Sunday, 27 March 2011

105-Windows ရဲ့ မှုလ Language ကို မိမိကြိုက်ရာ Language ပြောင်းနည်း။



ကျတော်အခု တင်ပြမယ့် နည်းလေးကတော့ ကျတော့်သူငယ်ချင်း တယောက် ပြောပြလို့ သိရတဲ့နည်းလေးပါ။ အားလုံးသိရအောင် ဝေမျှ ပေးလိုက်ပါတယ်။ လိုအပ်မယ်ဆိုရင် အသုံးပြူလို့ ရအောင်လို့ပါ။ ကျွန်တော်တို့ Laptop ၀ယ်တဲ့ အခါမှာ အများအားဖြင့် မိမိတို့ အင်္ဂလိပ် ဘာသာနဲ့ Windows ကို အသုံးပြုများကျပါတယ်။ ဒါပေမဲ့ မိမိ သေချာ မတက်ကျွမ်းတဲ့ ရုရှားလို နိုင်ငံများမှ သူငယ်ချင်းများအနေနဲ့ မိမိတို့ laptop များ ၀ယ်တဲ့ အခါမှာ Russia ဘာသာနဲ့ windows ကို English Language ပြန်ပြောင်းတဲ့ အခါမှာ Windows ပြန်ချစရာ မလိုဘဲ မှုလ ရုရှား Windows မှာဘဲ တစ်ခါတည် Language ပြောင်းပြီး ချက်ချင် အသုံးပြုလို့ရပါတယ်။ ကျတော်တို့ Window 7 သုံးတဲ့အခါ Window ရဲ့ System ပိုင်းတွေမှာ မိမိပေါ်ချင်တဲ့ ဘာသာစကားနဲ့ ပေါ်အောင် လုပ်လို့ရပါတယ်။ ဒီအတွက်ကို Window 7 ရဲ့ ထုံးစံအတိုင်းပဲ အင်တာနက်ချိတ် ထားတာနဲ့ Window ကနေတစ်ခါတည်း ဒေါင်းလုပ်ချပီး ပြောင်းလိုက်လို့ရပါတယ်။ ကျတော်တို့ Registry ကနေ၀င်ပီး ပြောင်းရေးတာမျိုးလည်း လုပ်လို့ရပါတယ်။ဒါပေမယ့် သူကတခုချင်း လိုက်ပြောင်းပေးရပါတယ်။ အခုက အကုန်လုံးတခါတည်း ပြောင်းပေးပြီးသား ဖြစ်သွားအောင် လုပ်ပေးပါတယ်။ အခုက Microsoft မှာ ကျတော်တို့ ဘာသာစကားကို မှတ်ပုံမတင်ရသေးလို့ပါ။ နောက်တချိန်မှာ မှတ်ပုံတင်ပေးလာခဲ့ရင် Window ကို မြန်မာလို အလွယ်တကူ သုံးလို့ရနိုင်ပါတယ်။ အခု ဒီနည်းလေးကို လုပ်ကြည့်လိုက်ရအောင်…
1. Win key+R (Rum) ကနေ Window update ကိုသွားလိုက်ပါ။ Start >> Control Pannel >> Window Update သွားလိုက်ပါ။


1.    2.Updates are available for computer အပိုင်းကနေ optional update အပိုင်းကို သွားလိုက်ပါ။


3.Window 7 Language Pack အပိုင်းကို ရောက်သွားပါလိမ့်မယ်။ မိမိလိုချင်တဲ့ Language ကို Click လေးပေးပြီး OK ပေးလိုက်ပါ။ အလိုလျောက် Download ချပေးပီး စက်ထဲမှာ တခါတည်း ထည့်ပေးထားပါလိမ့်မယ်။ ကျတော် ဥပမာအနေနဲ့ တရုတ်ဘာသာကို နမှုနာ ပြထားပါတယ်။


4.အထက်မှာ ကျတော်တို့လုပ်ခဲ့တဲ့အပိုင်း တွေကဆိုရင် LANGUAGE ကို Install လုပ်တဲ့အပိုင်း ပဲရှိပါသေးတယ်။ စက်ထဲမှာ မပေါ်သေးပါဘူး။ နောက်တဆင့် အနေနဲ့ မိမိစက်မှာ ပေါ်လာအောင် Start >> Control Pannel >> Clock,Language and Region အပိုင်းကို သွားရပါမယ်။ Language and Region အပိုင်းကို ရောက်တာနဲ့ Change Display Language ထဲကို ၀င်လိုက်ပါ။

5.Region and Language >> Keyboards and Languages >> Choose a Display Language >> Apply >> OK လုပ်ပေးလိုက်ပါ။

1.    6.နောက်ဆုံးအဆင့် အနေနဲ့ computer ကို Logoff ပေးလိုက်ပါ။ ပြီးရင် Logon ပြန်ဝင်လိုက်ပါ။ ဒါမှမိမိ လုပ်ဆောင်ချက်က အသက်ဝင်ပီး စတင်လုပ်ဆောင်မှာ ဖြစ်ပါတယ်။ အားလုံးပဲအဆင် ပြေမယ်လို့ မျှော်လင့်ပါတယ်။

104-Power နဲ့ ဆိုင်တဲ့ Button များကို နားလည်ကြည့်ခြင်း



ကျွန်တော်တို့ Window 7 မှာ ပါတဲ့ Power Button တွေကို လွယ်မရောင်နဲ့ ခက် တိမ်မရောင်နဲ့ နက်ဆိုသလိုပေါ့ ဒါတွေကို နေ့တိုင်းတော့ သုံးနေကျတာဘဲ ။ ဒါပေမဲ့ ကွဲကွဲ ပြားပြား သိတဲ့ လူရှိပေမဲ့ အခြေခံသမားတွေ တော်တော်များများ သိတာ အတော်ရှားတယ်။ ဒါကြောင့် ဒီ Button တွေကို နားလည်းစေချေင်တဲ့ စိတ်ဆန္ဒကို အရင်းခံပြီး တင်ပြလိုက်တာပါ။ သိတဲ့ လူတွေကိုတော့ မပြောလိုပါဘူး။ မသိတဲ့ မိတ်ဆွေများကို ရည်ညွှန်း တင်ပြပေးတာ ဖြစ်ပါတယ်။



Screensaver and Sleep

Screensaver နဲ့ Sleep တို့က အလုပ်လုပ်ပုံချင်း တူကြသလို လုပ်ဆောင်ပုံချင်းလည်း မကွာကြပါဘူး။ ကျတော်တို့ Window Xp မှာဆိုရင်တော့ Screensaver လို့ခေါ်ပီး Window 7 မှာတော့ Turn of Display ဆိုပီး တွေ့ရပါလိမ့်မယ်။ သူရဲ့ လုပ်ဆောင်ပုံကတော့ အားလုံးသိပီးတဲ့အတိုင်း စက်ကိုမပိတ်ပဲ ဒီတိုင်းထားတာ ကြာလာတဲ့အခါ Power Save လုပ်တဲ့အနေနဲ့ Monitor ကို ခနပိတ်ပေးထားရုံပါပဲ။ လုပ်လက်စ အလုပ်တွေကလည်း ဆက်ပီးလုပ်နေဦးမှာပဲ ဖြစ်ပါတယ်။

Sleep ရဲ့ အလုပ်လုပ်ပုံက ကျတော်တို့ လုပ်လက်စ အလုပ်တွေကို ခဏရပ်ပီး ထမင်းစားတာဖြစ်ဖြစ် စက်နဲ့ဝေးတဲ့နေရာကို ခနသွားပီး ပြန်လာတာနဲ့ လုပ်လက်စတွေကို ချက်ချင်းပြန်လုပ်ချင် တဲ့အခြေအနေ မျိုးဆိုရင် Sleep က Ram ထဲမှာ လုပ်လက်စတွေကို သိမ်းထားပေးပါတယ်။ တနည်းအားဖြင့် Stand by သဘောပါပဲ။ Laptop တွေမှာဆိုရင် Sleep လုပ်ထားခဲ့ရင် သူက Power(Battery) သုံးစွဲမှူကို အနည်းငယ် လျော့ချပေးတဲ့ အတွက် Plug in မလုပ်ဘဲ Laptop ကိုသုံးနေရတဲ့ အခါမျိုးမှာ အဆင်ပြေစေပါတယ်။ ဘာကြောင့် အနည်းငယ်ပဲ လို့ဆိုရတာလဲ ဆိုတော့ Sleep က Power Supply ကို Shut Down လုပ်လိုက်တာ မဟုတ်တဲ့အပြင် Ram ထဲမှာ လုပ်လက်စတွေကို ဆက်မှတ်ထားဖို့ Power အနည်းငယ် လိုအပ်တဲ့ အတွက်ကြောင့်ပါ။ Sleep ရဲ့ အားနည်းချက်တွေ ကတော့ ကျတော်တို့ Sleep လုပ်ထားပီး မီးပျက်သွားပဲ ဖြစ်ဖြစ်၊ Laptop တွေမှာဆိုရင် Sleep လုပ်ထားတုန်း Battery ကုန်သွားတာမျိုးဆိုရင် လုပ်လက်စအလုပ်တွေ၊ ဖွင့်ထားတဲ့ ဖိုင်တွေအကုန် ပိတ်လိုက်တဲ့ အတွက် မိမိလုပ်ထားတွေ Save မလုပ်ထားတဲ့ အရာတွေအကုန် ပျက်သွားပါတယ်။ ( Power Option ကနေ Monitor , Hard Disk တွေကိုလည် Turn on.Turn off သတ်မှတ်နိုင်ပါသေးတယ်။

Hibernation & Shutdown

Shutdown နဲ့ Hibernation က အလုပ်လုပ်တဲ့ ပုံစံချင်းတူညီ ကြပေမယ့် လုပ်ဆောင်မှူချင်းကျတော့ နည်းနည်းလေးကွာပါတယ်။ ဆိုလိုတာက Hibernation နဲ့ Shutdown တခုခု လုပ်လိုက်တာနဲ့ စက်ကြီးပိတ်ပြီ Power Off သွားတာချင်း တူပေမယ့် ဖြစ်သွားတဲ့ အဖြစ်အပျက်တွေ နည်းနည်းလေး ကွာပါတယ်။ Shutdown လုပ်လိုက်ရင် လုပ်လက်စတွေထဲက တချို့ application တွေကို စက်က အလိုလိုပိတ်ပေးပီး တချို့တွေကို တော့ Save လုပ်မှာလား မလုပ်ဘူးလား Force Shut down လုပ်မှာ လားဆိုပီး မေးပါတယ်။ Force Shut Down ဆိုရင်တော့ လုပ်လက်စတွေကို Save မလုပ်ပေးတော့ပါဘူး။

Hibernation အပိုင်းမှာတော့ Hibernation လုပ်လိုက်တာနဲ့ သူကလုပ်လက်စ အလုပ်တွေအကုန်လုံးကို Hard Disk ထဲမှာ Hiberfil.sys File တခုတည်ဆောက်ကာ လုပ်လက်စတွေကို ချက်ချင်းမှတ်ထားပီး Power ကိုပိတ်လိုက်ပါတယ်။ မိမိစက်ကို ပြန်ဖွင့်တဲ့အခါ မြန်မြန်ဆန်ဆန် မိမိလုပ်လက်စ နေရာကို နောက်ဆုံး အခြေအနေအတိုင်း မပျက်မစီးဘဲ ပြန်လည်ရောက်ရှိ ရရှိစေပါတယ်။

Vista မှာဆိုရင် Hibernation ကို Hybrid sleep mode လို့ခေါ်ပါတယ်။ ကျတော်တို့ Window Vista မှာဆိုရင် Sleep လုပ်တာနဲ့ Hybrid Sleep Mode အခြေအနေကို တခါတည်း ကူးပြောင်းသွား စေတဲ့အတွက် Data တွေ ဆုံးရူံးမှာ ကြောက်စရာမလိုပါဘူး။ တကယ်လို့ Hybrid Sleep ကို Disable ဒါမှမဟုတ် Turn off ပေးထားခဲ့ရင် Sleep Mode သဘောအတိုင်းပဲ အလုပ်လုပ်မှာ ဖြစ်တဲ့အတွက် ရုတ်တရက် Power off ဖြစ်ခဲ့ရင် လုပ်လက်စ Data တွေပြန်ရမှာ မဟုတ်တော့ပါဘူး။ သူရဲ့ အားသာချက်ကတော့ လုပ်လက်စတွေကို Standby အနေနဲ့ ခနရပ်ထားပီး ချက်ချင်းပဲ နောက်ဆုံးအနေအထားကို ပြန်လိုချင်တဲ့ Power ချွေတာပီး သုံးစွဲနေရတဲ့ Laptop သမားတွေအတွက် ပိုမိုအဆင်ပြေစေပါတယ်။ ဒါပေမယ့် သူ့ရဲ့အားနည်းချက်ကတော့ Memory ထဲမှာ Hiberifil.sys ဆိုတဲ့ Hibernation File တွေကို မှတ်ထားပေးတဲ့ အတွက် Disk Space ထဲမှာ Fragmentation File တွေ ဖြစ်ပေါ်လာစေတဲ့ အတွက် Disk ကို Defeagement ပြန်လုပ်ပေးဖို့တော့ မမေ့သင့်ပါဘူး။ ဒါကြောင့် မိမိလုပ်ချင်တဲ့ အခြေအနေကို မိမိသေချာရွေးချယ် လုပ်ဆောင်လို့အောင် ဗဟုသုတအဖြစ် ဝေမျှလိုက်ပါတယ်။

Switch User & Lock

သူတို့ရဲ့ လုပ်ဆောင်ချက်တွေကတော့ မကွာကြပါဘူး။ မိမိလုပ်လက်စ အလုပ်တွေကို မိမိစက်နားမှာ မရှိတဲ့အချိန်မှာ သူများတွေ မသိစေချင်ရင် Adminstrator မှာ Password ခံထားရင် အလုပ်ဖြစ်တဲ့ ကောင်လေးတွေပါ။
Switch User ပဲဖြစ်ဖြစ် Lock ပဲဖြစ်ဖြစ် လုပ်ထားပီး မိမိပြန်သုံးချင်တဲ့အခါ Password ခံထားရင် Password လေးရိုက်ပီး Login ပြန်ဝင်လုပ်လိုက် ရုံပါဘဲ။ လုပ်လက်စတွေ ဘာမှမပိတ် မပျက်စီးပါဘူး။ (မီးမပျက်ခဲ့ရင်ပေါ့ …P)


Logoff & Restart 

Logoff ရဲ့ လုပ်ဆောင်ချက်ကတော့ သူက ကျွန်တော်တို့ Application တစ်ခု Run ပြီးလို့ Restart ချခိုင်းတဲ့ နေရာမှာ Restart ချ စရာမလိုဘဲ Logoff လုပ်ပေးတာနဲ့ အချိန်တိုအတွင် အဲ့ဒီ Application အလုပ်လုပ်မှာဖြစ်ပါတယ်။ လုပ်လက်စတွေ အကုန်လုံးကို Save မလုပ်ဘဲ အကုန်ပိတ်ပစ်လိုက်ပါတယ်။ ဒါပေမယ့် Power Supply တော့ပိတ်မသွားပါဘူး။ သူက Login လုပ်တဲ့ အပိုင်းနောက်က အလုပ်တွေအကုန် Log Off ထွက်လိုက်တဲ့ သဘောပါပဲ။ (သူ့ကိုဘယ်နေရာမှာ အသုံးချမလဲဆိုတော့ ကျတော်တို့ Registry ပိုင်းမှာ တခုခုဝင့်ပြင်တာမျိုး၊ ဒါမှမဟုတ် Software တခုခု ရမ်းပီးတဲ့အခါ Restar ပေးဖို့ လိုအပ်လာရင် Restat မပေးဘဲ Logoff လုပ်ရုံနဲ့လည်း မိမိလုပ်ချင်တဲ့ အလုပ်တွေ Activate(ပြီးမြောက်) စေပါတယ်။)

Thursday, 24 March 2011

103-windows 7 မှာ Folder တွေ ဖွင့်တဲ့အခါမှာ ကြာနေလား

နကျွန်တော်တို့ Windows 7 သုံးတဲ့ သူငယ်ချင်းတွေ သိတဲ့ အတိုင်း folder တွေ ဖွင့်တဲ့ အခါမှာ Windows 7 မှာ အတော်အတန့် ကြာပါတယ်။ XP လို ချက်ခြင်း တက်မလာပါဘူး။ အောက်မှာ တင်ပြထားတဲ့ ပုံအတိုင်း ဖြေးဖြေးခြင်းမှ တက်လာပါတယ်။ အဲဒီလို မဖြစ်ရအောင် လုပ်လို့ရတဲ့ နည်းဖြစ်ပါတယ်။ Windows XP နဲ့ Windows 7 အကြောင်းသာ တင်ပြ နေပေမဲ့ ဒီနည်းက Windows Vista မှာလည်း အသုံးဝင်ပါတယ်။ Windows 7 နဲ့ Windows Vista က ဆင်တူသလောက် ရှိပါတယ်။ အခုနောက် ပိုင်းတော့ ကျွန်တော်အထင် Windows Vista သုံးမည့်အစား Windows 7 ကိုသာ သုံးကြမယ်လို့ ထင်ပါတယ်။ ရှည်နေပြီ။ မဆိုင်တာတွေ ပြောနေတာနဲ့ Windows 7 မှာ Folder တွေ အတက်မြန်စေချင်ရင်အောက်က နည်းများကို အသုံးသာချလိုက် မြန်လာမလား စမ်းကြည့် ကိုယ်တိုင်းသိမည်။ (တင်ပြပေးထားတဲ့ နည်းအားလုံး လုပ်ဆောင်ပါ။)
နည်းလမ်း (၁)
Windows Search ကို Disabled ပေးခြင်း1. Start >> Run (Win Key +R) >> Services.msc လို့ရိုက်ပြီး Enter ခေါက်လိုက်ပါ။
2. အောက်ပါအတိုင်း ကျလာတဲ့ Properties Box မှ Windows Search ကို ရှာလိုက်ပါ။ Windows Search ပေါ်မှာ Double click ပေးလိုက်ပါ။ General Tab မှ Startup Type မှာ Disabled ရွေးပြီး Apply ကိုနိုပ်ပြီး OK ပေးလိုက်ပါ။

နည်းလမ်း (၂)

Disable Thumbnail Preview

1.ကြိုက်သစ်နှက်ရာ Folder တစ်ခုကို ဖွင့်ပြီး Organize >> Folder and Search Option ကို click လိုက်ပါ။ ( control pannel >> Folder Option ကို ဖွင့်လဲ ရပါတယ်။ )အောက်ကပုံကိုကြည့်ပါ။

2.အောက်ပါအတိုင်းကျလာတဲ့ Box မှ View ကနေ Advanced Settings မှာ Always Show icons, never Thumbnails ကို အမှန်ခြစ် ပေးလိုက်ပါ။ ပြီရင် Apply ကိုနိုပ်ပြီး OK ကို ပေးလိုက်ပါ။

102-Window 7 မှာ ၀င်းဒိုးတွေ ထပ်နေတဲ့ ပြဿနာ ဘယ်လိုရှင်းမလဲ

 ကျွန်တော်တို့ Windows 7 သုံးတဲ့ သူငယ်ချင်း အတော်များများ ကြုံခဲ့ရတဲ့ နည်းလေးပါ။ အကြောင်းကတော့ Windows တင်ခဲ့စဉ်မှာ မှုလ တင်ခဲ့ပြီးသာ Windows ကို Delete လုပ် ပြီ Format မရိုက်ခဲ့လို့ ကြုံရတဲ့ ပြဿနာဖြစ်ပါတယ်။ ကြုံရတာက မိမိ C partition ထဲမှာ Windows folder တွေ မိမိ အကြိမ်တင်ရင် တင်ခဲ့သလောက် Windows တွေ ထပ်နေတက်ပါတယ်။ အကြောင်းက အပေါ်မှာ ပြောခဲ့သလို Windows တင်တဲ့ အချိန်မှာ မှုလ Windows ကို Format မရိုက်ခဲ့လို ဖြစ်ပါတယ်။ ဒါကြောင့် Harddisk ထဲမှာ မလိုအပ်ဘဲ နေရာတွေ ပြည့်နေပြီ မိမိက ဘာမှ အများကြီး သုံးပြီးသာ ဖြစ်နေတက်ပါတယ်။ အကြိမ်ရေ နည်းတဲ့ အခါမှာ ပြဿနာ မဟုတ်ပေမဲ့ အကြိမ်ရေး များလာတဲ့ အခါမှာ ပြဿနာ တက်လာတက်ပါတယ်။ ဘယ်လို ဖြစ်ရတာလဲဆိုတော့ ကျွှန်တော်တို့ Window 7 မှာ computer ဖွင့်လိုက်တဲ့အခါ window start up လုပ်နေစဉ် အတွင်းမှာ မိမိဘယ် Window နဲ့ boot တက်မလဲ ဆိုတာကို ရွေးချယ်ပေးရတဲ့ Boot option အပိုင်းရှိပါတယ်။ Window တခုတည်း ဆိုရင်တော့ သူကအချိန် အနည်းငယ်ပဲ ပေါ်လာပီး မိမိတင်ထားတဲ့ Window 7 အတိုင်းဆက် အလုပ်လုပ်ပါတယ်။ တကယ်လို့ ကိုယ်ကအရင်က Window XP တင်ခဲ့ပြီး Window 7 ပြောင်းသုံးတဲ့အခါ အရင်Window Xp ကို Format မရိုက်မိဘဲ Window ဆက်တင်မိတဲ့ အခါမျိုးမှာဆိုရင် Boot တက်တဲ့အခါ Window Version နှစ်ခုထဲက တစ်ခုခုကို ရွေးပေးဖို့ Boot option လုပ်နေစဉ်မှာ ပေါ်လာတတ်ပါတယ်။ အခုနပြောသလို အခြေအနေမျိုးမှာ စက်ဖွင့်တဲ့အခါတိုင်း ကိုယ်ကရွေးပေးနေရပါတယ်။ မရွေးပေးဘဲ သူ့ဘာသာ Boot တက်ရင်တော့ နောက်ဆုံးတင်ထားတဲ့ Window 7 အတိုင်းပဲ အလုပ်ဆက်လုပ်ပါတယ်။ ဒါပေမယ့် ကျွှန်တော်တို့ အဲ့ဒီအရင်က Window ( Xp ဒါမှမဟုတ် Vista တခုခုပေါ့ ) လက်ရှိသုံးနေတဲ့ Window 7 မတင်ခင် အရင် Window တခုခုကို Earlier Version Of Window လို့ခေါ်ပါတယ်။ အယ့်ဒီ Earlier Version အပိုင်းကြီးကို Boot တက်တဲ့အခါ မမြင်ရအောင် Remove လုပ်ပစ်ထားလိုက်ရင် နောက်ဆို ရွေးပေးစရာ မလိုတော့ပါဘူး။ စက်ဖွင့်လိုက်တိုင်း သူ့ဘာသာ မြန်မြန်ဆန်ဆန်ပ Window7 တက်လာပါလိမ့်မယ်။ကျွှန်တော်တို့ ပြောနေတာအရမ်း များသွားပီ။ ကျွန်တော်တို့ အလွယ်မြင်အောင် အောက်က ပုံကိုကြည့်လိုက်ပါ။ အောက်မှာတော့ Windows က နှစ်ခုသာ ပြထားပါတယ်။ ဒီထပ်ပိုနေတဲ့ စက်တွေကို တွေ့ခဲ့ဘူးပါတယ်။ အောက်မှာ ရှင်းတဲ့ နည်းကို ကျွန်တော် အသေးစိတ်တင်ပြပေးထားပါတယ်။ အောက်က ပုံကို အရင်ကြည့်ကြည့်ပါ။



 လုပ်နည်း
1.  Command Prompt လို့ခေါ်တဲ့ Cmd ကို Run as administrator နဲ့အရင် ဖွင့်လိုက်ပါ။ ရိုးရိုးအတိုင်း Wndkey+R လို့ရိုက်ပီး ပေါ်လာတဲ့ Run Box မှာ cmd လို့ရိုက်ထည့်ပီး ဖွင့်ပီးပေါ်လာတဲ့ cmd မှာဆို အလုပ်မလုပ်ပါဘူး။ ဒါကြောင့် ခုနပြောသလိုပဲ Run as administrator နဲ့ပဲ ဖွင့်လိုက်ပါ။ 



2.ပေါ်လာတဲ့ Cmd Box မှာ bcdedit လို့ရိုက်လိုက်ပါ။ ကျလာတဲ့ဘောက်ထဲမှာ windows Legacy os Loader ကို တွေ့ရပါလိမ့်မည်။

        3.နောက်ဆုံးအနေနဲ့ ကျွှန်တော်တို့က မလိုအပ်တဲ့ အပိုင်းဖြစ်တဲ့ Windows Lagacy OS loader အပိုင်းကို     Delete လုပ်ပေးရပါမယ်။  Command Prompt မှာ bcdedit /delete {ntldr} /f လို့ ရိုးရိုးလေး ရိုက်ပေးပီး Enter ရိုက်ပေးလိုက်ပါ။ အားလုံး အဆင်ပြေသွားပါပီ။ 

Tuesday, 22 March 2011

100-လွယ်ကူစွာ gmail နှင့် gtalk အသုံးပြုနည်း

Windows တင်နည်း

   Windows တင်နည်းနဲ့ ပက်သက်လို့ အသေးစိတ် ရေးပေးထားပါတယ်။ Windows XP နှင့် Windows 7 အတွက် ရေးပေးထားပါတယ်။ VIsta နဲ့ Windows 7 က လုပ်ဆောင်ချက်ခြင်းသိပ်မကွာလို့ Windows Vista အတွက်တော့ မေ၇းပေးထားပါဘူး။dpf ဖိုင်လေးပါ down ပြီးဖတ်နော်...

ဒီမှာDownloadလုပ်ယူပါ

Sunday, 20 March 2011

98-i phone သို့  zawgyi font ထဲ့နည်းလေးပါ

့http://Rblog  မှ copy လုပ်ပြီတင်ပေးလိုက်ခြင်းဖြစ်ပါတယ်...
အမှားပါရင်ကြိုတင်တောင်းပန်ပါတယ်....
ကျွန်တော့ထက်တော်တဲ့ သူများ ကြိုတင်တောင်းပန်အပ်သည်။
iphone နှင့် ipod ထဲကို zawgyi font သွင်းရင် အလွယ်ဆုံးနည်းလေးဖြစ်ပါသည်။
စက်ထဲတွင် cydia ဆိုတဲ့ program ရှိရပါမည်။ ထို program ကိုဖွင့်လိုက်ပါ.ပြီးရင် အောက်မှာရှိတဲ့ teskbar တွင် manage ကိုဝင်ပါပြီးနောက် sources ကိုထပ်ဝင်ပါ ထို့နောက် အပေါ်ထောင့် နားတွင် Edit ကိုနိပ်ပါ ပြီးနောက် add ကိုထပ်နိပ်ပါ ထိုင်တွင့် Http:// ကွက်လပ်လေးပေါ်လာပါမည် ထိုကွက်လပ်တွင် http://www.cydia.macforus.com ထည့်ပြီး add ကိုနိပ်ပါ ထို့နောက် အပေါ်တွင်ရှိမည့် done ကိုနိပ်ပါ.ထိုအခါ sources ထဲတွင် cydia.macforus ဆိုတဲ့ program adder လေးတစ်ခုပေါ်လာပါလိမ်မည် အဲ့ဒီ့အထဲကို ဝင်လိုက်ပါက zawgyi keyboard နှင့် zawgyi font ၂ နှစ်ခု သို့ ၄ ခုပေါ်လာပါမည်.ဘယ်လိုဘဲပေါ်စေကာမူ zawgyi keyboard နှင့် zawgyi font နှစ်ခုပဲ သွင်းရပါမည် ပထမ zawgyi font ကိုအရင် install လုပ်ပါ ပြီးနောက် back ပြန်လာပြီး zawgyi keyboard ကိုထပ် install လုပ်ပါ ထို့နောက် springboard
လုပ်လိုက်ပါ.ဤတွင် ဇော်ဂျီ font သွင်းလို့ပြီးပါပြီ ခင်ဗျာ. ထို့နောက် lauguage ထဲရှိ ikeyboard ထဲတွင်ပြင်ဆင်၍ဇော်ဂျီ font ကိုစတင်သုံးစွဲနိုင်ပါပြီခင်ဗျား.......

Thursday, 17 March 2011

97-WINDOWS HYPER LOGIN


Windows Hyper Login | 6.74 MB

ဒီစော့ဝဲလေးကတော့ Windows Login Password ကို ပုံစံနှစ်မျိုးနဲ့ အသုံးပြုနိုင်တဲ့ စော့ဝဲလေးပဲ ဖြစ်ပါတယ်......မူလ ၀င်းဒိုးမှာ ပါရှိတဲ့ Windows Login Password အပြင် နောက်ထပ် Windows Hyper Login ဖြင့် Login Password ကို ဆက်လက် ဖန်တီးပေးနိုင်တဲ့ စော့ဝဲလေးပဲ ဖြစ်ပါတယ်.....Portable စော့ဝဲလေးဖြစ်တဲ့ အတွက် လိုအပ်တဲ့ အချိန် အလွယ်တစ်ကူ အသုံးပြုနိုင်ပါတယ်........
စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်မှာယူနိုင်ပါတယ်......


Photobucket
Ifile | Mediafire

Tuesday, 15 March 2011

96-harddriveပျက်ဆီးခြင်းမှကာကွယ်ပေးမဲ့အချက်(10)ချက်

Hardware တွေရဲ့ ဈေးနှုန်းက ဒီဆယ်စုနှစ်ထဲမှာ အံ့ဩဖွယ်ကောင်းလောက်အောင်ကို ပြိုကျလာခဲ့ပါတယ်။ ဒါပေမဲ့လည်း လူတိုင်းက ကိုယ်စက်ထဲက hardware တွေကို ပျက်ချင် ပျက်ပါစေလို့ဆိုပြီး ပစ်စလက်ခတ်ထားကြမှာတော့ မဟုတ်ကြပါဘူး။ အထူးသဖြင့် hard drive တွေကို ဒီလိုမျိုး မထားတတ်ကြပါဘူး။
အချက်အလက်ဟာ နည်းပညာလောကသားတွေအတွက် အလွန်အရေးပါလှပါတယ်။ ဒီအချက်အလက်တွေ သိုလှောင်ရာဖြစ်တဲ့ hard drive တွေရဲ့ ကြံ့ခိုင်ရေးဟာ အလွန်ကို အရေးပါလှပါတယ်။ အောက်ဖော်ပြပါ အချက် (၁၀) ချက်ကတော့ hard drive တွေကို အလွယ်တကူ မပျက်စီးစေဖို့ လုပ်ဆောင်သင့်တဲ့ အချက်တွေ ဖြစ်ပါတယ်။
၁။ chkdsk ကို run ပေးပါ။
Hard drive တွေက မီးအားအတက်အကျကြောင့်ဖြစ်စေ၊ အခြားသောအကြောင်း အမျိုးမျိုးကြောင့်ဖြစ်စေ အထဲမှာပါတဲ့ သတ္တုပြားမှာ ပြဿနာတက်တာ၊ ဆော့ဖ်ဝဲ ပြဿနာဖြစ်တာ၊ partition table မှာ ပြဿနာဖြစ်တာ အစရှိတဲ့ ပြဿနာတွေ တွေ့ကြုံရတတ်ပါတယ်။ ဒီပြဿနာတွေကို ပြေလည်စေဖို့အတွက် chkdsk ဆိုတဲ့ ပရိုဂရမ်လေးဟာ Windows မှာ အစကတည်းက လာထည့်ပေးထားပါတယ်။ ဒီပရိုဂရမ်လေးက ပြဿနာ အတော်များများကို ပြေလည်အောင် ဖြေရှင်းပေးပါတယ်။
၂။ Hard drive ကို စောင့်ကြည့်ပေးနိုင်တဲ့ ပရိုဂရမ်သုံးပါ။
Hard drive ကို စောင့်ကြည့်လေ့လာပေးတဲ့ ပရိုဂရမ်တွေ များစွာရှိပါတယ်။ Acronis Drive Monitor ကတော့ အခမဲ့ရတဲ့ tool တစ်ခုဖြစ်ပြီး သုံးစွဲရတာ အလွန်ကောင်းပါတယ်။ အပူချိန်နဲ့ hard drive ရဲ့ နေရာလွတ်တွေကို စောင့်ကြည့်ပေးနိုင်ပါတယ်။
၃။ Data ထားတဲ့နေရာနဲ့ OS တင်ထားတဲ့နေရာကို ခွဲထားပါ။
OS တင်ထားတဲ့နေရာနဲ့ data ထားတဲ့နေရာကို partition တွေ သီးခြားပိုင်းထား သင့်ပါတယ်။ အဲဒီလို တင်မထားတဲ့အခါ OS ဆိုတာ ပျက်လွယ်တဲ့အတွက် data တွေကို သီးခြား partition မပိုင်းဘဲ OS ထားတဲ့ partition မှာထားမယ်ဆိုရင် ပျက်စီးဆုံးရှုံးမှုတွေ ရှိလာပါလိမ့်မယ်။
၎။ ကွန်ပျူတာသုံးနေတဲ့ ပတ်ဝန်းကျင်ကို သတိပြုပါ။
ကွန်ပျူတာကိုထားတဲ့နေရာက ဖုန်တွေထူတာ၊ ရေငွေ့တွေပေါများတာနဲ့ အပူချိန် သိပ်များတာ အစရှိတဲ့ အကြောင်းအရာတွေကို သတိထားရှောင်သင့်ပါတယ်။ အဲဒီလိုဖြစ်တာတွေက ကွန်ပျူတာမှာ လျှပ်စစ်ပတ်လမ်းတို့တွေဖြစ်ပြီး hardware တွေကို ပျက်စီးနိုင်တဲ့ အခြေအနေတွေ ဖြစ်ပေါ်အောင် ဖိတ်ခေါ်နေသလိုပါပဲ။ ပြီးတော့ ကွန်ပျူတာကို အပူချိန်လျော့နိုင်သလောက်လျော့အောင် ပန်ကာလေးတွေ ထားသုံးဖို့ လိုအပ်ပါတယ်။ Hard drive ကို ပန်ကာထည့်ပြီးသုံးတာက အပူချိန်လျော့နိုင်တဲ့အတွက် ပျက်စီးမှုကို ကာကွယ်နိုင်သလို hard drive ပူလာတဲ့အတွက် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။
၅။ လျှပ်စစ်ဓာတ်အပိုတွေ ကွန်ပျူတာမှာ မစီးပါစေနဲ့။
ကွန်ပျူတာကို မီတာနဲ့ထောက်ပြီး တိုင်းတာတဲ့အခါ လျှပ်စစ်ဓာတ်အားတွေက ကွန်ပျူတာပုံးမှာ စီးနေတာတွေကို တွေ့ရတတ်ပါတယ်။ အဲဒီလို ဖြစ်တတ်တာက ကွန်ပျူတာကို ပျက်စီးစေဖို့ လွယ်ကူစေပါတယ်။ လျှပ်စစ်ဓာတ်အား ရယူသုံးစွဲတဲ့ ပလပ်ပေါက်တွေနဲ့ ကြိုးတွေကို ကောင်းမွန်အောင်လုပ်ထားဖို့ လိုအပ်သလို မြေစိုက်ကြိုးကိုလည်း ထည့်ပေးထားဖို့ လိုအပ်ပါတယ်။
၆။ Drive ကို defragment ပုံမှန်လုပ်ပေးပါ။
Drive တွေကို သုံးစွဲတာကြာလာတဲ့အခါ ဖိုင်တွေရဲ့ အထားအသိုက ပြန့်ကျဲလာပါတယ်။ အဲဒီလိုဖြစ်တဲ့အခါ ဖိုင်တွေကို နေရာချတာနဲ့ ရှာဖွေတာလုပ်တဲ့အချိန် ပိုကြာလာပါတယ်။ အဲဒီလိုဖြစ်လာတာကို ကာကွယ်ဖို့အတွက် drive ကို defragment ပုံမှန်လုပ်သင့်ပါတယ်။
၇။ Solid state drive ကို ပိုသုံးပါ။
Hard drive တွေက solid state drive တွေထက် ပျက်စီးနိုင်မှုမှာ ပိုများပြားပါတယ်။ ဈေးကြီးပေမယ့် solid state drive တွေက hard drive တွေထက် ပျက်စီးနိုင်မှုမှာ လျော့နည်းတာကြောင့် ပိုမိုရွေးချယ်သင့်ပါတယ်။
၈။ Power save နည်းပညာကို သုံးပါ။
Hard drive တွေကို အလုပ်မလုပ်စေပဲ အချိန်ကြာကြာ ဖွင့်လှစ်ထားတာထက် ဘယ်အချိန်လောက်အထိ ဆက်တိုက်မသုံးစွဲဘူးဆိုခဲ့လျှင် hard drive ကို ပိတ်ထားတာတို့ sleep mode ကို သုံးတာတို့ လုပ်ထားသင့်ပါတယ်။ hard drive သက်တမ်း ပိုကြာပါလိမ့်မယ်။
၉။ ဝက်အူတွေနဲ့ မလှုပ်အောင် ကြပ်ထားပါ။
Hard drive ကို အချို့က စကူနှစ်လုံးပဲ ဖမ်းထားတာ၊ ချောင်နေတဲ့ စကူတွေ ထည့်သုံးတာတို့က hard drive ကို အခန့်မသင့်ရင် လှုပ်တာ ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုးဖြစ်ပေါ်လာခဲ့ရင် hard drive ကို သုံးမရအောင် ပျက်စီးသွားစေပါလိမ့်မယ်။
၁၀။ Back up ပုံမှန်လုပ်ပါ။
ပစ္စည်းတွေမှာ မပျက်တဲ့ ပစ္စည်းမရှိပါဘူး။ အချိန်ကြာမှ ပျက်တာနဲ့ စောစောပျက်တာပဲ ကွာပါတယ်။ ဒါကြောင့် အချက်အလက်တွေကို ပုံမှန် Back up လုပ်ထားသင့်ပါတယ်။
forward:mail မှ

95-username လေးမကျန်ခဲ့အောင်

ကဲအဲဒါလေးကိုဘယ်လိုကာကွယ်မလဲဆိုတော့။ start key +R နှိပ်ပါ။ box ထဲမှာ regedit ရိုက်ထည့်ပါ။ အဲဒီကနေ HKEY_CURRENT_USER==>Software==>Google==>Google Talk==Accounts ကိုထောက်လိုက်ပါ။ ညာဘက်မှာ o ဆိုတာတွေ့ပါမယ်။ အဲဒါကို double Click နှိပ်ပါ။ Value data: အောက်မှာ gtalk သုံးခဲ့တဲ့ username တွေကိုတွေ့ရပါမယ်။ ကိုယ်နာမည်ပါရင်ဖျက်ခဲ့ပေါ့။       ကူညီချင်တယ်ဆိုရင်တော့သူများနာမည်တွေပါဖျက်ပေးခဲ့ရင် ပိုကောင်းတာပေါ့ ။ အဲဒါပြီးရင်မပြီးသေးဘူးဗျ စောစောက Accounts ကိုကြည့်နေတယ်မလား အပေါ်ကအဆင့်ပြီးရင် အဲဒီ +Accounts ဆိုတာရှိတယ်မလား အဲဒီ + လေးကိုနှိပ်လိုက်ပါ။ အဲဒီမှာ ကိုယ်ဝင်ထားတဲ့ Username တွေရှိပါသေးတယ်။ ကိုယ့် Username ပေါ် click ထောက်လိုက်ပါ။ right click==>delete နဲ့ဖျက်လိုက်ပါ။ ဒါဆိုရင်တော့လုံခြုံ(သွားပြီလို့ထင်ပါတယ် ) သွားပါပြီ။