Wednesday, 18 May 2011
Window 7 မှာ Restore Point လုပ်နည်း
 Window 7 မှာ System Restore Point လုပ်တဲ့ နည်းလေးပါ။လုပ်လို့ ရတဲ့နည်းလေးတွေ ထဲက (၂)နည်းလောက်ဝေမျှ ပေးလိုက်ပါတယ်။ ကြိုက်နှစ်သက်တဲ့ နည်းနဲ့ အဆင်ပြေသလို ကြည့်လုပ်ကြပါ။
ပထမနည်း
1. My Computer ကို Right Click ထောက်ပီး Open နဲ့ ဖွင့်လိုက်ပါ။ ကျလာတဲ့ Box ကလေးကနေ System Protection အပိုင်းကို သွားလိုက်ပါ။
2.System Properties ဆိုတဲ့ အထဲက System Protection အပိုင်းကို သွားလိုက်ပါ။ Create a Restore Point ဆိုတဲ့ Box လေး ထပ်ကျလာပါ လိမ့်မည်။ ကျလာတဲ့ Box လေးထဲမှာ မိမိ ကြိုက်နှစ်သက်ရာ နာမည်တခုခု ရိုက်ထည့်ပေးပါ။
3.System Protection လုပ်နေတဲ့ Box လေး အခုလို ကျလာပါလိမ့်မည်။
4.နောက်ဆုံးမှာတော့ အောင်မြင်စွာ ပြီးဆုံးသွားတဲ့ Box လေး အခုလိုကျလာ ပါလိမ့်မည်။
ဒုတိယနည်း
ကျွှန်တော်ခုန တင်ပြခဲ့တဲ့နည်းက Window 7 မှာပါတဲ့ Tools လေးတွေကို အသုံးချခဲ့တဲ့ အပိုင်းပါ။ အခုဆက်ပီး Software လေးနဲ့ အလွယ်တကူ လုပ်ချင်သူများ အတွက် အဆင်ပြေအောင် Software နဲ့လုပ်နည်းလေးပါ တပါတည်း တင်ပြပေးလိုက် ပါတယ်။ လုပ်နည်းလေးက ရိုးစင်းလို့ ကျတော် ထပ်ပြီ မရှင်းတော့ပါဘူး။ Software နဲ့လုပ်ရင် တွေ့ရမယ့် ပုံလေးတွေကို ကျတော် အောက်မှာ ပြထားပေးပါတယ်။ အဆင်ပြေကြမှာပါ။
ဒီ Box လေးမှာ မိမိ ကြိုက်တဲ့ နာမည်လေး ရိုက်ပီး Create Restore Point ဆိုတာလေး လုပ်လိုက်တာနဲ့ အောက်မှာပြထားတဲ့ ပုံလေးလိုဘဲ အိုကေသွားပါပီ။
Tuesday, 17 May 2011
Folder Password ပေးနည်း
 WinRar software နဲ့ မိမိ folder ကို zip file ပြောင်းချုံပြီ password ခံထားလို့ရပါတယ် လုပ်ပုံ လုပ်နည်းကလဲ ရိုးရှင်ပါတယ်။အောက်မှာ ကြည့်ပါ….
1.  မိမိရဲ့ folder ပေါ်မှာ Right click ပေးလိုက်ပါ။အောက်ပါပုံကို ကြည့်ပါ။
2. အောက်ပါအတိုင်းကျလာတဲ့ box မှာ General မှာ Zip လုပ်ချင်တာလာ Rar လုပ်ချင်တာလားရွေးပေါ့။ ကျွန်တော်က password ခံချင်တာကို ပြောချင်တာ ဖြစ်တဲ့အတွက် ကျော်လိုက်ပြီနော်။ Advanced ကို clickလိုက်နော်။ အောက်ပါအတိုင်း ၀ိုင်းထားတဲ့နေရာမှ Set password ဆိုတာကို clickလိုက်ပါ။
3. အောက်ပါအတိုင်း ကျလာတဲ့ box လေးထဲမှာ မိမိပေးချင်တဲ့ password ကိုပေးလို့ရပါပြီ။ show password တွေ ဘာမှ မလုပ်ပါနဲ့ (လုပ်လဲ ရပါသည်။ သိချင်ရင် စမ်းကြည့်ပေါ့နော်) ok ကိုသာ click လိုက်ပါ။
4. အောက်ပါအတိုင်း စချူံပါပြီခင်ဗျာ။ ပုံကိုကြည့်ပါခင်ဗျာ။။။။။
5. ချူံပြီပါက မိမိရဲ့ မှုရင် folder ကို ဖျက်ထုတ်ပစ်လိုက်ပါ။ စာအုပ်ပုံလေး ထွက်လာပါမည်။ ဒါကိုဖွင့်ချင်ရင်တော့ password ကိုသိမှ ဖွင့်လို့ရမှာဖြစ်ပါတယ်
6. ဘယ်လို folder ဖြစ်အောင်ပြန်ပြောင်ရမှန် မသိမှာဆိုတဲ့ အတွက် ထက်ပြီ ရေးပါ့မည်။( ခတ်တော့ မခတ်ပါဘူး)
7. မိမိချူံလိုက်တဲ့ စာအုပ်ပုံ rar ဖိုင်ကို right click ပေးလိုက်ပါ။ ပြီရင် Extract files ကို click လိုက်ပါ။ နောက် box တစ်ခုကျလာပါမည်။ မိမိထားချင်တဲ့ နေရာကို ရွေးပြီ ok ပေးလိုက်ပါ။ ဒါဆိုအဆင်ပြေပါပြီ။ (password ခံထားရင် password တောင်းရင် ထည့်ပေးလိုက်ပါ)။
Monday, 16 May 2011
(Installing Window XP) ဝင်းဒိုးစ် ထည့်သွင်းခြင်း
 အခု ကွန်ပြူတာ တလုံးကို ၀င်းဒိုးစ်အသစ် ပြန်တင်ပေးဖို့ လိုအပ်လာပြီ ဆိုပါစို့။ Windows installor CD တချပ်တော့ ရှိထားရပါမယ်။ အခု ဒီမှာတော့ Windows XP 2 ထည့်သွင်းပုံကို တဆင့်ချင်း ဖော်ပြပေးပါမယ်။
1. စီဒီကို စီဒီရွမ်ထဲ ထည့်ထားပါ။
2. ကွန်ပြူတာကို ရီစတတ် (Restart) လုပ်လိုက်ပါ။
3. POST (power on self test) ပေါ်လာချိန်မှာ ကီးဘုတ်ပေါ်က Delete ကီးကို ခေါက်ပေးပါ။ BIOS setup (basic input / output system ပေါ်လာစေဖို့ ဖြစ်ပါတယ်။ (BIOS အမျိုးအစားအလိုက် ပုံစံတွေကွဲပြားပါလိမ့်မယ်။ အလုပ်လုပ်ပုံကတော့ အတူတူပါဘဲ။)
4. First Boot ကို စီဒီရွမ်ပြောင်းပြီး Exit လုပ်ပါ။ (Boot ကို ဖွင့်ပြီး First နေရာမှာ CD-Rom ပြောင်းပေးပါ။)
5. Press any key to boot from CD စာတန်း ပေါ်လာရင် Enter ခေါက်လိုက်ပါ။
7. Windows Setup ဆိုတာပေါ်လာပါမယ်။ ဘာမှလုပ်စရာမလိုပါဘူး။ စောင့်နေပါ။ (နောက်အဆင့်ကနေပြီးတော့ ပုံတွေနဲ့ ပြသွားပါမယ်။)
8. Windows License Agreement ဖြစ်ပါတယ်။ “F8” ကိုခေါက်ပေးပါ။
9. လက်ရှိ ရှိနှင့်ပြီးသား ၀င်းဒိုးစ်ကို ပြင်မှာလား၊ မပြင်ဘူးလား မေးတာပါ။ Don’t Repair ပြင်ဖို့မလိုတဲ့အတွက် “ESC” ကိုခေါက်ပေးပါ။
10. အခုရှိနေတဲ့ ပါတေးရှင်းကို ဖျက်ပစ်ဖို့ မေးတာပါ။ “D” ကိုခေါက်ပေးပါ။
11. ပါတေးရှင်းဖျက်တာကို သေချာအောင်ထပ်မေးတာပါ။ “Enter” ခေါက်ပေးပါ။
12. ဖျက်ဖို့ ထပ်မေးတာပါဘဲ။ “L” ကိုခေါက်ပေးပါ။ ပါတေးရှင်း ၂ခု/၃ခု ရှိခဲ့ရင် ဒီအဆင့်ကို ၂ခါ/၃ခါ ထပ်လုပ်ပေးရပါမယ်။
13. ပါတေးရှင်း အသစ်လုပ်ယူဖို့ဖြစ်ပါတယ်။ “C” ကိုခေါက်ပေးပါ။
14. ပါတေးရှင်း အရွယ်သတ်မှတ်ဖို့ပါ။ (အောက်မှာရှင်းပြထားတာကို သေချာဖတ်ပါ။)
option A >>> Drive-C တခုထဲ ထားချင်ရင် “Enter” ခေါက်လိုက်ပါ။
option B >>> ဟာ့ဒစ်က 80 GB ရှိပြီး Drive-C 30 GB, Drive-D 50 GB စသဖြင့် ခွဲထားချင်ရင်တော့
Partition C အရွယ်ကို အရင်သတ်မှတ်ပေးပါ။
Drive C ကို 30 GB ထားချင်ရင် 30720 လို့ ထည့်ပေးပြီးမှ “Enter” ခေါက်ပါ။ (1GB=1024MB)
ဒါဆိုရင် C: Partition … 30720 MB စာတန်း ပေါ်လာပါမယ်။
သူ့အောက်မှာ Free space နေရာလွတ်ကျန်တာကို Drive D အတွက်သတ်မှတ်ရပါမယ်။ ကီးဘုတ်ပေါ်က arrow key ကိုသုံးပြီး အောက်က ဖရီးစပေ့ကို Select လုပ်ပါ။ Create Partition လုပ်ဖို့ “C” ကိုခေါက်ပါ။ “Enter” ခေါက်ပါ။
ဒါဆို ပါတေးရှင်း ၂ခုခွဲပြီး ဖြစ်သွားပါမယ်။
15. Select လုပ်ထားတဲ့ ပါတေးရှင်းမှာ ၀င်းဒိုးစ် ထည့်သွင်းဖို့ဖြစ်ပါတယ်။
C: Partitions ကို ရွေးထားပြီးဖြစ်တယ်ဆိုရင် “Enter” ခေါက်လိုက်ပါ။
16. ဖိုင် စစ်စတမ် ရွေးဖို့ပါ။
NTFS ကိုရွေးထားပြီးဖြစ်တယ်ဆိုရင် “Enter” ခေါက်လိုက်ပါ။
17. ၀င်းဒိုးစ် စပြီး အင်စတော လုပ်နေတာပါ။
ထိုင်ကြည့်ရုံပါဘဲ။
စောင့်ကြည့်ရင်းနဲ့ နောက်ထပ်ပုံစံပြောင်းသွားတာရှိလာပါမယ်။ ဘာမှလုပ်စရာမလိုပါ။
18. ကွန်ပြူတာအသုံးပြုတဲ့ဒေသ (Regional)၊ ကွန်ပြူတာမှာသုံးမယ့် ဘာသာစကား (Language) သတ်မှတ်ဖို့ပါ။
“Customize” ကိုကလစ်ပြီး English (United State) ကိုရွေးပေးပါ။ ပြီးရင် “Next” ကို ကလစ်ပါ။
19. ကွန်ပြူတာသုံးသူ နာမည်နဲ့ အဖွဲ့အစည်း နာမည် ထည့်ဖို့ပါ။
တခုခုထည့်ပေးလိုက်ပါ။
20. ကွန်ပြူတာ အမည်သတ်မှတ်ဖို့ပါ။
တခုခုထည့်ပေးပါ။ သူ့အတိုင်းထားလည်း ရပါတယ်။ ပတ်စ၀ါဒ်လည်း ထည့်ပေးနိုင်ပါတယ်။
မထည့်ဘဲ ထားလည်း ဘာမှမဖြစ်ပါဘူး။
21. နေ့စွဲ၊ အချိန်နဲ့ ဒေသစံတော်ချိန်တွေ သတ်မှတ်ဖို့ပါ။
ဒီနေ့ နေ့စွဲ၊ အချိန်တွေ သတ်မှတ်ပေးပါ။
Time Zone မှာတော့ မြန်မာပြည်ဆို ရန်ကုန်၊ ထိုင်းဆို ဘန်ကောက် စသဖြင့် ကိုယ့်ကွန်ပြူတာမှာ အသုံးပြုမယ့် ဒေသစံတော်ချိန် ရွေးပေးလိုက်ပါ။
22. “Next” ကိုဘဲ ကလစ်လုပ်ပါ။
23. ဒီမှာလည်း “Next” ကိုဘဲ ကလစ်ပါ။
24. ထိုင်ကြည့်ရုံပါဘဲ။
25. ဆက်ကြည့်နေလိုက်ပါဦး။
26. အိုကေကိုဘဲ ကလစ်လိုက်ပါ။
27. ဒီမှာလည်း အိုကေပါဘဲ။
28. “Next” ကိုကလစ်ပါ။
29. “Skip” ကိုကလစ်ပါ။
30. “No” ကို check လုပ်ပြီး “Next” ကိုကလစ်ပါ။
31. ဒီမှာလည်း “No” ကို check လုပ်ပြီး “Next” ကိုကလစ်ပါ။
32. ကွန်ပြူတာအသုံးပြုသူအမည်ထည့်ပေးဖို့ပါ။
တခုခုထည့်ပေးပါ။ ဘာနာမည်ဖြစ်ဖြစ်ပေါ့။ အပေါ်ဆုံးက တခုထည့်ရင် လုံလောက်ပါပြီ။
33. ကျေးဇူးတင်ပါတယ်တဲ့။ မိုက်ခရိုဆော့က ပြောတယ်။
“Finish” ကိုကလစ်ပါ။
34. ခဏစောင့်ပါ။
35. အိုကေ။ ဒီမှာ ၀င်းဒိုးစ် ပွင့်လာပါပြီ။
ဝင်းဒိုးစ် စီရီယယ်နံပါတ် (Windows Serial Number or Product Key)
ကျနော်တို့ သုံးနေတဲ့ ၀င်းဒိုးစ် အင်စတော်လာ စီဒီတွေက အမျိုးမျိုးဆိုတော့ နံပါတ်တွေလည်း အမျိုးမျိုး ဖြစ်နေပါလိမ့်မယ်။ ကိုယ့်စီဒီမှာ ရေးထားပေးတဲ့ နံပါတ်ကို ထည့်ရမှာပါ။ ၀င်းဒိုးစ်ထည့်သွင်းစဉ် တနေရာရာမှာများ အောက်ကပုံမှာပြထားတဲ့ အတိုင်း Serial no. မေးလာခဲ့ရင် ကျနော်လက်ရှိသုံးနေ တဲ့ နံပါတ်က wgp2m-g8m6t-bt7d4-p7ry7-27k76 ဖြစ်ပါတယ်။ ပြီးတော့ Next ကိုနှိပ်ပေါ့လေ။ (တကယ်လို့များ နံပါတ် မှားနေတယ် ပြောရင် www.serials.ws ကနေတဆင့် ၀င်းဒိုးစ် စီရီရယ် နံပါတ်တွေ လိုက်ရှာနိုင်ပါတယ်။)
37. နံပါတ်ထည့်ပေးပြီး Next ကိုကလစ်ပါ။
Saturday, 14 May 2011
Gtalkတွင် Mail icon ကို နှိပ်ပြီး Mozilla ဖြင့် တိုက်ရိုက်ပွင့်အောင်လုပ်နည်း
တစ်ချို့ကွန်ပျူတာမှာ Gtalkတွင် Mail icon ကို နှိပ်လိုက်တာနဲ့ Mozilla Broswerနဲ့ ပွင့်မလာပဲ၊ Enternet Explorer နဲ့ ပွင့်လာတာတွေ့ရတယ်။ အဲဒါကို mozilla firefoxနဲ့ တိုက်ရိုက် ပွင့်စေချင်ရင် အောက်ပါအချက်တွေဖြင့်လုပ်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။
Gtalk တွင် Setting ကိုနှိပ်။
၁။ box တစ်ခုကျလာပါလိမ့်မယ် general ကို နှိပ်ပါ။
၂။ ထိုနောက် Open Gmail When I click on email links တစ်ခြစ်လိုက်ပါ။ ပြီးတော့ OK
နှိပ်။
ပြီးတော့ Mozilla firefox ကိုဖွင့်။ Menu ဘားတွင်ရှိသော tools = option ကိုဆက်နှိပ်။
၃။ ပေါ်လာသောဘောက်စ်တွင် Menu ဘားတွင်ရှိသော advance ကိုနှိပ်။
၎။ System defualt အောက်မှာရှိသော Always check to see .........အကွက် တစ်ခြစ်
လိုက်ပါ။
Mozilla firefox ကို ပိတ်ပြီး ပြန်ဖွင့်လိုက်
အဆင်ပြေပါစေ....
MICROSOFT EXCEL 2002 မြန်မာလို စာအုပ်
EXCEL 2002 မြန်မာလို စာအုပ်ဒီမှာ
 DOWNLOAD လုပ်ယူပါ..။
Sunday, 8 May 2011
window 7 မှာ partition ဘယ်လိုပိုင်းမလဲ
  1. Desktop က my computer >> right click နှိပ်ပြီး Manage ကိုရွေးပေးလိုက်ပါ ။
  2. computer Management box ပေါ်လာပါမယ်။
  3. storage >> Disk Management ကို ရွေးပေးလိုက်ပါ။
  4. မိမိပွားယူမယ့်အပိုင်းကိုခွဲဖို့ မူလရှိသည့် HDD ကိုရွေးပေးပါ။ (တစ်ပိုင်းတည်းဆို C:/ ကိုရွေးပေးပါ) တစ်ပိုင်းတည်းကို ပြန်ခွဲတာပဲပြောပြပါ့မယ် . အတူတူပါပဲ ကျွန်တော်က C;/ တစ်ပိုင်းတည်းကို နှစ်ပိုင်းပြန်ခွဲပြမှာပါ
  5. C:/ >> right click နှိပ်ပြီး shrink volume ကိုရွေးပေးလိုက်ပါ
  6. Enter the amount of space to shrink in MB မှာ မိမိ ပိုင်းချင်တဲ့ပမာဏကို ထည့်ပေးရမှာပါ . (1000 MB = 1 GB)
  7. ပြီးတာနဲ့ Shrink ကိုနှိပ်ပေးလိုက်ပါ
  8. partition အသစ်တစ်ခု တိုးလာတာကိုတွေ့ရမှာပါ တွေ့တဲ့ partition အသစ်ကို right click ထောက်ပြီး New simple volume ကိုရွေးပေးပြီး Next .... Next ဆိုပြီးတော့ ဆက်နှိပ်သွားလိုက်ပြီးတာနဲ့ နောက်ဆုံးမှာ partition အသစ်တစ်ခု ထပ်တိုးလာတာကိုတွေ့ရမှာပါ .
အားလုံးအဆင်ပြေပါစေဗျာ ..
Saturday, 30 April 2011
Gtalk myanmar font software and slove the something error
gtalkမှာ ကိုယ်တိုင်လည်း ဖြစ်ဖူးတာတစ်ခုရှိပါတယ်
Window ကြောင့်ဘဲဖြစ်ဖြစ် virus ကြောင့်မို့ဘဲ ဖြစ်ဖြစ်
program တစ်ခုrun လိုက်လို့ဘဲဖြစ်ဖြစ် Gtalk နဲ့ gmail တွေမှာ မြန်မာဖောင့်မပေါ်တာတွေဖြစ်တက်ကြပါတယ်.Explorer Broswer က Tools ကိုသွား
 ပြီးရင် Internet option ပြီးရင် Generalကနေ
font ကိုကလစ်ပြီး Zawgyi-one ချိန်းပေးပါ..Explorer ကိုပိတ်ပြီး gtalk ကိုပြန်ဖွင့် သုံးကြည့်ရင်
မြန်မာဖောင့်ပေါ်လာတာကို တွေ့နိုင်ပါတယ်
စာဖတ်သူအပေါင်းကို ကျေးဇူးတင်လျှက်.
.
Wednesday, 27 April 2011
Portable Oxford English Dictionary
Portable Oxford English Dictionary အော့ဖိုစ် ကထုတ်ထားတဲ့ သွားလိုရာ USB flash Drive လေးနဲ့ သိမ်းဆည်း သယ်ယူသွားလို့ ရပါတယ်။ သုံးချင်တဲ့ ကွန်ပျူတာ မှာသုံးယုံပါပဲ။ Portable Oxford English Dictionary ကို ဒေါင်းလော့လုပ် ယူမယ်ဆိုရင် ဒီမှာdownload   လုပ်ယူပြီး သိမ်းဆည်းထား နိုင်ပါတယ် ။
Tuesday, 26 April 2011
Portable Adobe Illustrator CS3
ကဲ ၀ါသနာရှင်များ လိုချင်တယ်ဆိုရင် ဆွဲလိုက်ပါ . အောက်မှာ တင်ပေး လိုက်ပါတယ် . Portable ဆိုတော့ သက်တောင့်သက်တာ ရှိတာပေါ့ . သယ်ရတာလဲ လွယ်တယ် .(82.16)MB
 ၊ Download mediafire ၊ 
source: ညီနေမင်း