Friday, 15 July 2011

BurnPro v4.1.0




Create Audio CD's
- Audio CD's can be played on any CD Player
- WAV/MP3/WMA and Ogg Vorbis are supported
Create MP3 CD/DVD
- Can be played directly with CD\DVD players with MP3 support
Create WMA CD/DVD
- Can be played directly with CD\DVD players with WMA support

Burn your data!


Size: 7 MB

DownLoad

Thursday, 14 July 2011

Any DVD Converter Professional v4.2.5 Portable


Don't buy any DVD Ripper and Video converter software before trying Any DVD Converter Professional version! It's Easier and Faster!






Size: 44.2 MB

Wednesday, 13 July 2011

Light Image Resizer v4.0.8.0 Portable



Software Windows XP SP2, Windows Vista, Windows 7 , 32bits or 64bits


Size: 13.8 MB

Mozilla FireFox v5.0.1 Portable



Mozilla Firefox-v5.0.1 Portable



Size: 22.5 MB

Note:
1- Flash Player 10.3 Included
2- Enjoy!

Tuesday, 12 July 2011

Microsoft office 2007 ကို Key မရှိပဲ သုံးမယ်

Click ! Image to zoom!


ကျွန်တော့် ရဲ့ မထိရက် မတို့ရက် ကွန်ပျူတာကလေး က ပျက်နေတဲ့ အတွက် ဘာမှ ကို လုပ်လို့ မရဘူး ဖြစ်နေလို့ ဘာမှ ကို ပြန်လည်း မဖြေဖြစ် ရေးလည်း မရေး ဖြစ် ဖြစ်နေတာကို တောင်းပန်ပါတယ် ... မထိရက် မတို့ရက် ဆိုလို့ အရမ်း ဈေးကြီးလွန်းလို့ ရိုရိုသေသေ ကိုင်နေရတယ် ဆိုပြီးတော့ အထင်တွေမကြီး လိုက်ပါနဲ့ .. ကွန်ပျူတာက ယဲ့ယဲ့ ကလေးမလို့ပါ .... သူ့ ဟိုဘက် ဒီဘက်လှုပ်တာနဲ့ကို ဟိုဟာကပြုတ်လိုက် ဒီဟာက လှုပ်လိုက်နဲ့ .. ပြန်မလာတော့ ဘူး .. အဲဒီ့လောက် မာနကြီးတာ ... :P .. ခုလည်း အဲဒီ့ ကောင်ကလေး ပြန်ကောင်းသွားတာနဲ့ ရေးလိုက်ရပါတယ် .. အစ်မတစ်ယောက်က 2007 key လေး တောင်းလို့ အလွယ်တကူ လုပ်လို့ရတဲ့ နည်းကလေးလည်းတွေ့တာနဲ့ တင်ပေးလိုက်ပါတယ် .... Microsoft office 2010 တောင် ပေါ်တာ ကြာနေပီ .. ဒါပေမယ့် 2007 ကို မှ အကြိုက်တွေ့သူတွေ လက်မလွှတ်ချင်သူများအတွက် တော့ ကိုယ်သုံးချင်တဲ့ အခါမှာ Key ကမရှိဘူး ဆိုရင် အတော် ဒုတ်ကောက် ရပါတယ် .. အဲဒီ့တော့ ကိုယ်ဘာသာကိုယ် ပဲ နည်းနည်းလေး ပြင်ပီးတော့ သုံးလိုက်ရင် အေးဆေးပေါ့ .. လွယ်လည်း လွယ်ပါတယ် ... သိပ်ပီးတော့ လည်း မရှုပ်ပါဘူး ....
စမ်းကြည့်ကြတာပေါ့ .... 2010 ကိုတော့ စမ်းမကြည့်ရသေးပါဘူး ...

၁ ။ ပထမဆုံး Microsoft office 2007 ကို Key တွေ ဘာတွေ ထည့်မထားပဲနဲ့ Run ပေးလိုက်ပါ ...
၂ ။ Run ပြီးသွားပီ .. ဆိုရင်တော့ အောက်က လမ်းကြောင်းကလေး အတိုင်း ၀င်သွားလိုက်ပါ ...

C:\Program Files\Common Files\Microsoft Shared\OFFICE12\Office Setup Controller\Proof.en

ကဲ အဲဒီ့ အထဲကိုရောက်သွားတော့ တွေ့ပါလိမ့်မယ် Proof ဆိုတဲ့ XML file ကလေးကို ... အဲဒီ့ ဖိုင် ကလေးကို open with ကနေပြီးတော့ notepad နဲ့ဖွင့်လိုက်ပါ ....

၃ ။ ဖွင့်ပြီးသွားပီဆိုရင်တော့ အဲဒီ့အထဲမှာ စာကြောင်းတွေ တွေ့ပါလိမ့်မယ် .. အဲဒီ့ အထဲက စာကြောင်းကလေးတွေမှာ နည်းနည်းလေး လိုက်ပြောင်းပေးရုံပါပဲ ....

<feature id="SetupXmlFiles" cost="1248">
<optionref id="AlwaysInstalled">
</optionref></feature>


အဲဒီ့ စာကြောင်းကလေးတွေ တွေ့ပါလိမ့်မယ် .... အဲဒါ ကလေးတွေ ကို ဘယ်လို ပြင်မလဲ ...

AlwaysInstalled ဆိုတဲ့ နေရာကလေးမှာ neverinstalled ဆိုပြီးတော့ ပြင်ပေးလိုက်ပါ ... ဒီအောက်က ပုံစံလေး အတိုင်းပေါ့ ...

<feature id="SetupXmlFiles" cost="1248">
<optionref id="neverInstalled">
</optionref></feature>


အဲဒါကလေး ကိုပြင်ပြီးသွားပြီဆိုရင်တော့ ... ရပါပြီ ... ဖွင့်ထားတဲ့ XML file ကို save ပြီးတော့ ပိတ်လိုက်ပါ ...
ပြီးရင်တော့ microsoft 2007 ကို စတင်သုံးလို့ရပါပြီခင်ဗျာ ... သူပြောထားတာတော့ version အားလုံးမှာ အလုပ်လုပ်တယ်လို့ပြောပါတယ် ...

video ကိုကြည့်ချင်ရင်တော့ အောက်မှာ youtube link ကလေးကို တင်ပေးထားပါတယ် ... တိုက်ရိုက်ကလေး ကြည့်ပြီးတော့ လုပ် ကြည့် ချင် ရင် လုပ်ကြည့်လို့ရတာပေါ့ ... အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းလျက် ....

http://www.youtube.com/watch?v=7w4OX4_tTVQ

ကွန်ပျူတာကို ပုံမှန် ကလေး လုပ်ပေးသင့်တဲ့အချက်များ

ကိုယ့် ကွန်ပျူတာကို မြန်အောင် လုပ်တဲ့ နေရာ မှာ software တွေ အကူ အညီနဲ့ မြန်အောင်လုပ်တာတွေ ရှိသလို regedit ပိုင်းတွေ ကနေပြီးတော့ ၀င်ပြင် လိုက် ပြီးတော့ မြန်အောင် လုပ်တဲ့ နည်းတွေ အများကြီးရှိပါတယ်...အခု ကျွန်တော် ပြောမယ့် နည်းလမ်းကလေးကတော့ ကွန်ပျူတာမှာ ပါ တာ ကလေး တွေ ကိုပဲ သုံးပြီးတော့ လုပ်တာပါ .. ရိုးရိုးလေး တွေ ချည်းပါပဲ ... အဲဒီ့ အချက်တွေကို မှန်မှန် ကလေး သာလုပ်ပေးပါ... ကိုယ့် ရဲက ကွန်ပျူတာ ကိုအဆင်ပြေပြေ သုံးရတာပေါ့ ..

၁။ disk cleanup ပြုလုပ်ခြင်း


disk space ကို ရှင်းရှင်းလင်းလင်း ကလေး ထားမယ်ဆိုရင် ကိုယ် ကွန်ပျူတာရဲ့ performance ကို မြှင့်တင်နှိုင်ပါတယ် ...ကိုယ့် ကွန်ပျူတာရဲ့ disk space ကို ရှင်းမယ်ဆိုရင်တော့
disk cleanup လုပ်ပြီးတော့ ရှင်းလင်းနိုင်ပါတယ် ...
ရိုးရိုးတမ်းတမ်း ကလေးလုပ်မယ်ဆိုရင်တော့ start => all program => accessories => system tool => disk cleanup ဆိုပြီးတော့ သွားနိုင်ပါတယ် .. အဲဒီ့လို disk cleanup လုပ်
ရင် ကိုယ် ဖျက်ခင်တဲ့  file ကလေးတွေ ကို ဖျက်ခိုင်းဖို့ အတွက် သူက choose ခိုင်းပါတယ် ... ဘာတွေ ကို ကိုယ့် အနေနဲ့ ဖျက်ချင်သလဲ ..ဘာတွေက ကိုယ် အတွက် အရေး မကြီးဘူးလဲ ဆို
တာကလေးကို ရွေး ရမှာပါ .... ကျွန်တော့်  အနေနဲ့ ကတော့


temporary Internet files.
downloaded program files
Empty the Recycle Bin
Windows temporary files


အဲဒီ့ အပေါ် ကနေရာကလေး တွေကို check ပေးပြီးတော့ ဖျက်လိုက်ပါ ။။
**internet temporary file တွေကတော့ ကိုယ့် သွားခဲ့ တဲ့ webpage (browser cache ) တွေကိုမှတ်ထားတဲ့ အတွက်ကြောင့် ပိုပြီးတော့ များနိုင်ပါတယ် ....


၂။ data တွေကို မြန်မြန် ကလေး သုံးနိုင်အောင်

ဒါကတော့ Disk fragment ကို လုပ်တာပါ ..Disk fragment လုပ်ခြင်းဖြင့်လည်း ကိုယ့် ရဲ့ ကွန်ပျူတာကို performance ကို မြှင့်တင်နုငိပါတယ် .... Disk fragment လုပ်ထားမယ်ဆိုရင်
ကိုယ့် ကွန်ပျူတာမှာ ရှာချင်တာတွေ ရှိရင် အရင် ကထက်ပိုပြီးတော့ ရှာ နိုင်တာတို့ တခြား ဖိုင်တွေ ကနေပြီးတော့ မလိုတော့ဘူး ပြန်ထွက်တာတို့ဘာတို့ ဆိုရင် မီးလုံး လေး လှိမ်နေတာလေးတွေ
ဘာတွေ မြင်ဖူးမှာပါ .. အဲဒီလိုကလေးတွေမဖြစ်အောင်လည်း ဖြေရှင်းနိုင်ပါတယ်...ကွန်ပျူတာရဲ့ response လုပ်တဲ့ အချိန်တွေကို မြန်စေမှာပါ...disk defrag လုပ်တာကို လည်း ကျွန်တော်ဒီနေရာ
ကလေးမှာ bat fileကလေးနဲ့လုပ်တာကလေးကိုပြထားဖူးပါတယ်...ရိုးရိုးတမ်းတမ်းကလေးလုပ်မယ်ဆိုရင်တော့ start => all program => accessories => system tool => disk defragmenter ဆိုပြီးတော့ လုပ်နိုငပါတယ် ...အဲဒါကလေးကို ဖွင့်ပြီးသွားပြီဆိုရင်တော့ အရင်ဆုံး ကိုယ်လုပ်မယ့် disk ကို analyze လုပ်လိုက်ပါ.. ပြီးရင်တော့ fragment လုပ်လိုက်ပါ .. ရပါပြီ.. ဒါပေမယ့် window က ပါတဲ့ defragment လုပ်တာတွေ က ကြာတော့ကြာပါတယ် ... disk derag ကို မြန်မြန်ဆန်ဆန်လုပ်နိုင်ဖို့ အတွက် သူ့ အတွက် သီးသန့် ဆိုပြီးတော့ လုပ်ထားတဲ့ software တွေလည်းရှိပါတယ်... အဲဒါကလေးတွေကို သုံးပြီးတော့ လုပ်ရင် လည်းရပါတယ် .. defrag လုပ်ပြီးလို့ ကိုယ် က သူ ဘယ် file တွေကို စီလိုက်သလဲ ဆိုတာကို ကြည့်ချင်တယ်ဆိုရင် View Report ကို ကြည်နိုင်ပါတယ် ခင်ဗျာ .....


၃။ Disk Error များကို ရှာဖွေခြင်းး ပြု ပြင်ခြင်း


အပေါ်မှာ ပြခဲ့တဲ့ disk cleanup နဲ့ disk defrag လုပ်တာတွေကို ကွန်ပျူတာရဲ့ performance ကို optimize လုပ်ပေးတာလေးပါ။..အခု ကတော့ ကိုယ် အနေနဲ့ စက်ထဲမှာ ဖြစ် ပေါ်လာတဲ disk error တွေကို စစ်ဆေး
ပြီးတော့ ဖြေရှင်းတာပါ.. ကိုယ် ရဲက ကွန်ပျူတာမှာ ဆိုရင် Hard drive မှာ bad sectors တွေ ဖြစ်ပေါ်လာနိုင်ပါတယ် ... Bat sector တွေ များလာရင် ကိုယ့် ကွန် ပျူတာကို အနည်းနဲ့ အများ လေး စေ ပါတယ် ...နောက်ပိုင်းမှာ ကိုယ့်ရဲ့ Hard drive မှာ Bad sector တွေက များလာပြီဆိုရင်တော့ Hard drive ရဲ့ ကျန်းမာရေး ကို ထိခိုင်လာနိုင်ပြီးတော့ Hard drive မှာ မီးအကြာကြီးလင်းနေတာတွေ ဘာတွေဖြစ်လာ .. နောက်ပိုင်းဆို ပိုပို ဆိုးလာပါတယ် ... အဲဒါကြောင့် ကိုယ့် အနေနဲ့ စစ်ဆေး ပြီးတော့ bad sector တွေများလာတာတွေကို ဖြေရှင်း ခိုင်း ထားတာ ပို ကောင်းမှာပါ ... အဲဒါကို ဘယ် လို စစ်မလဲ .. Error Checking utility ဆိုတာကို လုပ်ထားပြီးတော့ စစ် ဆေး နိုင်ပါတယ် ... အဲဒီမှာ ကိုယ့်အနေနဲ့ ဘယ် လို စစ်မလဲ .. ဘယ် drive ကို စစ်မလဲ ဆိုတာကို ရွေးချယ်ပေးရပါ့မယ် ... တနေ့ကို တစ်ရက် ကို တစ်ခါဆိုရင်တော့ နဲနဲ အလုပ်ရှုပ်နိုင်ပါတယ် .. ကွန်ပျူတာ စဖွင့်ဖွင့်ခြင်း ကို အပြာရောင် screen နဲ့ စစ်နေမယ် နဲနဲတော့ကြာတာပေါ့။။ စောင့်နေရမယ် .. အဲဒီ့တော့ တစ်ပါတ် တစ်ခါလောက်ဆိုရင်တော့ သင့် တော်မယ်ထင်ပါတယ် ...ကဲ ဒါဆို Error Checking ကို ဘယ်လို ဖွင့်မလဲ.. အရင် ဆုံးဖွင့်ထားတာတွေ အားလုံးကို ပိတ်လိုက်ပါ.. ကွန်ပျူ တာပါဘူးနော် :D ... program တွေကို ပြောတာပါ... ဖွင့်ပြီးပြီဆိုရင်တော့ .

My computer ကို ဖွင့်လိုက်ပါ။
ပြီးရင်တော့ ကိုယ် စစ်ချင်တဲ့ drive ကို R click ထောက်လိုက်ပါ..
ပြီးရင် properties ကို သွားလိုက်ပါ .. သွားပြီးပြီ ရောက်ပြီဆိုရင်တော့ ...
အဲဒီ့မယ် အဲဒီ့ drive ရဲ့ properties dialog box ကလေး ပေါ်လာပါ့မယ်။။
ပြီးရင် Tool tab ကို သွားလိုက်ပါ ..
အဲဒီ့ ကို သွားလိုက်ပြီဆိုတာနဲ့ Error checking ဆိုတာကို တွေ့မှာပါ..တွေ့ ရင် Check Now ဆိုတာကလေးကို ပေးလိုက်ပါ...
အဲဒီ့ အခါ ကျရင် dialog box ကလေး နောက်တစ်ခု ပေါ်လာပါ့မယ် ..ပြီးရင်တော့
အဲဒါလေးထဲက Scan for and attempt recovery of bad sectors ဆိုတာကလေးကို Check ပေးလိုက်ပါ .. ပြီးရင်တော့ start ကို ပေးလိုက်ပါ ..
ပေးလိုက်ရင် သူ့ဘာသာ သူ စစ်ပါလိမ့်မယ် .. စစ်ပြီးရင် Bat sectors တွေ့ပြီဆိုရင် တော့ Fix ပေးလိုက်ပေါ့ ..
.Automatically fix file system errors ဆိုတာကို တော့ ကိုယ့် ရဲ့ကွန်ပျူတာ ထဲမှာ Bad sectors တွေများနေတယ်ထင်ရင် ပေးထားလိုက်ပါ .. သူဘာသာ စစ်ပြီးတော့ ဖြေရှင်းပေးပါလိမ့်မယ် ။။။

၎ ။ အမှိုက် ရှင်းလင်း ခြင်း

အခု နည်းက တော့ ကွန်ပျူ တာမှ အမှိုက် တွေ ဖြစ်နိုင်တဲ့ နေ ရာ တွေ ကို သွားပြီးတော့ ရှင်းတာပါ ...
အဲဒါ ကလေးတွေ ရှင်းခြင်းအားဖြင့်လည်း ကွန်ပျူတာကို အနည်း ငယ် သွက် လက် စေပါတယ် .. အောက်က နေရာကလေးတွေကို သွားရှင်းလိုက်ပါ ခင်ဗျာ..

ပထမဆုံး start => run ကို သွားလိုက်ပါ ..

ပြီးရင် prefetch ဆိုပြီးတော့ ရိုက်ထည့်လိုက်ပါ ... box တစ်ခု ကျလာပါလိမ့်မယ် အဲဒီ့ အထဲ မှာ တွေ့  သမျှ ဖိုင်တွေ အားလုံးကို ဖျက်လိုက်ပါ ..

ပြီးရင် start => run = > recent ဆိုပြီးတော့ ရိုက်ထည့်လိုက်ပါ ... box တစ်ခု ကျလာပါလိမ့်မယ် အဲဒီ့ အထဲ မှာ တွေ့  သမျှ ဖိုင်တွေ အားလုံးကို ဖျက်လိုက်ပါ ..

ပြီးရင် start => run = > %temp% ( %tmp% ) ဆိုပြီးတော့ ရိုက်ထည့်လိုက်ပါ ... box တစ်ခု ကျလာပါလိမ့်မယ် အဲဒီ့ အထဲ မှာ တွေ့  သမျှ ဖိုင်တွေ အားလုံးကို ဖျက်လိုက်ပါ ..

အခု အပေါ် က နည်း ကလေးတွေ ကို ပုံမှန် ကလေး ကွန်ပျူတာမှာ ပြုလုပ်ပေးသင့်ပါတယ် .. ဒါမှ ကွန်ပျူ တာအနေ နဲ့ ရှင်းရှင်းလင်းလင်း နဲ့ သွက် သွက် လက်လက်ကလေး ဖြစ်ပြီးတော့ သုံးရတာ အဆင် ပြေ တာပေါ့ .. အဆင်ပြေပါစေဗျာ ... အဆင် မပြေတာကလေးတွေ ရှိရင်လည်း မန့် ခဲ့ နိုင်ပါတယ် ...


Friday, 24 June 2011

format factory 2.70

Format Factory က converter တခုပဲဖြစ်ပါတယ် format factory portable အရင် တင်ပေးပြီးဖြစ် ပါတယ် ။ဒီတခါတော့ protable မဟုပ်ပါဘူး.စက်ထဲ install လုပ်ပေးရပါမယ် video file ကနေ MP4 files ပြောင်းမယ် MP3 file ပြောင်းမယ် ။ သီချင်းတွေဖုန်းထဲထည့် လို့ ရအောင် 3gp file ပြောင်း မှ
ထည့် လို့ ရမှာပါ။ Desktop ပေါ်မှာ
မရှိမဖြစ် softwareလေး တခု ဖြစ်ပါတယ်။သူငယ်ချင်းတို့  အသုံးဝင်မယ်လို့  ထင်ပါတယ် protable နှင့်  install ကြိုက်တာသာ ယူသုံးပေါ့ နော်...








ဒီမှာdownload   လုပ်ယူပါ။
Format Factory  converter.
All to MP4/3GP/MPG/AVI/WMV/FLV/SWF.
All to MP3/WMA/AMR/OGG/AAC/WAV.
All to JPG/BMP/PNG/TIF/ICO/GIF/TGA.
Rip DVD to video file , Rip Music CD to audio file.
MP4 files support iPod/iPhone/PSP/BlackBerry format

Thursday, 23 June 2011

Delete လုပ်ထားသော ဖိုင်များကိုပြန်ရှာနည်း

တစ်ခါတစ်ရံမှာ ကျွန်တော်တို့မထင်မှတ်ပဲ အရေးကြီးတဲ့ဖိုင်တွေကို Delete လုပ်မိတတ်ပါတယ်။ ရိုးရိုး Delete လုပ်ရင်တော့ ကျွန်တော်တို့အမှိုက်ပုံး Recycle bin ထဲမှာသွားရှာရင်ရပါလိမ်.မယ်။ သို့ပေမယ့် Sift + Delete နှိပ်မိရင်တော့ ရှာလို့ရတော့မှာမဟုတ်ပါဘူး။ အဲ့ဒါဆိုရင်ဘယ်လိုလုပ်မလဲ ? စိတ်မပူပါနဲ့ Rcsetup ဆိုတဲ့ Softwear က ကူညီပါလိမ်.မယ်။ Softwear ကိုဒါင်းလုပ် လုပ်ဖို့အတွက် Download ဆိုတာကိုနှိပ်ပါ။

ဒေါင်းလုပ်လုပ်ပြီးရင်တော့ကွန်ပျူတာထဲကို Installလိုက်ပါ။ Install ပြီးပြီဆိုရင် စက်ထဲမှာ Recuva ဆိုတာတွေ့ပါလိမ်.မယ်။ အဲ့ဒါကို click နှစ်ချက်နှိပ်ပြီးဖွင့်လိုက်ပါ။ ပြီးရင် Next ကိုနှိပ်ပါ။ အဲ့ဒါဆိုရင် ကိုယ်ရှာမဲ့ အချက်အလက်တွေကိုမေးလာပါလိမ်.မယ်။ ဥပမာ - ဓါတ်ပုံရှာမှာလား သို့ Documents ရှာမှာလား စသည်ကိုတွေ့ရပါလိမ်.မယ်။ ကိုယ်ရှာမဲ့ အချက်အလက်ကိုရွေးပြီးရင် Next ဆက်နှိပ်ပါ။ အဲ့ဒါဆိုရင် Box တစ်ခုထပ်ထွက်လာပါလိမ်.မယ်။ အဲ့ဒါကတော့ ကိုယ်ရှာမဲ့ဖိုင်က ဘယ်နေရာကနေ ပျောက်သွားတာလဲဆိုတာပါ။ ဥပမာ C: သို့ D: စသည်ကိုရွေးလိုက်ပါ။ C: သို့ D: ကိုရွေးဖို့ကတော့ အောက်မှာရှိတဲ့ Borrow ဆိုတဲ့ဟာကိုနှိပ်ပြီးရွေးလိုက်ပါ။ ပြီးရင် OK ပြီးရင် Start ဆက်နှိပ်ပါ။





အဲ့ဒါဆိုရင် ကိုယ်ဖျတ်ထားတဲ့ဖိုင်တွေကိုသွားရှာပေးပါလိမ်.မယ်။ ကိုယ်လိုချင်တဲ့ဖိုင်ကိုရှာတွေ့ပြီဆိုရင် အဲ့ဒီဖိုင်ကို tick အမှန်ခြစ်ပေးပါ။ ပြီးတော့ Recover ကိုဆက်နှိပ်ပါ။ အဲ့ဒါဆိုရင် ကိုယ်ပြန်ရှာထားတဲ့ဖိုင်ကို ဘယ်နေရာမှာထားမှာလဲဆိုတာ သူမေးလာပါလိမ်.မယ်။ Desktop ကိုရွေးပါ။ ပြီးရင် OK ကိုဆက်နှိပ်ပါ။ အဲ့ဒါဆိုရင် ကိုယ်ပြန်ရှာထားတဲ့ဖိုင် Desktop ပေါ်ပြန်ရောက်နေတာကိုတွေ့ရပါလိမ်.မယ်။




FormatFactory v2.70 Portable




Format Factory လေးက converter တခုပဲဖြစ်ပါတယ်။
video file ကနေ MP4 files ပြောင်းမယ် MP3 file ပြောင်းမယ် ။ သီချင်းတွေဖုန်းထဲထည့် လို့ ရအောင် 3gp file ပြောင်း မှ ထည့် လို့ ရမှာပါ။ Desktop ပေါ်မှာ
မရှိမဖြစ် softwareလေး တခု ဖြစ်ပါတယ်။သူငယ်ချင်းတို့  အသုံးဝင်မယ်လို့  ထင်ပါတယ် ။


ဒီမှာdownload   လုပ်ယူပါ။


Format Factory  converter.
All to MP4/3GP/MPG/AVI/WMV/FLV/SWF.
All to MP3/WMA/AMR/OGG/AAC/WAV.
All to JPG/BMP/PNG/TIF/ICO/GIF/TGA.
Rip DVD to video file , Rip Music CD to audio file.
MP4 files support iPod/iPhone/PSP/BlackBerry format.

Wednesday, 15 June 2011

windows 7 တင်နည်း ( မြန်မာလို )စာအုပ်

      
windows 7  installation e book ( မြန်မာလို )စာအုပ်လေးပါ windowsတင်နေကြသူတွေအတွက်တော့ လိုမယ်မထင်ပါဘူး..။စာအုပ်လေးထဲမှာ windows တင်နည်းကို ပုံနှင့် တကွ ရှင်လင်းတင်ပြထားတဲ့ အတွက် ကိုယ်တိုင် windows တင်ချင် သူတွေအတွက် အရမ်းကို အစဉ်ပြေမယ်လို့ ထင်ပါတယ် ။
                        လိုချင်တယ်ဆိုရင်တော့ ဒီမှာ download  လုပ်ယူပါ ။