Saturday, 5 March 2011

81-desktop ပေါ်ကAlarm clock

ကိုယ့်ကွန်ပြူတာ Dasktop ပေါ်မှာ Alarms Clock ရဲ့ Skin လန်းလန်းလေးနဲ့ အလှဆင်ကြရအောင်နော်။
မေ့လျော့တတ်တဲ့သူတွေအတွက် ကွန်ပြူတာသုံးရင်းအချိန်ကို တန်းဖိုးရှိရှိ သုံးလို့ရသွားတာပေါ့။
ပထမဆုံး..အောက်ကလင့်ခ်လေးကို ကလစ်ပေးပြီး ဒေါင်းလိုက်ပါ။


ဒီနေရာလေးကလစ်လိုက်ပါ။
c5ad755faecc66983d0d6d49e5b7bd00.jpg
အပေါ်ကပေးထားတဲ့လင့်ခ်လေးကိုInstall လုပ်ပြီးရင် ခုလို Clock ပုံကို တွေ့ရပါလိမ့်မယ်။
တကယ်လို့ မတွေ့ရဘူးဆိုရင်တော့ Start menu ===> All Program ကနေဖွင့်ပြီးရှာလိုက်ပါနော်။
အရင်ဆုံး  Skin ပြောင်းကြည့်ကြမယ်။ပုံထဲကအတိုင်း နာရီပေါ်မှာ Right Click ပြီး
Options မှာ Appearance tab ကိုကလစ်ပြီး ပုံထဲကအတိုင်း Background အောက်မှာ စိတ်ကြိုက်ရွေးချယ်ပေးနိုင်ပါတယ်။
1.png
နောက်တစ်ခုကတော့  Alarms ပေးထားမယ်ဆိုရင်တော့
ပုံထဲကအတိုင်း နာရီပေါ်မှာ Right Click ပြီး Alarms ကိုကလစ်မယ်။
002.PNG 

forward : mail ...မှ

လိုတာသာ download လုပ်ကြတော့နော်










 


79-talk မှာ တင်ထားတဲ့ ပုံလေးတွေကို တစ်ပုံပြီး တစ်ပုံပြောင်းချင်တယ် ဆိုရင်

Gtalk မှာ တင်ထားတဲ့ ပုံလေးတွေကို တစ်ပုံပြီး တစ်ပုံပြောင်းချင်တယ် ဆိုရင် အောက်မှာပေးထားတဲ့ ဖိုင်လေးကို ဒေါင်းလိုက် ပါ သူက ရိုးရိုး Gtalk နဲ့ တော့ မတူဘူး သူအပေါ်နားမှာ Shell ဆိုတာလေး အပိုပါတယ် ကိုက ပုံလေးတွေ ပြောင်းချင်တယ်ဆိုရင် သူ့ ကို RUN လိုက်ပါ ပြီးရင်တော့ အပေါ်မှာပါတဲ့ Shell ဆိုတာလေးကို နိုပ်လိုက်ပါ ပြီး၇င် Options ကိုသွားပါ ဘယ်ဘက်မှာ Avatar ဆိုတာကို နိုပ်ပြီးတော့ Add ကိုနိုပ်ပါ ပြီးရင် ပုံရှိတဲ့ နေရာကနေ ပုံ 2..3..4...ကိုထည့်ချင်တဲ့ပုံများကိုယူပါ အဲ့ဒါဆိုရပါပြီ ok ပေးလိုက်ပါ ပြီးရင်တော့ ကို Gtalk မှာ ပုံလေးတွေ တစ်ပုံပြီးတစ်ပုံပြောင်းနေပါလိမ်.မယ်။ 

Friday, 4 March 2011

window 7 - 64 bit မှာ ဇော်ဂျီ ယူနီကုတ်အလုပ်မလုပ်ဘူးဖြစ်နေရင် ဒီမှာ ဒါလေး install လုပ်လိုက်ပါ



(သိပြီးတဲ့သူများ ဆောရီးပါ)ပထမ အဆင့် အနေနဲ့  ကျွန်တော် တို့  install လုပ်နေကြအတိုင်း
  ဒီမှာ download လုပ်ပါ








ဇော်ဂျီ ယူနီကုတ် ကို install လုပ်လိုက်ပါ။ 






ပြီရင်တော့ ဒါလေး ထပ်ပြီး install လုပ်လိုက်ပေါ့နော်...
  ဒီမှာdownload လုပ်ပါ

ပထမ အဆင့်ကတော့ ကျွန်တော် တို့  install လုပ်နေကြအတိုင်း
ဇော်ဂျီ ယူနီကုတ် ကို install လုပ်လိုက်တာပါ...
ဒုတိယ အဆင့် ကတော့ ဇော်ဂျီ အဖွဲ့ သားတွေ windows 64 bit အတွက် ပြုလုပ်ပေးထားတဲ့  zip ဖိုင်လေးပဲ ဖြစ်ပါတယ်



windows 64 bit အသုံးပြု သူများအားလုံး အစဉ်ပြေကြပါစေနော်...


Thursday, 3 March 2011

77-Downloadလုပ်နည်းနှင့် စက်ထဲInstallလုပ်ပုံ RealplayerSP

Videorများကို ဒေါင်းရန်အတွက် အောက်ပါပုံများကြည့်ပြီး Real Player SP ကို ( ဒီမှာ ) ဒေါင်းပြီး
မိမိ၏စက်ထဲသို့ Install ထည့်ထားပါ။ မိမိကြည့်နေသော ဆိုဒ်များမှကြိုက်ရာVideoများကို ဒေါင်းနိုင်ပါတယ်။
(သိပြီးတဲ့သူများ ဆောရီးပါ)

ပုံ (၁) Download Now အားကလစ်ပါ


ပုံ (၂) Save File ကိုနိုပ်ပါ 100% ပြည့်ပြီးက My Computer ထဲမှာ Softwareအား ကလစ်ပါ


ပုံ (၃) Real Player Software လေးပါ


ပုံ (၄) ထိုကဲ့သို့ပေါ်လာပြီး Accept ကိုကလစ်ပါ


ပုံ (၅) Next ကိုသာ ကလစ်လိုက်ပါ


ပုံ (၆) မိမိ၏ browser မပိတ်ချင်ကCancel ကိုနှိပ်ပါ။ ကျနော်ကတော့Cancel နှိပ်လိုက်တယ်ဗျာ။ပြီးရင်100%ပြည့်အောင်ခဏစောင့်ပါ


ပုံ (၇) ထိုကဲ့သိုပေါ်လာရင် (Basic Real Player) ကိုနှိပ်ပြီး ထိုပုံအား Close လိုက်ပါ


ပုံ (၈) ထိုကဲ့သိုပေါ်လာပြီး။ ထပ်ပြီး Close လိုက်ပါ။ ဒါဆို Ok သွားပါပြီ

ပုံ (၉) ကျနော်တို့ ပုံ(၈) မှာCancel လုပ်ထားတာကြောင့်မိမိ browser အားကလစ်ပြီး Enter ပြန်နှိပ်လိုက်ပါ


ပုံ (၁၀) ဒါဆိုမိမိကြည့်နေသော Videoပေါ်ကို မြှားလေးတင်လိုက်ရင် ထိုကဲ့သို့ စာပေါ်လာပါပြီး ထိုစာအားနှိပ်ပြီး ဒေါင်းနိုင်ပါပြီ။

ပုံ (၁၁) ထို Clear ကတော့မိမိဒေါင်းထားတာလေးတွေရှင်းခြင်းပါ။ မိမိ၏ Videoများကတော့My Computer ထဲရှိ My Video ထဲတွင်ရှိနေပါသည်။



Wednesday, 2 March 2011

76-မိမိရဲ့InternetHomePageSearchEngineအတွက်အကောင်းဆုံးဆိုက်

အခုတလောအလုပ်တွေအရမ်းများနေလို့ဘာမှမတင်ဖြစ်တာကျနော့်ဘလော့မိတ်ဆွေကိုစိတ်မကောင်းပါဘူးလို့ပြောပါရစေ။အရမ်းကိုအရေးကြီးတဲ့ကိစ္စ
တွေကြောင့်ပါ။ဒါကြောင့်၇တဲ့အချိန်လေးမှာမိမိရဲ့InternetHomePageSearchEngineအတွက်အကောင်းဆုံးဆိုက်ကောင်းလေးတင်ပေးလိုက်ပါတယ်။
ဘလော့မိတ်ဆွေအားလုံးကိုလည်းအထူးဘဲကျေးဇူးတင်ပါတယ်။အခုတင်SearchEngineကမိမိရဲ့ကြိုက်နာမည်တတ်ပေးလို့ရပါတယ်။ပြီးတော့အခြား
Socialဆိုက်Facebookအစအကုန်လုံးAutoရှိပါတယ်။Gmail,Yahoo,Hotmail,အစုံပါဘဲ။အောက်မှာပုံနဲ့တကွပြထားပေးပါတယ်။ဥပမာYoutubeကို
ဖွင့်မယ်သီချင်းတွေနားထောင်းမယ်ဆိုရင်လည်းရှိပြီးသားပါထပ်နိုပ်စရာပါဘူး၊ရွေးပေးလိုက်ရင်ရပါပြီ။ကြိုက်ကြမယ်လို့လဲမျော်လင့်ပါတယ်။
အောက်မှာလင့်ခ်ပေးထားပါတယ်။
http://www.shinysearch.com/myhome.php?style=logolinks&ltext=KP-3FAMILY






FireFox Users:တွေအတွက်

   1. Copy the below website address
      http://www.shinysearch.com/myhome.php?style=logolinks&ltext=KP-3FAMILY
   2. Click the "Tools" menu in the top & then click on "Options..."
   3. Click on the "Main" image on the top left
   4. Delete the contents in the "Home page" field, then paste the copied website address Click Ok.

Internet Explorer Users:တွေအတွက်

   1. Copy the below website address
      http://www.shinysearch.com/myhome.php?style=logolinks&ltext=KP-3FAMILY
   2. From the "Tools" menu at the top of the screen, choose "Internet Options...".
   3. Find and choose the "General" tab.
   4. Delete the contents in the  "Address" field, then paste the copied website address.
      Click the OK button.
အောက်ကလင့်ခ်

(http://www.shinysearch.com/myhome.php?style=logolinks&ltext=KP-3FAMILY)
မှတ်ချက်။KP-3FAMILYနေရာမှာမိမိကြိုက်တဲ့အမည်ရေးပေးလိုက်ပါ။

မသိသေးတဲ့မိတ်ဆွေတွေကိုအသိပေးမျှဝေစေချင်ပါတယ်၊
from;;KP-3FAMILY

Tuesday, 1 March 2011

75-GTalk တွင် လိမ်လည်နေသောသူများကိုရှာဖွေရန်

Gmail address တစ်ခုကို သိရုံနဲ့ သူဟာ ဘယ်နိုင်ငံကလဲဆိုတာ သိနိုင်ပါတယ်။ ပြီးတော့ သူ့ဆီကို Mail တစ်စောင်ပို့တဲ့အခါ သူဟာ အဲဒီ မေးလ်ကို ဖတ်လား မဖတ်လား ဆိုတာကိုလည်း သိနိုင်ပါတယ်။ Website နှစ်ခုကို အသုံးပြုပြီး လုပ်နိုင်ပါတယ်။ ပထမဆုံးတစ်ခုက Spypig ပါ။

Browser ကနေ New Windows တစ်ခုကို ဖွင့်လိုက်ပါ။

http://www.spypig.com/


ကိုသွားလိုက်ပါ။
နောက်


Windows တစ်ခု ထပ်ဖွင့်ပြီး ကိုယ့် Gmail ကိုဖွင့်ထားပါ။ Compose Mail ကိုနှိပ်ထားပါ။
Spypig ရဲ့ Step1 Text box မှာ ကိုယ့် email ကိုရိုက်ပါ။


Step2 မှာ Subject ထည့်ပါ။

Step3 မှာပေးထားတဲ့ ပုံတွေထဲက ကိုယ်ကြိုက်တာကို ရွေးပါ။

Step4 မှာ 3 ကိုရွေးပါ။
ပြီးရင် Click to Activate My Spypig ဆိုတဲ့ button လေးကို နှိပ်လိုက်ပါ။
အဲဒီအခါ အောက်မှာ စက္ကန့်တွေပါတဲ့ ပုံလေးတစ်ပုံ ပေါ်လာပါလိမ့်မယ်။

အဲဒီပုံလေးကို နှိပ်ဆွဲပြီး Gmail ရဲ့ Body ထဲမှာ လွှတ်ချလိုက်ပါ။
ပြီးရင် တခြားစာလေးဘာလေးစသည်ဖြင့် ရိုက်ထည့်ပြီး Send ကိုနှိပ်လိုက်ပါ။
ကိုယ်ပို့လိုက်တဲ့သူက ကိုယ့် Mail ကိုဖတ်လိုက်တဲ့အခါမှာ Spypig ဟာ Mail
ဖတ်ပြီးတဲ့အကြောင်း သတိပေးစာကို ကိုယ့် Gmail ဆီပြန်ပို့ပေးပါလိမ့်မယ်။
အဲဒီထဲမှာ ဖတ်တဲ့သူရဲ့ IP လည်း ပါပါတယ်။
ဒါဆို သူ့ရဲ့ IP သိသွားပါပြီ။ ဘယ်နိုင်ငံကလဲ ဆိုတာကိုတော့

http://www.ip2location.com/free.asp

ကိုဖွင့်ပြီး အစောက IP ကို ရိုက်ထည့်ပေးလိုက်ရင်သူဟာ ဘယ်နိုင်ငံကလည်းဆိုတာ ပေါ်လာပါလိမ့်မယ်။ 

kozaw357 မှ ...

74-ကွန်ပျူတာ အခြေခံ အပိုင်း (၇)

ကွန်ပျူတာ အခြေခံ
အပိုင်း (၇)


ဒီနေ့ တော့ မိမိကွန်ပျူတာကို ပြုပြင်ထိန်းသိမ်းတဲ့နည်းလေး ပြောပြပါ့မယ်…

ကိုယ်ပိုင်စက်နဲ့  အင်တာနက်သုံးတဲ့သူတွေအတွက် အသုံးဝင်မယ်လို့  ထင်ပါတယ်…

ကွန်ပျူတာကို သုံးတာကြာလာတဲ့အခါ စက်လေးလာတာတို့ ၊ သိမ်းရခက်တာတို့  ဖြစ်လာတာကို ကြုံဖူးမှာပါ…

၁။ အင်တာနက်သုံးတဲ့စက်ဆိုရင် Website တစ်ခုကို ၀င်လိုက်တာနဲ့  ကိုယ်ကြည့်တဲ့ Web Pages တွေ၊ ပုံတွေကို Temporary Internet Files များအဖြစ် Hard Disk မှာ သိမ်းထားတတ်ပါတယ်…

၂။ မိမိ ၀င်တဲ့ Web Page က ပုံတွေ၊ သီချင်းတွေ Download လုပ်တဲ့အခါမှာလည်း Downloaded Program Files များကို Hard Disk က သိမ်းထားတတ်ပါတယ်…

၃။ မိမိ မလိုချင်လို့  ဖျက်လိုက်တဲ့ Files များဟာ Recycle Bin မှာ ရှိနေတတ်ပါတယ်… လုံးဝ မလိုချင်တော့ဘူးဆိုတာ သေချာတယ်ဆိုရင်တော့ Empty the Recycle Bin လုပ်ရပါမယ်…

၎။ တစ်ချို့ သော Program များကလည်း Temporary Files များအဖြစ် Hard Disk ပေါ်မှာ သိမ်းထားတတ်တဲ့အတွက် Hard Disk ရဲ့ နေရာကို ယူထားတတ်ပါတယ်…

ဒီအချက်တွေကြောင့် မိမိကွန်ပျူတာရဲ့ Hard Disk ရဲ့ Free Space ကို ပြန်လည်ရယူနိုင်ရန်အတွက် Disk Cleanup ဆိုတာ လုပ်ပေးရပါမယ်…

Disk Cleanup လုပ်ရင် ဘယ်အရာကို ဖျက်မလဲဆိုတာ မေးပါတယ်…

Disk Cleanup လုပ်ပြီးရင်တော့ စက်က သုံးရတာ မြန်လာပြီး Hard Disk မှာ သိမ်းရမဲ့နေရာ ပိုလာတာကို တွေ့ ရမှာပါ…


Use Disk Cleanup to remove unneeded files

You can use Disk Cleanup to find and remove files that are no longer needed. This can increase the amount of available space on your hard disk.

Disk Cleanup can find four types of files. You can select which of the four types of four types of files you want to remove from your disk.

Temporary Internet files are Web pages and images Windows stores on your hard disk while you are browsing the Web. Using temporary Internet files saves Windows from having to transfer the same pages and images to your computer each time you view them.

Downloaded program files are small programs that some Web pages require to display properly or to perform certain functions. These programs are transferred to your hard disk when you visit the Web page.

The Recycle Bin contains files you have deleted. These files are permanently removed from your computer when you empty the Recycle Bin.

While working, some programs store temporary files on your hard disk. If these files are not removed when the program has finished using them, they can take up valuable storage space.








နောက်ပြုပြင်ထိန်းသိမ်းရမဲ့ နည်းလမ်းကတော့ Defragmenter ဆိုတာကို ပြုလုပ်ပေးတာပါ…

မိမိကွန်ပျူတာကို သုံးတာကြာလာတဲ့အခါ Program တွေကို တင်လိုက်၊ ဖျက်လိုက်၊ ပုံတွေကို သိမ်းလိုက်၊ ဖျက်လိုက်နဲ့  Hard Disk ပေါ်မှာ Fragmented Files တွေဖြစ်လာပါတယ်… Fragment ပြန့် ကျဲလာတာပါ… အဲဒီ့အခါ Files တွေကို ထပ်မံသိမ်းတဲ့အခါ Hard Disk ပေါ်မှာ ကွဲပြားနေတဲ့ဧရိယာတွေ ဖြစ်ပေါ်လာပါတယ်… အစီအစဉ်တကျ မသိမ်းနိုင်တော့ပါဘူး…

ဒါကြောင့် Fragmented Files တွေ ပြန့် ကျဲမနေအောင် Defragmenter ဆိုတာ လုပ်ပေးရတာပါ…

Disk Defragmenter ဟာ သုံးနေကျ Program တွေကို ပြန်စီပေးတာကြောင့် Defragmenter လုပ်ပြီးရင် သုံးရတာ မြန်လာမှာပါ… ဒါပေမဲ့ Disk Defragmenter မသုံးခင် မိမိ Drive မှာ Error ရှိမရှိ စစ်ဆေးရပါတယ်…

Drive မှာ Error ရှိနေရင် Defragmenter သုံးလို့ မရပါဘူး…

Defragment your hard disk

You can improve the performance of your computer by using Disk Defragmenter.

Over time, the files on a hard drive become more and more fragmented. To retrieve or save a file, the computer must use many different areas on the hard drive. Disk Defragmenter reorganizes your files to reduce fragmentation and improve the performance of your drive.

You can have Disk Defragmenter rearrange your most frequently used programs so they will start faster. You can also check a drive for errors before defragmenting the drive.

If a drive contains errors, the drive cannot be defragmented.


ကွန်ပျူတာကို Disk Defragmenter လုပ်နေချိန် အတောအတွေင်းမှာ ကွန်ပျူတာအလုပ်လုပ်ရတာ နှေးသွားမှာ ဖြစ်ပါတယ်… အချိန်အတော်ယူပါတယ်… ဒါကြောင့် Disk Defragmenter မလုပ်ခင် တခြားသုံးနေတဲ့ Program တွေကို ပိတ်ထားရင် ပိုကောင်းပါတယ်…

ဒါမှမဟုတ် ကွန်ပျူတာမသုံးတော့တဲ့အချိန်မှာ Defragmenter ကို သုံးတာ အကောင်းဆုံးပါပဲ…

You can use your computer to perform tasks while Disk Defragmenter is running, but your computer will operate more slowly. Disk Defragmenter must restart each time another program accesses the drive, so the defragmentation process will take longer. You may want to close other programs before defragmenting a drive.

It is best to defragment at a time when you are not using your computer.






မိမိကွန်ပျူတာမှာ Error ရှိတယ်ဆိုရင်တော့ ScanDisk ပြုလုပ်ပေးရမှာပါ…

Standard Test လုပ်ရင် မိမိကွန်ပျူတာရဲ့ Files နဲ့  Folders တွေမှာ Error ရှိမရှိ စစ်ပေးတာပါ…

Thorough Test လုပ်ရင်တော့ Standard Test လို လုပ်ပေးတဲ့အပြင် Disk မျက်နှာပြင်မှာ ပျက်စီးမှု ရှိမရှိဆိုတာပါ စစ်ပေးတာပါ… Bad Sector ဆိုတာ ကြားဖူးမှာပါ… ScanDisk Run လို့  မိမိ Hard Drive မှာ Bad Sector တွေ များလာရင် Hard Disk အသစ်လဲရတတ်ပါတယ်…

Hard Disk

ScanDisk က သာမန် Error ကို Fix လုပ်ပေးပါတယ်…

ScanDisk ပြုလုပ်ပြီးရင် မိမိ Drive ရဲ့ စစ်ဆေးချက် မှတ်တမ်း ပေါ်လာမှာပါ…

Check for Disk Errors

ScanDisk is a program included with Windows that detects and repairs disk errors on hard drive.

The standard test checks for errors in files and folders. The thorough test performs the same check as the standard test and also checks the disk surface for physically damages areas that can no longer be used to store information.

You can have ScanDisk automatically fix the errors it finds.

When ScanDisk is finished checking a drive, a summary appears, displaying information about the drive.


မိမိကွန်ပျူတာရဲ့ Operating System Software ပေါ်မူတည်၍ ပုံစံအနည်းငယ် ကွာခြားသော်လည်း အခြေခံသဘောတရားချင်း တူညီပါသည်။ ဥပမာ - WindowsXP, Vista, Windows 7

မိမိကွန်ပျူတာကို ကိုယ်တိုင်ပြုပြင်ထိန်းသိမ်းနိုင်ကြပါစေ…

ချောကလစ်မှ...ကူးယူဖေါ်ပြသည်

73-ကွန်ပျူတာအခြေခံ အပိုင်း (၆)

ကွန်ပျူတာအခြေခံ

အပိုင်း (၆)








ဒီနေ့ တော့ Network အကြောင်းကို ရှင်းပြပါမယ်…

သူငယ်ချင်းတို့  အခုသုံးနေတဲ့ ချော့ကလက်မြို့ တော်ဟာ Ning Network ဖြစ်ပါတယ်…

ပင်မစာမျက်နှာညာဖက် မြို့ စားလေးပုံမှာ ရေးထားတဲ့စာလေးကို ဖတ်မိမှာပါ…

မြို့ စားလေး Created this Ning Network ဆိုတာကို တွေ့ ကြမှာပါ…

နိုင်ငံအသီးသီးက သူငယ်ချင်းများက မိမိတို့ ရဲ့ ကွန်ပျူတာကို အင်တာနက်နဲ့  ချိတ်ဆက်ပြီး သတင်းအချက်အလက်များ၊ စာပေများ၊၊ သီချင်းများ၊ Video များကို ဝေမျှခံစားစေတာဟာ Network ကြီးတစ်ခုထဲမှာ လှုပ်ရှားနေကြတာပါ…


INTRODUCTION TO NETWORKS

A network is a group of connected computers that allow people to share information and equipment.

Network ဆိုတာ အချက်အလက်တွေ၊ ကိရိယာတွေကို ဝေမျှသုံးစွဲတာကို ခွင့်ပြုတဲ့ ကွန်ပျူတာအချင်းချင်း ချိတ်ဆက်ထားတဲ့ အုပ်စုကို ဆိုလိုတာပါ…


Types of Networks
Network အမျိုးအစားများ

Local Area Network
A Local Area Network (LAN) is a network that connects computers within a small geographic area, such as a building.

Local Area Network (LAN) ဆိုတာဟာ အဆောက်အဦတစ်ခုထဲအတွင်းမှာပဲ ကွန်ပျူတာတွေကို ချိတ်ဆက်အသုံးပြုတာကို ဆိုလိုတာပါ…

ကုမ္ပဏီများ၊ အင်တာနက်ဆိုင် (Cyber Cafe) တွေမှာ ကွန်ပျူတာကို တစ်ခုနဲ့ တစ်ခု ချိတ်ဆက်အသုံးပြုတာကို LAN လို့  ခေါ်ပါတယ်…

Wide Area Network
A Wide Area Network (WAN) is a network that connects computers across a large geographic area, such as a city or country. A WAN can transmit information by telephone line, microwave or satellite.

Wide Area Network (WAN) ဆိုတာကတော့ မြို့ တွေ၊ တိုင်းပြည်တွေကို ဖြတ်ပြီး ကွန်ပျူတာများ ချိတ်ဆက်အသုံးပြုတာကို ဆိုလိုတာပါ… WAN ကတော့ တယ်လီဖုံးလိုင်း (သိုးမဟုတ်) ဂြိုလ်တုစနစ်နဲ့  သတင်းအချက်အလက်တွေကို ပေးပို့ တာပါ…

Network Advantages
Network ဆက်သွယ်ခြင်းရဲ့ အကျိုးကျေးဇူးများ

Work Away From Office
When traveling or at home, you can connect to the network at work to exchange messages and files.

မိမိခရီးသွားတဲ့အခါဖြစ်စေ၊ အိမ်မှာနေရင်းဖြစ်စေ Network ချိတ်ထားမယ်ဆိုရင် သတင်းနဲ့  ဖိုင်များကို ဖလှယ်လို့  ရပါတယ်…

Share Information
Networks let you easily share data and programs. You can exchange documents, electronic mail, video, sound and images.

Network ချိတ်ထားခြင်းဖြင့် အချက်အလက်တွေ၊ Programs တွေကို ဝေမျှလို့  လွယ်ပါတယ်… စာတွေ၊ E-Mail တွေ၊ Video တွေ၊ အသံတွေနဲ့  ရုပ်ပုံတွေကို ဖလှယ်လို့ ရပါတယ်…
ဆိုလိုတာကတော့ လွမ်းတို့ တွေ Data တွေကို သိမ်းဆည်းနိုင်တဲ့ Memory Stick တို့ ၊ External Harddisk တို့  မလိုတော့တာပါ…

Share Equipment
Computers connected to a network can share equipment, such as a printer or modem.

Network ချိတ်ထားမယ်ဆိုရင် Printer တို့ ၊ Modem တို့ ၊ Scanner တို့ ကို ကွန်ပျူတာအားလုံးက ဝေမျှသုံးစွဲနိုင်တာပါ…


ဥပမာအားဖြင့် အင်တာနက်ဆိုင်မှာ Modem တစ်ခုပဲ လိုပါတယ်… Computer တွေကို Network ချိတ်ထားပြီး Internet ကို ဝေမျှသုံးစွဲနေတာပါ…



Network Administrator
A network administrator manages the network and makes sure the network runs smoothly. A network administrator may also be called a network manager, information systems manager or system administrator.

Network Administrator ဆိုတာဟာ Network ကို ချောမွေ့ စွာ အသုံးပြုနိုင်အောင် စီမံ အုပ်ချုပ်ရတဲ့သူကို ဆိုလိုတာပါ… Network Administrator ကို Network Manager, Information Systems Manager ဒါမှမဟုတ် System Administrator လို့  ခေါ်ပါတယ်…

Network Applications
Network အသုံးပြုပုံများ

Electronic Mail
You can exchange electronic mail (e-mail) with other people on a network. Electronic mail saves paper and provides a fast, convenient way to exchange ideas and request information.

Network ချိတ်ထားတဲ့ စက်အချင်းချင်း E-Mail ပို့ လို့ ရပါတယ်… အတွေးအခေါ်၊ တောင်းဆိုလိုတဲ့ သတင်းအချက်အလက်တွေကို လွယ်ကူလျင်မြန်စွာ ပို့ ပေးပြီး သိမ်းဆည်းထားလို့  ရပါတယ်…
Network ချိတ်ထားတဲ့ ကုမ္ပဏီတွေမှာဆိုရင် ရုံးရောက်တာနဲ့  E-Mail စစ်ကြရပါတယ်…
အစည်းအဝေးဖိတ်စာတွေ၊ ညွှန်ကြားချက်တွေကို E-Mail နဲ့  ပို့ တာပါ…

Videoconferencing
Videoconferencing allows you to have face-to-face conversations with other people on a network, whether they are around the corner or on the other side of the country.
A computer must have a sound card, speakers and microphone to transmit and receive sound. The computer must also have a video camera to transmit video images.

Network ချိတ်ထားတဲ့ Computer တွေမှာ မျက်နှာချင်းဆိုင် စကားပြောလို့  ရပါတယ်…
Computer မှာတော့ အသံကိုလက်ခံရန် Sound Card, Speaker နဲ့  Microphone ရှိရပါမယ်…
ပုံရိပ်ကို မြင်နိုင်ရန်အတွက် Video Camera ရှိရပါမယ်…

Parts of a Network
Network ရဲ့ အစိတ်အပိုင်းများ

Network Traffic
Network traffic is the information that travels through a network. When there is a lot of network traffic, information travels more slowly through the network.

Network Traffic ဆိုတာကတော့ Network ကို ဖြတ်နေတဲ့ သတင်းအချက်အလက်ကို ဆိုလိုတာပါ.. Network Traffic များလာတာနဲ့ အမျှ Network ကိုဖြတ်ပို့ နေတဲ့ သတင်းအချက်အလက် ပို့ ဆောင်မှုဟာ နှေးသွားပါတယ်…

Hub
A hub is a device that provides a central location where all the cables on a network come together.

Network ချိတ်ထားတဲ့ Computer တွေက လာတဲ့ ကြိုးတွေကို တစ်နေရာတည်းမှာ ဆက်သွယ်ထားတဲ့ ကိရိယာပါ…

ခုဆိုရင် Switch ဆိုပြီး အင်တာနက်ဆိုင်တွေမှာ သုံးပါတယ်…


Network Interface Card
A network interface card is a device that physically connects each computer to a network. This card controls the flow of information between the network and the computer.

Network ချိတ်တဲ့ ကွန်ပျူတာတိုင်းမှာ Network Interface Card ရှိရပါမယ်… ဒီ Card ဟာ Network နဲ့  Computer ကြားမှာ သတင်းအချက်အလက်ပေးပို့ နိုင်ဖို့  ထိန်းချုပ်ပေးပါတယ်…

Cables
Cables are the wires that connect computers and equipment on a network. There are four main types of cables-coaxial, Unshielded Twisted Pair (UTP), Shielded Twisted Pair (STP), and fiber-optic.
Fiber-optic cable is the most expensive type of cable, but it can carry information faster and over longer distances than other types of cables.

Network ကြိုးများကို ကွန်ပျူတာနဲ့  Printer, Scanner စတဲ့ ကိရိယာတွေ ချိတ်ဆက်ရာတွင် သုံးပါတယ်…
အဓိက ကြိုးအမျိုးအစား လေးမျိုးရှိပါတယ်…
၁။ Cables-coaxial
၂။ Unshielded Twisted Pair (UTP)
၃။ Shielded Twisted Pair (STP)
၎။ Fiber-optic
Fiber-optic ကြိုးကတော့ ဈေးကြီးပြီး ဝေးလံတဲ့အကွာအဝေးတွေမှာ သတင်းအချက်အလက်ကို လျင်မြန်စွာ ပို့ ဆောင်ပေးနိုင်ပါတယ်…

How Information is Stored
သတင်းအချက်အလက်များ သိမ်းဆည်းပုံ

Peer-To-Peer Network
All the people on a peer-to-peer network store their files on their own computers. Anyone on the network can access files stored on any other computer.
A peer-to-peer network provides a simple and inexpensive way to connect fewer than ten computers.


Peer-To-Peer Network ချိတ်ထားတဲ့ Computer တွေဟာ မိမိစက်မှာပဲ ဖိုင်များကို သိမ်းဆည်းပါတယ်… မိမိသိမ်းဆည်းထားသော ဖိုင်ကို Network ချိတ်ထားတဲ့ Computer တိုင်းက အသုံးပြုလို့  ရပါတယ်…
Peer-To-Peer Network ဆက်သွယ်ပုံက ရိုးရှင်းပြီး အကုန်အကျနည်းပါတယ်…
၁၀-လုံးထက်နည်းတဲ့ Computer တွေကို ချိတ်ဆက်ရာမှာ အသုံးပြုပါတယ်…

Manage Files
Files are stored in many different locations. This makes the files difficult to manage, back-up and protect. However, if one computer malfunctions, the rest of the network will not be affected.

ဖိုင်တွေကို နေရာအမျိုးမျိုးမှာ သိမ်းဆည်းထားတဲ့အတွက် ဖိုင်ကို ထိန်းချုပ်ဖို့  ၊ Back-up လုပ်ဖို့ ၊ ဖိုင်ကို မပျောက်ပျက်အောင် ကာကွယ်ဖို့  ခက်ပါတယ်…
Back-up လုပ်တယ်ဆိုတာ မိမိအရေးကြီးတဲ့ဖိုင်တွေကို နောက်တစ်နေရာမှာ ထပ်ပြီး သိမ်းဆည်းထားတာကို ဆိုလိုတာပါ…
ဒါပေမဲ့ ကွန်ပျူတာတစ်လုံး အလုပ်မလုပ်တော့ဘူးဆိုရင် ကျန်တဲ့ Network ချိတ်ထားတဲ့ Computer ကို မထိခိုက်စေနိုင်ပါဘူး…

CLIENT/SERVER NETWORK
All the people on a client/server network store their files on a central computer. Everyone connected to the network can access the files stored on the central computer.
A client/server network provides a highly efficient way to connect ten or more computers or computers exchanging large amounts of information.


Client/Server Network ဆိုတာ Network ချိတ်ထားတဲ့ Computer အားလုံးက Files တွေကို ပင်မကွန်ပျူတာတစ်ခုထဲမှာပဲ သိမ်းဆည်းတာကို ဆိုလိုတာပါ…
လူတိုင်းက ပင်မကွန်ပျူတာထဲက သိမ်းထားတဲ့ ဖိုင်တွေကို သုံးလို့ ရပါတယ်…
Client/Server Network ဟာ ၁၀-လုံးထက် ပိုမိုတဲ့ ကွန်ပျူတာများ ချိတ်ဆက်ပြီး များစွာသော သတင်းအချက်အလက်တွေ ဖလှယ်တဲ့နေရာမှာ ထိရောက်စွာ အသုံးပြုနိုင်ပါတယ်…

Server
The server is the central computer that stores the files of every person on the network.

Server ဆိုတာ Network ပေါ်မှာ ရှိတဲ့ လူတိုင်းက ဖိုင်တွေကို သိမ်းနိုင်တဲ့ ပင်မကွန်ပျူတာကို ဆိုလိုတာပါ…

Manage Files
All the files are stored on the server. This makes the files easy to manage, back-up and protect. However, if the server malfunctions, the entire network will be affected.

ဖိုင်များအားလုံးကို Server မှာပဲ သိမ်းဆည်းထားတဲ့အတွက် ဖိုင်များကို လွယ်ကူစွာ ထိန်းချုပ်နိုင်ပါတယ်… Back-up လုပ်ဖို့  နဲ့  ကာကွယ်ဖို့  လွယ်ကူပါတယ်…

Client
A client is a computer that can access information stored on the server.

Client ဆိုတာ Server မှာရှိတဲ့ သတင်းအချက်အလက်တွေကို သုံးစွဲနိုင်တဲ့ ကွန်ပျူတာကို ဆိုလိုတာပါ…

Intranet
An intranet is a small version of the Internet inside an office.

မိမိရုံးအတွင်းမှာပဲ Internet လို သုံးနိုင်တာကို Intranet လို့  ခေါ်ပါတယ်…
Intranet မှာ များသောအားဖြင့် မိမိကုမ္ပဏီသတင်းအချက်အလက်များကို ၀န်ထမ်းများသိစေရန် Webpage ပြုလုပ်တင်ထားလေ့ရှိပါတယ်…

ဒီလောက်ဆိုရင် Network နဲ့ ပတ်သက်ပြီး သိပြီလို့  ယူဆပါတယ်…

ဒီနေရာမှာ အင်တာနက်ဆိုတဲ့ အဓိပ္ပါယ်လေးကို ပြောပြချင်ပါတယ်…

The Internet is the largest computer network in the world.

အင်တာနက်သုံးရင်း ကွန်ပျူတာနည်းပညာများ လေ့လာနိုင်ကြပါစေ…
 ချောကလစ်မှ..ကူးယူဖေါ်ပြသည်