Tuesday, 28 August 2018

Programming လေ့လာနေသူတွေအတွက် OOP in C++ (Object-Oriented Programming in C++) မှတ်စု [Ebook]


Sunday, 24 August 2014

Windows 8 မှာ မြန်မာလို ရေး/ဖတ် လို့ရအောင် ပြုပြင်နည်း



ဒီတစ်ခါတော့ Windows 8 အသုံးပြုသူများအတွက် Zawgyi-One Font အသုံးပြုနည်းလေး ပြောပြပါ့မယ်။ 
အရင်ဆုံးကျွန်တော်အောက်မှာပေးထားတဲ့ Link လေးတွေကနေ Zawgyi Font 
ကိုဒေါင်းလော့ချလိုက်ပါ။ ပြီးရင်  Winrar ဖို်င်လေးကိုဖြည်လိုက်ပါ။ ပထမဖိုင်လ်ထဲမှာ  Setup 
ဆိုတာလေးကို အရင် Install လုပ်ပါ။ ပြီးရင် ဒုတိယဖိုင်ထဲက IEZawGyiGtalkfont ဆိုတာကို install 
လုပ်ပါ။ Window 8 32bit အတွက်ဆိုရင် ဒီအဆင့်မှာဘဲ ပြီးပါပြီ။ 
ဒုတိယအဆင့်က Control Panel ထဲဝင်ပြီး Language Setting ကိုပြင်ဖို့လိုပါတယ်။ 
  အဆင့်(၁) Control Panel ကိုသွားဖို့ကရိုးရိုးလေးပါပဲ။ Desktop ပေါ်ကို Right Click ထောက် 
Personalize ကိုကလစ်ပေးပါ။  ညာဘက်ထိပ်မှာ Control Panel Home ဆိုတာကို ကလစ်ပေးပါ။ 
 Windows 8 ဖြစ်တဲ့အတွက် Language ဆိုပြီးကမ္ဘာလုံးပုံလေးကို ကလစ်ပေးပါ။


အဆင့်(၂) အဲဒီမှာ Advaced Settings ဆိုတာကို လကစ်ပေးပါ။ 




အဆင့်(၃) Override for default input method  ဆိုတာကိုရှာ၊ အဲဒီအောက်က ဘားလေးထဲမှာ
English(United States)- Zawgyi Myanmar Unicode L  ဆိုတာလေးကို ရွေးပေးပါ။  ဒါဆိုရင် Zawgyi
Font ကို windows 8 မှာ အသုံးပြုလို့ရပါပြီ။

Download Link Update 21 April 2013
  Click Here to Download Zawgyi-keyboard-layout
 
 
  www.winkabarkyaw.net

Thursday, 3 July 2014

အင်္ဂလိပ်-မြန်မာ စာရိုက်လေ့ကျင့်ခန်း


ရတနာပုံကွန်ပျူတာစင်တာသင်တန်းမှရေးထားသော အင်္ဂလိပ်-မြန်မာစာရိုက်လေ့ကျင့်ခန်း ဖြစ်ပါတယ်။လေ့ကျင့်ခန်း ၁၆ ခန်းပါဝင်သည်။လက်ကွက်ပုံပါသဖြင့်ဆရာမလိုဘဲမိမိကိုယ်တိုင်လေ့ကျင့်နိုင်ပါသည်။ သင်တန်းတွင်လက်တွေ့ အသုံး ချနေပါတယ်
 Download =>  solidfiles  မှတ်ချက်(window 7 တွင် Right=Click---> Run As Adminstrator)နှိပ်ပြီးသွင်းပါ အဆင်ပြေပါစေ..
Source: http://www.aungkyaw.net/2013/09/blog-post_9.html
www.aungkyaw.net မှ ပြန်လည်မျှဝေသည်


မိုဘိုင်းဖုန်းမှ တခြား Computer, MobilePhone,Tablet များသို့ အင်တာနက် ရှယ်ယာ လုပ်နည်း




အင်တာနက် ရရှိတဲ့ ဖုန်းကနေပြီးတော့ Wi-Fi hotspot တစ်ခု တည်ဆောက်ပေးပြီး ကွန်ပျူတာ၊ မိုဘိုင်းဖုန်းနဲ့ Tablet တွေမှာ အရေအတွက် ရှစ်လုံးအထိ အင်တာနက် မျှဝေ အသုံးပြုနိုင်ပါတယ်။ 
အင်တာနက်လိုင်း ရတဲ့ မိုဘိုင်းဖုန်းရဲ့ အင်တာနက် ကွန်နက်ရှင်ကို On ပေးပါ။
 Wi-Fi hotspot တစ်ခု တည်ဆောက်မှာမို့ ဖုန်းရဲ့ Settings ကို အရင်ဖွင့်ပါ။ Wireless & networks ကိုရှာပြီး select လုပ်ပါ။ ကွန်နက်ရှင်ကို Share ပေးမှာမို့ Tethering & portable hotspot ကို ရွေးပေးပါ။ Portable WLAN hotspot ကို တွေ့ရင်တော့ check box မှာ အမှန်ခြစ်ပြီး Portable WLAN hotspot settings ထဲသို့ ၀င်လိုက်ပါ။
 အခြား devices များနှင့် ချိတ်ဆက်မှာဖြစ်တဲ့အတွက်ကြောင့်ကိုယ့် ကွန်နက်ရှင် လုံခြုံစိတ်ချရစေဖို့အတွက် Configure WLAN hotspot ထဲကို ၀င်ပြီး Security Password ပေးရပါမယ်။
Configure WLAN hotspot ထဲမှာ Network SSID, Security, Password ဆိုတဲ့ tabs သုံးခုကို တွေ့ရမယ်။
Network SSID မှာ စိတ်ကြိုက် SSID Name ပေးလို့ ရတယ်။ 
 Security ထဲမှာတော့ WPA2 PSK ကို ရွေးပေးလိုက်ပါ။ 
Password ကတော့ မိမိ စိတ်ကြိုက်ပေးလို့ ရပြီး အနည်းဆုံး characters အရေအတွက် (၈) လုံး အထိ ရိုက်ထည့်ပေးရပါမယ်။
 ပြီးသွားရင်တော့ Save လုပ်လိုက်ပါ။
တဖက်မှာလည်း အင်တာနက် လက်ခံအသုံးပြုမယ့် မိုဘိုင်းဖုန်းနဲ့ Tablet မှာ WLAN Settings ထဲကို ၀င်ပြီး အင်တာနက် လွှင့်ထားတဲ့ SSID
Name ကို တွေ့တာနဲ့ Password ရိုက်ထည့်ပြီး အင်တာနက် အသုံးပြုနိုင်ပါတယ်။ ကွန်ပျူတာနဲ့ အင်တာနက် အသုံးပြုချင်ရင်တော့ ကွန်ပျူတာရဲ့
Control Panel > Network and Internet > Manage Wireless Networks ထဲမှာ အင်တာနက် လွှင့်ထားတဲ့ SSID Name ထဲ ၀င်ပြီး Password
ရိုက်ထည့်ကာ အင်တာနက် သုံးလို့ရပြီ
credit:http://www.akarphyoe.com

Tuesday, 11 February 2014

For window - 64 bit ဇော်ဂျီ ယူနီကုတ်




(သိပြီးတဲ့သူများ ဆောရီးပါ)ပထမ အဆင့် အနေနဲ့  ကျွန်တော် တို့  install လုပ်နေကြအတိုင်း
  ဒီမှာ download လုပ်ပါ













ဇော်ဂျီ ယူနီကုတ် ကို install လုပ်လိုက်ပါ။ 
ပြီရင်တော့ ဒါလေး ထပ်ပြီး install လုပ်လိုက်ပေါ့နော်...
  ဒီမှာ download လုပ်ပါ

ပထမ အဆင့်ကတော့ ကျွန်တော် တို့  install လုပ်နေကြအတိုင်း
ဇော်ဂျီ ယူနီကုတ် ကို install လုပ်လိုက်တာပါ...
ဒုတိယ အဆင့် ကတော့ ဇော်ဂျီ အဖွဲ့ သားတွေ windows 64 bit အတွက် ပြုလုပ်ပေးထားတဲ့  zip ဖိုင်လေးပဲ ဖြစ်ပါတယ်



windows 64 bit အသုံးပြု သူများအားလုံး အစဉ်ပြေကြပါစေနော်...

Monday, 10 February 2014

Windows 7 မှာ DVD Drive ပျောက်နေရင်



မင်္ဂလာပါ။Windows 7 မှာ DVD Drive ပျောက်တာ တစ်ခါတစ်လေကျရင် ကြုံရတတ်ပါတယ်။အဲဒီ အခါကျရင် ကျွန်တော်တို့ BIOS ထဲဝင်ကြည့်တတ်ပါတယ်။BIOS ထဲဝင်ကြည့်ရင် လည်းအဲ့ဒီမှာ DVD Drive ရှိနေတယ်ဆိုတဲ့
အကြောင်းပြနေတယ်။အဲ့ဒီလို ဘာဖြစ်လို့ဖြစ်ရလည်းဆိုရင်
အကြောင်းရင်း အမျိုးမျိုးရှိပေမယ့် ဖြစ်နိုင်ခြေများတာက
Registry error တွေကြောင့်ဖြစ်နိုင်တယ်လို့ ယူဆ လို့ရပါတယ်။ဒါကြောင့် ဒီနည်းကိုသုံးပြီး Registry တစ်ချို့ ကို ကလိပေးရင် ပြန်ကောင်းနိုင်ပါတယ်။ကဲကြည့်ရအောင်။

အဆင့် ၁။ Start Menu ကို Click နှိပ်ပါ။ပြီးရင် Regedit ကိုရိုက်ထည့်ပေးပါ။


အဆင့် ၂။ Registry Editor ပေါ်လာပြီဆိုရင် အောက်ပုံမှာ ပြထားတဲ့အတိုင်း တစ်ဆင့်ချင်း Double click
              နှိပ်ပြီးသွားပါ။
HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control\Class\{4D36E965-E325-11CE-BFC1-08002BE10318}

အဆင့် ၃။ အပေါ်မှာ ပြထားတဲ့ အတိုင်း တစ်ဆင့်ချင်းသွားပြီးရင် Folder name  “{4D36E965-E325-11CE-BFC1-08002BE10318}” ကိုရှိပြီး အောက်ပုံမှာပြထားတဲ့ အတိုင်း Upper filter ကို
Delete လုပ်ပေးပါ။Upper Fillter လို့မတွေ့ Lower Filter လို့တွေ့ပါလိမ့်မယ်။Lower Filter ကိုလည်း
Delete လုပ်ပေးပါ။
 
                    တယ်ကယ်လို့သင်ဟာ “UpperFilters.bak” ကိုတွေ့နေတယ်ဆိုရင် မဖျက်ပါနဲ့။
အဆင့် ၄။ ပြီးရင် Registry Editor ကိုပိတ် သင့်ရဲ့ PC ကို Restart လုပ်ပေးပါ။အဆင်ပြေသွားပါလိမ့်မယ်။



ပြန်လည်မျှဝေထားခြင်းဖြစ်ပါသည်။