Tuesday 1 March 2011

72-ကွန်ပျူတာအခြေခံ အပိုင်း (၅)

ကွန်ပျူတာအခြေခံ
အပိုင်း (၅)



ဒီတစ်ခါတော့ မိမိကွန်ပျူတာလေးအကြောင်းကို ပြောနိုင်တဲ့နည်းလေး သင်ပေးပါမယ်...

မိမိအသုံးပြုနေတဲ့ ကွန်ပျူတာအကြောင်းလေးကို ပြောပြတတ်ဖို့  လိုပါတယ်...

ကွန်ပျူတာကို ၀ယ်မယ်ဆိုရင်လည်း ဘယ်လိုအမျိုးအစားဝယ်ချင်တယ်ဆိုတာ ပြောပြနိုင်ရင် ပိုကောင်းပါတယ်...

လွမ်းပထမဆုံး Operating System Software ကို Windows XP တင်ထားတဲ့စက်ရဲ့ အကြောင်းလေး ပြောပြပါမယ်...

My Computer ဆိုတဲ့ Program Icon လေးကို Desktop မှာ မတင်ထားဘူး ဆိုပါစို့ ...

Keyboard က Windows Key ကို နှိပ်ရင်ပဲ ဖြစ်ဖြစ် ၊ Mouse နဲ့  Start ကို Click လုပ်ရင်ပဲဖြစ်ဖြစ် Start Menu မှ My Computer ကို Click လုပ်ပါ...


အဲဒီအခါမှာ အောက်မှာ ဖေါ်ပြတဲ့အတိုင်း ပေါ်လာပါလိမ့်မယ်...


မိမိ Harddisk ရဲ့ အသေးစိတ်ကို တွေ့ မြင်ရပါမယ်... ခုစက်မှာ 236GB ရှိတာကို တွေ့ မြင်ရမှာပါ...
အနီဝိုင်းပြထားတဲ့ View System Information ဆိုတာကို Click လုပ်ကြည့်လိုက်ပါ...


မိမိစက်အကြောင်းလေးကို တွေ့ မြင်ရမှာဖြစ်ပါတယ်...
Operating System Software က Microsoft Windows XP Professional Version 2002 Service Pack 3 ကို တင်ထားတာပါ...
CPU က Intel Pentium ဖြစ်ပြီး 1.73 GHz ရှိပါတယ်... 1.73 GigaHertz ဆိုတာ CPU ရဲ့ Speed ကို ဖေါ်ပြတာပါ...
RAM က 1.25GB ပါ... တစ်ချို့ သော Game များ၊ Graphic Software များအတွက် RAM က အနည်းဆုံး 2GB ရှိသင့်ပါတယ်...

နောက်ခံ Desktop ပေါ်မှာ Right Click နှိပ်ပြီး Properties ကို Click လုပ်ပါ...


အဲဒီအခါ Settings ဆိုတဲ့ Tab ကို Click လုပ်ပါ... အောက်ဖေါ်ပြပါ ပုံအတိုင်းမြင်ရပါမယ်...

Screen ရဲ့ Resolution ကို တွေ့ မြင်ရမှာပါ... 1280x800 Pixels ပါ...
Color Quality ကို Highest (32 bit) ဆိုတာ တွေ့ မြင်ရပါလိမ့်မယ်...

ယခုအခါ Windows Vista တွင် ကြည့်နည်းပြောပါမယ်...
Desktop ပေါ်မှာ My Computer ကို တင်ထားရင် My Computer ဆိုတဲ့ Program Icon ပေါ်မှာ Mouse Pointer ကို ထားပြီး Right Click လုပ်ရင် Shortcut Menu (or) Pop-up Menu ပေါ်လာပါလိမ့်မယ်... Properties ကို Click လုပ်ပါ...

မိမိစက်ရဲ့အကြောင်းလေးကို ဖတ်ရမှာဖြစ်ပါတယ်...

Operating System Software ကို Windows Vista Ultimate ကို သုံးထားတာပါ...
CPU က Intel Core2 Duo ပါ... Speed က 2GHz ပါ...
RAM က 2045 MB ဖြစ်တဲ့အတွက် 2.045GB ပါ...
Color Quality က 32-bit ပါ...

အခုတစ်ခါ Operating System Software ကို Windows 7 တင်ထားတဲ့စက်မှာ ကြည့်တဲ့နည်းပါ...

Start ကို Click လုပ်ပြီး Computer ဆိုတာကို Click လုပ်လိုက်ရင် အောက်ဖေါ်ပြပါအတိုင်း မြင်ရပါမယ်...


Computer ပုံပေါ်မှာMouse Pointer ကို ထားပြီး Right Click ပြုလုပ်တဲ့အခါ Shortcut Menu Dialog Box ပေါ်လာပါမယ်...
System Properties ဆိုတာကို Click ပြုလုပ်ပါ...


Operating System Software ကို Windows 7 Home Premium တင်ထားတာပါ...
CPU က Intel Core i5 ပါ... Speed က 2.53GHz ပါ...
RAM က 4GB ပါ... 3D Game များ၊ Graphic Design များအတွက် ကောင်းပါတယ်...
Color Quality က 64-bit ပါ...

လွမ်းရှင်းပြထားတာတွေ ဖတ်ပြီး မိမိကွန်ပျူတာအကြောင်းလေး ပြောနိုင်ကြပါစေ...

ရွှင်လန်းချမ်းမြေ့ကြပါစေ...

 ချောကလစ်မှ...ကူးယူဖေါ်ပြသည်

No comments:

Post a Comment