Wednesday 9 October 2013

Nero8 ဖြင့် CD/DVD ထုတ်လုပ်နည်းလက်စွဲ(မြန်မာလို)


အမည်း Nero8 ဖြင့် CD/DVD ထုတ်လုပ်နည်းလက်စွဲ
ရေးသားသူး U Aung Lin
အမျိုးအစားး pdf
အရွယ်အစားး 13 MB
Nero 8 ဖြင့် video အခွေပြုလုပ်ခြင်း၊ အခွေကူးခြင်း၊ Data များထည့်သွင်းခြင်း စသည့်လုပ်ဆောင်ချက်များကို လုပ်ဆောင်ပေးနိုင်ပါတယ်။ယခုစာအုပ်တွင်ပါဝင်သော သင်ခန်းစာများကို အောက်တွင်ဖေါ်ပြပေးလိုက်ပါတယ်။
  1. Nero 8 Program ထည့်သွင်းနည်း
  2. Nero 8 Program မျိုးခွဲများအား လေ့လာခြင်း
  3. Nero Manual Program အားလေ့လာခြင်း
  4. Nero BurnRight Program အားလေ့လာခြင်း
  5. Nero ControlCenter Program အားလေ့လာခြင်း
  6. Nero DiscSpeed Program အားလေ့လာအသုံးပြုခြင်း
  7. Nero ImageDrive Program အားလေ့လာအသုံးပြုခြင်း
  8. Nero InfoTool Program အားလေ့လာအသုံးပြုခြင်း
  9. Nero Rescue Agent Program အားလေ့လာအသုံးပြုခြင်း
  10. Nero BackltUp Program အားလေ့လာအသုံးပြုခြင်း
  11. Nero Burning Rom Program ဖြင့် Data DVD ကူးယူခြင်း
  12. Data DVD မပြည့်မချင်း ကူးယူခြင်း
  13. DVD Copy ကူးခြင်း
  14. DVD Video ရွေးကူးခြင်း
  15. မတူညီသည့် DVD အခွေထဲမှ DVD Video များကို Nero Vision Program ဖြင့် ပေါင်းစပ်ရွေးကူးခြင်း
  16. Nero Express Program ကို အသုံးပြုပြီး Data File များအား ကူးယူနည်း
  17. Nero Express Program ကိုအသုံးပြုပြီး Audio CD သီချင်းတစ်ခွေလုံးအား ကွန်ပျူတာထဲတွင်ထည့်သွင်း သိမ်းဆည်းနည်း
  18. Audio CD အခွေထဲမှသီချင်းများကို WAV File အဖြစ်ပြောင်းလဲနည်း
  19. Audio CD အခွေထဲမှသီချင်းများကို MP3 File အဖြစ်ပြောင်းလဲနည်း
  20. Nero Express ဖြင့် Mp3 CD သီချင်းခွေထုတ်လုပ်နည်း
  21. Nero Express ဖြင့် Mp3 DVD သီချင်းခွေထုတ်လုပ်နည်း
  22. Nero Vision ဖြင့် Video Camera မှ ဇာတ်ဝင်ခန်းများအား ရယူပြီး VCD အခွေထုတ်လုပ်နည်း
  23. Nero Vision ဖြင့် Video Camera မှ ဇာတ်ဝင်ခန်းများအား ရယူပြီး DVD အခွေထုတ်လုပ်နည်း
  24. Nero Vision Program ဖြင့် VCD 3-4 ခွေကိုစုပေါင်းပြီး DVD Video အခွေထုတ်လုပ်နည်း
  25. Nero Recode Program ဖြင့် DVD တစ်ခွေလုံးအား Hard Disk ထဲတွင် ကူးယူသိမ်းဆည်းနည်း
  26. Nero Recode Program ဖြင့် DVD တစ်ခွေလုံးအာ MP4 အဖြစ် ချုံ့ပြီး Hard Disk ထဲတွင်ကူးယူသိမ်းဆည်းနည်း
  27. Nero ShowTime Player Program ဖြင့် DVD ဇာတ်ဝင်ခန်းကိုဓါတ်ပုံရိုက်ယူခြင်း
  28. Nero PhotoSnap Program ဖြင့် ဓါတ်ပုံများကိုအလွယ်တကူပြင်ဆင်ခြင်း
  29. Nero PhotoSnap Viewer Program ဖြင့် အလွယ်တကူပြင်ဆင်ခြင်း
  30. Nero Wave Editor Program ဖြင့်သီချင်းသံများအားတည်းဖြတ်ခြင်း
  31. Nero Scratch Box ဖြင့်သီချင်းများအား ပေါင်းစပ်ပြီး DJ သီချင်းဖြစ်အောင်ပြုလုပ်ခြင်း
  32. IDE Cable များကိုအသုံးပြုပြီး CD/DVD Writer 3-ခုကို တပ်ဆင်ကူးယူနည်း
  33. Nero Burn ဖြင့် CD/DVD များ ကူးယူရာတွင်ကြုံတွေ့ရတတ်သည့် ပြသာနာများအားဖြေရှင်းနည်း
Nero8 ဖြင့် CD/DVD ထုတ်လုပ်နည်းလက်စွဲ(မြန်မာလို)
Nero8 ဖြင့် CD/DVD ထုတ်လုပ်နည်းလက်စွဲ(မြန်မာလို)
  http://www.nyinaymin.org

Windows 7 Startup တွေကိုဘယ်လိုမြန်အောင် ဖန်တီးကြမလဲ




ဒီနည်းက ဝင်းဒိုးအတက် Startup ကို မြန်အောင်လုပ်တဲ့ နည်းတွေထဲက တခုပါပဲ..။ ဒီထဲက လုပ်နည်း အနည်းငယ်လို အရင်တုန်းက ပိုစ့်တခု တင်ပေးခဲ့ဖူးပါတယ်..။ စက်ဖွင့်ဖွင့်ချင်း ဆော့ဝဲလ် Update ဘောက်စ်များ အတက်ရလေအောင်၊ မပွင့်ရလေအောင် ဆိုတဲ့ ခေါင်းစဉ်နဲ့ပါ..။ အဲ့ဒီပိုစ့်မှာ အခုဒီပိုစ့်လောက် လုပ်နည်းတွေ မစုံခဲ့ပါဘူး..။ ဒီပိုစ့်မှာတော့ နောက်ပိုင်းမှ ထပ်သိခဲ့ရတာလေးတွေကို ပေါင်းထည့်ပေးထားလို့ အရင်ပိုစ့်ထက် ပိုစုံတယ်လို့ ပြောလို့ရပါတယ်..။ မနေ့တနေ့က Cbox မှာမေးထားတဲ့ အစ်ကိုတစ်ယောက်လို ကွန်ပျူတာ ဖွင့်ဖွင့်ချင်းမှာ ပေါ်လာတဲ့ ဘောက်စ်တွေကို ပိတ်ချင်တယ်ဆိုရင်တော့ ဒီနည်းနဲ့ပဲ ပိတ်တာပါ..။ 
ဒီနည်းနဲ့ လုပ်ပေးလိုက်ရင် ဝင်းဒိုးအတက်မှာ အရင်ကထက် ပိုမြန်ပါလိမ့်မယ်..။ ဘာလို့လဲဆိုတော့ ဝင်းဒိုးဟာ Desktop ကို ခင်းကျင်းနေတဲ့အချိန်မှာ ဝင်းဒိုးထဲမှာ Install ထည့်ထားတဲ့ ဆော့ဝဲလ်တွေကိုပါ လိုက်ပြီး ဆွဲထုတ်ခင်းကျင်းနေရရင် အချိန်ပိုပေးရလို့ ပိုပြီး ကြာပါတယ်..။ ဒီနည်းနဲ့ Startup မှာရှိနေတဲ့ ပရိုဂရမ်တွေကို Disable ပေးထားလိုက်ရင် ဝင်းဒိုးအတက် မြန်လာပါတယ်..။ နောက်တခုက ဝင်းဒိုးထဲမှာ မရှိမဖြစ်လိုအပ်တဲ့ Microsoft Services တူးတွေနဲ့ Intel Services တူးတွေကိုတော့ Enable (အမှန်ခြစ်ပေး) ပေးထားရပါမယ်..။ အဲ့ဒီအဓိက Tools တွေကို Disable ပေးမိရင်တော့ မိမိတို့ရဲ့ စက်ဟာ ကြောင်တောင်တောင် ဖြစ်သွားပါလိမ့်မယ်..။ ဒါကြောင့် အမှန်ခြစ်ပေးရမယ့် နေရာတွေနဲ့ အမှန်ခြစ်ဖြုတ်ရမယ့် နေရာတွေကို အောက်ကပုံလေးတွေအတိုင်း သေချာ ဂရုစိုက်ပြီး ကြည့်စေချင်ပါတယ်..။ သေချာလိုက်မှတ်စေချင်ပါတယ်..။ တခုခုအမှားဖြစ်သွားတဲ့အခါ အဲ့ဒီနေရာတွေမှာပဲ ပြန်ဆန်းစစ်ကြည့်ရင် အဖြေမှန်ကို ပြန်ရပါလိမ့်မယ်..။ နောက်တခုက မိမိတို့ကွန်ပျူတာမှာ ပါတဲ့ ဦးနှောက်အရေအတွက်ကို တိုးပြီး အသုံးပြုရင်လည်း စက်ကို မြန်စေပါတယ်..။ ဦးနှောက်ကို ပိုအသုံးပြုတဲ့အတွက် Error တွေကိုလည်း နည်းစေပါတယ်..။ နောက်ပြီး ဝင်းဒိုးထဲမှာပါတဲ့ အဓိက Tools တွေအားလုံးနီးပါးကို ဒီပိုစ့်မှာ ပြပေးထားတဲ့ နည်းနဲ့ အလွယ်တကူ ဖွင့်ပြီး ဝင်ကြည့် အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်..။ ဒီလုပ်နည်းလေးတွေကို လိုအပ်တဲ့ သူများနဲ့ မသိသေးတဲ့ သူများကတော့ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်နိုင်ပါတယ်..။ 
အရင်ဆုံး မိမိတို့ရဲ့ ကီးဘုတ်မှ Windows Logo + R နဲ့ Run ဘောက်စ်ကို ဖွင့်ပြီး msconfig လို့ရိုက်ထည့်ပြီး OK (or) Enter ပေးလိုက်ပါ..။


အပေါ်ပုံတွေမှာ ပြထားတဲ့အတိုင်း Startup ကိုအရင်သွားပြီး Disable all ကိုနှိပ်လိုက်ပါ..။ အမှန်ခြစ်တွေ ပျောက်သွားပါလိမ့်မယ်..။
 ပြီးရင်တော့ အောက်ကပုံအတိုင်း Intel Corporation နဲ့ Microsoft Corporation တို့လို စာကြောင်းတွေနဲ့ Bluetooth Software တို့လို မူရင်း Driver တွေရဲ့ တူးတွေနေရာမှာ အမှန်ခြစ်လေးတွေ ရွေးပေးလိုက်ပါ..။ ဘာလို့လဲဆိုတော့ ဝင်းဒိုးတက်တဲ့အချိန်ကစပြီး ဒီကောင်လေးတွေက မဖြစ်မနေ အလုပ်လုပ်ရမယ့် ကောင်လေးတွေမို့လို့ပါပဲ..။ ဒါကြောင့် အမှန်ခြစ်ရွေးပြီး ပေးလိုက်ပါတယ်..။


Windows 8 အသုံးပြုသူများအတွက်ကတော့ အောက်ကပုံလေးတွေအတိုင်း လုပ်ပေးလိုက်ပါ..။



Microsoft Corporation ဆိုရင်တော့ Enable ပေးထားခဲ့ပါ..။ ကျန်တဲ့ ဆော့ဝဲလ်တွေဆိုရင်တော့ Disable ပေးခဲ့လိုက်ပါ..။ အပေါ်ပုံ..
အောက်ကပုံကတော့ Boot နေရာကို ဝင်လိုက်ရင်.. စက်ဖွင့်ဖွင့်ချင်းမှာ Windows 7 နဲ့ ပေါ်ချင်တယ် ဆိုရင်တော့ အပြာရောင်နဲ့ ပြထားတဲ့ထဲက Windows 7 စာကြောင်းကို တချက်ကလစ်ပြီး Set as default ကိုနှိပ်ပေးလိုက်ပါ..။ W8 နဲ့ ပါဝါအဖွင့်မှာ တက်ချင်တဲ့ သူများကတော့ Windows 8 စာကြောင်းကို တချက်ကလစ်ပြီး Set as default ကို နှိပ်ပေးလိုက်ပါ..။ မိမိတို့ ပေါ်စေချင်၊ အရင်တက်စေချင်တဲ့ ဝင်းဒိုးကို ဒီနေရာမှာ ရွေးလို့ရတယ်ဆိုတဲ့ သဘောပါပဲ..။ အခုကျနော့်စက်မှာတော့ W8 နဲ့ ပါဝါအဖွင့်မှာ တက်အောင် လုပ်ထားတာမို့ Windows 8 (C: \Windows) : Current OS; Default OS လို့ ပေါ်နေတာပါ..။ W7 နဲ့ တက်အောင် လုပ်ထားရင်တော့ Default OS က Windows 7 စာကြောင်းနေရာမှာ ရောက်နေပါလိမ့်မယ်..။ Timeout မှာတော့ ဝင်းဒိုး၂ခု ရွေးလို့ရအောင် 10 seconds လောက်ဆိုရင် ရပါပြီ..။ စိတ်ကြိုက်ဖြစ်ရင် Apply >> OK ပေးပါ..။ ဒါပေမယ့် မပြီးသေးပါဘူး..။ အောက်မှာ ဆက်ကြည့်ပါအုန်း..။


နောက်တဆင့်ကတော့ Services နေရာကို ဝင်ပြီး အောက်ကပုံအတိုင်း တဆင့်ချင်းစီ လုပ်ပေးပါ..။ ဒီအဆင့်မှာ မှားလုပ်မိရင်တော့ စက်ကို Restart ချပြီးတဲ့အခါ သိရပါလိမ့်မယ်..။ အမှားလုပ်မိရင်တော့ မိမိတို့ရဲ့စက်ဟာ ကြောင်တောင်တောင် ဖြစ်သွားပါလိမ့်မယ်..။ ဒါကြောင့် ပုံလေးတွေကို သေချာကြည့်၊ စာကို သေချာဖတ်ပြီး လုပ်ပေးဖို့ လိုပါတယ်..။ အောက်မှာ ဆက်ကြည့်ပါဗျာ..။


Services နေရာကို ဝင်ပြီးတဲ့အခါ အပေါ်ပုံမှာ ပြထားတဲ့အတိုင်း Hide all Microsoft services မှာ အမှန်ခြစ်လေး တပ်(ထည့်)ပေးပြီး Disable all ကို နှိပ်လိုက်ပါ..။ အောက်ကပုံအတိုင်း အမှန်ခြစ်တွေ အားလုံး ပျောက်သွားပါလိမ့်မယ်..။


ပြီးရင်တော့ အောက်ကပုံမှာ ပြထားတဲ့အတိုင်း Hide all Microsoft services မှာ အမှန်ခြစ်ပြန် ဖြုတ်ပေးလိုက်ပါ..။ ဒါဆိုရင် အောက်ကပုံမှာ မြင်ရတဲ့အတိုင်း Microsoft Corporation စာကြောင်းတွေမှာ အမှန်ခြစ်လေးတွေ ထည့်ထားပြီးသား ဖြစ်နေပါလိမ့်မယ်..။ ဒါဆိုရင် ဒီအဆင့်ကို ရသွားပါပြီ..။ နောက်တဆင့်ကတော့ အောက်ဆုံးက ပုံလေးတွေမှာကြည့်ပေးပါ..။


နောက်တဆင့်ကတော့ Boot တပ်ကို ပြန်ဝင်ပါမယ်..။ Set as default ကတော့ အပေါ်မှာ ရှင်းပြပေးခဲ့ပြီးသားမို့ ဒီအဆင့်မှာ Advanced options.. မှာ ပြောင်းနည်းလေးကို ဆက်ကြည့်ပေးပါ..။ 



Advanced options.. ထဲကို ရောက်ရင် Number of processors: မှာ အမှန်ခြစ်ပေးပြီး အပေါ်ပုံမှာ ပြထားတဲ့ထဲက ကွန်ပျူတာ ဦးနှောက်အရေအတွက်ကို ပါသလောက်ထဲက 2-3-4 ထဲက နောက်ဆုံး သို့မဟုတ် အလယ်ဂဏာန်းလောက် ရွေးပေးလိုက်ရင် ရပါပြီ..။ ဦးနှောက်အများကြီးရွေးယူထားရင်လည်း ဦးနှောက်အပူများပြီး ဦးနှောက်ပျက်တတ်တယ်ဆိုတာလည်း သတိပေးချင်ပါသေးတယ်..။ ဒါကြောင့် အလည်၊အလတ် လောက်ဆိုရင် အဆင်ပြေပါတယ်..။
ဒီပိုစ့်မှာ ပြထားတဲ့အတိုင်း စိတ်ကြိုက် ပြောင်းလဲပြီးရင်တော့ Apply >> OK ပေးပြီး Restart ချပေးလိုက်လို့ ရသွားပါပြီ..။



စက်ပြန်တက်လာရင်တော့ ခါတိုင်းလို ပေါ်လာတတ်တဲ့ ဘောက်စ်တွေ မပေါ်တော့ပဲ အရင်ကထက် ဝင်းဒိုးအတက် Startup မှာ မြန်နေတာ လက်တွေ့မြင်ရပါလိမ့်မယ်..။ 
အောက်ကပုံတွေကတော့ အဲ့ဒီ Run >> msconfig မှာပဲ Tools နေရာကနေ ဝင်းဒိုးထဲက အဓိက အသုံးဝင်တဲ့ ၊ အသုံးများတဲ့ Windows Tools တွေကို အလွယ်တကူ ဖွင့်တတ်အောင်၊ ဒီနေရာကနေ ဝင်ပြီး ဖွင့်သုံးတတ်အောင် ပြပေးထားတာပါ..။ လိုအပ်တဲ့သူများကတော့ အောက်မှာ ဆက်ကြည့်လိုက်ပါဗျာ..။


အပေါ်ပုံနဲ့ အောက်ကပုံအတိုင်း မိမိတို့ အသုံးပြုလိုတဲ့ တူးလေးတခုကို တချက်ကလစ်ပြီး Launch ကိုဆက်နှိပ်လိုက်ရင် အောက်ဆုံးပုံအတိုင်း Windows ထဲက Tool လေးပေါ်လာပါလိမ့်မယ်..။ အပြာရောင်နဲ့ ပြထားတဲ့ နေရာတွေကတော့ Run နေရာမှာ အတိုကောက် ရိုက်ထည့်ရမယ့် ဝင်းဒိုးတူးတွေရဲ့ အတိုကောက် စာလုံးတွေပါပဲ..။ နောက်က .exe ဆိုတဲ့ စာသားတွေကို Run  မှာရိုက်ထည့်တဲ့အခါ .exe ထည့်ရိုက်ဖို့ မလိုပါဘူး..။


အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ..။
လွင်မင်းဗိုလ်မှ

Window 8 မှ "Sorry Windows 8 isn't available for purchase in the country/region you're in" Error ဖြေရှင်းနည်း




 
 Amz: Window 8 Pro ကနေ Window 8.1 ကို Upgrade လုပ်ချင်ရင် Window Store ကို အသုံးပြုရမယ်ပြောပါတယ် Window Store က  Sorry, Windows 8 isn't available for online purchase in the country/region you're in လို့ ပြောနေတယ် Location ကို US လို့ ပြန်ပြင်တော့ လည်းမရဘူးဖြစ်နေပါတယ်.....။

ဒီနည်းလေးနဲ့ စမ်းကြည့်ပါ...
 Windows 8 Upgrade Assistant  Tool ကို Run ထားရင် အရင်ပိတ်ထယားပါ ...
 Windows 8 Upgrade Assistant  Tool  Folder မှ Upgrade Assistant. EXE ကို ရှာပါ...
တွေ့ရင် EXE ပေါ်မှာ Right Click ထောက်ပါ...
Properties ကိုနှိပ်ပါ...
Compatibility Tab မှ  "Run this program in compatibility mode for"  ကို Enable (အမှန်ခြစ်) ပေးလိုက်ပါ...
Down Arrow လေးကိုနှိပ်ပြီး "Windows XP (Service Pack 3)" ကို ရွေး  Apply >OK ပေးလိုက်ပါ...။
 

  Windows 8 Upgrade Assistant  Tool ကို ပြန် Run ကြည့်လိုက်ပါ  Sorry, Windows 8 isn't available for online purchase in the country/region you're in  ဆိုတဲ့ Massage မရှိတော့ပဲ Upgrade လုပ်နိုင်ပါလိမ့်မယ်..။




» Method - 1

1.  First you have to configuring the Windows Store preferences in your PC. On the Start screen, tap or click Store to open the Windows Store. 2.  After Store opened, simply go to Settings. (Press Windows key + C or point your mouse to the upper-right corner of the screen, move the mouse pointer down, and then click Settings.) Windows 8 Settings3.  Now click or just tap Preferences. Your Store Preferences will open. Here you should see two options with switches.

4.  Simply just turn both of them off by moving the switches with mouse to the left side. Now close the Store app and re-open it to show effect. Now, you should have the apps which weren’t available previously. PreferencesStill If the above method doesn’t work and you still think that the apps are not appearing in Store then, you can change your PC region.

» Method - 2

Note : Before applying this please mind it that use of this method would be on your own risk. Some features of your PC might not work after changing your region

1.  First open Control Panel.
2.  In Control Panel select Clock, Language and Region (Choose Region if, you have icons view.)
3.  Now If, you have selected Clock, Language and Region  then select Region in the next page or if you have selected Region option then follow the next step.
4.  A pop-up window will be opened. If it open entitled as Region then just navigate to the Location tab.
Note : China comes first and United Stats comes second in apps availability.
5.  Only one option as Home Location will be shown in Location tab. Next select your appropriate location from the drop down menu.
6.  Now as a last step, click OK after selection for your location. Now, go to the Store and check out which apps are available in your selected region.
- See more at: http://atozhackingtricks.blogspot.com/2013/01/download-unavailable-apps-in-your.html#sthash.A9EF0hEh.dpuf

  တခြား အဆင်မပြေသေးတာရှိရင်တော့ အောက်က နည်းလေးအတိုင်း ကြိုးစားကြည့်ပါ..။
ဒီ Error ကို ကိုယ်တိုင် မတွေ့ကြုံဖူးသေးတာမို့ မူရင်းအတိုင်းပဲ ပြန်လည်မျှဝေပေးလိုက်ပါတယ်... တစ်ဆင့်ချင်းရှင်းပြထားတာမို့လည်း အားလုံး လုပ်တတ်ကြမယ်လို့ မျှော်လင့်ပါတယ်...။
 
» Method - 1
 
1.  First you have to configuring the Windows Store preferences in your PC. On the Start screen, tap or click Store to open the Windows Store.

2.  After Store opened, simply go to Settings. (Press Windows key + C or point your mouse to the upper-right corner of the screen, move the mouse pointer down, and then click Settings.)


Windows 8 Settings3.  Now click or just tap Preferences. Your Store Preferences will open. Here you should see two options with switches.


 
4.  Simply just turn both of them off by moving the switches with mouse to the left side. Now close the Store app and re-open it to show effect. Now, you should have the apps which weren’t available previously. 
Preferences
Still If the above method doesn’t work and you still think that the apps are not appearing in Store then, you can change your PC region.


» Method - 2

1.  First open Control Panel.

2.  In Control Panel select Clock, Language and Region (Choose Region if, you have icons view.)

3.  Now If, you have selected Clock, Language and Region  then select Region in the next page or if you have selected Region option then follow the next step.

4.  A pop-up window will be opened. If it open entitled as Region then just navigate to the Location tab.
 
5.  Only one option as Home Location will be shown in Location tab. Next select your appropriate location from the drop down menu.
6.  Now as a last step, click OK after selection for your location. Now, go to the Store and check out which apps are available in your selected region.


အဆင်ပြေကြပါစေ
ခင်မင်လျှက်
ဝင်းကမ္ဘာကျော်

www.winkabarkyaw.net