အဝေးပြောခတွေ ဈေးကြီးလို့ အွန်းလိုင်းပေါ်ကနေ အခမဲ့ ဖုန်းပြောချင်တဲ့သူတွေအတွက် pfingo web site ကပေးတဲ့ pfingoTalk လေးနဲ့ ပြောကြည့်ပါလားလို့ အကြံပေးချင်ပါတယ်။
ကဲ စိတ်ဝင်စားလို့ စမ်းသုံးကြည့်ချင်တဲ့သူတွေအနေနဲ့ http://www.pfingo.com/pf/public/control/preSignUp မှာ register(Sign Up) ၀င်လုပ်ပြီး New Account ၀င်ယူပါ။ အဲဒီနေရာမှာ Start Registration ခလုတ်ကလေးကို နှိတ်လိုက်တာနဲ့ Create Your Account စာမျက်နှာကို မြင်ရပါလိမ့်မယ်။ အဲဒီမှာ pfingo mail တစ်ခုနဲ့ user name နဲ့ password တွေ သတ်မှတ်ပြီးရင် Enter your mobile number မှာ country code နဲ့ mobile number ကို ရွေးပေးပါ။ သတိပြုရမှာက ဖုန်းပိုင်ရှင်ရဲ့ ခွင့်ပြုချက်ရဖို့ ကြိုပြောထားသင့်တာပါ။ ဘာလို့လဲဆိုတော့ အဲဒီမှာ Register လုပ်လိုက်ပြီဆိုတာနဲ့ အဲဒီဖုန်းကို pfingo က Pin Code လှမ်းပို့ပေးမှာပါ။ အဲဒီ Pin Code သိမှ အလုပ်ဆက်လုပ်လို့ရမှာမို့ အရေးကြီးပါတယ်။ Pin Code ကိစ္စပြီးရင် ဖုန်းနံပါတ်ရွေးရပါမယ်။ အဲဒါက ကိုယ့်အတွက် pfingo ကနေ အင်တာနက်ဖုန်းနံပါတ် တစ်ခု ပေးတဲ့သဘောပါ။ အကယ်၍ ကိုယ်ဆီကို ဖုန်းခေါ်ချင်ရင် အဲဒီနံပါတ်နဲ့ ခေါ်ရမယ့် သဘောပေါ့။ ကိုယ်ကနေ သူများဆီကို ဖုန်းခေါ်ရင်လည်း သူရဲ့ Screen Pager မှာ ဒီနံပါတ်သွားပေါ်မှာပေါ့။ ကြုံလို့ ပြောထားရရင် အိုင်တီမောင်မောင်ရဲ့ pfingo Singapore ဖုန်းနံပါတ်က +06531100227 ပါ။ အဲဒီ အဆင့်တွေပြီးရင်တော့ လိုအပ်တဲ့ 3.77 mb လောက်ရှိတဲ့ pfingoActive Desktop နဲ့ 1.48 mb လောက်ရှိတဲ့ pfingoTalk ဆော့ဖ်ဝဲနှစ်ခုကို Download လုပ်ပြီး စသုံးလို့ ရပါပြီ။
ပထမဆုံး Download ဆွဲချထားတဲ့ pfingoActive Desktop နဲ့ pfingoTalk ဆော့ဖ်ဝဲနှစ်ခုကို ကိုယ့်ရဲ့ စက်ထဲမှာ Install လုပ်ပါ။ ပြီးရင် pfingoActive Desktop ကို ဖွင့်ပါ။ User Name, Password ဖြည့်ပြီး LogIn ၀င်ပါ။
pfingoDesktop LogIn
LogIn ၀င်ပြီးသွားရင် ညာဘက် ဒုတိယအစွန်က တယ်လီဖုန်း ပုံလေးကို နှိတ်ပြီး စသုံးလို့ ရပါပြီ။ ပထမ စဖွင့်ဖွင့်ခြင်းမှာ တယ်လီဖုန်း ဖွင့်ဖို့ ဘယ်ဘက်အပေါ်ထောင့်က Power ခလုပ်ကိုနှိတ်ပါ။ ပြီးရင် Pin Code ထည့်ပါ ဆိုပြီး ပြောပါလိမ့်မယ်။ ကိုယ်အမြဲတမ်းသုံးတဲ့ စက်ဆိုရင်တော့ Save လုပ်ထားခဲ့ရင် နောင် ပြန်ထည့်ပေးစရာမလိုတော့ဘူးပေါ့။
ကဲ ဒီလောက်ဆိုရင် pfingo လေးနဲ့ နိုင်ငံခြား Call တွေ ခေါ်ဆိုနိုင်လောက်ပြီထင်ပါတယ်။ နိုင်ငံခြားရောက်နေတဲ့ ဆွေမျိုးတွေ၊ ချစ်သူတွေနဲ့ အလွမ်းသည်ချင်နေတဲ့သူတွေအတွက် အစဉ်ပြေမယ်လို့ မျှော်လင့်ပါတယ်။ (ကျေးဇူးတင်လျက် - အိုင်တီမောင်မောင်)
No comments:
Post a Comment