mseeage Box ဆိုတဲ့ နေရာလေး နှစ်နေရာကို အပေါ်ကအတိုင်း Zawgyi-One ကို ပြောင်းပေးလိုက်ပါ..။
Icon နေရာကို နှိပ်ပြီး Menu ကို ရွေးပါ...
Font မှာ Zawgyi-One ကို ရွေးပေးပါ...
နောက်တခါ... Menu မှ Message Box ကိုရွေးပါ....
Font မှာ Zawgyi-One ကို ရွေးပေးပါ...
အားလုံးပြီးရင် Apply ကို နှိပ်လိုက်ပါ....
ခဏနေလို့ ပုံမှန်အတိုင်းဖြစ်ပြီဆိုရင် OK ကိုနှိပ်ပြီး ထွက်လိုက်ပါ... Browser တွေက Menu , Message Box တွေမှာ မမှန်တာတွေ မှန်သွားပါပြီ...။
@@@@@@@@@@@@
နောက်ထပ်တစ်ခုက Notepad ပေါ်မှာ မြန်မာစာတွေရေးပြီး Save တဲ့အခါ (??????) တွေချည်းဖြစ်နေတတ်တာပါ...
အဲ့ဒီလိုဖြစ်နေရင်...
Save လုပ်တဲ့အခါ ပုံပါအတိုင်း Unicode ကို ရွေးပြီးမှ Save လုပ်ပါ..။
Firefox Browser မှာ မြန်မာစာမမှန်ရင် ဒီနေရာကိုနှိပ်ပါ==> ရေးထားတဲ့အတိုင်း ဆောင်ရွက်ပေးနိုင်ပါတယ်။ အဆင်မပြေသေးရင် ဒီနေရာကိုနှိပ်လိုက်ပါ==> Video လေးကိုကြည့်ပြီး လုပ်ဆောင်နိုင်ပါတယ်..။
@@@@@@@@@@@@
Chrome Browser အတွက်ကိုတော့ ဒီနေရာကိုနှိပ်လိုက်ပါ==>
@@@@@@@@@@@@
Opera Browser အတွက်ကတော့ ဒီနေရာကိုနှိပ်လိုက်ပါ==>
@@@@@@@@@@@@
အင်တာနက်ကို အခုမှ စ,တင်အသုံးပြုသူတွေအတွက်
အင်တာနက်နဲ့ ပါတ်သတ်တဲ့ Download ဆွဲခြင်း၊ သိလိုသည်များ ရှာဖွေခြင်း စ,တဲ့ အကြောင်း အရာတွေကိုတော့ ဒီနေရာကိုနှိပ်ပြီး==> ဖတ်ရှု့နိုင်ပါတယ်။ (အင်တာနက်ကို အခုမှ စ သုံးတာဆိုရင် ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ)
လက်ကိုင်ဖုန်းကတဆင့်လေ့လာာချင်တယ်ဆိုရင် ဒီ App လေးကို==> ဒေါင်းယူပြီး Install လုပ်ပေးပါ..။
@@@@@@@@@@@@
ဒီ Font တွေကတော့ ကွန်ပျူတာတိုင်း ထည့်သွင်းထားသင့်တဲ့ Myanmar Font တွေပါ...
Myanmar Font For Window 10
@@@@@@@@@@@@
Font တွေကို ထည့်သွင်းမယ်ဆိုရင် Double Click နှင့် Install ကို နှိပ်ပြီး ထည့်သွင်းပေးနိုင်ပါတယ်.။
ပုံပါအတိုင်း အပြာရောင်နဲ့ ပြထားတဲ့ Install ဆိုတာလေးက ရေးရေးလေးပဲ ပေါ်နေတာဆိုရင် Font ကို ထည့်သွင်းပြီးသွားပါပြီ..။
@@@@@@@@@@@@
Comment မှာ ပြောသွားလို့ပါ...
Win - researcher Font ဆိုတာကတော့... Zawgyi Font Support မလုပ်တဲ့နေရာမှာ ဒီ Win - researcher Font ကို အသုံးပြုနိုင်ပါတယ်။
Font သွင်းနည်းကတော့ အပေါ်မှာ ပြထားသလိုပဲ အလွယ်တကူသွင်းယူနိုင်ပါတယ်..
သွင်းချင်တဲ့ Font ကို Double Click (သို့) Click နှစ်ချက်နှိပ်ပြီး Install ကိုနှိပ်လိုက်ပါ..
Install လုပ်နေပါလိမ့်မယ်...
အပေါ်ကပုံလို Install နေရာလေးမှာ ခပ်ရေးရေးလေးပဲပေါ်နေပြီဆိုရင် Font သွင်းပြီးသွားပါပြီ..။
အခြား Font ထည့်သွင်းနည်းကတော့ Control Panel > Font Folder
မှတဆင့်သွင်းနိုင်ပါတယ်.. အခုဖေါ်ပြပေးတာကတော့ အလွယ်ကူဆုံးနည်းလမ်းကို
ဖေါ်ပြပေးတာပါ။
Download YS Easy Zawgyi Font Installer (New) 32/64Bit ==>
Zawgyi Myanmar Font For Window 10 (New) 32/64Bit ==>
ဒီဇိုင်းသမားများ နှင့် စာစီစာရိုက် လုပ်ငန်းများအတွက် မြန်မာဒီဇိုင်းဖေါင့် အလှတွေကို ဒီနေရာမှာ==> နှင့် ဒီနေရာမှာ==> ဒေါင်းယူပါ။
http://www.winkabarkyaw.net
Sunday, 16 September 2012
Using Laptops ( Ebook )
အခု ကျွန်တော် တင်ပေးမဲ့ စာအုပ်လေးကတော့ ဆရာ ဦးအောင်မြင့် ရေးသားထားတဲ့
Using Laptops ဆိုတဲ့ စာအုပ်လေးပဲ ဖြစ်ပါတယ် .. ဒီစာအုပ်လေးမှာ Laptop
အကြောင်းကိုသာ မကပဲ Tablets အကြောင်းကိုလည်း ထည့်သွင်းရေးသား ပေးထားပါတယ်
.. ကျွန်တော်တို့ Laptop တွေအကြောင်းကို သိချင်သူများ အတွက်တော့
ဒီစာအုပ်လေးက အများကြီး အထောက်အကူ ပြုပေးမှာ ဖြစ်ပါတယ်. . လိုအပ်တဲ့ သူများ
အတွက်တော့ ကျွန်တော် အောက်မှာ နှစ်နေရာ ခွဲပြီး တင်ပေးထားပါတယ် ။။
မိမိတို့ အဆင်ပြေတဲ့ လင့်ကနေသာ ယူသွားလိုက်ပါ..
iPhone အသုံးပြုမှု လက်စွဲ လမ်းညွှန် ( E-Book )
အခု တင်ပေးလိုက်တဲ့ စာအုပ်လေးကတော့ iPhone အသုံးပြုနည်း စာအုပ်လေးပဲ ဖြစ်ပါတယ် .. နောက်ဆုံး Update အထိ မပါဝင်ပေမယ် အသုံးဝင်မဲ့သူတွေ အတွက်တော့ အထောက်အကူ ပြုမယ်လို့ထင်လို့ တင်ပေးလိုက်ပါတယ်.. လိုအပ်တဲ့ သူများကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေ ဒေါင်းလော့ ချသွား လိုက်ပါ .. ကျွန်တော် နှစ်နေရာခွဲပြီး တင်ပေးလိုက်ပါတယ် ..
အားလုံးပဲ အဆင်ပြေကြပါစေ .
ကွန်ပျူတာမှ ပြသနာများ ဖြေရှင်းနည်း ( E-Book )
Saturday, 25 August 2012
Photoshop မှတ်စု စာအုပ်

photoshop အကြောင်းကိုလေ့လာနေတဲ့မိတ်ဆွေများအတွက် photoshop ဆရာများဖြစ်ကြတဲ့ ဧရာမြေ၊ မင်းကိုထွေး၊ ဇွဲသူရိန်၊ ကိုမျိုး၊ Poutsi တို့ ရေးသားပြီး မြန်မာမိသားစုဖိုရမ်မှ ထုတ်ဝေထားတဲ့ photoshop သင်ခန်းစာ စာအုပ်ဘဲဖြစ်ပါတယ်။ မူရင်း စာအုပ် ၂အုပ်ရှိပေမယ် မိတ်ဆွေများ အလွယ်တကူ လေ့လာနိုင်အောင် ၁အုပ်ထဲပေါင်းပြီးပြန်လည် ဝေမျှပေးလိုက်ပါတယ်။ လေ့လာလိုသူများအောင်မှာ download ယူနိုင်ပါတယ်။

ကျေးဇူးတင်ပါတယ်...
Home Doctor, 2 edition
ဒီစာအုပ်လေးကိုတော့ ကျွန်တော်
ထွေထွေထူးထူးပြောစရာမလိုလောက်ဘူးလို့ ထင်ပါတယ်ဗျာ.။ အထဲမှာ ကျွန်တော်တို့
အိမ်သုံးဆေးဝါးတွေနဲ့ အရေးပေါ်အသက်ကယ်နည်းတွေနဲ့ တခြား နည်းတွေလည်း
ပါဝင်ပါတယ်.။ ပုံလေးတွေနဲ့ပါ တစ်ခါတည်း ရှင်းပြပေးထားပါတယ်။ အနည်းဆုံးတော့
ကျွန်တော်တို့ ဆောင်ထားသင့်တယ်လို့ ထင်လို့ပါ။
ကျွန်တော်အရင်ကပြောခဲ့သလိုပဲပေါ့နော်။ စာအုပ်ဆိုတာကတော့ ဆောင်ထားလိုက်လဲ
မမှားပါဘူးဗျာ။ ဖိုင်ဆိုဒ်ကလည်း 4.9 MB ရှိပါတယ်။ အောက်မှာ
ယူသွားလိုက်ပါဗျာ။
ကျွန်တော်အောက်မှာနှစ်နေရာခွဲတင်ပေးလိုက်ပါတယ်။အောက်ကအဆင်ပြေမယ့်လင့်ခ်လေးမှာ ယူသွားလိုက်ပါဗျာ.။။
Home Doctor, 2 edition
အားလုံးပဲအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ.။
Subscribe to:
Posts (Atom)












































