Saturday 20 April 2013

WHIZZO English-Myanmar Dictionary

English Myanmar Dictionary လေးဖြစ်ပါတယ်။
ကျောင်းသားကျောင်းသူလေးတွေရေးထားတဲ့
ဆော့ဝဲလ်လေးပါပဲ။ ဘာရယ်မဟုတ်ပါဘူး။ ကျွန်တော်သုံးနေတဲ့ကွန်ပျူတာမှာတွေ့တာနဲ့ သဘောကျပြီးသယ်ရင်းတို့ကိုပါ မျဝေချင်လို့ တင်ပေးလိုက်တာပါ။ ဖိုင်ဆိုဒ်ကလည်း သေးသေးလေးဆိုတော့ အဆင်ပြေမှာပါ။ ထုံးစံအတိုင်းပဲ mediafire ကနေတင်ပေးထားတယ်နော်။ အဆင်ပြေကြပါစေဗျာ...

English-Myanmar Dictionary

English-Myanmar Dictionary ထဲမှာ ပေါ့ပေါ့ပါးပါးလေးမို့ ယူထားသင့်ပါတယ်။ ဖိုင်ဆိုဒ်ကလည်း သေးသေးလေးပါပဲ။အရင်ဆုံး မိမိစက်ထဲ့မှာ Alpha Zawgyi, Myanmar3 လိုမြန်မာဖောင့်တစ်ခုခုကို Install လုပ်ထားရမှာဖြစ်ပါတယ်။ ဒီဆော့ဝဲလ်ရဲ့ မူလပိုင်ရှင်ကတော့ ဒီဆော့ဝဲလ်ကို သူ့ရဲ့ခွင့်ပြုချက်မရှိဘဲနဲ့ ပြုပြင်ခြင်း (Reverse နည်းပညာကိုအသုံးပြုပြီး)အခြားဆိုဒ်တစ်ခုခုကနေ ပို့စ်လုပ်ခြင်းမှ ခွင့်မပြုပါဘူးတဲ့။
ကျွန်တော်ကတော့ဒီဆော့ဝဲလ်ကိုမိမိအကျိုးအတွက်တင်ပေးတာမဟုတ်တဲ့အတွက် Copyright 
နဲ့မငြိတန်ကောင်းပါရဲ့ ။ လိုချင်တယ်ဆိုရင် အောက်ကနေယူသွားနိုင်ပါတယ်နော်။
အားလုံးပဲ အဆင်ပြေကြပါစေ။ kozaw357.multiply.com မှ
                                                  File Size:5.57 MB


Saturday 13 April 2013

ကွန်ပျုတာ မအိပ်အောင်


ကျွန်တော်ကတော့ ဒီ ကွန်ပျုတာ Sleep သွားတာ ခဏခဏကြုံရတယ် အထူးသဖြင့် Download လုပ်နေ
တဲ့အချိန် ဒါမှမဟုတ် Upload လုပ်နေတဲ့အချိန်မှာ ကိုယ့်ကလဲ ဒီအတိုင်းဘဲ ကွန်ပျုတာကို ထားခဲ့ပြီးအပြင်
ထွတ်သွားတာပေါ့ ပြန်လဲရောက်ရော ကွန်ပျုတာက အိပ်ပျော်နေပါရော(Sleep) ပြန်လဲဖွင့်လိုက်ရော
Download, upload လုပ်ထားသမျှတွေ အကုန် ပျက်ပြီး အစကနေ ပြန် Download, upload လုပ်ရတာပေါ့။ ဒီဘာမှမဟုတ်တဲ့ Setting လေးတခုကို မချိန်းထားမိတာနဲ့ အခုလိုဖြစ်ရတာပေါ့။ တခါတလေကျတော့လဲ အခုလိုကွန်ပျုတာ(Sleep)အိပ်ပျော်အောင် လုပ်ထားခြင်းဖြင့် တခါတလေမှာလဲ
ကိုယ်မသုံးဘဲနဲ့ ဒီအတိုင်းထားခဲ့မိရင် သူ့အလိုလျောက်ပိတ်သွားတော့ မီးအားသက်သာပြီး အဆင်ပြေတာပေါ့။ဆိုတော့ Setting အပြောင်းအလဲကို
Desktop မှာ Right click- personalization-screen saver-change power settings- change when the computer sleeps ကနေပြီးတော့ ကိုယ်လိုအိပ်သလို အပြောင်းအလဲလုပ်နိုင်ပါတယ်။

Windows 8 ရဲ့ သိသင့်တဲ့လျို့ဝှက်ချက် ၆ ခု

Windows 7 နဲ့ windows 8 က တော်တော်လေးကို ပြောင်းလဲသွားပြီး စအသုံးပြုတဲ့ အခါမှာ အခက်ခဲတွေကိုများကြီးတွေ့ရမယ်လို့ထင်ပါတယ် ဒီလို အခက်ခဲတွေထဲက တချို့တလေကို ဖြေရှင်းဖို့နည်းလမ်း ၆ ကိုမိတ်ဆတ်ပေးချင်ပါတယ်။ ပထမဦးဆုံး အလွယ်ဆုံး windows 7 နဲ့ အတူဆုံးဖြစ်တဲ့ Desktop ကို windows 8 ကနေသွားတဲ့နည်းပါ။

windows 8 ကိုဖွင့်ဖွင့်လိုက်ခြင်းမှာ အထက်ပါပုံအတိုင်းတွေ့ရပါမယ်။ ဒီမှာ ငါးအရုပ်လေးနဲ့ Desktop ဆိုကို
နှိပ်လိုက်ရင် windows 7 မှာ သုံးနေကြ Desktop ကိုတွေ့ရပါမယ်။ ဒီမှာတော့ start button မရှိပေမဲ့  အရင်က အဲဒီ start button ရှိတဲ့ နေရာမှာ Right click နှိပ်လိုက်ရင်
 အထက်ပါပုံအတိုင်းဘဲ Task manger, Run, Search, control panel, disk manager စတဲ့ windows ရဲ့
Features တွေကို ၀င်ရောက်လို့ရပါတယ်။
၂၊ Automatic Backup
Windows 8 မှာ automatic backup features ပါလာပါတယ်  ဒီ features ကို File history လို့ခေါ်ပြီးတော့  files တွေကို backup အလိုလျှောက်လုပ်ပေးပါတဲ့  အရင် System restore နဲ့ ခပ်ဆင်ဆင်ဖြစ်ပါတယ်။  ကျွန်တော်က Files တွေကို မသိဘဲနဲ့ ဖျတ်လိုက်မိတာတို့ windows ပျတ် သွားတာတို့မှာ အထောက်အကူအများကြီးပြုမှာဖြစ်ပါတယ်။ ဒါပေမဲ့လဲ ဒီ Features က windows  မှာ အလိုလျှောက် enable မထားပါဘူး။ enable လုပ်ဖို့လိုအပ်ပါလိမ့်မယ် Control panel ကနေတဆင့်။
၃၊ Desktop Mix
Windows 7 မှာ ကျွန်တော်တို့ သိတဲ့အတိုင်း cursor နဲ့ ဖွင့်ထားတဲ့ window တခုကို ဆွဲပြီး desktop ရဲ့ ထောင့်ကိုပစ်လိုက်ရင် ဒီ window က ဒေါင့်တနေရာမှာရှိပြီး နောက်တခုကို ထိုနည်းအတူလုပ်ခြင်းဖြင့်
အောက်ပါပုံအတိုင်း window နှစ်ခုကို တပြိုင်ထဲအသုံးပြုလို့ရပါတယ်။

Windows 8 မှာကျတော့  ဒီထက်ပိုပြီးတော့ Mix metro desktop လို့ခေါ်တဲ့  weather forecast စတာကို
အထက်ပါပုံမှာ မြင်တဲ့အတိုင်း Desktop ရဲ့ ဒေါင့်မှာ ပေါ်နေပြီး ကိုယ့်က Photoshop လုပ်နေရင်းနဲ့
Weather, twitter, facebook စတဲ့ သူများ Status update လုပ်နေတာကိုပါ မြင်နေရပါမယ်။
၎။ Sync Everywhere
Windows 8 က Apple ရဲ့ Icloud လိုဘဲ Windows ID နဲ့ Computer မှာ ၀င်လိုက်ရင် ကိုယ့် account ထဲမှာရှိတဲ့ email, photos etc.. စတဲ့ ကိုယ့် data တွေနဲ့ Setting တွေကို windows ထဲမှာ ၀င်သွားမှာဖြစ်ပါတယ်.
၅။ Shortcuts
Windows 8 မှာ အရင်က Windows 7 မှာ အသုံးပြုခဲ့တဲ့ Shortcuts တွေလဲ အသုံးပြုလို့ရသေးသလိုထက်
ပြီးတော့  တိုးလာတဲ့ Shortcuts လေးတွေရှိပါတယ်.
win key နဲ့ Prtsc key ကို အတူတူနှိပ်ခြင်းအားဖြင့် Print screen ကို .png format နဲ့ pictures library folder မှာအလိုလျှောက် save ပေးမှာဖြစ်ပါတယ်။ windows 8 ရဲ့ shortcuts99ခုကိုဒီမှာ ဖော်ပြထားပါတယ်။
၆။ Easy Reinstall
Windows 8 မှာပါလာတဲ့  ဒီ Easy Reinstall က အရင်တုန်းက ရှိတဲ့ Systemrestoreနဲ့တူပါတယ်။အဲဒါကတော့
Refresh your PC ဆိုတာပါဘဲ။ Refresh your PC က windows setting တွေကိုအားကိုdefauleမှာပြန်ထား
ပေးပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ Data တွေကိုတော့ ဘာမှမထိဘဲ အရင်ကအတိုင်းရှိနေမှာပါ။
ဒါပေမဲ့ Remove everything ကို နှိပ်လိုက်ရင်တော့  အားလုံးကို ဖျောက်ပစ်လိုက်မှာဖြစ်ပါတယ်။ ဒီဟာက
တော့ Virus ထိတဲ့ အခါတို့ Computer မှာရှိတဲ့ Data တွေအားလုံးကို ဖျောက်ပစ်တဲ့ အချိန်ကြမှာသာ
အသုံးဖို့ဖြစ်ပါတယ်။
SBSangpi(စံပီး)
Source:
http://www.lifehacker.com.au/2013/01/six-hidden-windows-8-features-you-cant-live-without/