Wednesday 9 November 2011

Networking ဆိုင်ရာ E-Book များ ( မြန်မာလို )


အခုတင်ပေးလိုက်တဲ့ Networking ဆိုင်ရာစာအုပ်လေးတွေ Networking ကိုလေ့လာချင်သူတွေအတွက်
ရောကိုယ်တိုင်ဆောင်ရွက်ချင်သူတွေအတွက်ရောအသုံးဝင်ပါလိမ့်မယ်..။ကျွန်တော်စာအုပ်သုံးအုပ်ကိုသက်
သက်ဆီတင်မပေးတော့ပဲပို့ဒ်တစ်ခုထဲပေါင်းပြီးတင်ပေးလိုက်ပါတယ်....ဒေါင်းလော့ချပြီးတာနဲ့တစ်ခါထဲဖတ်
ကြည့်ကြည့်လိုက်ပါ..ရေးထားတဲ့အကြောင်းအရာတွေကမများပဲနဲ့သိသင့်တာလေးတွေကိုသိသွားပါလိမ့်မယ်


Basic Networking

ဒီစာအုပ်လေးကတော့ကိုစံငြိမ်းရေးထားတဲ့ Basic Networking ဆိုတဲ့ PDF လေးပါ.ဒီစာအုပ်လေးမှာ
Network ဆိုတာဘာလဲ ၊ Network အမျိုးအစားတွေ ၊ IP အမျိုးအစားတွေ ၊ IP အမျိုးအစားတွေနဲ့ဖွဲ့
စည်းပုံတွေ ၊ Network Cable အကြောင်းတွေကိုရေးသားထားပါတယ်..အခြေခံလေ့လာလိုသူတွေ
အတွက်တော့လေ့လာသင့်တဲ့စာအုပ်တစ်အုပ်ပါ....

Download From Ifile.it


Download From Mediafire

အိမ်သုံး Proxy Server(သို့မဟုတ်)CCProxy

ဒီစာအုပ်လေးကတော့ကိုရာမညဖိုးလပြည့်ရေသားထားတဲ့ CCproxy software ဆိုတဲ့ဆော့ဝဲလ်လေးကို
အသုံးပြုပြီး

မိမိတို့အိမ်မှာ အင်တာနက်တပ်ဆင်ရင် သားသမီးတွေအတွက် မကြည့်သင့်တဲ့
ဝက်ဆိုက်တွေကို ပိတ်ပင်ချင်သလား ?

အင်တာနက်ကဖေးများအတွက် user တွေကို bandwidth ကန့်သတ်ချင်ပါလား ?

web cache အနေနဲ့ အင်တာနက် speed ကိုပိုမိုမြန်စေချင်ပါလား ?

မိမိတို့ ပေးသုံးစေချင်တဲ့ စက်ကိုပဲ ip address, mac address စသဖြင့် password နဲ့ပါ
control လုပ်ချင်ပါသလား ?

client စက်တွေကို ဘယ်အချိန်ကနေ ဘယ်အချိန်ထိပဲ အချိန်နဲ့ ကန့်သတ်အသုံးပြုစေချင်ပါသလား ?

client စက်တွေ ဘယ်ဆိုက်တွေ ဖွင့်နေတယ် ၊ ဘာလုပ်နေလဲဆိုတာ အလွယ်တကူ သိချင်ပါသလား ?

စတဲ့အသုံးပြုလို့ရမဲ့နေရာတွေနဲ့အသုံးပြုနည်းတွေကိုရေးပေးထားတဲ့စာအုပ်လေးပါ..လက်တွေ့အသုံးပြုချင်
သူတွေအတွက်လဲအထောက်အကူပေးမဲ့စာအုပ်လေးတစ်အုပ်ပါ...

Download From Ifile.it


Download From Mediafire

Data Communication

ဒီစာအုပ်လေးကအဓိကရေးသားထားတဲ့ရည်ရွယ်ချက်ကကြိုးဖုန်းတွေကနေတဆင့် Network Sharing လုပ်
ဆောင်နိုင်ဖို့အတွက်အဓိကရေးသားထားတာဖြစ်ပေမယ့်ဘာကိုလေ့လာနိုင်သလဲဆိုတော့ကျွန်တော့်တို့
နယ်ဘက်တွေမှာအခုနောက်ပိုင်းအိမ်တွေမှာအင်တာနက်ဆင်ချင်တယ်ဆိုရင်ကြိုးဖုန်းတွေကနေတစ်ဆင့်
ချိတ်ဆက်အသုံးပြုရပါတယ်..ဒီစာအုပ်ထဲမှာအိမ်တွေမှာအင်တာနက်ဆင်ချင်သူတွေအတွက်ကြိုးဖုန်းနဲ့
မိမိတို့ရဲ့ကွန်ပျူတာကိုဘယ်လိုချိတ်ဆက်ရမလဲဆိုတာအသေးစိတ်လေ့လာလို့ရပါတယ်..ပုံလေးတွေနဲ့တစ်
ဆင့်ချင်းရှင်းပြထားတာဖြစ်လို့လဲလိုက်ပါလုပ်ဆောင်ဖို့အဆင်ပြေပါလိမ့်မယ်..


Download From Ifile.it


Download From Mediafire

No comments:

Post a Comment