Thursday, 14 April 2011

117-Virus အကြောင်း

 

Abouts Virus Value

Value တစ်ခုမှာရှိတဲ့ Data တစ်ခုကိုဖော်ပြတဲ့နေရာမှာ Data type အမျိုးအစား (၆)မျိုးအနက်က တစ်ခုခုနဲ့ဖော်ပြနိုင်ပါတယ်။ အဲ့ဒီ (၆) မျိုးကတော့ ...........

1.REG_BINARY
Raw Binary Data, Hardware သတင်းတွေကို ကွန်ပျူတာမှ binary အဖြစ်သိမ်းပေမယ့်၊ Registery editor မှာ အကျဉ်းခြုံးရန် Hexa Decimal နဲ့ပြပေးတယ်။

2.REG_DWORD
4 byte အရှည်ရှိတဲ့ ကိန်းဂဏန်းနဲ့သိမ်း၊ Device Driver များ၊ Service နှင့်သက်ဆိုင်သော
ကန့်သတ်ချက်(parameter) များကိုဖော်ပြပေးတယ်။

3.REG_EXPAND_SZ
ကိန်းရှင် (variable) များ

4.REG_MULTI_SZ
multiple type, user များသိနိုင်သော Char နှင့် ဂဏန်းများရောနှောပုံ၊ နေရာလွတ်၊ ကော်မာနဲ့ အခြားအမှတ်တွေပါ။

5.REG_SZ
စာသားများပါဝင်ပြီး အလျားသတ်မှတ်ချက်ရှိသော အက္ခရာစဉ်ကိန်းတန်း တစ်ခု။

6.REG_FULL_RESOCE_DESCRIPTOR
Hardware တစ်ခုကို (Dirver တစ်ခု) Resource List ကိုသိမ်းဆည်းရန် ဒီဇိုင်းထုတ်ထားသော Nested Array တစ်ခုတို့ပဲ ဖြစ်ပါတယ်။

About Virus (No-1)

ဗိုင်းရပ်စ် ဆိုသည်မှာ (ပထမပိုင်း)

ဗိုင်းရပ်စ်ဆိုသည်မှာ လို့ခေါင်းစဉ်တပ်ထားတာ ကျွန်တော်လဲ သိသလောက်လေး ပြောပြပေးတာပါ။ ကကကွန် mail box မှာ ဗိုင်းစ်ရပ် အကြောင်းမေးလွန်းအား ကြီးလွန်း လို့ စာဖတ်ပြီး ပြောပြပေးတာပေါ့ဗျာ။ ကျွန်တော့်ဌာနက ဆရာကြီးတွေ၊ ကျွန်တော် ဗိုလ်ကြီးတွေ ဆီလဲ နဲနဲပါးပါး မေးမြန်းပြီး သိသလောက်ပြောပြ ပေးလိုက်တယ် General Knowledge ပေါ့ဗျာ….. ကဲ ဖတ်ပေးဦးဗျာ………. အကျိုးရှိမှာပါ…
လူတွေရော အားလုံးပါပဲ တစ်ခုခုဆို Virus လို့ပဲ သိပါတယ်။ တကယ်တော့ Virus အနွယ်ဝင် အမျိုးအစားများရှိနေပါတယ်။ အဲဒါတွေအကြောင်း ရှင်းလင်းပြထားတဲ့ မူလရေးသားသူ ဆရာမျိုးသူရ အားအထူး ကျေးဇူးတင်ရှိပါတယ်။

၁။ Computer Virus
Computer virus ဆိုတာ သူ့ကိုသူ attach လုပ်ထားတဲ့ program (သို့) file တစ်ခုဖြစ်ပြီး ကွန်ပျူတာတစ်ခုကနေ တစ်ခုကို ပြန့ှ်နှံ့ကူးစက်နိုင်ပါတယ်.. လူတွေမှာ Virus ကူးသလိုပဲ ပြန့်နှံ့ပြီးတော့ ကွန်ပျူတာရဲ့ System ကိုပုံမှန်အလုပ် မလုပ်အောင် နှောက်ယှက်မယ်၊ Windows ကို Error တွေများလာအောင် လုပ်မယ်၊ user data တွေကို ဖျက်ဆီးမယ်၊ Hardware တွေ Software တွေ အရေးကြီးတဲ့ File တွေကို ဖျက်ဆီးမယ်... စတာတွေကို လုပ်ဆောင်ပါတယ်..
ဒါပေမယ့် Virus အများစုဟာ executable fileတွေဖြစ်ကြပါတယ်.. ဥပမာ.. chrome.exe, system.bat , flashy.com စသဖြင့်ပေါ့ .. သူတို့ဟာ ကွန်ပျူတာထဲမှာ ရှိနေရင်တောင်မှ သင်ကိုယ်တိုင်မှ သွားမဖွင့်ရင်/ သွားမ run မိရင် ကွန်ပျူတာကို ဘာမှ မထိခိုက်နိုင်ပါဘူး... ဒါကြောင့် မှတ်ထားရမှာက လူ၏ လုပ်ဆောင်ချက်မပါဝင်ပဲ Computer Virus သည် မပျံ့နှံ့ မကူးစက်နိုင်ပါ...
Virus ပျံ့နှံ့နိုင်တဲ့ နည်းလမ်းတွေကတော့ အမျိုးမျိုးရှိပါတယ်...forward E-mail က attached file တွေ၊ memory stick(flash/thumb drives) တွေ၊ Full sharing ကနေ virus infected file ထည့်တာတွေ၊ သူငယ်ချင်း အချင်းချင်း မသိပဲနဲ့ Virus infected file ကို share လုပ်မိတာတွေ .. စသဖြင့်ပေါ့...ဗျာ

၂။ Malware
Malware ဆိုတာ အင်္ဂလိပ်စကား ၂ လုံး Malicious Software ကိုပေါင်းစပ်ပြီး ကွန်ပျူတာ ပညာရှင်တွေက အလွယ်ခေါ်ကြတဲ့ virus လို program တွေပါပဲ.. အဲဒိ Malware ကကွန်ပျူတာပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရပဲ ၊ မသိစေပဲ single computer / server / computer network ထဲ ၀င်ပြီး ကွန်ပျူတာ System ပျက်ဆီးစေနိုင်အောင် ၊ အနှောက်အယှက်ဖြစ်အောင် ရေးလေ့ရှိကြပါတယ်.. Malware တစ်ခုမှာ Computer VIrus , worms, trojan horses, most rootkits, spyware, dishonest adware, crimeware and other malicious and unwanted software တွေပါဝင်လေ့ရှိပါတယ်..

၃။ worm
worm ဆိုတာက virus နဲ့ဆင်တူအောင် ရေးထားကြတာပါပဲ.. virus တစ်ခုရဲ့ Sub-class လို့လည်းခေါ်လို့ရပါတယ်... သူကတော့ Virus လို လူကဖြန့်မှ ပျံ့တာမျိုးမဟုတ်ပဲ သူပါသူ Computer network ထဲမှာရှိတဲ့ အခြားကွန်ပျူတာတွေကို လူရဲ့လုပ်ဆောင်ချက် လုံးဝမပါပဲနဲ့ ပျံ့နှံ့စေတာဖြစ်ပါတယ်...သူ့ပါသူ ဖြန့်နိုင်တဲ့ စွမ်းရည်ရှိတာပေါ့နော်...
အကြီးမားဆုံး အန္တရာယ်ကတော့ သူ က သူ့ပါသူ System file တစ်ခုလို အယောင်ဆောင်ပြီး သူ့ကိုယ်သူ သန်းပေါင်း ၁၀၀ လောက် copy ပွားနိုင်ပါတယ်၊ Hard disk ရဲ့ used space ကို များလာစေတယ်..Computer ရဲ့ System memory usage တွေ များလာစေတယ်.. network bandwidth တွေကိုတက်လာစေတယ်... Run ထားတဲ့ program တွေကို not responding ခဏခဏဖြစ်လာစေတယ်.. လူသိများတဲ့ worm ကတော့ Blaster worm ပါ.. ထွင်လိုက်တဲ့လူကတော့ ၂၀၀၅ ခုနှစ်တုန်းက အသက် ၁၈နှစ် အရွယ် Jeffrey Lee Parson ဖြစ်ပြီး ထောင် ၁၈ လ ကျသွားခဲ့ပါတယ်.. Blaster worm က windows စတက်တာနဲ့ Registry ကီး
HKEY_LOCAL_MACHINE\SOFTWARE\ Microsoft\Windows\CurrentVersion\ Run\windows auto update = msblast.exe မှာ နေရာယူပါတယ် ၊ msblast.exe ဆိုတာက တော့ နာမည်တူပေးထားတာပေါ့ Blaster worm က Computer System ထဲမှာ ရှိနေပြီဆိုတာနဲ့ Cracker တွေက ကွန်ပျူတာကို Remote လုပ်ပြီး ထိန်းချုပ်နိုင်အောင် ရေးထားပါတယ်..

About Virus (No-2)

ဗိုင်းရပ်စ်ဆိုသည်မှာ (ဒုတိယပိုင်း)

၎။ Trojan horse
Trojan horse ကို Trojan လို့လည်းခေါ်ပါတယ်..Trojan ဆိုတဲ့ မြင်းရုပ်ကြီးအကြောင်း ငယ်ငယ်က ကမ္ဘာ့သမိုင်းမှာသင်ဖူးကြမှာပေါ့.. Tri ဇာတ်ကားလည်း ကြည့်ဖူးကြမှာပါ... အဲဒိထဲကလိုပဲ အလုပ်လုပ်တယ်လို့ပြောလို့ရပါတယ်... :P ပုံမှန်အားဖြင့် အသုံးဝင်တဲ့ Software တွေမှာ ထည့်ထားတတ်ကြပါတယ်... ဥပမာပေါ့ဗျာ... Game တစ်ခုကို Install ပြီးဆော့နေပေမယ့် အခြားတစ်ဖက်မှာ Hacker တွေ Cracker တွေက ကွန်ပျူတာထဲကို ၀င်မွှေနေလို့ရအောင်လုပ်ပေးနေတယ်.. အဲဒီတော့ အဲဒိ Game ကို Trojan horse လို့ခေါ်တာပေါ့ .. တစ်ကယ်တော့ Game က တရားဝင်ထုတ်ထားတဲ့ Game ပဲ.. ဒါပေမယ့် Virus infected ဖြစ်နေတဲ့ Game လို့ပြောရလိုဖြစ်နေတာပေါ့..
နမူနာ Trojan Horse ကတော့ waterfalls.scr ဆိုတဲ့ free waterfall screen saver ပဲဖြစ်ပါတယ်..

Trojan horse တစ်ခုဟာ အောက်ပါအချက်များကို လုပ်ဆောင်ပေးနိုင်ပါတယ်...
* Remote Access
* Data Destruction
* Downloader/dropper
* Server Trojan(Proxy, FTP , IRC, Email, HTTP/HTTPS, etc.)
* Disable security software
* Denial-of-service attack (DoS)

၅။ Spyware
သူကတော့ သူခိုးပေါ့နော်.. Spy တွေ ဘယ်လိုအလုပ်လုပ်သလဲဆိုတာသိကြမှာပါ.. သူလဲအဲလိုပါပဲ...
သူက ကွန်ပျူတာကို ထိခိုက်ဖျက်ဆီးချင်မှ ဖျက်ဆီးမယ်.. ဒါပေမယ့် ကွန်ပျူတာမှာသုံးနေတဲ့ user ရဲ့ အမျိုးမျိုးသော အချက်အလက်တွေ၊ အရေးကြီးတဲ့ Data တွေကို သူ့ရဲ့ Main server တစ်ခုခုကို နေ့စဉ် သတင်းပို့ပေးနေတယ်... Spyware တွေက များသောအားဖြင့် Web browser တွေကနေ ၀င်နိုင်ပါတယ်... ပြီးရင် သူက Browser home page ကိုပြောင်းထားတတ်ပါတယ်..သင့်ကို Error message တွေ အမျိုးမျိုးပြမယ်..(ဥပမာ- သင့်ကွန်ပျူတာမှာ problems တွေများနေပြီ..အဲဒါတွေပြင်ချင်ရင် အောက်ကခလုတ်ကို နှိပ်ပါ) စသဖြင့် ဆွဲဆောင်မယ်၊ သင်က link တစ်ခုကို click လိုက်ပေမယ့် သင်မဖွင့်ပဲနဲ့ အခြား Porn Site တွေ အလိုလိုပွင့်လာမယ် စသဖြင့်ပေါ့ဗျာ... တစ်ချို့ လူတွေက http cookie တွေကို Spyware တွေလို့ ထင်ကြပါတယ်.. တကယ်တော့မဟုတ်ပါဘူး ဒါပေမယ့် အဲဒိ cookie ထဲမှာ Spyware က track လုပ်နိုင်တဲ့ Data တွေပါလာတတ်တာကြောင့်  Spyware Remover တော်တော်များများက Cookie တွေကို ဖျက်ပစ်ကြတာပါ. Spyware ကို ကာကွယ်ချင်ရင်တော့ pop-ups ကျလာတဲ့ link တွေကို ရှောင်တာကောင်းပါတယ်... Free Spyware Remover တွေနဲ့လည်းကာကွယ်နိုင်ပါတယ်...

၆။Adware
Adware ဆိုတာကတော့ Advertising-supported software (သို့) software package တစ်ခုဖြစ်ပါတယ်.... သူကတော့ Screen မှာ Automatic ပေါ်လာအောင်ဖန်တီးထားပြီး Download အတင်းလုပ်ခိုင်းပါတယ်... :D
အချို့သော Adware များဟာ Spyware များဖြစ်တတ်ကြပါတယ်... ဒါကတော့ဒီလောက်ပဲ :D

၇။Crimeware
Crimeware ဆိုတာကတော့ Spyware, Adware, Malware အမျိုးအစားတွေထဲမှာပါပါတယ်.. သူ့ရဲ့ရည်ရွယ်ချက်ကတော့ financial crime တွေအတွက်ရည်ရွယ်ပြီးရေးကြတာများပါတယ်..
သူက user password တွေ၊ links တွေ၊ အချက်အလက်တွေ ကို မှတ်သားထားနိုင်ပြီး သူ့ကို Run ထားတဲ့လူက ပြန်ဖွင့်ကြည့်ပြီး user data တွေကို ခိုးယူနိုင်တာပေါ့.... ဥပမာပြောရရင်
ခုခေတ်စားနေတဲ့ key logger တို့ .. keystroke logging software တို့ဟာ Crimeware အမျိုးအစားတွေပဲဖြစ်ပါတယ်..

Source; http://bonemyathein.blogspot.com/p/virus.html

Wednesday, 13 April 2011

116-ဘယ်နိုင်ငံက မေးလ်ပို့တာလဲ ?

အခုတင်ပြမည့် နည်းကတော့ ကျွန်တော်တို့ အားလုံးသတိမထားမိတဲ့ နည်းလေးဖြစ်မှာပါ။ သိတဲ့သူလည် သိမှာပေါ့။ အခုနည်းကတော့ ကျွန်တော်တို့ မိမိကို မေးလ်ပို့တဲ့သူက ဘယ်က ပို့တာလည်ဆိုတာကို Time Zone နဲ့ လိုက်တာ ဖြစ်ပါတယ်။ ဘာမှ မခတ်ခဲတဲ့နည်းလေးဖြစ်ပါတယ်။ အတော်များများကို ကျွန်တော် စမ်းကြည့်ပါတယ်။ အဆင်ပြေပါတယ်။ Chat Mail တွေ Auto Reply မေးလ်တွေတော့ ကြည့်လို့မရပါဘူး။ မေးလ်ပို့မှသာ ကြည့်လို့ရမှာဖြစ်ပါတယ်။ Auto Reply ကို Time Zone က -7 ပြနေပါမည်။ -7 Time Zone က အမေရိကန် Time Zone ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ မိမိက မေးလ်မှာ Auto Reply လုပ်ထားတာဖြစ်တဲ့အခါ ဘယ်သူ မေးလ်ပို့ပို့ Auto mail က Reply လုပ်နေလို့ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာပြည်က ပို့တဲ့ မေးလ်ဆို ( GMT +6:30) ဖြစ်ပါတယ်။ ဒါက ဥပမာ ပြောပြတာပါ။ အောက်မှာ ကြည့်လိုက်ပါ။

1. မိမိ Mail ကို Sign In လုပ်လိုက်ပါ။
2. Setting ကို click လိုက်ပါ။ (မိမိ Mail Box ရဲ့ ညာဘက်ထောင့်မှာ ရှိပါတယ်။)
3. Labs ကို ထပ် click လိုက်ပါ။ အောက်ပါအတိုင်း ကျလာပါမည်။ Sender Time Zone ကို Enable ပေးလိုက်ပါ။ ပြီရင် အောက်နားမှ Save Changes ကို click လိုက်ပါ။



4. အထပ်ပါအတိုင်းSettings မှာ ပြင်ပြီတာနဲ့ မိမိဆီကို သူငယ်ချင်းက မေးလ်ပို့တာနဲ့ Show Detail ကိုနိုပ်လိုက်တာနဲ့ အောက်ပါအတိုင်း Time Zone ကို တွေ့ရမှာ ဖြစ်ပါ တယ်။ မိမိက Time Zone တွေနဲ့ နိုင်ငံတွေ မတွဲမိရင် နံပတ် (၅)မှာ တင်ပြထားတဲ့ ဆိုဒ်တွေမှာ Time Zone ကို ကြည့်နိုင်ပါတယ်။ အောက်မှာ ကျွန်တော် ဥပမာ ပြတာ ကတော့ GMT + 6:30 ဖြစ်တာကြောင့် မြန်မာပြည်က သူငယ်ချင်းက မေးလ်ပို့တာ ဖြစ်ပါတယ်။ ကျွန်တော် နိုင်ငံ (၄)နိုင်ငံကို စမ်းထားပြီဖြစ်ပါတယ်။ အားလုံးမှန်ပါတယ်။ ဒါပေးမဲ့ အသေစိတ်ကိုတော့ မသိနိုင်ပါ။ နိုင်ငံကိုသာ သိနိုင်ပါတယ်။



5. Time Zone တွေကို မသိရင် အောက်က ဆိုဒ်နှစ်ခုမှာ ရှာဖွေကြည့်နိုင်ပါတယ်။

http://antonio.mccinet.ru/net/time.html
http://wwp.greenwichmeantime.com/time-zone/asia/china/hong-kong/time.htm

115-Gtalk မှာ စကားပြောရင်း သူငယ်ချင်းတွေ သီချင်း ပေးနားထောင်ရအောင်

ကိုယ်ဖွင့်ထားတဲ့ သီချင်းလေးတွေ ကို စကားပြောရင်း သူငယ်ချင်းကိုပေးနားထောင်ရအောင်
ကိုဖွင့်ထားတဲ့ သီချင်းလေးကိုစကားပြောနေတဲ့ သူငယ်ချင်း ကိုပေးနားထောင်ချင်ရင်တော့
Gtalk>setting>audio ကိုသွားပါ ပြီးရင် အောက်ဆုံးမှာရှိတဲ့ share music listening …
ဆိုတဲ့နေရာလေး မှာ မှန်ခြစ်လေးပေးလိုက်ပါ ..
ပြီးရင် ok ပေးလိုက်ပါ…ဒါဆိုရင် သီချင်းကောင်းကောင်းလေးတွေကို ကိုယ်ရောသူငယ်ချင်းပါနားထောင်လို့ရပါပြီ …

114-ကိုဖွင့်ထားတဲ့ သီချင်းလေးတွေ ကို Gtalk မှာ သူငယ်ချင်းတွေ သိအောင်ပြနည်း

ကိုဖွင့်ထားတဲ့ သီချင်းလေးတွေ ကို သူငယ်ချင်းတွေ သိအောင်ပြရအောင်
ကိုဘာသီချင်းတွေနားထောင်နေတယ်ဆိုတာ ကိုသူငယ်ချင်းတွေ သိအောင်ပြချင်ရင်တော့
Windowmedia player ကိုသုံးရပါမယ်ပထမဆုံးအနေနဲ့ ပုံမှာပြထားတဲ့အတိုင်း windowmedia player နဲ့ဖွင့်ထားတဲ့ သီချင်းဘောက်စ်ပေါ်မှာ Right click ထောက်လိုက်ပါ …နောက် plug –in ကနေ options ကိုကလစ်လိုက်ပါ။
Options box ကျလာပါမယ် ..အဲဒီထဲက plug –in tab အောက်မှာရှိတဲ့ background ကိုကလစ်လိုက်ပါ။
ပြီးရင်ပုံမှာပြထားတဲ့အတိုင်း google talk music plug-in မှာ မှန်ခြစ်လေးပေးလိုက်ပါ …


နောက်တစ်ပိုင်း အနေနဲ့ မိမိဖွင့်ထားတဲ့ gtalk က setting ကိုဝင်လိုက်ပါ ..


Notification ကိုclick ပါ ပြီးရင်တော့ ပုံမှာပြထားတဲ့ အတိုင်း play song မှာအမှန်ခြစ်လေးပေးလိုက်ပါ

ပြီးရင် Gtalk sign out လုပ်တဲ့နေရာလေးမှ show current music track မှာ အမှန်ခြစ်လေး ထပ်ပေးလိုက်ပါ..
အဲဒါဆိုရင် အိုကေသွားပါပြီ ။

Tuesday, 12 April 2011

112-Gtalk အကောင့်အများကြီး ဖွင့်လို့ရအောင်ပြုလုပ်နည်း

မိမိတို့ Gtalk software တစ်ခုကို Run ပြီးရင် မိမိတို့ အကောင့်တစ်ခုသာလျှင် ဖွင့်ပြီးသုံးနိုင်မှာဖြစ်ပါတယ်။မိမိကလဲ အကောင့် (5) ခုလောက် တပြိုင်တည်း ဖွင့်ပြီး အသုံးပြုချင်ရင် မိမိတို့ Gtalk မှာ Icon ပေါ်မှာ left click ပေးပါ။ properties ကို click ပါ။အောက်ပါအတိုင်းကျလာသော box မှာ googletalk.exe” နောက်မှာ /nomutex ကို
ပေါင်းထည့်ပါ။ok ကို click ပါ။ဒါဆိုရင် မိမိ စိတ်ကြိုက်အကောင့်တွေအများကြီး ဖွင့်နိုင်ပါပြီ။

Monday, 11 April 2011

111-HardDisk ရဲ့ Size အမှန်ရအောင် တွက်ချက်နည်း

HardDisk ရဲ့ Size အမှန်ကို တွက်ချက်နည်းလေး ဝေမျှပေးပါမည်။ ကျွန်တော်တို့ Hard Disk Drive တခုကို ၀ယ်လိုက်တာနဲ့ အဲ့ဒီ Hard Disk ကို Format ချတော့မယ်ဆိုရင် 500 Gbyte ရှိတဲ့ Hard Disk က 465 Gbyte ဘဲ ဖော်ပြနေတယ်။ 1000 Gbyte ရှိတဲ့ Hard Disk က 931 Gbyte ဘဲ ရှိနေတာ ဘာကြောင့်လဲဆိုတာ သိသင့်တယ်ထင်လို့ ကျွန်တော် တင်ပြပေးလိုက်တာပါ။ ဒါက မသိလဲ အရေးတော့ မကြီးပါဘူး။ ဒါပေမဲ့ တက်သိနားလည်းချင်တဲ့ သူငယ်ချင်းများကို ရည်ရွယ်ပြီ ဝေမျှလိုက်တာပါ။ အောက်မှာ လေ့လာပါ။

ပထမ သိရမည့် အချက် ( မှတ်ချက် ။ ။ Gbyte , Mbyte , Kbyte သာ အခုတင်ပြမည့်အပိုင်းမှာ သက်ဆိုင်လို့ ဒီသုံးမျိုးဘဲ ဖော်ပြတာပါ)
ဒုတိယ သိရမည့်အချက်

500 Gbyte ရှိတဲ့ hard Disk Drive တခုမှာ 500.000.000.000 bytes ပါရှိတယ်ဆိုတာ အရင်သိရပါမည်။ တနည်းအားဖြင့် 500 Gbyte ရှိတဲ့ hard Disk က 465 Gbyte ဘဲ အမှန်တကယ်ရှိတာဖြစ်ပါတယ်။

1 Tbyte ( 1000 Gbyte) ရှိတဲ့ Hard Disk Drive တခုမှာ 1000.000.000.000 byte ပါရှိတယ်ဆိုတာသိရ ပါမည်။ တနည်းအားဖြင့် 0,9 Tbyte က 931 Gbyte နဲ့ ညီတယ်လို့ပြောတာဖြစ်ပါတယ်။

ဒါဆို ဘယ်လို ရတာလဲ ကိုယ်တိုင် တွက်ချက်ကြည့်ရအောင်

အထက်ပါ 500 Gbyte က 465 Gbyte ဘဲ ရှိတာ ဘာကြောင့်လဲဆိုတာ မေးစရာ ရှိလာပါပြီ ဒါကြောင့် အောက်ပါအတိုင်း တွက်ချက်တက်ဖို့ လိုပါတယ်။ အဆင့် (၃) ဆင့် တွက်ချက်ဖို့ လိုအပ်ပါတယ်။

ဒီလောက်ဆိုရင် ဘယ်လိုတွက်ချက်ရမယ်ဆိုတာ နားလည်သဘောပေါက်လောက် ပြီထင်ပါတယ်။ အခြားသိသင့်တဲ့ အချက်များကိုလည် မှတ်ချက်မှာ ဝေမျှလိုက်ပါတယ်။

အထက်ပါအတိုင်းအဆင့်သုံးဆင့် မတွက်ချင်တဲ့ သူငယ်ချင်းများအနေဖြင့် အချိုးတွေကို သိချင်အားဖြင့်လဲ တွက်ချက် နိုင်ပါတယ်။

ဥပမာ

Kilobyte ကနေ တဆင့်ချင်း အချိုးတွေနဲ့ ကျွန်တော် တွက်ပြပါအုံးမယ်။ ( ၅၀၀ ရှိတဲ့ Harddisk တခုကို တွက်ချက်မှာဖြစ်ပါတယ်။


Gbyte ရဲ့ အချိုးက 0.9313226 ဖြစ်လို့ ဒါနဲ့ဘဲ မြှောက်ပေးတာဖြစ်ပါတယ်။ အပေါ်မှာတင်ပြခဲ့တာနဲ့ အဖြေအတူတူ ထွက်မှာဘဲဖြစ်ပါတယ်။ ဒါကြောင့် 500 Gbyte က အမှန်တကယ် 465 Gbyte ဘဲရှိပါတယ်။
အခြား Ratio များကို ဗဟုသုတအနေနဲ့ ဖော်ပြလိုက်ပါတယ်။

110-Windows Activation Trial Day 30 ကို 120 Day တိုးနည်း

ကျွန်တော်သူငယ်ချင်းတွေ အတွက် အသုံးဝင် အသုံးတည့်လှတဲ့ နည်းလေး ဝေမျှပေးပါအုံးမယ်။ Windows 7 တင်ထားတဲ့ Trial version တွေမှာ ပုံမှန်အားဖြင့် ရက် (၃၀) သာ အလကားပေးထားပါတယ်။ ရက် (၃၀) ကျော်သာနဲ့ သူငယ်ချင်းများအနေနဲ့ Key မရှိလို့ Loader တွေနဲ့ crash လုပ်စရာမလိုဘဲ 30 Trial ကို 120 Trial ဖြစ်အောင် လုပ်တဲ့ နည်းလေးဖြစ်ပါတယ်။ တနည်းအားဖြင့် (တစ်) လ အလကားပေးသုံးတာကို (သုံး) လ အလကား ရအောင် လုပ်တာဖြစ်ပါတယ်။ သုံးလ အတွင်းမှာ Microsoft က ပေးတဲ့ update တွေကို update လုပ်နိုင်မှာဖြစ်ပါတယ်။ သုံးလ ကျော်ရင်တော့ ထပ်တိုးလို့ မရတော့ပါဘူး။ ဒါဆိုရင်တော့ Windows ရဲ့ product key number ကို ထည့်ရင်ထည့် (သို့မဟုတ်) Activation Loader နဲ့လုပ်ရရင် လုပ် လုပ်လို့ မရရင်တော့ uninstall လုပ်ပြီး Windows ပြန်တင်။ ပြီးတာနဲ့ Trial ကုန်ဖို့ တစ်ရက် အလိုမှာ အခုတင်ပြတဲ့ နည်းကို သုံး ဒါဆို အဆင်ပြေမည်။

ဝန်ခံချက်။ ။ ကျွန်တော်စက်လဲ Trial သုံးထားတာ ဖြစ်ပါတယ်။ ဒီနည်းနဲ့ဘဲ တိုးသုံးနေပါတယ်။ ကျွန်တော် စက်မှာ တိုးစဉ်မှာ ပုံမရိုက်ခဲ့ရလို့ ရှင်းလင်းစွာ နားလည်စေချင်တာနဲ့ ပုံ (၁) နှင့် ပုံ (၂) ကို အွန်လိုင်ကနေ ယူထားပါတယ်။

မှတ်ချက်။ ။ တစ်ကြိမ်တိုးရင် ရပ်ပေါင်း (၃၀)သာ တိုးပါမည်။ ဒါကြောင့် 1 Day ရောက်တာနဲ့ ဒီနည်းကို အသုံးပြုပါ။
3 (rearms) x 30 (days) = 90 (days extended) + 30 (default days) = 120 days

My computer ကို Right click ထောက်ပြီ Properties ကို ၀င်လိုက်ရင် အောက်ပါအတိုင်း တွေ့ရမှာ ဖြစ်ပါတယ်။
Trial ကုန်ဖို့ တစ်ရက်အလိုက ပုံ


Trial တစ်ရက် အလိုကို 30 day ပြောင်းပြီးနောက် ပုံကို လေ့လာပါ

ဒါဆိုရင် ဘယ်လိုပြောင်းရမယ်ဆိုတာ အောက်မှာ ကြည့်လိုက်ပါ။

လုပ်နည်း

  1. Start >> Search Box မှာ cmd လို့ ရိုက်လိုက်ပါ။ ပြီးတာနဲ့ cmd ပေါ် Right click ထောက်ပြီး Run as Administrator ကို click လိုက်ပါ။ ပုံကိုကြည့်ပါ။
  2. အောက်ပါ code ကို ရိုက်ပါ။ command prompt မှာ slmgr -rearm ကို ရိုက်ပြီ Enter ခေါက်ပါ။
  3. Windows Script host Box ကျလာပါမည်။ OK ပေးလိုက်ပါ။ ပြီးတာနဲ့ မိမိ computer ကို Restart ချလိုက်ပါ။ ဒါဆိုရင်တော့ နောက်ထပ် Trial 30 day ဖြစ်နေပါလိမ့်မည်။

Sunday, 3 April 2011

109-Windows 7 မှာ Font တွေဘယ်လို Change မလဲ

ကျွန်တော်တို့ Windows 7 သုံးတဲ့အခါမှာ တစ်ခါတစ်လေမှ မိမိက သူ့ရဲ့ မှုလရှိပြီသာ Daufult ကို ကိုယ်က ပြောင်းမိတဲ့အခါမှာ Desktop ပေါ်မှာ Myanmar font ပျောက်သွားတာ ကြုံဖူးကျမှာပါ။ XP မှာတော့ Desktop ပေါ်ကနေ အလွယ်တကူးသွားလို့ရပေးမဲ့ windows 7 မှာ အမြင်လေးဆန်သွားပါတယ်။ ဒါကြောင့် လိုအပ်လို့ Font တွေ Items colcor တွေကို မိမိစိတ်ကြိုက်အရောင်တွေနဲ့ ပြောင်လဲချင်တယ် Font Size တွေ ပြန်ပြောင်ချင်တယ်ဆိုရင် အောက်ပါအတိုင်း လုပ်ကြည့်လိုက်ပါ။ ကျွန်တော် Windows 7 အကြောင်းတစ်နေ့ နည်းနည်း ကျွန်တော် တက်နိုင်သမျှ တင်ပြပေးပါမည်။
1. မိမိ Desktop ပေါ်မှာ Right click ထောက် Personalize ကို click လိုက်ပါ။ အောက်က ပုံကိုကြည့်လိုက်ပါ။




2. ပြီရင် windows color ကို ထပ် click လိုက်ပါ။



3. Advanced appearance settings ကို ထပ် click လိုက်ပါ။



4. အောက်ပါအတိုင်း Appearance Box ကျလာပါမည်။ Item မှာ Icon ကို ရွေးချယ်လိုက်ရုံးပါ။ (ကျန်တာတွေလဲ ကိုယ်တိုင်း လေ့လာကြည့်ပါ. အမြင်ဆန်စေပါတယ်။) ပြီရင်တော့ Apply ကို နိုပ်ပြီ OK ကို နိုပ်လိုက်ရုံပါဘဲ။

Friday, 1 April 2011

108-မှားပြီးဖျက်မိတာတို့.format ချမိတာတို့ကို ပြန်ယူပေးသောဆာစ့်ဝဲလ်နဲ့...ကွန်နက်ရှင်အမြန်နှုန်းမြင့်သောဆာစ့်ဝဲလ်

သူငယ်ချင်းတို့ကိုမျှဝေပေးချင်တဲ့ဆောစ့်ဝဲလ်ကတော့....................
ဖိုင်တွေကိုမှားဖျက်ပြီး...ဖျက်မိတာတို့.....f0rmat ချမိတာတို့ကို...ပြန်ပြီးရှာပေးတဲ့..ဆောစ့်ဝဲပါ...
အသုံးတည့်မယ်လို့ထင်ပါတယ်...........လိုင်စင်ဗာရှင်းပါ..............
အသုံးပြုနည်းကို...ကျွန်တော်နားလည်သလိုရှင်းပြပြီးထည့်ထားပေးပါတယ်http://www.formatted-recovery.com/
သူရဲ့မှုရင်းလိပ်စာပါ......ဈေးကြီးပုံကတော့သွားကြည့်ကြည့်နော်...........
http://tunabox.net/(သို့)download      သူငယ်ချင်းတို့အဆင်ပြေပါစေဗျာ
နောက်ထပ်မိတ်ဆက်ပေးချင်တဲ့ဆောစ့်ဝဲလ်ကတော့..........
format ချတဲ့ဆောစ့်ဝဲလ်ပါ...........တစ်ခါတစ်ခါ....
အကြောင်းမျိုးမျိုးကြောင့်မန်မိုရီကတ်ကို farmat လို့မရတဲအဖြစ်မျိုးရှိတတ်ပါတယ်.....
အဲဒီအခါဆို..အခုဆောစ့်ဝဲလ်ကတော်တော်အသုံးတည့်ပါတယ်...အသုံးလိုတဲ့သူငယ်ချင်းတွေအတွက်ပေါ့
http://www.sdcard.org    အဲကိုသွားပြီး...I accept လေးကိုကလစ်လိုက်ရင်ဒေါင်းလုပ်ရပါပြီ...
ဒါမှမဟုတ်.....ကျွန်တောင်တင်ထားပေးတဲ့လိပ်စာကနေဒေါင်းချင်ရင်လည်းရပါတယ်..
download (သို့)download  အဆင်ပြေပါစေဗျာ...

နောက်ထပ်မျှဝေချင်တဲ့ဆောစ့်ဝဲလ်ကတော့......Bluetoothဆောစ့်ဝဲလ်လေးပါ.....
ကျွန်တော်ရှာပြီးတင်ထားပေးတဲ့Bluetoothကတော်တော်လေးကောင်းပါတယ်.............လိုင်စင်ဘာရှင်းပေါ့..
အသုံးဝင်တာတွေပြောပြပါမယ်.....သူက..ကွန်ပျူတာကနေ...ဖုန်းရဲ့ ဖိုင်နေမန်ဂျာနေထဲကိုဝင်ပြီး....
သီချင်းတွေ....ကော်ပီလုပ်နိုင်.....ပို့နိုင်ပါတယ်......ဒါကအခြေခံပေါ့............
ကွန်ပျူတာမှာ......Bluetooth..driver မရှိခဲ့ရင်တော့ဝယ်ရမှာပေါ့..........
အခုကွန်ပျူတာတော်တော်များများတော့ပါကြပါတယ်...၀ယ်ရရင်လည်းဈေးဘယ်လောက်မှမ၇ှိပါဘူး
ကျွန်တော်တို့မှာအများဆုံး4500ပါ...၀ယ်မယ်ဆိုရင်...သူမှာဆီမှာပါလာတဲ့အခွေကိုအင်စတောမလုပ်ပါနဲ့...
သူက.....ဖုန်းနဲ့အဆက်သွယ်လုပ်ပြီးအင်တာနက်လည်းချိတ်လို့ရပါတယ်.....
နယ်စပ်တွေမှာဆို....Bluetoothစနစ်သုံးပြီးအင်တာနက်အသုံးပြုတာများပါတယ်.....
Bluetoothစနစ်ထဲမှာDial up connection..(115 Kb)ရယ်Local Area Connection(3 MB)ရယ်ပါတယ်.....
ဖုန်းမော်ဒယ်နိမ့်ရင်တော့..Dial up connection တစ်ခုထဲပေးပါတယ်..အမြန်နုန်းကတော့.....ဂျီတော့ကောင်းကောင်းသုံးနိုင်ပါတယ်
.မြန်မာပြည်မှာတော့အသုံးပြုရလားတော့မသိပါဘူး......ဒေါင်းချင်ရင်တော့ download
ဝင်ပြီးဒေါင်းလို့ရပါတယ်...38 MB ရှိပါတယ်....စိတ်ဝင်စားရင်တော့ဒေါင်းကြပေါ့.....
နောက်ပြီးအင်တာနက်အမြန်နှုန်းမြင့်အောင်အထောက်ပံပေးနိုင်တဲ့ဆောစ်ဝဲလ်နဲ့မိတ်ဆက်ပေးချင်ပါတယ်....
ပထမတစ်ခုက...NetSpeeder_4.5_Build.rar(သို့)NetSpeeder_4.5_Build.rar
2.45MB...ရှိပါတယ်..အသုံးပြုနည်းကတော့....
Tweak Wizard ကလစ်လုပ်ပြီး...ကိုယ်သုံးနေတဲ့နက်အမျိုးစားကို ရွှေပြီး..Next လုပ်သွားရုံပါ.....အဆင်ပြေပါစေ
ဒုတိယတစ်ခုက Ashampoo_internet_accelerator_ပါ....သူက..8.99Mb..ရှိပါတယ်.....ဒေါင်းချင်ရင်တော့
.download(သို့)download  အဆင်ပြေကျပါစေဗျာ..
အခုနောက်ဆုံးမိတ်ဆက်ပေးချင်တဲ့ဆောစ့်ဝဲလ်က...မိုးလေ၀သကြည့်တဲ့ဆောစ့်ဝဲလ်ပါ.....
ရာသီဥတုကို....5ရက်စာကြိုပြီးသိနိုင်ပါတယ်........အင်တာနက်ချိတ်ထားတဲ့ကွန်ပျူတာအသုံးပြုလို့ရပါတယ်.....
.တော်တော်မိုက်တယ်...စိတ်ဝင်စားမယ်ဆိုရင်ပေါ့.....
ဆိုဒ်လည်းဘယ်လောက်မှမရှိပါဘူ......7MB ထဲပါ....download(သို့)download
အသုံးပြုနည်းမပြောတာက..တစ်ခါတည်းထည့်ထားပေးလို့ပါ
အမှားပါခဲ့ရင်လည်းခွင့်လွှတ်ပေးဖို့မျှော်လင့်ပါတယ်ခင်ဗျာ....

Monday, 28 March 2011

107-ကိုယ့်ဘာသာကိုယ် ကျော်ခွဆိုဒ် ရှာနည်း

ပြည်တွင်းက မိတ်ဆွေတွေအတွက် ကျနော်တို့ ဒီကနေ တင်ပေးလိုက်တဲ့ proxy ဆိုဒ်တွေကို ခဏခဏအပိတ်ခံနေရတဲ့အတွက် အခက်အခဲတွေ့နေသူတွေအတွက် ကိုယ်တိုင်ရှာလို့ရတဲ့နည်းလေးပါ။ google တို့ yahoo တို့မှာ appspot proxy ဆိုပြီးရိုက်ထည့်ရှာလိုက်ပါ။ Update ဖြစ်တာ အမြဲထိပ်ဆုံးမှာ တင်ပေးထားပါတယ်။ ဒါဆိုကိုယ့်စိတ်ကြိုက်ရွေးပြီး ကျော်ခွနိုင်ပါပြီ။ ဒီ appspot proxy ဆိုတဲ့ စာသားလေးပဲမှတ်ထားရမှာပါ။
Site တွေ တဆင့်ခံပြီး သုံးနည်း
ကိုယ့်ဘာသာရှာလို့ရလာတဲ့ proxy ဆိုဒ်တွေကို တဆင့်ခံသုံးပြီး ကျော်ကြည့်ရဖြစ်ပါတယ်။ proxy ဆိုဒ်တိုင်းမှာ Link လိပ်စာရိုက်ထည့်ပြီး ကျော်ဖို့ အကွက်လေးတွေ ပေးထားပါတယ် ။ အဲ့ဒီမှာ ကိုယ်ဖွင့်ချင်တဲ့ ဆိုဒ် စာကို ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။ တော်တော်များများက သိပြီး ဖြစ်မှာပါ။
Proxy Server တွေက Proxy Number တွေကို အမြဲလိုပြောင်းလဲနေတဲ့အတွက် Proxy ကိုသုံးရမှာ ပြဿနာနည်းနည်းရှိပါတယ် ဒါကြောင့် Site တွေ တဆင့်ခံပြီး သုံးလာပါတယ်။
ဒါကတော့ Solakoko ရဲ့  IT Sharing site တစ်ခုကနေ ကူးပေးလိုက်တာပါ
http://www.quigonjinn02.appspot.com/
http://quigonjinn03.appspot.com/
http://quigonjinn03.appspot.com/
http://www.october22.host22.com/
http://bumblebee.net16.net/prx/index.php
http://moomoo.net16.net/prx/index.php
http://turkeysoup.webatu.com/prx/index.php
http://www.funkysoup.webatu.com/prx/
http://www.cornpops.netai.net/index.php
http://gamerskangaroo.hostoi.com/prx/index.php
http://www.cornpops.netai.net/index.php
https://ctunnel.com/
http://polysolve.com/

ထိပ်ဆုံက လင့်ခ်တွေကနေ စမ်းသုံးကြပါ
Youtube,Blogger,Ning,Gmail ,etc.. စတာတွေအကုန်ကျော်လို့ ရပါတယ်
ကွန်နက်ရှင်တော့ နဲနဲ ကောင်းဖို့ လိုတာပေါ့

ဒါကတော့ Facebook က ကိုကြည်ဝင်းဆိုတဲ့ အကို တင်ပေးထားတဲ့ဆိုဒ်ကလေးတွေပါ
http://www.iloveim.com/
http://www.instan-t.com/
https://imo.im/
http://www.ebuddy.com/
http://www.meebo.com/
နောက်တစ်နည်းက
koKaungkhant Mintun ဆီကနည်းပါ။
ပထမဆုံးကတော့ Proxy သုံးပြီင်္း ကျော်တဲ့နည်းလေးပါ
Firefox ရဲ့  Tools>>Options>>Advanced>>Network>>Setting ကနေ Manual Proxy Setting ထဲကို Proxy နဲ့ Port ရိုက်ပြီး reload လုပ်ပြီး သုံးတဲ့နည်းပါ မသိသေးတဲ့လူတွေအတွက်ပါ။
ခုဟာက အဆင်ပြေ...တဲ့ Proxy list ကလေးပါ

IP 203.81.81.38 Port 80
IP 203.81.81.49 Port 80
IP 212.93.193.88 Port 443
IP 212.116.220.100 Port 443
IP 212.93.193.89 Port 443
IP 212.93.193.90 Port 443
IP 134.153.184.17 Port 443
IP 212.116.220.149 Port 443
IP 192.18.102.59 Port 443
IP 212.93.193.82 Port 443
IP 212.93.193.83 Port 443
IP 212.93.193.72 Port 443

အဆင်ပြေမှာပါ  ကျော်နိုင် ခွနိုင်ကြပါစေ။
forward mail :မှ