Wednesday 14 September 2011

ကြိုက်တဲ့ Webpage ကို PDF file ပြောင်းမယ်

ကျွန်တော်အစက Webpage ကို PDF Flile နဲ့ လိုချင်တုန်းက ဆို တော်တော်လေးကို အလုပ်ရှုပ်ခဲ့ရတယ် ။ အဲဒီတုန်းက ဖိုတိုရှောပ်ကို တော်တော်လေးကို လေ့လာဖြစ်ခဲ့သေးတာကိုး ။ အဲဒါကို သူပေးတဲ့ နည်းကို လိုချင်ရင် ပုံတွေနဲ့ ပြပေးတော့ အဲဒီနည်းကို ကြိုက်တယ်ဆိုရင် PDF file ဒါမှ မဟုတ် ။ Capture Add-On ကို သုံးပြီး JPG ဓါတ်ပုံဖိုင်နဲ့ သိမ်းထားတာ ။ အဲသလို... တော်တော်လေးကို ဒုက်ခရောက်ခဲ့တာ ။ PDF File တစ်ခါတစ်ခါပြောင်းတာနဲ့ တော်တော်ကို ဟန်းသွားတာ Firefox က စိတ်တော်တော်ညစ်ဖို့ ကောင်းတာ ။
ခုတော့ ကျွန်တော် Webpage တွေကို PDF file ပြောင်းဖို့ နည်းတွေတော်တော်လေးကို ရလာတယ် ။ Gmail ကနေ တစ်မိနစ်စောင့်ပြီး လုပ်တာတို့တွေပေါ့ဗျာ ။ ခုရေးစာကလည်း Add-On ပါပဲဗျာ ။ ပိုမြန်တာပေါ့ ။ Gmail ကနေ လုပ်တာက ခဏစောင့်ရဦးမယ် ။
အလုပ်နည်းနည်းရှုပ်ဦးမယ်....ဒီကောင့်လေးကို သုံးလိုက်ရင် မြန်မြန်ဆန်ဆန်ပဲဗျာ ။အဲဒီဝက်ဆိုဒ်ရဲ့ ကောင်းမှုပါပဲဗျာ ဒီကောင်က ။ ပြီးတော့ သာတာ တစ်ခုရှိသေးတယ် ။ ဒေါင်းလုပ်လို့ရရုံတင် မကဘူး ။တစ်ခါတည်း Google Doc ကို လည်းတစ်ခါတည်း ပို့နိုင်သလို ။ သူငယ်ချင်းတွေကိုလည်း ပို့ပေးလို့အောင်လည်း လုပ်လို့ရပါသေးတယ် ။ ဒါပေမယ့် မြန်မာဆိုဒ်တွေတော့ မရကြောင်းပါ ။

စောနက Add-On လုပ်နည်းကို ရေးပေးပါဦးမယ် ။ လုပ်တတ်ပြီးသားဆိုရင် လည်း လင်ခ့်အတိုင်းသွားပြီး ကိုယ့်ဖာသာကိုယ်လုပ်လိုက်ရုံတင် ။
ပထမဆုံး ဒီလင့်အတိုင်းသွားလိုက်ပါဗျာ ။ Firefox တင်မကဘူး IE,Chrome မှာ လည်း လုပ်နိုင်ပါတယ် ။ ကျွန်တော်တော့ Firefox ကိုပဲ သုံးဖြစ်နေတော့ တစ်နည်းပဲ ရေးပေးပါမယ် ။ သုံးကြာတဲ့ဟာပဲ သုံးလွယ်လို့ သုံးဖြစ်နေတာဗျာ ။ IE, Chrome အတွက်လင်ခ့်ပါ ။ အဲဒီလင့်အတိုင်းသွားပြီးတော့ ပုံအတိုင်းကြည့်လိုက်ပါ ။ အဆင်ပြေပါလိမ့်မယ်ဗျာ ။
ကဲခု Firefox အတွက် ပြန်စရအောင်... အပေါ်က လင်ခ့်အတိုင်းသွားလိုက်ပါ ။ ပြီးရင် Add to firefox လိုက်ပါ ။
ပြီးရင် သင့်ရဲ့ Firefox အပေါ်နားမှာ ပေါ်လာလိမ့်မယ် Allow လို့ နိပ်ပေးလိုက်ပါ ။ အဲဒီကို...
ပြီးရင် ခဏလေးစောင့်ပေးလိုက်ပါ ။ သူ့ဖာသာ ဒေါင်းနေလိမ့်မယ်... ဘာမှလုပ်စရာမလိုပါ ။ ပြီးရင် Install လုပ်ဖို့ Box တက်လာလိမ့်မယ်... Install လိုက်ပါ ။
ပြီးရင် Allow လိုမျိုး Restart ချဖို့ တက်လာမယ်... ချသာချ ;)
Restart ပြီးလို့ ပြန်တက်လာရင် ရွေးစရာလေး ရှိမယ် ။ ကြိုက်တာရွေးပေးလိုက်ရုံတင်..
ပြီးရင်တော့ သင်ရဲ့ Firefox ဒီလို့ အမှတ်သာလေး ပေါ်လာပါလိမ့်မယ်...
အဲဒါကို ဘယ်လိုသုံးရတာလဲ ဆိုတော့ သင်ရောက်နေတဲ့ စာမျက်နှာကို ပြောင်းချင်ရင် အဲဒီနေရာကို နိပ်ပေးလိုက်ရုံတင် ။ ဥပမာ ခု ဖတ်နေတဲ့ စာမျက်နှာကိုပေါ့ဗျာ ။ အဲ... အဲဒါကို နိပ်လိုက်တာနဲ့ New Tag ဖွင့်လိုက်မည်... အဲဒီမှာ ဒေါင်းဖို့ရယ်...ရှဲဖို့ရယ်... သိမ်းဖို့ရယ်ရှိမယ်... ကြိုက်တာလုပ်လိုက်ရုံတင်။