Tuesday 11 February 2014

For window - 64 bit ဇော်ဂျီ ယူနီကုတ်




(သိပြီးတဲ့သူများ ဆောရီးပါ)ပထမ အဆင့် အနေနဲ့  ကျွန်တော် တို့  install လုပ်နေကြအတိုင်း
  ဒီမှာ download လုပ်ပါ













ဇော်ဂျီ ယူနီကုတ် ကို install လုပ်လိုက်ပါ။ 
ပြီရင်တော့ ဒါလေး ထပ်ပြီး install လုပ်လိုက်ပေါ့နော်...
  ဒီမှာ download လုပ်ပါ

ပထမ အဆင့်ကတော့ ကျွန်တော် တို့  install လုပ်နေကြအတိုင်း
ဇော်ဂျီ ယူနီကုတ် ကို install လုပ်လိုက်တာပါ...
ဒုတိယ အဆင့် ကတော့ ဇော်ဂျီ အဖွဲ့ သားတွေ windows 64 bit အတွက် ပြုလုပ်ပေးထားတဲ့  zip ဖိုင်လေးပဲ ဖြစ်ပါတယ်



windows 64 bit အသုံးပြု သူများအားလုံး အစဉ်ပြေကြပါစေနော်...

Monday 10 February 2014

Windows 7 မှာ DVD Drive ပျောက်နေရင်



မင်္ဂလာပါ။Windows 7 မှာ DVD Drive ပျောက်တာ တစ်ခါတစ်လေကျရင် ကြုံရတတ်ပါတယ်။အဲဒီ အခါကျရင် ကျွန်တော်တို့ BIOS ထဲဝင်ကြည့်တတ်ပါတယ်။BIOS ထဲဝင်ကြည့်ရင် လည်းအဲ့ဒီမှာ DVD Drive ရှိနေတယ်ဆိုတဲ့
အကြောင်းပြနေတယ်။အဲ့ဒီလို ဘာဖြစ်လို့ဖြစ်ရလည်းဆိုရင်
အကြောင်းရင်း အမျိုးမျိုးရှိပေမယ့် ဖြစ်နိုင်ခြေများတာက
Registry error တွေကြောင့်ဖြစ်နိုင်တယ်လို့ ယူဆ လို့ရပါတယ်။ဒါကြောင့် ဒီနည်းကိုသုံးပြီး Registry တစ်ချို့ ကို ကလိပေးရင် ပြန်ကောင်းနိုင်ပါတယ်။ကဲကြည့်ရအောင်။

အဆင့် ၁။ Start Menu ကို Click နှိပ်ပါ။ပြီးရင် Regedit ကိုရိုက်ထည့်ပေးပါ။


အဆင့် ၂။ Registry Editor ပေါ်လာပြီဆိုရင် အောက်ပုံမှာ ပြထားတဲ့အတိုင်း တစ်ဆင့်ချင်း Double click
              နှိပ်ပြီးသွားပါ။
HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control\Class\{4D36E965-E325-11CE-BFC1-08002BE10318}

အဆင့် ၃။ အပေါ်မှာ ပြထားတဲ့ အတိုင်း တစ်ဆင့်ချင်းသွားပြီးရင် Folder name  “{4D36E965-E325-11CE-BFC1-08002BE10318}” ကိုရှိပြီး အောက်ပုံမှာပြထားတဲ့ အတိုင်း Upper filter ကို
Delete လုပ်ပေးပါ။Upper Fillter လို့မတွေ့ Lower Filter လို့တွေ့ပါလိမ့်မယ်။Lower Filter ကိုလည်း
Delete လုပ်ပေးပါ။
 
                    တယ်ကယ်လို့သင်ဟာ “UpperFilters.bak” ကိုတွေ့နေတယ်ဆိုရင် မဖျက်ပါနဲ့။
အဆင့် ၄။ ပြီးရင် Registry Editor ကိုပိတ် သင့်ရဲ့ PC ကို Restart လုပ်ပေးပါ။အဆင်ပြေသွားပါလိမ့်မယ်။



ပြန်လည်မျှဝေထားခြင်းဖြစ်ပါသည်။

Saturday 8 February 2014

WiFi လွှင့်နည်း အဆင့်ဆင့်




 Router ကနေ WiFi လွှင့်နည်းကို မေးထားလို့ပါ အားလုံး ဗဟုသုတရစေဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်..။


အိမ်တွင်း၊ ရုံးတွင်းအတွက် Wi-Fi လွှင့်ဖို့ဆိုရင်တော့ Wireless Router (သို့မဟုတ်) Access Point ကို အသုံးပြုပြီး လွှင့်နိုင်ပါတယ်။ Wi-Fi ကို မိုင်နဲ့ချီပြီး လွှင့်ချင်တယ်ဆိုရင်တော့ Router မှာတဲ့ Antenna လောက်နဲ့ မရတော့ဘူး။ CPE တွေ Antenna အကြီးစားတွေ လိုအပ်ပါလိမ့်မယ်။

 အခုဆောင်းပါးမှာတော့ Wi-Fi လွှင့်နည်း အသေးစိတ် ရေးသားဖော်ပြသွားပါ့မယ်။ Wi-Fi မလွှင့်ခင် အရင်ဆုံးတော့ Wireless နည်းပညာအကြောင်းလေးတွေ အနည်းငယ် သိမှ ဖြစ်ပါလိမ့်မယ်။
 ကိုယ်က Wi-Fi ကို ခပ်ဝေးဝေးလွှင့်ချင်တယ် ဆိုပါစို့။ အရိုးရှင်းဆုံး တွေးကြည့်ရအောင်ပါ။ 
Wireless Router တွေမှာ ပါဝင်တဲ့ Antenna တွေဟာ ပေ ၅၀၀ လောက်ထိပဲ ရနိုင်တာမို့ ပိုပြီး ဝေးဝေးရောက်ချင်ရင် Antenna အကြီးစားတစ်ခု ၀ယ်ပြီး Wireless Router နဲ့ ဆက်သွယ်ရပါလိမ့်မယ်။ 
အဲဒီ Antenna ၀ယ်တဲ့အခါမှာ Omini တွေ Directional တွေ dBi ဆိုတဲ့ နည်းပညာစကားလုံးတွေကို မလွဲမသွေ ရင်ဆိုင်ရပါလိမ့်မယ်။ ဒါ့အပြင် Antenna မှာ Outdoor Antenna နဲ့ Indoor Antenna ဆိုပြီး ကွဲပြားပါသေးတယ်။ လောလောဆယ် လူသုံးများနေတဲ့ TP-Link Outdoor Antenna ANT-2421D ကို ကြည့်ကြည့်ရအောင်ပါ။
 အောက်နားမှာ ဖော်ပြထားတဲ့ ပုံဟာ ANT-2421D ဖြစ်ပါတယ်။
ပုံကြည့်ရင်တော့ လက်တစ်တောင်လောက်ပဲ ရှိမယ်လို့ ထင်စရာပါ။ ဒါပေမဲ့ လူတစ်ရပ်စာနီးပါး ရှည်ပါတယ်။ ဒီ Antenna ကို Wireless Router နဲ့ ဆက်သွယ်လိုက်တာနဲ့ ကိုယ့်ရဲ့ Wi-Fi ဧရိယာက ခပ်ဝေးဝေးထိကို ရောက်ပါလိမ့်မယ်။

သူ့ရဲ့ Specification ကတော့ အောက်ပါအတိုင်းပါ။


Specification မှာ အဓိကထားပြီး ကြည့်ရမှာက Gain ပါ။ ဒီ Antennaဆိုရင် Gain က 15 dBi ထိ ရပါတယ်။ dBi ဆိုတာက decibel isotropic ရဲ့ အတိုကောက်ဖြစ်ပါတယ်။ decibel ဆိုတာက အသံရဲ့အတိုးအကျယ်ကို တိုင်းတာတဲ့ ယူနစ်တစ်ခုဆိုလည်း ဟုတ်ပါတယ်။ dBi ယူနစ်ဟာ Ominidirectional Antenna တွေအတွက် တိုင်းတာတဲ့ ယူနစ် ဖြစ်ပါတယ်။
 dBi တန်ဖိုးများလေလေ လှိုင်းများကို ဖမ်းနိုင်၊ပို့နိုင်တဲ့ ခွင်ကျဉ်းလေလေ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အရပ်ရှစ်မျက်နှာအနှံ့ ၀ိုင်ဖိုင်ကွန်ယက် ဖြန့်ချင်ရင် dBi တန်ဖိုး နည်းတဲ့ Antenna တွေကို သုံးစွဲသင့်ပြီး လားရာတစ်ဖက်တည်းကို အဓိက ဦးတည်ချင်ရင်တော့ dBi တန်ဖိုးများတဲ့ Antenna ကို သုံးစွဲသင့်ပါတယ်။ dBi တန်ဖိုးအနည်းအများဟာ အကွာအဝေးနဲ့ တိုက်ရိုက်သက်ဆိုင်မှု မရှိပါဘူး။ (dBi တန်ဖိုးများရင် အဝေးကြီးရောက်အောင် လွှင့်နိုင်တယ်လို့ မယူဆမိပါစေနဲ့) ဖမ်းယူနိုင်တဲ့ဧရိယာကိုတော့ Beamwidth ကို ကြည့်ပြီး ဆုံးဖြတ်နိုင်ပါတယ်။ 

ဒီ Antenna မှာ Beamwidth က horizontal ဆိုရင် ၃၆၀ဒီဂရီ ရရှိပြီး vertical က ၉ ဒီဂရီပဲ ရပါတယ်။ ဆိုလိုတာက Antenna နဲ့ horizonal အနေအထားအတိုင်း ဖမ်းမယ်ဆိုရင် ၃၆၀ ဒီဂရီရတာမို့ အရှေ့က ဖမ်းဖမ်း၊ အနောက်က ဖမ်းဖမ်း မိမှာပါ။ ဒါပေမဲ့ vertical အနေအထားနဲ့ ဖမ်းမယ်ဆိုရင်တော့ 9 ဒီဂရီအတွင်းမှာပဲ ရရှိနိုင်ပါလိမ့်မယ်။ ဒါကြောင့်လည်း ဒီ Antenna ကို Omini Antenna ရယ်လို့ အလွယ်ခေါ်ကြတာပါ။
 ၃၆၀ ဒီဂရီ ဖမ်းနိုင်၊လွှတ်နိုင်တယ်ပေါ့လေ။ အပိုင်း (၁) တုန်းက Wi-Fi ဝေးဝေးရောက်ချင်ရင် Wireless Router ဒါမှမဟုတ် Access Point နဲ့ Omini Antenna နဲ့ တွဲသုံးဖို့ ရေးသားခဲ့ပါတယ်။ အဲဒီအတွက် အဲဒီနှစ်ခုကို ချိတ်ဆတ်ရင် ဘယ်လိုချိတ်ဆတ်မလဲဆိုတာ ကြည့်ရအောင်ပါ။ Wireless Router တွေမှာ External Antenna နဲ့ဆက်သွယ်ဖို့ Connector ပါဖို့တော့ လိုပါလိမ့်မယ်။ Antenna က ထွက်လာမယ့် Cable မှာတပ်ဆင်ထားတဲ့ Connector က RP-SMA အမျိုးအစား ဖြစ်ပါတယ်။ အဲဒီ RP-SMA က Wireless Router သို့မဟုတ် Access Point ရဲ့ Connector ကို တိုက်ရိုက်ဆက်သွယ်လို့ မရပါဘူး။ Wireless Router သို့မဟုတ် Access Point ရဲ့ Connector ကို Pigtail Cable နဲ့ အရင်ဆက်သွယ်ရပါမယ်။ ပြီးတော့မှ အဲဒီ Pigtail Cable နဲ့ Antenna ရဲ့ Cable နဲ့ ဆက်သွယ်ရပါလိမ့်မယ်။ ပုံကိုကြည့်ပါ။
အထက်ပါပုံစံအတိုင်း ဆက်သွယ်ပြီးရင် Access Point သို့မဟုတ် Wireless Router ရဲ့ Setting ကို ပြင်ဆင်ရပါလိမ့်မယ်။ သဘောကတော့ အခုအချိန်မှာ External Antenna နဲ့ ဆက်သွယ်လိုက်ပြီ ဖြစ်တဲ့အတွက် Default Antenna ကို မသုံးစွဲတော့ဘဲ External Antenna နဲ့ပဲ အလုပ်လုပ်ပါလို့ ပြောရမှာဖြစ်ပါတယ်။ အဲဒီအတွက် Browser တစ်ခုခုကို ဖွင့်ပြီး Wireless Router သို့မဟုတ် Access Point ရဲ့ IP ကို ရိုက်ထည့်ပြီး Login ၀င်ပါ။ ပြီးရင် ပြင်ဆင်ပါ။
 (Wireless အုပ်စုထဲက Antenna ကို တွေ့အောင်ရှာပြီး External လို့ပြောင်းပြီး Save နှိပ်ပါ။ External Antenna နဲ့လည်း Join ပြီးသွားရင် ကိုယ့် Wi-Fi က ဘယ်လောက်အကွာအဝေးထိ ရောက်နိုင်သလည်းဆိုတာ သိချင်မှာ အမှန်ပါပဲ။ Wi-Fi ကို အဝေးကြီးနေ မိဖို့ဆိုတာ လွှင့်တဲ့ဘက်ကနေမကဘဲ ဖမ်းယူတဲ့ဘက်မှာပါ အရေးကြီးပါတယ်။ 

Laptop မှာပါတဲ့ Wi-Fi Adapter လေးနဲ့ ဖမ်းမယ်ဆိုရင်တော့ လွှင့်တဲ့ဘက်က ဘယ်လိုပဲ ပစ္စည်းအကောင်းစားတွေနဲ့ လွှင့်ပါစေ အဝေးကြီးကနေ ဘယ်လိုမှ မဖမ်းယူနိုင်ပါဘူး။ ဒါဟာ လွှင့်တဲ့ဘက်ကကြောင့် မဟုတ်ဘဲ Laptop မှာပါတဲ့ Wi-Fi Adapter ကြောင့်သာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဖမ်းယူတဲ့ဘက်မှာ Gain များတဲ့ CPE သို့မဟုတ် USB Wireless Adapter စတာတွေ တစ်ခုခုသုံးပြီး ဖမ်းယူမှ အဝေးကြီးကနေ ဖမ်းယူနိုင်ပါလိမ့်မယ်။ TP-Link Products တွေကို အကြိုက်တွေ့သူများအတွက်တော့ သူတို့ရဲ့ Offical Website ထဲမှာ Distance Calculator ဆိုတဲ့ Web Application တစ်ခု ပေးထားပါတယ်။ အဲဒါလေးအသုံးပြုပြီး ကိုယ့်ဘက်က ဘယ် Antenna နဲ့ လွှင့်ရင် သူ့ဘက်က ဘယ်လို Antenna နဲ့ဖမ်းရင် ဘယ်အကွာအဝေးအထိ ရနိုင်တယ်ဆိုတာတွေကို တွက်ချက်နိုင်ပါလိမ့်မယ်။ ဒီမှာနှိပ်ပါဗျာ ပုံမှာ အဲဒီ Wireless Calculator ကို ပြထားပါတယ်။
လွှင့်တဲ့ဘက်နဲ့ ဖမ်းယူတဲ့ဘက်မှာ အသုံးပြုတဲ့ device အမျိုးအစား (Router သို့မဟုတ် Access Point) အသုံးပြုတဲ့ Cable အသုံးပြုတဲ့ Antenna တွေကို ရွေးချယ်ပေးရုံနဲ့ အကွာအဝေး ဘယ်လောက်အထိ ရနိုင်တယ်ဆိုတာကိုကို ပြသပေးပါလိမ့်မယ်။ နမူနာအနေနဲ့ ဖမ်းတဲ့ဘက်ရော လွှင့်တဲ့ဘက်မှာပါ TL-WR543G Wireless Router နဲ့ TL-ANT2412D Antenna ကို အသုံးပြုထားပါတယ်။ Calculate လုပ်တဲ့အခါမှာ ရလာတဲ့ Result တွေကတော့ အောက်ပါအတိုင်းပါပဲ။

 

Result တွေကို ကြည့်လိုက်ရင် Wireless ကို 11g နဲ့ လွှင့်ရင် အများဆုံး 0.3 mile ထိ ရတာကို တွေ့ရမှာပါ။ 11b နဲ့ လွှင့်ရင်တော့ 0.5 mile ထိ ရပါလိမ့်မယ်။ (သီအိုရီအရသာ ဖြစ်ပါတယ်) ဒါကြောင့်မို့ b နဲ့လွှင့်တာဟာ ဝေးဝေးပိုရောက်ပေမဲ့ Speed ကျတော့ 1 Mbps ပဲ ရနိုင်တာကို သတိပြုရပါလိမ့်မယ်။ အထက်ပါ Result ဟာ Transmit ရော Receive ဘက်မှာ WR543G ပဲ သုံးစွဲထားတာမို့ ဒီလောက် အကွာအဝေးထိပဲ ရတာပါ။ CPE ဆိုတာ Customer Provision Equipment ရဲ့ အတိုကောက်ပါ။ ပေါ်လာတာ နှစ်ပိုင်းလောက်ပဲ ရှိပါသေးတယ်။ သူက Wireless Signal တွေကို ဖမ်းနိုင်၊လွှင့်နိုင်ပြီး Outdoor အနေနဲ့ အသုံးပြုရပါတယ်။ 
Antenna တွေနဲ့ မတူတာက သူဟာ dbi များပြီး ဝေးဝေးရောက်ပါတယ်။ အဓိကကတော့ Point to Point ထိုးဖို့ အတွက် သုံးပါတယ်။ လွှင့်တဲ့ဘက်မှာ CPE တစ်ဗူးကို တိုင်နဲ့ထောင်၊ ဖမ်းတဲ့ဘက်မှာလည်း CPE ဗူးကို တိုင်နဲ့ ထောင်ပြီးဖမ်းရင် အနည်းဆုံး လေးမိုင်အကွာအဝေးလောက်ထိ ရပါတယ်။ ပုံမှာ CPE ကို ပြသထားပါတယ်။ Picture Antenna တိုင်တွေနဲ့ မတူတာက Antenna တိုင်တွေဟာ အရပ်ရှစ်မျက်နှာကို Wi-Fi Signal လွှင့်နိုင်၊ ဖမ်းနိုင် ပါတယ်။ CPE တွေကတော့ လားရာတစ်ဖက်တည်း လွှတ်နိုင်၊ ဖမ်းနိုင်ဖို့အတွက် ဖြစ်ပါတယ်။ 
ဒါကြောင့်မို့ CPE တွေကို Directional ဆိုပြီး သုံးစွဲခေါ်ဝေါ်ကြတာပါ။ အင်တာနက်ဆိုင်တစ်ဆိုင်အနေနဲ့ အရပ်လေးမျက်နှာကို Wi-Fi လွှင့်ချင်တယ်၊ အဝေးကြီးလည်း ရောက်ချင်တယ်ဆိုရင်တော့ CPE ဗူး လေးဗူး တပ်ဆင်ရပါလိမ့်မယ်။ CPE ကို တပ်ဆင်နည်းကလည်း လွယ်ကူပါတယ်။ ပထမဆုံး Router နဲ့ CPE ကို CAT 6 ကြိုးနဲ့ ဆက်သွယ်ရပါလိမ့်မယ်။ CPE ၀ယ်တဲ့အခါ POE(Power Over Ethernet) Adapter ပါဝင်ပါလိမ့်မယ်။ Router က ကြိုးကို အဲဒီ POE Adapter ရဲ့ LAN အပေါက်ဆီ ဆက်သွယ်ရပါမယ်။ POE Adaptor မှာ နောက်ထပ်ပါဝင်တဲ့ POE အပေါက်နဲ့ CPE ကိုတော့ CAT 6 ကြိုးကို အသုံးပြုပြီး ဆက်သွယ်ရပါလိမ့်မယ်။ ပုံကိုကြည့်ပါ။

ပုံပါအတိုင်း ဆက်သွယ်ပြီးသွားရင် ဆက်ပြီးလုပ်ဆောင်ရမယ့် အပိုင်းက Setting ချိန်တဲ့အပိုင်းဖြစ်ပါတယ်။ အဓိက Main Point ကတော့ လွှင့်တဲ့ဘက်က CPE တွေဟာ AP Mode နဲ့ လွှင့်ရမှာပါ။ ဖမ်းတဲ့ဘက်က CPE တွေကတော့ AP Client Router Mode နဲ့ ဖမ်းယူရမှာဖြစ်ပါတယ်။ Setting ပြင်နည်းကတော့ ပထမဆုံး ကွန်ပျူတာရဲ့ IP ကို 192.168.1.x ဆိုပြီး x နေရာမှာ ကြိုက်တဲ့နံပါတ် ထည့်ပါ။ Subnet ကတော့ ထုံးစံအတိုင်း 255.255.255.0 ပါ။ ပြီးရင် CPE ကို ကွန်ပျူတာနဲ့ဆက်သွယ်ပါ။ 
Browser တစ်ခုခုကို ဖွင့်ပါ။ CPE ရဲ့ Default IP ဖြစ်တဲ့ 192.168.1.254 ကို ရိုက်ထည့်ပါ။ username နဲ့ password တောင်းရင် admin admin လို့ပဲ ထည့်ပေးပါ။ CPE Configuration ထဲ ရောက်သွားရင် ဘယ်ဘက်က Wireless mode ကို ရွေးချယ်ပါ။ ပြီးရင် ညာဘက်က AP mode ကို ရွေးပေးပါ။ ဒါဆိုရပါပြီ။ ဖမ်းတဲ့ဘက်မှာတော့ ဒီပုံစံအတိုင်းပဲ AP Client Router mode ကို ရွေးချယ်ပါ။
အဆင်ပြေကြပါစေ။ ။ ။ ။နည်းပညာတိုးတက်မှူသာလိုလားသည့်ရည်ရွယ်ချက်ဖြင့်


Credit : http://bugyihtet.blogspot.com/

မိမိရထားတဲ့ အင်တာနက်လိုင်း တစ်လိုင်းထဲကို Rounter မလိုဘဲ ဘယ်လို အင်တာနက် ထပ်ဆင့်လွှင့်မလဲ ?


အဲ့တော့ connectify hotspot နဲ့ ပါတ်သတ်ပြီး မပြောခင်မှာ ကျနော်တို့ အင်တာနက်လိုင်း သုံးတဲ့အခါမှာ ရလာတဲ့ အင်တာနက်လိုင်းတစ်လိုင်ထဲကို နောက်ထပ် လိုင်းတွေ ထပ်ခွဲချင်တယ်ဆိုပါတော့။ ဥပမာ iphone, ipad တွေ သုံးလာပြီဆိုရင် Restore ပြန်လုပ်ဖို့အတွက် wifi လိုပါတယ်။ ဒါမှမဟုတ် ကို့မှာ ရထားတဲ့ အင်တာနက်လိုင်း တစ်လိုင်းထဲကိုပဲ မိမိအိမ်မှာ ရှိတဲ့ ဖုန်းတွေ၊ တစ်ခြား ကွန်ပျူတာတွေမှာ သုံးစေချင်တယ်ဆိုရင် ယခုပို့စ်လေးဟာ အရမ်းကို တန်ဖိုးရှိပါတယ်။
 အင်တာနက်ဆိုင်ကနေ user name နဲ့ password ပေးပြီးတော့ လစဉ်ကြေးနဲ့ သုံးနေတဲ့သူတွေရှိပါတယ်။ username and password ဟာ တစ်ယောက်တည်း သုံးဖို့ ပေးတာဖြစ်လို့ ၂ လုံးပြိုင်တူဝင်တာနဲ့ တစ်လုံးက auto log out ဖြစ်သွားပါတယ်။ အဲ့ဒါဆိုရင် ကိုရထားတဲ့ အင်တာနက် လိုင်တစ်လိုင်းကို ပြန်ခွဲပြီး ဘယ်လို သုံးနိုင်မလဲ။ အဲ့တော့ Router လည်း မ၀ယ်ရအောင် မိမိကွန်ပျူတာမှာ ရနေတဲ့ အင်တာနက်လိုင်းကိုလဲ ခွဲသုံးလို့ အဆင်ပြေအောင် connectify နဲ့ သုံးပြီးတော့ ခွဲထုတ်နိုင်ပါတယ်။ လုပ်နည်းက အရမ်းလွယ်ပါတယ်။ နောက်တစ်ခုက connectify hotspot ဟာ သာမာန် router တွေထက်ကို တော်တော်ဝေးဝေးအထိကို ပြန်လွှင့်ပေးနိုင်ပါတယ်။ လုပ်နည်းကို ပြောပြပါ့မယ်။
မိမိ ကွန်ပျူတာသည် Laptop ဖြစ်ချင်ဖြစ်၊ Desktop ဖြစ်တယ်ဆိုရင်လည်း wireless stick တစ်ခု တပ်ဆင်ထားဖို့လိုပါတယ်။ laptop တွေမှာတော့ wifi က ပါပြီးသားမို့လို့ အဆင်ပြေပါတယ်။
connectify website ကို အသုံးပြုဖို့ ပထမဦးဆုံး  .net framework 4.5 ကို install လုပ်ရပါမယ်။ Download လုပ်ဖို့ ၂ ခုစလုံးကို တင်ပေးလိုက်ပါတယ်။ ၂ ခုစလုံးကို Download လုပ်ပါ။
  1. Download .Net Framework 4.5
  2. Download Connectify

  • ပထမဦးဆုံး Net Framework 4.5 ကို install လုပ်လိုက်ပါ။ (ပုံ ၁)
  • ပြီးရင်တော့ connectify installer ကို Run လိုက်ပါ။ I agree ကိုနှိပ်ပါ။ (ပုံ ၂)
  • နောက်ဆုံး အဆင့် Finished ကို နှိပ်ပြီးတာနဲ့ ကွန်ပျူတာ Restart ချခိုင်းပါလိမ့်မယ်။ ကွန်ပျူတာ Restart ချလိုက်ပါ။
  • ကွန်ပျူတာ ပြန်ပွင့်လာတဲ့ အချိန်ကျရင် connectify ကို ဖွင့်လိုက်ပါ။ ပွင့်လာပြီဆိုရင်တော့  Next ကို နှိပ်ပြီးတော့ use connectify lite ကို ရွေးပေးလိုက်ပါ။ 
  • ဒါဆိုရင် connectify lite ပေါ်လာပါလိမ့်မယ် ပေါ်လာတဲ့အချိန်ကျရင် ကျနော် (ပုံ ၇) မှာ ပြထားသလိုမျိုး  Setting ပိုင်းမှာ ပြင်လိုက်ပါ။ Hotspot Name , Password ကို ပေးလိုက်ပါ။ ပီးရင် အောက်မှာ ရှိတဲ့ Internet to share မှာတော့ မိမိ ချိတ်ထားတဲ့ အင်တာနက်လိုင်းကို ရွေးပေးရမှာဖြစ်ပြီး share over ကတော့ ကိုပြန်ပြီး လွှင့်မယ့် မိမိကွန်ပျူတာရဲ့ wireless အမျိုးအစားကို ရွေးပေးလိုက်ပြီး Apply setting ကို နှိပ်ပါ။
  • ဒါပြီးတာနဲ့ Start hotspot ကို နှိပ်လိုက်တာနဲ့ (ပုံ ၈) မှာလိုမျိုး Share လုပ်ဖို့ ပေါ်လာပါလိမ့်မယ်။ ကျနော်တို့အနေနဲ့ facebook account ရှိရင် ပေါ်လာတဲ့ share ထဲက share facebook ကို နှိပ်ပေးလိုက်ပါ။ ပြီးရင် ဖေ့ဘုတ်အကောင့်ကို ၀င်ပြီးတော့ share လုပ်ပေးလိုက်တာနဲ့ အဲ့ Facebook account ရဲ့ email account ကို mail ပို့ပေးပါလိမ့်မယ်။ အဲ့လိုပို့လိုက်တာနဲ့ (ပုံ ၆) ထဲမှာ ပါသလို Username and password ကို ရိုက်ထည့်ပေးလိုက်ပါ။ ဒါဆိုရင် သူက activate လုပ်ဖို့ ကုတ်ပေါ်လာပါလိမ့်မယ်။ အဲ့ကုတ်ကို နှိပ်လိုက်တာနဲ့ ရက် ၆၀ Free ရသွားပါပြီ။ အဆင်ပြေနိုင်ပါစေဗျာ။ 
  • အားလုံး လုပ်ပြီးသွားရင်တော့ Connectify+မိမိနာမည် အမည်နဲ့ အင်တာနက် လိုင်းတစ်လိုင်း ထပ်တိုးလာတာကို မြင်ရပါလိမ့်မယ်။ စပြီး အင်တာနက် လွှင့်ချင်ရင် start hotspot ကို နှိပ်ပြီး ခဏ ပိတ်ထားချင်ရင်တော့ Stop hotspot ကို နှိပ်ပေးလိုက်ပါ။


(ပုံ ၁)


(ပုံ ၂)
(ပုံ ၃)
(ပုံ ၄)


(ပုံ ၅)
(ပုံ ၆)


(ပုံ ၇)



(ပုံ ၈)
(ပုံ ၉)


 ညီနေမင်း

Drivers Driver မရှိသူများအတွက် Driver Pack Solution 13 Latest version


ဒါကတော့ ကွန်ပျူတာ သမားတိုင်း ရှိကို ရှိရမယ့် Program တစ်ခုပါ။ ဘာ့ကြောင့်လဲဆိုရင် ကျနော်တို့ ကွန်ပျူတာတွေကို Window Install ချင်တယ်ဆိုရင် ကိုတင်မယ့် Computer သည် Driver စုံကို စုံရမှာ ဖြစ်ပါတယ်။ မစုံရင် ကွန်ပျူတာထဲမှာ ပါဝင်တဲ့ Graphic card, Bluetooth, webcom, Wirless connection စတာတွေဟာ အလုပ်မလုပ်ပါဘူး။ သူနဲ့သက်ဆိုင်တဲ့ Driver ကို တင်မှသာလျှင် အဆင်ပြေနိုင်မှာဖြစ်လို့ Driver အခွေကို ရှာထားသင့်ပါတယ်။ ကွန်ပျူတာ Service လုပ်နေတဲ့သူတွေ ဆိုရင်တော့ ပိုပြီးတော့တောင် ဆောင်ထားသင့်ပါတယ်။ ဘာ့ကြောင့်လဲဆိုရင် ကွန်ပျူတာမျိုးစုံ လာမှာဖြစ်တဲ့အတွက် ကို့မှာ အားလုံးအတွက် လိုက်ရှာပြီးတော့ သိမ်းထားဖို့ကလဲ အဆင်မပြေနိုင်ပါဘူး။ အဲ့တော့ ခု Driver pack solution နဲ့ Driver ကို ရှာပြီး install လုပ်လိုက်ပါ။ လုံးဝအဆင်ပြေသွားပါလိမ့်မယ်။ ကွန်ပျူတာ အားလုံးနီးပါးရဲ့ Driver ကို ရှာပေးနိုင်ပါတယ်။

(OR)



Password = www.nyinaymin.org
{အခြားသော နည်းပညာနှင့် ပါတ်သက်သော အကြောင်းအရာများကို 
http://www.nyinaymin.org မှာ ၀င်ရောက် လေ့လာနိုင်ပါတယ်}