Wednesday 30 November 2011

OXFORD Picture Dictionary: Vocabulary reinforcement activity book with 2 audio CDs











ကျွန်တော်အခု OXFORD Picture Dictionary လေးကို Audio ဖိုင်လေးတွေနဲ့ပါ တွဲပြီးတင်ပေးလိုက်ပါတယ်။ ကျွန်တော်တို့ အင်္ဂလိပ်စာကို အနိမ့်ဆုံးအဆင့်ကနေ စပြီးလေ့လာလို့ရပါတယ်။ အင်္ဂလိပ်စာလေ့လာလို သူများအတွက်လည်း အသုံးဝင်သလို မိမိတို့ ကလေးတွေအတွက်လည်း အသုံးဝင်ပါတယ်။ Audio ဖိုင်လေးမှာ အသံထွက်တွေကို ဖြည်းဖြည်းခြင်းပဲပြောပေးထားတဲ့ အတွက် နားလည် လွယ်ပါတယ်။ အခုလို Audio CD လေးတွေနဲ့ တွဲပြီးရတာ တန်ဖိုးရှိပါတယ်။ ဖိုင်ဆိုဒ်ကတော့ နည်းနည်းများပါတယ်။ 174.8 MB ရှိပါတယ်။ ကျွန်တော်နောက်ကိုလည်း ဒါမျိုးလေးတွေ တင်တင်ပေးသွား ပါ့မယ်။ အခုတော့ အောက်မှာ ယူသွားလိုက်ပါဗျာ။ ကျွန်တော်အောက်မှာ နှစ်နေရာခွဲတင်ပေးထားပါတယ်။ အဆင်ပြေမယ့်လင့်ခ် လေးကနေသာ ယူသွားလိုက်ပါဗျာ..



OXFORD Picture Dictionary: Vocabulary reinforcement activity book with 2 audio CDs

Monday 28 November 2011

Medical and Health Science Books



Oxford Medical Handbooks Collection

ဆေးပညာ ဘာသာရပ်အတွက် မရှိမဖြစ် အသုံးဝင်တဲ့ လက်စွဲစာအုပ် ၂၂ အုပ်ကို စုစည်းထားပါတယ်။ Oxford University Press ဖြစ်ပြီး ပါဝင်တဲ့ စာအုပ်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။





- Oxford Handbook Of Accident and Emergency Medicine (2nd Edition)
- Oxford Handbook Of Acute Medicine (2nd Edition)
- Oxford Handbook Of Anaesthesia (2nd Edition)
- Oxford Handbook Of Clinical and Laboratory Investigation
- Oxford Handbook Of Clinical Diagnosis (1st Edition)
- Oxford Handbook Of Clinical Examination & Practical Skills (1st Edition)
- Oxford Handbook Of Clinical Haematology
- Oxford Handbook Of Clinical Medicine (6th Edition)
- Oxford Handbook Of Clinical Medicine (7th Edition)
- Oxford Handbook Of Clinical Specialties (7th Edition)
- Oxford Handbook Of Clinical Surgery (3rd Edition)
- Oxford Handbook Of Critical Care (2nd Edition)
- Oxford Handbook Of Dialysis (2nd Edition)
- Oxford Handbook Of General Practice (2nd Edition)
- Oxford Handbook Of Genitourinary Medicine, HIV, and AIDS (1st Edition)
- Oxford Handbook Of Medical Sciences (1st Edition)
- Oxford Handbook Of Palliative Care (1st Edition)
- Oxford Handbook Of Practical Drug Therapy (1st Edition)
- Oxford Handbook Of Psychiatry (1st Edition)
- Oxford Handbook Of Respiratory Medicine (1st Edition)
- Oxford Handbook Of Tropical Medicine (2nd Edition)
- Oxford Handbook Of Urology (1st Edition)
ဒီစာအုပ်တွေ အားလုံးကို အောက်ပါ Link များမှတဆင့် Download ရယူနိုင်ပါတယ်။ (Size: 344.4 MB)

Adobe Photoshop CS Portable AIO: CS1/CS2/CS3/CS4/CS5




အားလုံးက Portable လေးတွေ ချည်းပါပဲ .. ဘာ Key မှလည်း ထည့်ပေးစရာ မလိုပါဘူး .. မိမိတို့ အသုံးပြုတက်တဲ့ Version အလိုက် ဒေါင်းလော့ ချသွားလိုက် ယုံပါပဲ .. ဒီကောင်လေးတွေကို Run တဲ့အချိန်ကျရင် Application ပေါ်မှာ Right Click ထောက်လိုက်ပါ .. ပြီးရင် Run as administrator နဲ့ Run ပေးလိုက်ပါ .. ဒါဆိုရင် အဆင်ပြေသွားပါလိမ့်မယ် .. ကျွန်တော် ဒေါင်းလော့ချရတာ အဆင်ပြေအောင် နှစ်နေရာ ခွဲပြီးတင်ပေးထားပါတယ် .. မိမိတို့ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ချသွားလိုက်ပါ ..






Adoble Photoshop Cs 1 Portable Download
Adoble Photoshop Cs 2 Portable Download
Adoble Photoshop Cs 3 Portable Download
Adoble Photoshop Cs 4 Portable Download
Adoble Photoshop Cs 5 Portable Download

DDR 2 - DDR 3 နှင့် RAM များအကြောင်း ( E-Book )




မန်မာမိသားစု မှာ ကိုကျော်သန့်ဇင် ရေးထားတဲ့ Navigating The RAM Maze ဆိုတဲ့ E-Book လေးတင်ပေးလိုက်ပါတယ် .. ဒီစာအုပ်လေးကို ဖတ်လိုက်တာနဲ့ Random Access Memory ဆိုတာဘာလည်း ဆိုတာကို ဥပမာ လေးတွေနဲ့ ရှင်းပြပေးထားတာတွေ ပြီးရင် DDR 2 နဲ့ DDR 3 ရဲ့ကွားခြားချက်တွေ စွမ်းဆောင်ရည်တွေနဲ့ ကန့်သတ်ချက်တွေကို အလွယ်တကူ သိရှိသွားနိုင်မှာ ဖြစ်ပါတယ် .. လေ့လာသင့်တဲ့ အကြောင်းအရာ တစ်ခုပဲဖြစ်ပါတယ် .. အောက်မှာ ကျွန်တော် ဒေါင်းလော့ ချရတာ အဆင်ပြေအောင် သုံးနေရာ ခွဲပြီး တင်ပေးထားပါတယ် .. အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ချသွားလိုက်ပါ ..

Sunday 27 November 2011

အဆင့်မြင့် ဒစ်ဂျစ်တယ် ဓာတ်ပုံပညာ ( E-Book )






တက္ကသိုလ်စိုးဝင်း ရေးထားတဲ့ အဆင်မြင့် ဒီဂျစ်တယ် ဓာတ်ပုံပညာ ဆိုတဲ့ စာအုပ်လေး ကို ဒီဖိုရမ်မှာ တင်ပေးထားတာ တွေ့လို့ ပြန်ရှယ်ပေးလိုက်ပါတယ် .. ဓာတ်ပုံပညာ နဲ့ပါတ်သတ်ပြီး လေ့လာချင်တဲ့ သူတွေကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ချသွားလိုက်ပါ ..



Engineering Mathematics (4th Edition)






ကျွန်တော်အခု Engineering Mathematics E-book လေးတစ်အုပ်တင်ပေးလိုက်ပါတယ်။ ကျွန်တော်လည်း ကောင်းတဲ့ E-book လေးတွေရလာတိုင်းကျွန်တော်တင်တင်ပေး သွားပါမယ်။ စာအုပ်လေး တွေဆိုတော့ ဆောင်ထားလိုက်ပါဗျာ။ ဖိုင်ဆိုဒ်ကလည်း 5 MB ပဲရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ..
ကျွန်တော်အောက်မှာ နှစ်နေရာခွဲတင်ပေးထားပါတယ်. အဆင်ပြေပါစေဗျာ....

Engineering Mathematics


အင်တာနက်နှင့်အီးမေးလ်လွယ်ကူစွာအသုံးပြုခြင်း ( E-Book )





ကျွန်တော် ဒီနေ့တော့ အသုံးဝင်မဲ့ E-Book လေးတွေ တင်ပေးသွားပါမယ် .. E-Book လေးတွေလည်း မတင်ပေးဖြစ်တာ သွားပါပြီ .. အဲ့ဒါကြောင့် ကျွန်တော်စီမှာ စုဆောင်းထားတဲ့ စာအုပ်လေးတွေ ထဲက အသုံးဝင်တာ လေးတွေကို ရွေးပြီး တင်ပေးလိုက်ပါတယ် .. အခု တင်ပေးလိုက်တဲ့ စာအုပ်လေးကတော့ သူရအောင် ရေးထားတဲ့ အင်တာနက်နှင်အီးမေးလ် လွယ်ကူစွာ အသုံးပြုနည်း ဆိုတဲ့ စာအုပ်လေးပဲ ဖြစ်ပါတယ် .. ဒီစာအုပ်လေးမှာ အင်တာနက်အကြောင်း ၊ Website များအား ကြည့်ရှုခြင်း ၊ Forum များအား လေ့လာခြင်း ၊ ဘလော့ရေးသားခြင်း ဒေါင်းလော့ချခြင်း တို့ကို လေ့လာနိုင်မှာ ဖြစ်ပါတယ် ..အင်တာနက်နဲ့ အကျွမ်းတ၀င် မရှိသေးဘူး ဆိုရင်တော့ လေ့လာသင့်တဲ့ စာအုပ်လေးပါပဲ .. ဖတ်ရှုလေ့လာချင်တဲ့ သူတွေကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ချသွားလိုက်ပါ ..




Human Physiology, 12th Edition





Human Physiology ဆိုတဲ့ E-Book လေးတစ်အုပ် ထပ်တင်ပေး လိုက်ပါတယ်။ ကျွန်တော်တို့အတွက် အသုံးမဝင်ဘူးဆိုပေမယ့်လည်း ဆရာဝန်တွေနဲ့ တခြားကျောင်းသူ ကျောင်းသားတွေအများ စုစာတမ်းအတွက်နဲ့ တခြားကိစ္စတွေအတွက်တော့ အသုံးဝင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အသုံးဝင်မယ့်သူတွေအတွက်ကတော့ မျှဝေပေးလို့ရတာ ပေါ့ဗျာ။ ဖိုင်ဆိုဒ်ကတော့ 72.76 MB ရှိပါတယ်။ ဆောင်ထားလိုက်ပါဗျာ။
ကျွန်တော်အောက်မှာ နှစ်နေရာခွဲတင်ပေးထား ပါတယ်။အဆင်ပြေမယ့်လင့်ခ်လေး ကနေသာယူသွားလိုက် ပါဗျာ.။



Human Physiology, 12th Edition



အားလုံးပဲအဆင်ပြေကြပါစေ။ကျေးဇူးတင်ပါတယ်ခင်ဗျာ..

Your Uninstaller Pro ( Portable )

တစ်ချို့ တစ်ချို့သော program တွေဟာ ဖြုတ်လို့မရတာမျိုးနှင့် install လုပ်ထားပေမယ့် add and remove programs မှာ မတွေ့တာမျိုးတွေအတွက် အဆိုပါ programs တွေကို ပြန်ဖြုတ်ချင်တဲ့အခါမျိုးမှာ မသိတဲ့သူတွေအတွက် အတော်လေး ရွာလည်တတ်ပါတယ် . အခု ဒီ program ကတော့ အဲ့ဒီ့ အခက်အခဲကို ဖြေရှင်းပေးနိုင်ပါတယ် . လွယ်လွယ်ကူကူသုံးရအောင် Portable တင်ပေးလိုက်ပါတယ် . Install လုပ်စရာမလိုပါဘူး .. အောက်မှာ Download လုပ်လိုက်ပါ .

Download ifile.itDownload mediafireDownload multiupload

Friday 18 November 2011

Taber's Cyclopedic Medical Dictionary, 20 Edition






Medical Dictionary လေးပါ။ တန်ဖိုးရှိပါတယ်ဗျာ။ ဆောင်ထားလိုက်တာလည်း မမှားပါဘူးဗျာ။ ကျွန်တော်လည်း ဒီလိုကောင်လေးတွေရတာ နဲ့ အကုန်လုံးလဲ အဆင်ပြေအောင်တင်ပေးသွားမှာပါ။ ကျွန်တော်လည်းစာအုပ်လေးတွေစုရတာ ၀ါသနာပါပါတယ်။ အဲ့ဒါကြောင့် ရတာနဲ့ တင်ပေးသွားတာပါ။ အခုကောင်လေး ဖိုင်ဆိုဒ်ကတော့ 37.30 MB ရှိပါတယ်။ အောက်မှာ ယူသွားလိုက်ပါဗျာ။
ကျွန်တော်အောက်မှာ နှစ်နေရာခွဲတင်ပေးထား ပါတယ်. အဆင်ပြေမယ့်လင့်ခ်လေးကနေ သာယူသွားလိုက် ပါဗျာ။

Taber's Cyclopedic Medical Dictionary, 20 Edition









အားလုံးပဲ အဆင်ပြေကြပါစေ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
နေမင်းမောင်

VZOchat & Gtalk Download


Click to see larger images

Friday 11 November 2011

BurnAware Professional v4.1.1 Portable

BurnAware Professional is CD, DVD, Blu-ray Disc burning, copy and backup software that covers most of the requirements of any organization


Size: 15.1 MB

Made By XenoCode

Wednesday 9 November 2011

ကွန်ပျူတာသုံးစွဲသူတိုင်းအတွက်အင်္ဂလိပ်စာ ( E-Book )


ဒါကတော့ဆရာမောင်မောင်မြင့်သိန်း ( စက်မှုတက္ကသိုလ် ) ရေးသားထားတဲ့ကွန်ပျုတာ
သုံးစွဲသူတိုင်းအတွက်အင်္ဂလိပ်စာဆိုတဲ့စာအုပ်လေးပါ..လုပ်ငန်းခွင်မှာကွန်ပျူတာကိုဘယ်
လိုစတင်အသုံးပြုရမယ် ၊ မိမိလုပ်ငန်းနဲ့အံဝင်ဂွင်ကျဖြစ်မဲ့ဘယ်လိုကွန်ပျူတာဆော့ဝဲလ်
မျိုးကိုရွေးချယ်သင့်တယ်..ရွေးချယ်ထားတဲ့ဆော့ဝဲလ်တွေကိုဘယ်လိုနည်းလမ်းများနဲ့ထိ
ရောက်စွာအသုံးချရမယ်ဆိုတာကိုယေဘုယျအားဖြင့်ခြုံငုံသဘောပေါက်သွားအောင်တစ်
ဦးနဲ့တစ်ဦးအပြန်အလှန်စကားပြောဟန်နဲ့တင်ပြထားပါတယ်..။လိုအပ်တဲ့သူများကတော့
အောက်မှာအဆင်ပြေတဲ့လင့်ကနေသာဒေါင်းလော့ချသွားလိုက်ပါ..


Downloading From Ifile.it

Downloading From Ziddu


Downloading From Mediafire

Networking ဆိုင်ရာ E-Book များ ( မြန်မာလို )


အခုတင်ပေးလိုက်တဲ့ Networking ဆိုင်ရာစာအုပ်လေးတွေ Networking ကိုလေ့လာချင်သူတွေအတွက်
ရောကိုယ်တိုင်ဆောင်ရွက်ချင်သူတွေအတွက်ရောအသုံးဝင်ပါလိမ့်မယ်..။ကျွန်တော်စာအုပ်သုံးအုပ်ကိုသက်
သက်ဆီတင်မပေးတော့ပဲပို့ဒ်တစ်ခုထဲပေါင်းပြီးတင်ပေးလိုက်ပါတယ်....ဒေါင်းလော့ချပြီးတာနဲ့တစ်ခါထဲဖတ်
ကြည့်ကြည့်လိုက်ပါ..ရေးထားတဲ့အကြောင်းအရာတွေကမများပဲနဲ့သိသင့်တာလေးတွေကိုသိသွားပါလိမ့်မယ်


Basic Networking

ဒီစာအုပ်လေးကတော့ကိုစံငြိမ်းရေးထားတဲ့ Basic Networking ဆိုတဲ့ PDF လေးပါ.ဒီစာအုပ်လေးမှာ
Network ဆိုတာဘာလဲ ၊ Network အမျိုးအစားတွေ ၊ IP အမျိုးအစားတွေ ၊ IP အမျိုးအစားတွေနဲ့ဖွဲ့
စည်းပုံတွေ ၊ Network Cable အကြောင်းတွေကိုရေးသားထားပါတယ်..အခြေခံလေ့လာလိုသူတွေ
အတွက်တော့လေ့လာသင့်တဲ့စာအုပ်တစ်အုပ်ပါ....

Download From Ifile.it


Download From Mediafire

အိမ်သုံး Proxy Server(သို့မဟုတ်)CCProxy

ဒီစာအုပ်လေးကတော့ကိုရာမညဖိုးလပြည့်ရေသားထားတဲ့ CCproxy software ဆိုတဲ့ဆော့ဝဲလ်လေးကို
အသုံးပြုပြီး

မိမိတို့အိမ်မှာ အင်တာနက်တပ်ဆင်ရင် သားသမီးတွေအတွက် မကြည့်သင့်တဲ့
ဝက်ဆိုက်တွေကို ပိတ်ပင်ချင်သလား ?

အင်တာနက်ကဖေးများအတွက် user တွေကို bandwidth ကန့်သတ်ချင်ပါလား ?

web cache အနေနဲ့ အင်တာနက် speed ကိုပိုမိုမြန်စေချင်ပါလား ?

မိမိတို့ ပေးသုံးစေချင်တဲ့ စက်ကိုပဲ ip address, mac address စသဖြင့် password နဲ့ပါ
control လုပ်ချင်ပါသလား ?

client စက်တွေကို ဘယ်အချိန်ကနေ ဘယ်အချိန်ထိပဲ အချိန်နဲ့ ကန့်သတ်အသုံးပြုစေချင်ပါသလား ?

client စက်တွေ ဘယ်ဆိုက်တွေ ဖွင့်နေတယ် ၊ ဘာလုပ်နေလဲဆိုတာ အလွယ်တကူ သိချင်ပါသလား ?

စတဲ့အသုံးပြုလို့ရမဲ့နေရာတွေနဲ့အသုံးပြုနည်းတွေကိုရေးပေးထားတဲ့စာအုပ်လေးပါ..လက်တွေ့အသုံးပြုချင်
သူတွေအတွက်လဲအထောက်အကူပေးမဲ့စာအုပ်လေးတစ်အုပ်ပါ...

Download From Ifile.it


Download From Mediafire

Data Communication

ဒီစာအုပ်လေးကအဓိကရေးသားထားတဲ့ရည်ရွယ်ချက်ကကြိုးဖုန်းတွေကနေတဆင့် Network Sharing လုပ်
ဆောင်နိုင်ဖို့အတွက်အဓိကရေးသားထားတာဖြစ်ပေမယ့်ဘာကိုလေ့လာနိုင်သလဲဆိုတော့ကျွန်တော့်တို့
နယ်ဘက်တွေမှာအခုနောက်ပိုင်းအိမ်တွေမှာအင်တာနက်ဆင်ချင်တယ်ဆိုရင်ကြိုးဖုန်းတွေကနေတစ်ဆင့်
ချိတ်ဆက်အသုံးပြုရပါတယ်..ဒီစာအုပ်ထဲမှာအိမ်တွေမှာအင်တာနက်ဆင်ချင်သူတွေအတွက်ကြိုးဖုန်းနဲ့
မိမိတို့ရဲ့ကွန်ပျူတာကိုဘယ်လိုချိတ်ဆက်ရမလဲဆိုတာအသေးစိတ်လေ့လာလို့ရပါတယ်..ပုံလေးတွေနဲ့တစ်
ဆင့်ချင်းရှင်းပြထားတာဖြစ်လို့လဲလိုက်ပါလုပ်ဆောင်ဖို့အဆင်ပြေပါလိမ့်မယ်..


Download From Ifile.it


Download From Mediafire

WCDMA & GSM E-Books


ကျွန်တော်အခု WCDMA နဲ့ GSM နဲ့သက်ဆိုင်တဲ့ E-books လေးတွေစုထားတာတင်ပေးလိုက်ပါတယ်။
Symbols လေးတွေရဲ့ အဓိပ္ပါယ် ကိုအရှည်ပြန်ရှင်းပေးထားတာတွေလဲပါပါတယ်။။ ဖိုင်ဆိုဒ်ကတော့ 32.3 MB ရှိပါတယ်။ကျွန်တော်အောက်
မှာနှစ်နေ ရာခွဲတင်ပေးထားပါတယ်။
Downloading from ifile.it

Downloading from mediafire

Monday 7 November 2011

Windows 8 မှာမြန်မာဖောင့် အဆင်မပြေသူများအတွက်

ကျွန်တော်တို့ အခုနောက်ပိုင်း Windwos 8 Preview Version ထွက်လာပြီးနောက်ပိုင်း အများစု Windows 8 ကို စမ်းပြီး အသုံးပြုလာတာ တွေ့ရပါတယ်.. ဒီနေရာမှာ ဘာတွေ ပြသနာကြုံ နေရလဲဆိုတော့ အခုအသစ် ထွက်လာတဲ့ Windows 8 မှာ Myanmar text ဆိုပြီးတော့ Unicode ကို Support လုပ်ပေးထားပါတယ် .. အဲ့ဒီအတွက် ကျွန်တော်တို့ အနေနဲ့ Unicode ကိုပဲအသုံးပြုနေတယ် ဆိုရင်တော့ ပြသနာမရှိပါဘူး .. ဒါပေမယ့် အများစုက ဇော်ဂျီဝမ်း ကိုသာ အသုံးပြုနေတဲ့ အချိန်မှာ Folder Rename ကို Zawgyi-One နဲ့ပေးထားလို့ Windows 8 မှာ ဖောင့်တွေ ပြောင်းပြန်တွေ ပေါ်နေတာတွေ G-Talk ပြောတဲ့ အခါမှာ မြန်မာလို ပေါ်ပေမယ့် ဖောင့်တွေက တစ်လွဲတွေ ဖြစ်နေတာကို ကျွန်တော် Keymagic သုံးပြီး ဖြေရှင်းလို့ ရမယ့်နည်းလမ်းလေးကို ရေးပေးသွားပါမယ်.

ကျွန်တော်တို့ Keymagic ကိုသုံးနေတဲ့ သူတွေအတွက်က ပြသနာမရှိပေမယ့် မသုံးဘူးသေးတဲ့ သူတွေအတွက် နည်းနည်း အခက်အခဲ ရှိနိုင်တာမို့လို့ ကျွန်တော် Keymagic အသုံးပြုနည်းလေးကိုပါ ရေးပေးပါမယ် .. ဘာမှတော့ မခက်ပါဘူး .. အရင်ဆုံး Windows 8 မှာ Keymagic အလုပ်လုပ်ဖို့အတွက် Microsoft Visual C++ 2008 Redistributable Package ကိုအရင် Install လုပ်ပေးဖို့ လိုအပ်ပါတယ် ..

32 Bits Users တွေကတော့ ဒီအောက်ကလင့်မှာဒေါင်းလော့သွားချလိုက်ပါ..


64 Bits Users တွေကတော့ ဒီအောက်ကလင့်မှာ ဒေါင်းလော့သွားချလိုက်ပါ..


Keymagic ကိုတော့ ဒီအောက်ကလင့်မှာ ဒေါင်းလော့ချလိုက်ပါ..

အားလုံးဒေါင်းလော့ချပြီးရင် Microsoft က ဒေါင်းလော့ချထားတဲ့ Package လေးကို အရင် Install လုပ်လိုက်ပါ .. ပြီးမှ Keymagic ကို Install လုပ်ပေးလိုက်ပါ .. ဒါဆိုရင် အဆင်ပြေသွားပါလိမ့်မယ်.. ကျွန်တော် တစ်ချက်ပြောဖို့ ကျန်ခဲ့တာက Zawgyi-One ဖောင့်ကို Install လုပ်မယ်ဆိုရင်လည်း အရင် Windows 7 မှာတုန်းက အတိုင်းပါပဲ ဘာမှမထူးပါဘူး .. Install လုပ်ပေးလိုက်ပါ ..

ဒါဆိုရင် ကျွန်တော်တို့ ကွန်ပျူတာမှာ Myanmar Text ရော Zawgyi-One နှစ်မျိုးလုံး အသုံးပြုလို့ ရသွားပါပြီ .. Keymagic ကို အသုံးပြုရတာ လွယ်ပါတယ် .. ကျွန်တော်တို့က Zawgyi-One ကိုအသုံးပြုမယ် ဆိုရင် အရင် Windows 7 က အတိုင်းအသုံးပြုယုံပါပဲ .. Keymagic နဲ့ Unicode Font ကိုပြောင်းသုံးချင်တယ် ဆိုရင်တော့ Keyboard မှ Shift + Ctrl + Z ကိုနှိပ်လိုက်ပါ .. ဒါဆိုရင် ကျွန်တော်တို့ က Keyboard မှ Zawgyi-One လက်ကွက်နဲ့ ရိုက်နေပေမယ့်လည်း စာလုံးတွေက Unicode ဖောင်နဲ့အလိုလိုပြောင်း သွားပါလိမ့်မယ် .. Convert လုပ်ပေးတာပါ .. ဒါဆိုရင်တော့ လက်ကွက်အတွက် အဆင်ပြေသွား ပြီလို့ထင်ပါတယ် ..

ကျွန်တော်တို့ ဖိုဒါတွေမှာ မြန်မာလို Zawgyi-One ဖောင်နဲ့ မပေါ်တော့ တာတွေအတွက် အရင် Windows 7 တုန်းကလို Font ကိုသွားချိန်း ပေးလို့မရပါဘူး .. အဲ့ဒီအတွက် ကျွန်တော်တို့ လုပ်ရမှာတစ်ခုက Zawgyi -One ဖောင့်နဲ့ Rename ပေးထားတာတွေကို Keymagic သုံးပြီး Myanmar Text နဲ့ပြန်ပြီး rename ပေးမှသာ Folder တွေမှာ မြန်မာဖောင့် ပေါ်တော့မှာ ဖြစ်ပါတယ် ..

နောက်တစ်ချက်ကတော့ G-Talk သုံးတဲ့အခါမှာ Myanmar လိုပေါ်နေသော်လည်း Font တွေက ထုံးစံအတိုင်း တလွဲတွေပေါ်နေ ပါလိမ့်မယ် .. အဲ့ဒီအတွက် ကျွန်တော်တို့က G-Talk က Setting ထဲမှာ Zawgyi-One ဖောင့်ကိုသွားပြီး ပြောင်းပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ် ..
အားလုံးပဲအဆင်ပြေကြပါစေ
နေမင်းမောင် blog မှ ပြန်လည်မျှဝေသည်..။

Windows 8 မှာ Start Menu Bar ထည့်ချင်ရင်



0digg


ကျွန်တော်တို့ အခုနောက်ပိုင်း Windows 8 ကိုအများစု စမ်းပြီး အသုံးပြုလာ ကြတာ တွေ့ရပါတယ် .. သုံးဖူးတဲ့ သူတွေလည်း သိမှာပါ .. အခုအသစ်ထွက်လာတဲ့ Windows 8 မှာ အရင် Windows 7 မှာတုန်းကလို Start Menu Bar မပါတော့ ပါဘူး .. ကျွန်တော် အခုပြောပြမဲ့ နည်းလမ်းလေးကတော့ Windows 8 မှာ Windows 7 မှာလို Start Menu Bar ထည့်ပြီး အသုံးပြုချင် သူတွေ အတွက်ဖြစ်ပါတယ် .. ကျွန်တော် ဘယ်လို လုပ်ရမယ် ဆိုတာကို အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ် ..

အရင်ဆုံး Keyboard မှ Windows + R ကိုနှိပ်လိုက်ပါ .. Run Box ပွင့်လာပြီဆိုရင် Run Box ထဲမှာ regedit လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ ..

အောက်ကပုံအတိုင်း Registry Editor ပွင့်လာပြီဆိုရင် HKEY_CURRENT_USER >> Software >> Microsoft >> Windows >> Current Version >> Explorer ထိအဆင့်ဆင့် သွားလိုက်ပါ .. ပြီးရင် ဆက်လုပ်ရမယ့် အဆင့်တွေကို အောက်မှာ ပုံလေးတွေနဲ့ ဖော်ပြပေးထားပါတယ် ..




အပေါ်ကပုံအတိုင်း 0K ပေးပြီးပြီ ဆိုရင်တော့ Windows 7 မှာလို Start Menu Bar အသုံးပြုလို့ ရသွားပြီ ဖြစ်ပါတယ် .. တကယ်လို့ Start Menu Bar နဲ့ မသုံးချင်လို့ သူ့မူရင်း ပုံစံအတိုင်း ပဲပြန်သုံး ချင်တယ်ဆိုရင်တော့ အပေါ်က Value data တန်ဖိုးကို 1 ပြန်ပြောင်းပြီး OK ပေးလိုက်ပါ .. ပြီးရင် ကွန်ပျူတာကို Restart ချပေးလိုက်ပါ .. ဒါဆိုရင် အဆင်ပြေ သွားပါလိမ့်မယ် ..

Windows 8 အကြောင်းတစ်စေ့ တစ်စောင်း






ကျွန်တော် ဟိုတစ်နေ့က Windows 8 အတွက် Windows Developer Preview ဆိုပြီးထွက်လာတဲ့ ကောင်လေးကို စမ်းပြီး သုံးကြည့်ရင်းနဲ့ တစ်ခြားမသုံး ရသေးတဲ့သူတွေလဲ Windows 8 နဲ့ပါတ်သတ် တာလေးတွေ ဘာတွေ Support လုပ်ထားတယ် ၊ ဘယ်လို Function တွေပါဝင်တယ် ဆိုတာကို ကျွန်တော်လေ့လာ မိသလောက်လေး ပြန်ပြီးမျှဝေ ပေးသွားပါမယ်.. ကိုယ်တိုင်သုံးကြည့်တဲ့ အခါကြရင် အဆင်ပြေပြေ နဲ့ ဘယ်ဟာက ဘယ်လိုသုံးရတယ်ဆိုတာကိုလဲ သိစေချင်တဲ့ သဘောနဲ့ပါ.. ကျွန်တော်တို့ Windows 8 ကနေပြီးတော့ September 13 ရက်နေ့မှာ Preview Version ဆိုပြီး Windows Developer Preview ကို အစမ်းအနေနဲ့ စပြီးအသုံးခွင့်ပေးခဲ့ပါတယ်.. အများစုလဲစမ်းသုံးဖူးကြရင် သုံးဖူးပြီးသား ဖြစ်ပါလိမ့်မယ်..

Windows Developer Preview ကိုအသုံးပြုမယ်ဆိုရင် လိုအပ်တဲ့ Hardware Requirement ကိုကျွန်တော် အောက်မှာဖော်ပြပေးထားပါတယ်.. တကယ်လို့စမ်း သုံးမယ်ဆိုရင်တောင် မိမိတို့စက်မှာ တင်ထားတဲ့ Windows အဟောင်းရယ် Windows Developer Preview ကိုတင်တဲ့အခါ အဆင်ပြေမပြေကို အရင်ဆုံးလေ့လာ သင့်ပါတယ်..

Minimum hardware requirements for Windows Developer Preview
Architecturex86 (32-bit)x86-64 (64-bit)
Processor1 GHz x86 processor1 GHz x86-64 processor
Memory (RAM)1 GB2 GB
Graphics CardDirectX 9 graphics processor with WDDM driver model 1.0
(Not absolutely necessary; only required for Aero hardware acceleration. Graphics processors with no WDDM support will fall back to software rendering of Windows Aero and other 3D-accelerated graphics.)
HDD free space16 GB of free disk space20 GB of free disk space

အပေါ်ကတော့ Windows Developer Preview ကိုစမ်းပြီး သုံးကြည့်ချင်တဲ့ သူတွေအတွက် လိုအပ်မဲ့ Hardware Requirement ပါ..
Windows ကိုစပြီး Install လုပ်တဲ့ အပိုင်းကနေပဲ ပြောပြပေးပါမယ်.. ဒီကောင်လေးကို Install လုပ်ကြည့်တဲ့ အခါမှာ ကျွန်တော်တို့ Windows 7 Installation လုပ်တာနဲ့ အရမ်းကြီးတော့ ကွာခြားမှုမရှိပါဘူး Windows 7 ပေါ်မှာပဲ အဓိကအခြေခံပြီး ထုတ်ထားတာလို့ ပြောလို့လဲရပါတယ်.. Windows XP နဲ့ Windows 7 Installation လုပ်သလို အရမ်းကြီး ကွာဟမသွားပါဘူး.. ဒါကြောင့် Windows 7 တင်တက်မယ်ဆိုရင် Windows 8 Installation ကိုလဲလုပ်ဖို့ အဆင်ပြေပါလိမ့်မယ်..
နောက်တစ်ချက်ကတော့ Windows 8 မှာ Windows 7 နဲ့လုံးဝ ကွာခြားသွားတာကတော့ Start Menu Screen ပါ .. ကျွန်တော်တို့က Windows Installation ပြီးပြီဆိုတာနဲ့ အရင် Windows 7 မှာလို Windows 7 Screen ကိုတန်းပြီး ပေါ်လာမှာမဟုတ်ပဲ Start Menu Screen ကိုတန်းပြီး ပေါ်လာမှာဖြစ်ပါတယ်.. ကျွန်တော်တို့က Windows Screen ထဲကိုဝင်မယ်ဆို တော့မှ Windows Screen ကိုရွေးပြီးဝင်ရောက် ပေးရမှာဖြစ်ပါတယ်..


ကျွန်တော် လဲအများကြီးတော့ စမ်းမကြည့်ရသေးပါဘူး..ဒါပေမယ့် ကျွန်တော် စမ်းသုံးကြည့် သလောက် Windows 8 Priview Version မှာ Windows 7 ထက်ပိုပြီး ထူးခြားလာတဲ့ အချက်လေးတွေကိုတော့ ရေးပေးသွားပါမယ်..
ကျွန်တော်တို့ Windows 8 Screen ထဲကိုဝင်လိုက်ပြီ ဆိုရင် အရင်ဆုံး လေ့လာရမှာက Start Menu Bar ပါ .. Windows 8 မှာအရင်လို Start Menu Bar မပါတော့ပဲ Start Menu Bar အစား Search ကိုကောင်းကောင်း အသုံးချလို့ ရအောင်ပြုလုပ်ပေးထားပါတယ်..


အပေါ်က ပုံအတိုင်း Start Menu Bar ကိုအရင်လို ထည့်မပေးတော့ပဲ Start ဆိုတာလေးကို ထောက်လိုက်ရင် Start Menu Bar လေးပေါ်လာမယ်.. အဲ့ဒီကမှ မိမိ Windows မှာတင်ထားတဲ့ Application တွေကိုရှာမယ် ဆိုရင်ပဲဖြစ်ဖြစ် Setting မှာသွားပြီးရှာမယ်ဆိုရင်ပဲဖြစ်ဖြစ် Search ကနေသွားပြီး ရှာဖွေနိုင်မှာဖြစ်ပါတယ်..


အပေါ်ကပုံ အတိုင်းပေါ်လာရင် ကျွန်တော်တို့က အရင်ဆုံး Application ထဲမှာရှာချင်တာလား , Setting ထဲမှာရှာချင်တာလား ဆိုတာကိုအရင်ရွေးပေးလိုက်ပါ.. ပြီးရင် Search မှာ ဥပမာ ၊ ၊ Mozilla Firefox ကိုရှာချင်တယ်ဆိုရင် Mozilla Firefox ကိုရှာ ပြီးရင် ဆက်လုပ်လို့ရမယ့် Function တွေကို အောက်မှာပုံလေးတွေနဲ့ ပြပေးထားပါတယ်..


အောက်ကပုံအတိုင်း ကိုရွေးထားတဲ့ Application ကိုချက်ချင်း မဖွင့်ပဲ Tab Bar ထဲမှာထည့်မှာလား တစ်ခြားသုံးလို့ ရတဲ့ Function လေးတွေလဲရှိပါသေးတယ်.. အရင်ဆုံး Firefox ကိုရွေးထားတယ်ဆိုရင် အဲ့ဒီကောင်လေးကို Right Click ထောက်လိုက်ပါ.. ဒါဆိုရင် အမှန်ခြစ်လေး ဖြစ်သွားပါလိမ့်မယ်..


ပြီးရင်ဒီကောင်လေးကို Run မှာလား စတာတွေကိုလုပ်ပေးလို့ရပါတယ်.. ကျွန်တော်ကနမူနာ သဘောပြောပြပေးတာပါ.. သုံးကြည့်လိုက်ရင် သဘောပေါက်သွားပါလိမ့်မယ်..


အောက်ကပုံကတော့ ကျွန်တော်တို့ Start Menu Bar ကနေ Setting ကိုဝင်လိုက်ရင် တွေ့ရမဲ့ ပုံစံပါ.. Setting အောက်မှာ ကျွန်တော်တို့ Sound ပိုင်းတွေ Network ပိုင်းတွေ အတွက်ဆောင်ရွက် လို့ရမှာဖြစ်တဲ့ အပြင် ကွန်ပျူတာကို Shurt Down ချမယ် , Restart ချမယ် ဆိုရင် ဒီအထဲက Power ကနေသွားပြီး လုပ်ပေးရမှာဖြစ်ပါတယ်..


ဒါလေးပြီးတော့ Folder Option အပိုင်းလေ နည်းနည်းလှည့်ကြည့်ရအောင် .. ဒီနေရာမှာတစ်ခု သတိထားမိလားတော့မသိဘူး Srart Menu Bar မပါတော့ အရင်လို Control Panel ကိုဘယ်လို သွားမလဲ ဆိုပြီးမေးစရာ ဖြစ်လာပါလိမ့်မယ် .. အဲ့ဒီအတွက် Windows 8 မှာတော့ Folder Option မှာ ပိုပြီးတော့ အဆင်ပြေအောင် လုပ်ပေးထားပါတယ်.. အောက်မှာ ကျွန်တော် ပုံလေးတွေနဲ့ ပြပေးထားပါတယ်..


အပေါ်ကပုံမှာ ပြထားသလို အရင်လို အလုပ်ရှုပ်နေစရာ မလိုတော့ပဲ Control Panel ကိုသွားမယ်ဆို ရင်လဲ Open Control Panel ကိုရွေးပြီးသွားလိုက်ယုံပါပဲ ဒါမှမဟုတ် Uninstall လုပ်မယ်ဆိုရင်လဲ Uninstall or Change a program ကနေ တိုက်ရိုက်သွားလို့ရပါတယ်..


အပေါ်က ပုံနဲ့ အောက်ကပုံက ဘာကိုပြထားတာလဲ ဆိုတော့ ကျွန်တော်တို့က Folder တွေကို တစ်နေရာကနေ တစ်နေရာကို တစ်နေရာကနေတစ်နေရာ ကိုအလွယ်တကူ ရွေ့နိုင်မယ် . ဒါမှမဟုတ် မိမိတို့ Copy ကူချင်တဲ့ နေရာကို တိုရိုက် Copy ကူးလို့ရမယ် ဖျက်ချင်တဲ့ဖိုဒါကို ရွေးပြီး Delete တိုက်ရိုက် လုပ်လို့ရမယ် .. Rename ပေးချင်ရင်လဲ တိုက်ရိုက်ပေးလို့ ရမယ်.. ဒါက ပိုပြီးအသုံးပြုလို့အဆင်ပြေ အောင်လုပ်ပေးထားတဲ့ Function တွေပါ..


ကျွန်တော်တို့ Folder Option ထဲက View ကတော့အရင်ထက် အသုံးပြုရတာ ပိုအဆင်ပြေသွား တာပေါ့..


ပြီးရင် ကျွန်တော်တို့ Drive ကိုသွားကြည့်လိုက်ပါ .. အရင်လို Partaio တွေကို Clean Up လုပ်ချင်တာပဲ ဖြစ်ဖြစ် Format လုပ်ချင်တာပဲ ဖြစ်ဖြစ် အလွယ်တကူဆောင်ရွက် နိုင်မှာဖြစ်ပါတယ်..


ပြီးရင်နောက်တစ် ချက်ကတော့ Unicode Font ကို Windows 8 မှာ Support လုပ်တာပဲ ဖြစ်ပါတယ်.. ဒါကတော့ Windows 8 ထွက်လာတာနဲ့ ပါတ်သတ်ပြီး မြန်မာလူမျိုး တွေအတွက် အဓိကအားသာချက် ဖြစ်ပါတယ်. အရင်လို ဖောင့်သက်သက် Install လုပ်စရာမလိုပဲ Unicode နဲ့ရေးထားတဲ့ စာတွေကို ဖတ်လို့ရမှာဖြစ်ပါတယ်.. အရင်လို မြန်မာဖောင့်နေရာဆိုရင် အတုံးတုံးလေးတွေ အပေးတော့ ပဲဖောင့်ပေါ် သွားပြီပေါ့ဗျာ.. တကယ် ကြိုးစားပေးကြတဲ့ ပညာရှင်တွေကိုလဲ အရမ်း ကျေးဇူးတင်ဖို့ ကောင်းပါတယ်.အောက်မှာ ကြည့်ကြည့်ပါ Myanmar Text Regular ဆိုပြီးတွေ့ ပါလိမ့်မယ်..
အောက်ကပုံကတော့ သူထဲမှာ မူရင်းပါတဲ့ Theme ပုံပါ..
အောက်ကပုံကတော့ ကျွန်တ်ာတို့ Welcome Screen ပုံလေးပါ.. ကျွန်တော်တို့က Enter ခေါက်ပြီး ၀င်သွားရမှာ ဖြစ်ပါတယ်.. မိမိတို့စိတ်ကြိုက် ပုံစံပြောင်းလို့ရပါတယ်..
အောက်ကပုံကတော့ ကျွန်တော်တို့ ၀င်သွားလိုက်ရင် Windows Install လုပ်တုန်းက အကောင့်ဖောက်ခဲ့သလိုပဲ User ပေါ်နေမှာဖြစ်ပါတယ်.. အဲ့ဒီကနေ၀င် ပြီးရင် Password ရိုက်ထည့်ပြီးဝင်သွား လိုက်ယုံပါပဲ..
ဒီလောက် ဆိုရင်တော့ Windows 8 နဲ့ပါတ်သတ်ပြီး တီးမိခေါက်မိတော့ ရှိသွားလိမ့်မယ်လို့ ထင်ပါတယ်.. ကျွန်တော်လဲ လောလောဆယ် စမ်းကြည့်မိတာ လေးတွေပဲရေးပေး ထားတာပါ.. Windows 7 အသုံးပြုနေသူ တွေအတွက်တော့ သုံးရတာ အရမ်းကြီးခက်ခဲမှု ရှိမှာမဟုတ်ပါဘူး..

အားလုံးပဲအဆင်ပြေကြပါစေ

နေမင်းမောင် blog မှ...