Monday 11 April 2011

111-HardDisk ရဲ့ Size အမှန်ရအောင် တွက်ချက်နည်း

HardDisk ရဲ့ Size အမှန်ကို တွက်ချက်နည်းလေး ဝေမျှပေးပါမည်။ ကျွန်တော်တို့ Hard Disk Drive တခုကို ၀ယ်လိုက်တာနဲ့ အဲ့ဒီ Hard Disk ကို Format ချတော့မယ်ဆိုရင် 500 Gbyte ရှိတဲ့ Hard Disk က 465 Gbyte ဘဲ ဖော်ပြနေတယ်။ 1000 Gbyte ရှိတဲ့ Hard Disk က 931 Gbyte ဘဲ ရှိနေတာ ဘာကြောင့်လဲဆိုတာ သိသင့်တယ်ထင်လို့ ကျွန်တော် တင်ပြပေးလိုက်တာပါ။ ဒါက မသိလဲ အရေးတော့ မကြီးပါဘူး။ ဒါပေမဲ့ တက်သိနားလည်းချင်တဲ့ သူငယ်ချင်းများကို ရည်ရွယ်ပြီ ဝေမျှလိုက်တာပါ။ အောက်မှာ လေ့လာပါ။

ပထမ သိရမည့် အချက် ( မှတ်ချက် ။ ။ Gbyte , Mbyte , Kbyte သာ အခုတင်ပြမည့်အပိုင်းမှာ သက်ဆိုင်လို့ ဒီသုံးမျိုးဘဲ ဖော်ပြတာပါ)
ဒုတိယ သိရမည့်အချက်

500 Gbyte ရှိတဲ့ hard Disk Drive တခုမှာ 500.000.000.000 bytes ပါရှိတယ်ဆိုတာ အရင်သိရပါမည်။ တနည်းအားဖြင့် 500 Gbyte ရှိတဲ့ hard Disk က 465 Gbyte ဘဲ အမှန်တကယ်ရှိတာဖြစ်ပါတယ်။

1 Tbyte ( 1000 Gbyte) ရှိတဲ့ Hard Disk Drive တခုမှာ 1000.000.000.000 byte ပါရှိတယ်ဆိုတာသိရ ပါမည်။ တနည်းအားဖြင့် 0,9 Tbyte က 931 Gbyte နဲ့ ညီတယ်လို့ပြောတာဖြစ်ပါတယ်။

ဒါဆို ဘယ်လို ရတာလဲ ကိုယ်တိုင် တွက်ချက်ကြည့်ရအောင်

အထက်ပါ 500 Gbyte က 465 Gbyte ဘဲ ရှိတာ ဘာကြောင့်လဲဆိုတာ မေးစရာ ရှိလာပါပြီ ဒါကြောင့် အောက်ပါအတိုင်း တွက်ချက်တက်ဖို့ လိုပါတယ်။ အဆင့် (၃) ဆင့် တွက်ချက်ဖို့ လိုအပ်ပါတယ်။

ဒီလောက်ဆိုရင် ဘယ်လိုတွက်ချက်ရမယ်ဆိုတာ နားလည်သဘောပေါက်လောက် ပြီထင်ပါတယ်။ အခြားသိသင့်တဲ့ အချက်များကိုလည် မှတ်ချက်မှာ ဝေမျှလိုက်ပါတယ်။

အထက်ပါအတိုင်းအဆင့်သုံးဆင့် မတွက်ချင်တဲ့ သူငယ်ချင်းများအနေဖြင့် အချိုးတွေကို သိချင်အားဖြင့်လဲ တွက်ချက် နိုင်ပါတယ်။

ဥပမာ

Kilobyte ကနေ တဆင့်ချင်း အချိုးတွေနဲ့ ကျွန်တော် တွက်ပြပါအုံးမယ်။ ( ၅၀၀ ရှိတဲ့ Harddisk တခုကို တွက်ချက်မှာဖြစ်ပါတယ်။


Gbyte ရဲ့ အချိုးက 0.9313226 ဖြစ်လို့ ဒါနဲ့ဘဲ မြှောက်ပေးတာဖြစ်ပါတယ်။ အပေါ်မှာတင်ပြခဲ့တာနဲ့ အဖြေအတူတူ ထွက်မှာဘဲဖြစ်ပါတယ်။ ဒါကြောင့် 500 Gbyte က အမှန်တကယ် 465 Gbyte ဘဲရှိပါတယ်။
အခြား Ratio များကို ဗဟုသုတအနေနဲ့ ဖော်ပြလိုက်ပါတယ်။

110-Windows Activation Trial Day 30 ကို 120 Day တိုးနည်း

ကျွန်တော်သူငယ်ချင်းတွေ အတွက် အသုံးဝင် အသုံးတည့်လှတဲ့ နည်းလေး ဝေမျှပေးပါအုံးမယ်။ Windows 7 တင်ထားတဲ့ Trial version တွေမှာ ပုံမှန်အားဖြင့် ရက် (၃၀) သာ အလကားပေးထားပါတယ်။ ရက် (၃၀) ကျော်သာနဲ့ သူငယ်ချင်းများအနေနဲ့ Key မရှိလို့ Loader တွေနဲ့ crash လုပ်စရာမလိုဘဲ 30 Trial ကို 120 Trial ဖြစ်အောင် လုပ်တဲ့ နည်းလေးဖြစ်ပါတယ်။ တနည်းအားဖြင့် (တစ်) လ အလကားပေးသုံးတာကို (သုံး) လ အလကား ရအောင် လုပ်တာဖြစ်ပါတယ်။ သုံးလ အတွင်းမှာ Microsoft က ပေးတဲ့ update တွေကို update လုပ်နိုင်မှာဖြစ်ပါတယ်။ သုံးလ ကျော်ရင်တော့ ထပ်တိုးလို့ မရတော့ပါဘူး။ ဒါဆိုရင်တော့ Windows ရဲ့ product key number ကို ထည့်ရင်ထည့် (သို့မဟုတ်) Activation Loader နဲ့လုပ်ရရင် လုပ် လုပ်လို့ မရရင်တော့ uninstall လုပ်ပြီး Windows ပြန်တင်။ ပြီးတာနဲ့ Trial ကုန်ဖို့ တစ်ရက် အလိုမှာ အခုတင်ပြတဲ့ နည်းကို သုံး ဒါဆို အဆင်ပြေမည်။

ဝန်ခံချက်။ ။ ကျွန်တော်စက်လဲ Trial သုံးထားတာ ဖြစ်ပါတယ်။ ဒီနည်းနဲ့ဘဲ တိုးသုံးနေပါတယ်။ ကျွန်တော် စက်မှာ တိုးစဉ်မှာ ပုံမရိုက်ခဲ့ရလို့ ရှင်းလင်းစွာ နားလည်စေချင်တာနဲ့ ပုံ (၁) နှင့် ပုံ (၂) ကို အွန်လိုင်ကနေ ယူထားပါတယ်။

မှတ်ချက်။ ။ တစ်ကြိမ်တိုးရင် ရပ်ပေါင်း (၃၀)သာ တိုးပါမည်။ ဒါကြောင့် 1 Day ရောက်တာနဲ့ ဒီနည်းကို အသုံးပြုပါ။
3 (rearms) x 30 (days) = 90 (days extended) + 30 (default days) = 120 days

My computer ကို Right click ထောက်ပြီ Properties ကို ၀င်လိုက်ရင် အောက်ပါအတိုင်း တွေ့ရမှာ ဖြစ်ပါတယ်။
Trial ကုန်ဖို့ တစ်ရက်အလိုက ပုံ


Trial တစ်ရက် အလိုကို 30 day ပြောင်းပြီးနောက် ပုံကို လေ့လာပါ

ဒါဆိုရင် ဘယ်လိုပြောင်းရမယ်ဆိုတာ အောက်မှာ ကြည့်လိုက်ပါ။

လုပ်နည်း

  1. Start >> Search Box မှာ cmd လို့ ရိုက်လိုက်ပါ။ ပြီးတာနဲ့ cmd ပေါ် Right click ထောက်ပြီး Run as Administrator ကို click လိုက်ပါ။ ပုံကိုကြည့်ပါ။
  2. အောက်ပါ code ကို ရိုက်ပါ။ command prompt မှာ slmgr -rearm ကို ရိုက်ပြီ Enter ခေါက်ပါ။
  3. Windows Script host Box ကျလာပါမည်။ OK ပေးလိုက်ပါ။ ပြီးတာနဲ့ မိမိ computer ကို Restart ချလိုက်ပါ။ ဒါဆိုရင်တော့ နောက်ထပ် Trial 30 day ဖြစ်နေပါလိမ့်မည်။