Monday, 10 October 2011

CyberLink Power2Go v7.0.0.1906 Portable

CyberLink Power2Go 7 is the all-media disc burning software, adding drag-and-drop burning support for Windows 7. The latest version of Cyberlink's software also improved support for blue-laser disc burning, supporting CD, DVD, Blu-ray Disc, and HD DVD data burning.
The All-Media Disc Burning Software:
• Burn data onto Blu-ray Discs and HD DVDs
• Create video and photo DVDs, burn audio CDs, and rip MP3s


Hard Disc Drive Space
1 GB for making VCDs
5-10 GB for making DVDs
25 GB for making Blu-ray discs

Download DVD menu Template
Size: 137 MB

Made By XenoCode

Core i3,Core i5,Core i7 ကွာခြားချက်များ

ကျွန်တော်တို့ဆိုဒ်မှာ အများအားဖြင့် ကွန်ပျူတာနဲ့ ပက်သက်ရင် အခြေခံနဲ့ ဆိုင်တဲ့အကြောင်းအရာ၊ ၀င်းဒိုးနဲ့ဆိုင်တဲ့ အကြောင်းအ၇ာလေးတွေပဲ အများအားဖြင့် တင်လေ့ရှိပါတယ်။ အခုလည်း ကျတော်ပြန်လည် ဝေမျှလိုတာကတော့ Hard ware နဲ့ဆိုင်တဲ့ အကြောင်းအရာ သိသင့်တာလေးတွေကို အခြေခံကျကျ ရေးသားရှင်းပြထားပေးတဲ့ အကြောင်းအရာလေးတွေကို ကျတော်ဖတ်မိသလို ကျတော့်ဆိုဒ်ကို လာလည်တဲ့ သူငယ်ချင်းများလည်း လေ့လာမှတ်သားလို့ရအောင် တစ်ဆင့်ပြန်လည် ဝေမျှခြင်းဖြစ်ပါတယ်။ ဘယ်အရာမဆို အခြေခံခိုင်ခိုင်မာမာရှိမှ အောက်ခြေခိုင်ခံ့မှ တစ်ဆင့်ပီးတစ်ဆင့် တက်တဲ့အခါ အစစအရာရာ အဆင်ပြေမှာဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သဘောကျနှစ်သက်မိလို့ မှတ်စုအနေနဲ့ရော တစ်ဆင့်ပြန်လည် ဝေမျှလိုတဲ့ သဘောနဲ့ပါ တင်ပေးလိုက်ပါတယ်။ သိပြီးသား ကျွမ်းကျင်ပီးသား သူများအတွက် လုံးဝမရည်ရွယ်ပဲ မူကြိုအဆင့်များကိုသာ ရည်ရွယ်ပါသည်။ ဘာကြောင့်လဲဆိုတော့ ကျတော်လည်း မူကြိုအဆင့်မှ မတက်နိုင်သေးသောကြောင့်ပါ....:D
Core i3 , core i5 , core i7 အကြောင်းမပြောခင် core i series ထဲမှာ ပါဝင်တဲ့ သုံးထားတဲ့ နည်းပညာ အသုံး အနှုန်းနဲ့  Architecture , code name တွေ အရင်ပြောပြပါ့မယ် ဘာကြောင့်လဲဆိုတော့ အဲဒါကို သိထားပါမှ ကွဲပြားမှုလေးတွေ ပိုမိုပေါ်လွင်မှာဖြစ်ပါတယ်….
Core i series Architecture
Core i series မှာ Nehalem Architecture နဲ့  Sandy bridge Architecture ဆိုပြီးရှိပါတယ်.. ပထမဆုံး စထုတ်တာ Nehalem Architecture ကို base လုပ်ပြီး ထုတ်လုပ်ပါတယ်…Sandy bridge Architecture ကိုတော့ 2011 အစောပိုင်းကာလမှာ စပြီးထုတ်ခဲ့ပါတယ်..

Core i series code name
Core i series code name များမှာ
1.Gulftown,
2.Bloomfield,
3.Lynnfield,
4.Clarkfield,
5.Clarkdale,
6.Arrandale,
7.Sandy bridge(Desktop),
8.Sandy bridge(moblile) တို့ဖြစ်ကြပါတယ်။
Core i series code name အုပ်စုမှာ Nehalem Architecture ကိုအခြေခံတည်ဆောက်ထားတဲ့ code name တွေကတော့ Gulftown,Bloomfield, Lynnfield, Clarkfield,Clarkdale နဲ့ Arrandale တို့ဖြစ်ကြပါတယ်။ Sandy bridge Architecture ကိုအခြေခံတည်ဆောက်ထားတဲ့ code name တွေကတော့ sandy bridge(Desktop) နဲ့ sandy bridge(mobile) တွေဖြစ်ပါတယ်..

Core i series processor မှာ ဘာတွေထူးခြားပြီး ကွာသွားမှာလဲ
Core i series မှာ အောက်ပါအချက်များကွာခြားသွားပါတယ်
1.core အရေ အတွက်ပါဝင်မှု
2.Thread အရေအတွက်
3.Cache ပါဝင်မှု ပမာဏ
4. Turbo Boost Technology
5. Smart Cache
6. QPI
7.Hyper-threading technology

1.Core အရေအတွက်
Core ဆိုတာ တွက်ချက်မှူ real processing unit တစ်ခုဖြစ်ပြီး chip တစ်ခုပေါ်မှာ တည်ဆောက်ထားပါတယ် အဲဒီ core က နှစ်လုံး လေးလုံး စသဖြင့်ပါဝင်ပါတယ်..
2.Thread အရေအတွက်
Thread ဆိုတာ processor ကို instruction ပေးပို့ ရာမှာ လမ်းကြောင်း 1ခု 2ခု 4ခု 8ခု စသဖြင့်ရှိပါတယ် 2ခုနဲ့ 2ခုအထက်ကို multi-thread လို့ ခေါ်ပါတယ်..
3.Cache ပါဝင်မှု ပမာဏ
Cache ပါဝင်မှုပမာဏ အနည်းများပေါ်မူတည်ပြီး ပိုပြီးမြန်သလို cache ပမာဏများတဲ့ processor ကပိုပြီးတော့ဈေးကြီးပါတယ်..(2MB,4MB,6MB,8MB..စသဖြင့်)
4. Turbo Boost Technology
Turbo Boost ဆိုတာ လိုအပ်တဲ့ အချိန်မှာ core တစ်လုံး နဲ့ တစ်လုံး ပေါင်းစည်းလုပ်ဆောင်ပေးပါတယ်.. process တစ်ခုကို core တစ်လုံးတည်းနဲ့ လုပ်ဆောင်နိုင်ပါက core တစ်လုံးတည်းနဲ့ သာ လုပ်ဆောင်ပြီး core တစ်လုံးတည်းနဲ့ လုပ်ဆောင်ရန်မလုံလောက်တဲ့အခါ core တွေ အချင်းချင်းချိတ်ဆက်လုပ်ဆောင်တဲ့ နည်းပညာဖြစ်ပါတယ်..
5. Smart Cache
Smart cache ဆိုတာ core ထဲမှာ ပါတဲ့ cache တွေဟာ လိုအပ်တဲ့အခါမှာ အချင်းချင်း ပေါင်းစည်း လုပ်ဆောင်တဲ့ နည်းပညာဖြစ်ပါတယ်..
6. QPI (Quick Parth Interconnect)
QPI ဆိုတာ processor နဲ့ north bridge ကြားမှာ high speed transfer လုပ်ဆောင်ပါတယ်.. north bridge ကို အရင်ကလို motherboard ပေါ်မှာ chip တစ်ခုအနေနဲ့  သီးသန့် ထုတ်မ ထား တော့ပဲ CPU ထဲကို ဆွဲသွင်း လိုက်ပါတယ်..ဒါကြောင့် point to point ချိတ်ဆက်ပြီး လုပ်ဆောင် နိုင်တယ်..ယခင် FSB နေရာမှာ အစားထိုး ၀င်ရောက်လာပြီး QPI ဖြစ်သွားပါတယ်..cpu အတွင်းမှာ north bridge နဲ့  cpu တို့ ချိတ်ဆက်တဲ့ လမ်းကြောင်း ကို Common Serial Interconnect(CSI) bus လို့ ခေါ်ပါတယ်..
7.Hyper-threading technology
Hyper-threading ဆိုတာ processor တစ်လုံးထဲကမှ အချိန်တစ်ခုထဲမှာပင်လျင် thread နစ်ခုကို တစ်ပြိုင်နက်ထဲ တာဝန်ထမ်းဆောင်နိုင်ပါတယ် ဒီနေရာမှာ Thread ဆိုတာ processor ဟာProgram တစ်ခုမှ လာတဲ့ instruction တစ်ခုလုပ် ဆောင်မှုကို thread တစ်ခုလို့ သတ်မှတ်ပါတယ်…Thread ဟာ 2ခု 4ခု 8ခု စသဖြင့်ဖြစ်နိုင်ပါတယ်..HT ပါတဲ့  processor ဟာ architecture state ကို copyer လုပ်ပြီး logically အရ Processor နှစ်လုံးဖြစ်အောင် ဖန်တီးထားခြင်းပါ..နဂို physical မှာရှိနေတဲ့  cache , execution unit, control unit ,buses စတဲ့  resourses တွေကိုမျှဝေသုံးစွဲခြင်းပါပဲ…သာမန် processor တစ်လုံးနဲ့ စာရင် HT processor အလုပ်လုပ်တာ 30%လောက်ပိုပြီးတော့မြန်ပါတယ်...
Nehalem microarchitecture based
Core i3
ပထမဆုံး Nehalem ကထုတ်တဲ့ core i3 ကို 2010 ခုနှစ် ဇန်န၀ါရီလ မှာ စတင် သုံးစွဲခဲ့ကြပါတယ်..Desktop processor မှာ ရော laptop mobile processor အတွက်ပါ ထုတ်လုပ်ခဲ့ပါတယ်..

Core i5
Nehalem ကိုပဲ base လုပ်ထားတဲ့ core i5 ကို စက်တင်ဘာလ ၈ ရက် ၂၀၀၉ ခုနှစ်မှာ စတင်သုံးစွဲခဲ့ကြပါတယ်..
Core i 7
Nehalem ကိုပဲ base လုပ်ထားတဲ့ corei7 ကို ၂၀၀၈ ခုနှစ်ကုန်ပိုင်းလောက်မှာ စတင်သုံးစွဲခဲ့ကြပါတယ်..အဲတုန်းက စစချင်းထုတ်တုန်းက Bloomfield ကိုစထုတ်ခဲ့ပါတယ်..2009 ခုနှစ်မှာ Lynnfield, clarkfield, Arrandale တို့ကိုထုတ်ပါတယ် 2010 ခုနှစ်မှာတော့ Gulftown ကိုထုတ်လုပ်ပါတယ်..ဒါတွေက Nehalem architecture ကိုအခြေခံထား တဲ့ မျိုးကွဲ code name နဲ့ ထုတ်လုပ်ထားတဲ့ processor series တွေဖြစ်ပါတယ်..
Sandy Bridge microarchitecture based
Core i3
Sandy bridge microarchitecture မှာဆိုရင် code name တွေက sandy bridge(Desktop) နဲ့  sandy bridge(Mobile) ဆိုပြီးလာပါတယ်..sandy bridge ကိုအခြေခံထားတဲ့ core i3 ကို ၂၀၁၁ ဇန်န၀ါရီလ ၂၀ ရက်နေ့ မှာ စတင်သုံးစွဲနိုင်ခဲ့ပါတယ်..
Core i5
ယခုလက်ရှိထုတ်နေဆဲကာလမှာတော့ အောက်ပါ အတိုင်း sandy bridge core i5 series တွေကို တွေ့ ရ မှာဖြစ်ပါတယ်..
Core i7
ယခုလက်ရှိထုတ်နေဆဲကာလမှာတော့ အောက်ပါ အတိုင်း sandy bridge core i7 series တွေကို တွေ့  ရမှာဖြစ်ပါတယ်..
အခု ဖော်ပြခဲ့တဲ့အထဲမှာ တစ်ခြားမျိုးကွဲတွေလည်း ရှိကောင်းရှိပါလိမ့်မယ်..core i series processor တစ်လုံးနဲ့တစ်လုံး ဘာကွာလဲလို့မေးလာရင် တစ်ခုတည်းဖြေလို့ မရတော့ပါဘူး ဒါကြောင့်သူ့ မှာပါတဲ့အမျိုးအစား..အထဲမှာ လုပ်ဆောင်နိုင်တဲ့စွမ်းရည် ပါဝင်မှုတွေကို အထက်တွင်ဖော်ပြ ဆွေးနွေးခဲ့ပြီြး ဖစ်ပါတယ်ခင်ဗျာ..Architecture တစ်ခုတည်းအောက်မှာ ပင်လျင် code name တွေခွဲပြီးတော့ ထုတ်ထားတာ ကိုတွေ့မြင်ခဲ့ရပြီး ဖြစ်ပါလိမ့်မယ်..ညီအစ်ကို မောင်နှများအားလုံး knowledge ရကြပါစေခင်ဗျာ..
ကိုစံငြိမ်း(မြန်မာမိသားစုဖိုရမ်).

Sunday, 9 October 2011

Adobe Photoshop Lightroom v3.5 Portable

Adobe® Photoshop® Lightroom® 3 software helps you bring out the best in your photographs, whether you're perfecting one image, searching for ten, processing hundreds, or organizing thousands.


Size: 154 MB

Note:
1- Use keygen that included to register
2- Enjoy!

Part1
Part2

Freemake Audio Converter v1.1.0.1 Portable

Convert audio free to MP3, WMA, WAV, FLAC, AAC, M4A, OGG, convert audio to MP3 player, iPod, iPhone, iPad, PSP, extract audio from video, join audio files.

Convert audio to MP3, M4A, WMA, WAV, AAC
Convert audio between all key audio formats: MP3, WMA, WAV, FLAC, AAC, M4A, OGG. Convert WMA to MP3, WAV to MP3, MP3 to WAV, FLAC to MP3, AAC to MP3, etc. List of supported formats

Size: 13 MB

Made By XenoCode






Google Earth Plus 6.0.2.2074

13.90 MB

Google Earth နောက်ဆုံးပေါ်လေးဆိုပြီး တောင်းဆိုထားလို့ ရှာဖွေဖော်ပြပေးလိုက်ပါတယ်။ အသုံးပြုဖို့အတွက် အောက်က အဆင့်တွေအတိုင်းလုပ်ကြည့်ကြပါခင်ဗျာ...

၁။ အရင်ဆုံး အောက်မှာပေးထားတဲ့ လင့်မှာ ဒေါင်းလုပ်ယူပြီး WinRar ဖိုင်ကို ဖြည်လိုက်ပါ။

၂။ Set up ကို install လုပ်ပါ။ ပြီးရင် Google Earth ကို ပိတ်လိုက်ပါ။ မ run ပါနဲ့အုံး။

၃။ Patch Folder ထဲမှာပါတဲ့ patch file (google.earth.plus.6.0.2.2074-mpt) ကို copy ယူပြီး Installed directory ထဲမှာ paste သွားလုပ်ပါ။ Installed directory ကတော့ default အနေနဲ့ C:\Program Files\Google\Google Earth\ ဆိုပြီးရှိပါလိမ့်မယ်။

၎။ ပြီးရင် အဲဒီ patch file လေးကို double click လုပ်ပြီး run လိုက်ပါ။ အောက်ကပုံလေးအတိုင်း တွေ့ရ ပါလိမ့်မယ်။

၅။ ဘယ်ဘက်က ကျားခေါင်းပုံလေးကို ကလစ်လုပ်လိုက်ပါ။ သူ့အောက်က လေးထောင့်ကွက်လေးမှာ "OK" ပြတဲ့အထိစောင့်ပါ။ ပြီးရင် ပိတ်လိုက်ပါ။ ဒါဆိုရင် Google Earth ကိုအပြည့်အ၀ အသုံးပြုလို့ရသွားပါပြီ။ အားလုံးအဆင်ပြေကြပါစေဗျာ..

Saturday, 8 October 2011

Freemake Video Converter v2.4.0.1 Portable

Convert between video formats, rip DVD, convert to devices, burn DVD, create photo slideshows and music visualizations, cut, join, rotate and upload video, photos, music to YouTube with our free video converter.


Size: 21.2 MB

Made By XenoCode

7-PDF Maker



Word file (0r) Picture file တွေကနေ Pdf ကိုအလွယ်တကူပြောင်းနိုင်တဲ့ Pdf converter
ဆော့လ်ဝဲလေးပါ အသုံးပြုရတာလည်း လွယ်ကူပီး ကြိုက်တဲ့ font အတိုင်း ပြန်ထုတ်ပေးပါတယ် Pdf အဖြစ်
ကဲ လက်တွေ့စမ်းကြည့်ရအောင် လိုအပ်သူများအတွက်
DOWNLOAD

Thursday, 6 October 2011

funshion movies player


on line မှာ movies ကြည့် ချင်သူတွေအတွက်ပါ။ chinese vision & english vision နှစ်မျိုးရှိပါတယ် ။on line မှာ ရှပ်ရှင်ကား ရှာကြည့် သူတွေအတွက်တော အရမ်းကို အစဉ်ပြေပါတယ် ။funshion player လေးကို install လုပ်ထားရင်ရပါပြီ။အသုံးပြုနည်းကတော့  အရမ်းလွယ်လို့ မပြောပြတော့ ဘူးနော်...။

download mediafire

ပြည်တွင်းမှ Gmail account လုပ်နည်း

ပြည်တွင်းက သူငယ်ချင်းများအတွက် အသုံးဝင်မယ့် နည်းလမ်းလေးမို့ ဝေမျှပေးလိုက်ပါတယ်။ စမ်းကြည့်စေချင်ပါတယ်။ အဆင်ပြေရင်လည်း အချင်းချင်း လက်တို့လိုက်စေချင်ပါတယ်။

အကောင့်ဖွင့်ရတာ မခက်ပါဘူး။ ကျပ် ၉ထောင် ပေးစရာမလိုပါဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖွင့်လို့ရတဲ့ နည်းလမ်းရှိပါတယ်။
၁။ ကိုယ့်မှာ Gmail account ရှိပြီးလျှင်သော်၎င်း၊ မရှိလျှင် သူငယ်ချင်းတစ်ယောက်ကို အကူအညီတောင်းပြီး ကိုယ့် Email ကို ပြန်၍ Invite လုပ်ပါ။ [ Gmail ထဲက ဘယ်ဖက် Invite ဆိုတဲ့အကွက်မှာ လုပ်ပါ!
၂။ Invite လုပ်ပြီးရင်... Google မှ သင့်ထံ Account အသစ်ကို Create လုပ်ဖို့ Sign Up Link ပို့လိမ့်မယ်။
၃။ *Sign Up* ဆိုတဲ့ လင့်ကို (Right-Click, Copy Link Location)နှိပ်ပါ။
၎။ ***Internet Explorer ကိုဖွင့်၍ Address bar မှာ ခုနတုန်းက Copy လုပ်ထားတဲ့ Sign Up link ကို Paste လုပ်ပါ။
၅။ Account Create Page ပေါ်လာရင် လိုအပ်တာတွေဖြည့်စွက်ပါ။ (First Name, Last Name, Username, D.O.B, Security Question စသည် ဖြည့်လိုက်ပါ။
၆။ သတိ** Security Question မှာ ဖုန်းနံပါတ်ဆိုတဲ့ မေးခွန်းကို ရှောင်ပါ။ Secondary Email ကို ကိုယ့်သူငယ်ချင်းရဲ့ Email သို့မဟုတ်၊ ကိုယ့်ရဲ့ အရင် Gmail အဟောင်းကို ဖြည့်ပေးပါ။
၇။Location ဆိုတဲ့ နေရာ မြန်မာပြည်ကလွဲလို့ တခြား နိုင်ငံတွေကို ရွေးလိုက်ပါ။ စမ်းသပ်ချက်အရ- Thailand, Laos, Australia, Cambodia, Sri-Lanka, India စတဲ့နိုင်ငံတွေကို ရွေးပါ။ United States, UK, Japan, , Russia, Korea, China စသော နိုင်ငံတွေကိုရှောင်ပါ။
၈။ ကွက်လပ်များကို မှန်အောင်သေချာစစ်ပါ၊ နောက်တစ်ခါ ထပ်ဖြည့်ရတာမျိုးမဖြစ်ပါစေနဲ့။
၉။ ပြီးရင် Signup/ Register လုပ်လိုက်ပါ။

ဒါဆိုရင်တော့ မိမိတို့လိုချင်တဲ့ အကောင့်အသစ်တစ်ခု ရရှိလာမှာ ဖြစ်ပါတယ်။

Ashampoo Photo Commander v9.4.0 Portable

The all-in-one software for your photo collectionAshampoo Photo Commander 9 offers you the perfect mix of features to manage, edit, present and optimize your digital pictures.



Size: 130 MB