Monday 26 March 2012

GTALK တွင်ပုန်းနေသူများ သတိထားဖို့ 



ကိုယ် ဘယ်နိုင်ငံ၊ ဘယ်နေရာကနေ အင်တာနက်သုံးနေတာကို မသိစေချင်သူများဒါမှမဟုတ်
တဖက်လူ ဘယ် နိုင်ငံ၊ ဘယ် နေရာက အင်တာနက် သုံးနေတယ်ဆိုတာ သိချင်ရင်တော့ G-Talk ကနေ Call ခေါ်လာလိုက်ရင် ကိုယ့်ရဲ့ IP Address နဲ့ တဖက်ရဲ့ IP Address ကို အလွယ်တကူ သိနိုင်ပါတယ်။
ယခုခေတ်မိန်းကလေးများ သက်ဆိုင်သူ ယောင်္ကျားလေးများ အင်တာနက် အသုံးပြုနေသည့်နေရာကို အလွယ်တကူ သိရှိနိုင်မှာပါ။

ကိုယ်က ဘယ်နိုင်ငံ၊ ဘယ်နေရာက သုံးတယ်ဆိုတာ မသိချင်သူများကတော့ တဖက်က G-Talk ကနေ Call (အသံနဲ့ စကားပြောခေါ်ဆိုခြင်း) ကို လက်မခံလိုက်ပါနဲ့။ လက်ခံ လိုက်ရင်တော့ သင် ဘယ်နေရာကနေ အင်တာနက် သုံးနေ တယ် ဆိုတာ တဖက်လူက ခြေရာခံမိသွားနိုင်ပါတယ်။
တဖက်လူရဲ့ IP Address ကို သိချင်ရင်တော့ G-Talk ကနေ တဖက်လူကို Chatting လုပ်ပြီအသံနဲ့စကားပြောဖို့ Call ကိုခေါ်ရမှာဖြစ်ပါတယ်။ဒါအတွက် ပထမဆုံးကတော့ G-talk ရဲ့ အောက်မှာ အနီဝိုင်းပြထားတဲ့ Setting ကို အရင် Click လုပ်ပြီး အရင်သွားလိုက်ပါ။


ဒါဆိုရင် အောက်ကလို Box ကလေး တခု ပေါ်ထွက်လာမယ်။ အဲဒီမှာ Connection ဆိုတဲ့ မှင်နီဝိုင်းပြထားတာကို ရွေးပြီး ကလစ်ပေးလိုက်ပါ။ အောက်မှာပြထားတဲ့အတိုင်းလေး ဖြစ်နေစေရပါမယ်။ အဲဒီမှာတော့ နောက်ထပ်မှင်နီ အကြီးနဲ့ ၀ိုင်းထားတဲ့ Start Monitor ကို ကလစ်ပေးလိုက်ပါ။

အပေါ်ကပြောတဲ့အတိုင်းလုပ်ပြီးရင်တော့ ဒါဆိုရင်တော့ အောက်မှာ မြင်ရတဲ့ မှင်နီဝိုင်းထားတဲ့ Connection Monitor ဘောက်စ်ကျလာပါမယ်။ အဲဒီအနေအထားရှိနေပြီ ဆိုရင် တဖက်လူနဲ့ Chatting လုပ်နေရင်းက သူ့ရဲ့ IP Address ကို သိဖို့အတွက် အဆင်သင့်ဖြစ်နေပါပြီ။

ကိုယ်နဲ့ Chatting Box ကနေ စကားသံနဲ့ ပြောဖို့ အောက်မှာ မှင်နီပြထားတဲ့ Call ဆိုတာကို ခေါ်ရပါမယ်။ တဖက်လူက လက်ခံလိုက်သည်အထိ ခေါ်လိုက်ပါ။

တဖက်လူက လက်ခံလိုက်ပြီဆိုရင်တော့ အောက်မှာပြထားသလို Connection Monitor ဘောက်စ်ထဲမှာ တဖက်လူရဲ့ IP Address နံပါတ်တွေ ပေါ်လာပါပြီ။

သင်မြင်နေရတဲ့ တဖက်လူရဲ့ မှင်နီဝိုင်းပြထားတဲ့ IP Address ကို သေချာကူးယူပြီး Google ထဲကနေ IP address locator ကိုသွားရပါမယ်။ ပြီးရင် အောက်မှာ ပေါ်လာတဲ့ ဘောက်စ်ပေါ်လာမယ်။ အောက်မှာ မှင်နီဝိုင်းပြထားတဲ့ ဗလာအကွက်ဖြစ်နေတဲ့ Google custom search ဆိုတဲ့ နေရာမှာ မှတ်ထားတဲ့ IP address ကို ရိုက်ထည့်လိုက်ပါ။ပြီးရင် မှင်နီဝိုင်းပြထားတဲ့ Search ဆိုတာလေးကိုကလစ်လိုက်ရင် နောက်ထပ်ဘောက်စ်တခု ကျလာပြီး တဖက် လူဟာ ဘယ်နိုင်ငံ၊ ဘယ်ပြည်နယ်၊ ဘယ်နေရာကနေ သုံးတယ်ဆိုတဲ့ အသေးစိပ် အချက်အလက်တွေကို မြင်သိရ ပြီဖြစ်ပါတယ်။

ချွင်းချက်အနေနဲ့ တဖက်လူက IP address ကို ပုန်းထား၊ ၀ှက်ထားလို့ရတဲ့ Software တခုခုကို သုံးထားရင်တော့ ထွက်ပေါ်လာတဲ့အချက်အလက်တွေက အမှန်မဖြစ်နိုင်ဘူးဆိုတာကိုတော့သိထားသင့်ပါတယ်။ များသောအားဖြင့် အဲဒီလို Hide your IP address ဆော့ဖ်ဝဲလ်သုံးလေ့သုံးထ မရှိတာများကြပါတယ်။

အိမ့်သံစဉ် ရေးသားသည်
ဧရာဝတီ ဘလော့ဂ်

Sunday 18 March 2012

Local Area Network အတွင်း Printer Sharing ပြုလုပ်ခြင်း ( Windows 7 )








ကျွန်တော် ဒီနေ့ Local Area Network ထဲမှာ ရှိတဲ့ Client Computer အချင်းချင်း Printer Sharing လုပ်တဲ့ နည်းလမ်းလေးကို ပြန်ပြီးတော့ မျှဝေပေး သွားပါမယ် .. မိမိတို့ အဓိကထားပြီး အသုံးပြုချင်တဲ့ ကွန်ပျူတာ တစ်လုံးမှာ Printer ကိုတပ် ဆင်ထားပြီး မိမိရဲ့ Local Area Network အတွင်းမှာ ရှိတဲ့ တစ်ခြားသူများပါ .. မိမိကွန်ပျူတာမှာ တပ်ဆင်ထားတဲ့ Printer ကိုလှမ်းပြီး အသုံးပြုနိုင်စေဖို့ အတွက် Printer Sharing ပြုလုပ်တဲ့ နည်းလမ်းလေးပဲ ဖြစ်ပါတယ် .. ကျွန်တော် Windows 7 အသုံးပြုတဲ့ ကွန်ပျူတာ အချင်းချင်း စမ်းပြီး ရေးပေးထားတာ ဖြစ်ပါတယ် .. ကျွန်တော် မသိသေးတဲ့ သူများ အဆင်ပြေပြေနဲ့ လုပ်တက်သွားအောင် အောက်မှာ ပုံလေးတွေနဲ့ ဖော်ပြပေးထားပါတယ် ..

အရင်ဆုံး မိမိတို့ ပရင်တာ တပ်ဆင်မဲ့ ကွန်ပျူတာမှာ ဘာတွေ ပြင်ဆင်ဖို့ လိုအပ်လည်းဆိုတာကို အရင်ဆုံး ရေးပေး သွားပါမယ် ..

ပထမဦးစွာ မိမိတို့ Printer တပ်ဆင်ပြီး အသုံးပြုမဲ့ ကွန်ပျူတာမှာ မိမိတို့ အသုံးပြုမဲ့ Printer ကို တပ်ဆင်လိုက်ပါ .. ပြီးရင် Start ကိုနှိပ်ပြီး Devices and Printer ကိုသွားလိုက်ပါ ..

အောက်က ပုံအတိုင်း မိမိတို့ စက်မှာ တပ်ဆင်ထားတဲ့ Printer ကိုတွေ့ပြီ ဆိုရင် အဲ့ဒီကောင်လေးပေါ်မှာ Right Click ထောက်လိုက်ပါ .. ပြီးရင် Printer Properties ကိုသွားလိုက်ပါ .. တကယ်လို့ ဒီအဆင့်မှာ မိမိတို့ တပ်ဆင်ထားတဲ့ Printer ကို မတွေ့ဘူးဆိုရင်တော့ မိမိတို့ ကွန်ပျူတာမှာ Printer Driver Run ပေးဖို့ လိုလို့ ဖြစ်ပါလိမ့်မယ် ..


ပြီးရင် အောက်က ပုံအတိုင်း Sharing ကိုသွားပြီး Sharing Printer ကို အမှန်ခြစ်လေး ပေးလိုက်ပါ .. ပြီးရင်တော့ Apply >> OK ပေးလိုက်ပါ .. ဒါဆိုရင်တော့ မိမိတို့ Printer ကို Sharing လုပ်ပြီး သွားပြီ ဖြစ်ပါတယ် ..
မိမိရဲ့ Network ထဲမှာ သွားပြီး ကြည့်လိုက်ပါ .. အောက်ကပုံအတိုင်း Share ပေးထားတာ တွေ့ရပါလိမ့်မယ် ..

အပေါ်မှာ ပြထားတဲ့ အဆင့်တွေ အတိုင်း Printer တပ်ဆင်ထားတဲ့ စက်က Sharing ပေးပြီး သွားပြီ ဆိုရင်တော့ တစ်ခြား Network ထဲမှာ စက်တွေကနေ Printer ကို လှမ်းယူ အသုံးပြုနိုင်အောင် ဘယ်လို ပြင်ဆင်ဖို့လိုအပ်တယ် ဆိုတာကို ရေးပေးမှာ ဖြစ်ပါတယ် ..

အရင်ဆုံး အပေါ်မှာ သွားခဲ့သလိုပဲ Start ကိုနှိပ်လိုက်ပါ .. ပြီးရင် Devices and Printer ကိုသွားလိုက်ပါ ..

အောက်က ပုံအတိုင်း ပေါ်လာပြီ ဆိုရင်တော့ Network ထဲ Printer ထပ်ဆင်ထားတဲ့ ကွန်ပျူတာကနေ Share ပေးထားတဲ့ Printer ကို လှမ်းပြီး အသုံးပြုနိုင်ဖို့ အတွက် မိမိရဲ့စက်မှာ Add လုပ်ပေးဖို့ လိုအပ်တဲ့အတွက် ပထမဦးစွာ Add a printer ကို နှိပ်လိုက်ပါ ..


အောက်က ပုံအတိုင်း ပေါ်လာပြီ ဆိုရင်တော့ Network အတွင်းမှာ အသုံးပြုထားတဲ့ Printer ကို အသုံးပြုမှာ ဖြစ်တဲ့ အတွက် Add a network , wireless or Bluetooth printer ကို နှိပ်လိုက်ပါ ..


တကယ်လို့ Sharing ပေးထားတဲ့ Printer က ပေါ်မနေဘူး ဆိုရင် အောက်မှာ ပြထားတဲ့ အတိုင်း The Printer that i want isn't listed ကို နှိပ်လိုက်ပါ ... တကယ်လို့ Sharing ပေးထားတဲ့ Printer ပေါ်နေတယ် ဆိုရင်တော့ အဲ့ဒီကောင်လေးကို ရွေးပြီး Next ပေးလိုက်ယုံပါပဲ ..

အောက်က ပုံမှာ ပြထားတဲ့အတိုင်း ပေါ်လာပြီ ဆိုရင် Network ထဲမှာ Sharing ပေးထားတဲ့ Printer ကို Browse ကနေတစ်ဆင့် သွားပြီး ရွေးချယ်ပေးလိုက်ပါ ..


အောက်က ပုံအတိုင်း ရွေးချယ်ပြီးသွားပြီ ဆိုရင်တော့ Next ပေးလိုက်ပါ ..

ထပ်ပြီးတော့ Next ပေးလိုက်ပါ ..


အပေါ်က အဆင့်အတိုင်း နောက်ပေးပြီးလို့ နောက်တစ်ဆင့် Finish ပေးပြီး သွားပြီ ဆိုရင်တော့ အောက်က ပုံမှာ ပြထားတဲ့ အတိုင်း မိမိတို့စက်မှာ Share ပေးထားတဲ့ Printer ကိုတွေ့ရမှာ ဖြစ်ပါတယ် .. ဒါဆိုရင် တစ်ခုခုကို မိမိက Print ထုတ်ချင်တယ် ဆိုရင် Priner တပ်ထားတဲ့ စက်စီ သွားနေစရာမလိုပဲ မိမိစက်ကနေ လှမ်းပြီး ထုတ်လို့ ရသွားမှာ ဖြစ်ပါတယ် ..


ပရင့်ထုတ်တော့မယ် ဆိုရင်တော့ အောက်ကပုံအတိုင်း Printer မှာ မိမိယူပြီး အသုံးပြုမဲ့ Share ပေးထားတဲ့ Printer ရဲ့ အမည်ကို ရွေးချယ်ပေးဖို့ လိုပါလိမ့်မယ် .. ဒါမှသာ Print ထုတ်လို့ရမှာ ဖြစ်ပါတယ် ..



ဒါဆိုရင်တော့ Printer တပ်ဆင်ထားတဲ့ စက်နှင့်အတူ Network အတွင်းမှာ ရှိတဲ့ Client စက်အချင်းချင်း Printer Sharing ပြုလုပ်ပြီး အသုံးပြုနိုင် သွားပြီ ဖြစ်ပါတယ် .. အောက်ကပုံမှာ မိမိတို့ Printer ထုတ်ချင်တဲ့ ကောင်တွေကို အစဉ်လိုက် ထုတ်ပေးသွားမှာ ကိုတွေ့ရမှာ ဖြစ်ပြီး Printer တပ်ဆင်ထားတဲ့ စက်ကိုတော့ အမည်ကို ဖော်ပြပေးမှာ ဖြစ်ပြီး .. Network အတွင်းမှာ ရှိတဲ့ တစ်ခြား စက်တစ်လုံးက ထုတ်မယ် ဆိုရင်တော့ Guest ဆိုပြီး ဖော်ပြေပေးမှာ ဖြစ်ပါတယ် ..


ဒီလောက်ဆိုရင်တော့ အားလုံးပဲ Local Area Network အတွင်းမှာ ရှိတဲ့ Computer အချင်းချင်း Printer Sharing ပြုလုပ် တက်သွားလိမ့်မယ်လို့ ထင်ပါတယ် ..

အားလုံးပဲ အဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ ..
နေမင်းမောင်