Friday 24 June 2011

format factory 2.70

Format Factory က converter တခုပဲဖြစ်ပါတယ် format factory portable အရင် တင်ပေးပြီးဖြစ် ပါတယ် ။ဒီတခါတော့ protable မဟုပ်ပါဘူး.စက်ထဲ install လုပ်ပေးရပါမယ် video file ကနေ MP4 files ပြောင်းမယ် MP3 file ပြောင်းမယ် ။ သီချင်းတွေဖုန်းထဲထည့် လို့ ရအောင် 3gp file ပြောင်း မှ
ထည့် လို့ ရမှာပါ။ Desktop ပေါ်မှာ
မရှိမဖြစ် softwareလေး တခု ဖြစ်ပါတယ်။သူငယ်ချင်းတို့  အသုံးဝင်မယ်လို့  ထင်ပါတယ် protable နှင့်  install ကြိုက်တာသာ ယူသုံးပေါ့ နော်...








ဒီမှာdownload   လုပ်ယူပါ။
Format Factory  converter.
All to MP4/3GP/MPG/AVI/WMV/FLV/SWF.
All to MP3/WMA/AMR/OGG/AAC/WAV.
All to JPG/BMP/PNG/TIF/ICO/GIF/TGA.
Rip DVD to video file , Rip Music CD to audio file.
MP4 files support iPod/iPhone/PSP/BlackBerry format

Thursday 23 June 2011

Delete လုပ်ထားသော ဖိုင်များကိုပြန်ရှာနည်း

တစ်ခါတစ်ရံမှာ ကျွန်တော်တို့မထင်မှတ်ပဲ အရေးကြီးတဲ့ဖိုင်တွေကို Delete လုပ်မိတတ်ပါတယ်။ ရိုးရိုး Delete လုပ်ရင်တော့ ကျွန်တော်တို့အမှိုက်ပုံး Recycle bin ထဲမှာသွားရှာရင်ရပါလိမ်.မယ်။ သို့ပေမယ့် Sift + Delete နှိပ်မိရင်တော့ ရှာလို့ရတော့မှာမဟုတ်ပါဘူး။ အဲ့ဒါဆိုရင်ဘယ်လိုလုပ်မလဲ ? စိတ်မပူပါနဲ့ Rcsetup ဆိုတဲ့ Softwear က ကူညီပါလိမ်.မယ်။ Softwear ကိုဒါင်းလုပ် လုပ်ဖို့အတွက် Download ဆိုတာကိုနှိပ်ပါ။

ဒေါင်းလုပ်လုပ်ပြီးရင်တော့ကွန်ပျူတာထဲကို Installလိုက်ပါ။ Install ပြီးပြီဆိုရင် စက်ထဲမှာ Recuva ဆိုတာတွေ့ပါလိမ်.မယ်။ အဲ့ဒါကို click နှစ်ချက်နှိပ်ပြီးဖွင့်လိုက်ပါ။ ပြီးရင် Next ကိုနှိပ်ပါ။ အဲ့ဒါဆိုရင် ကိုယ်ရှာမဲ့ အချက်အလက်တွေကိုမေးလာပါလိမ်.မယ်။ ဥပမာ - ဓါတ်ပုံရှာမှာလား သို့ Documents ရှာမှာလား စသည်ကိုတွေ့ရပါလိမ်.မယ်။ ကိုယ်ရှာမဲ့ အချက်အလက်ကိုရွေးပြီးရင် Next ဆက်နှိပ်ပါ။ အဲ့ဒါဆိုရင် Box တစ်ခုထပ်ထွက်လာပါလိမ်.မယ်။ အဲ့ဒါကတော့ ကိုယ်ရှာမဲ့ဖိုင်က ဘယ်နေရာကနေ ပျောက်သွားတာလဲဆိုတာပါ။ ဥပမာ C: သို့ D: စသည်ကိုရွေးလိုက်ပါ။ C: သို့ D: ကိုရွေးဖို့ကတော့ အောက်မှာရှိတဲ့ Borrow ဆိုတဲ့ဟာကိုနှိပ်ပြီးရွေးလိုက်ပါ။ ပြီးရင် OK ပြီးရင် Start ဆက်နှိပ်ပါ။





အဲ့ဒါဆိုရင် ကိုယ်ဖျတ်ထားတဲ့ဖိုင်တွေကိုသွားရှာပေးပါလိမ်.မယ်။ ကိုယ်လိုချင်တဲ့ဖိုင်ကိုရှာတွေ့ပြီဆိုရင် အဲ့ဒီဖိုင်ကို tick အမှန်ခြစ်ပေးပါ။ ပြီးတော့ Recover ကိုဆက်နှိပ်ပါ။ အဲ့ဒါဆိုရင် ကိုယ်ပြန်ရှာထားတဲ့ဖိုင်ကို ဘယ်နေရာမှာထားမှာလဲဆိုတာ သူမေးလာပါလိမ်.မယ်။ Desktop ကိုရွေးပါ။ ပြီးရင် OK ကိုဆက်နှိပ်ပါ။ အဲ့ဒါဆိုရင် ကိုယ်ပြန်ရှာထားတဲ့ဖိုင် Desktop ပေါ်ပြန်ရောက်နေတာကိုတွေ့ရပါလိမ်.မယ်။




FormatFactory v2.70 Portable




Format Factory လေးက converter တခုပဲဖြစ်ပါတယ်။
video file ကနေ MP4 files ပြောင်းမယ် MP3 file ပြောင်းမယ် ။ သီချင်းတွေဖုန်းထဲထည့် လို့ ရအောင် 3gp file ပြောင်း မှ ထည့် လို့ ရမှာပါ။ Desktop ပေါ်မှာ
မရှိမဖြစ် softwareလေး တခု ဖြစ်ပါတယ်။သူငယ်ချင်းတို့  အသုံးဝင်မယ်လို့  ထင်ပါတယ် ။


ဒီမှာdownload   လုပ်ယူပါ။


Format Factory  converter.
All to MP4/3GP/MPG/AVI/WMV/FLV/SWF.
All to MP3/WMA/AMR/OGG/AAC/WAV.
All to JPG/BMP/PNG/TIF/ICO/GIF/TGA.
Rip DVD to video file , Rip Music CD to audio file.
MP4 files support iPod/iPhone/PSP/BlackBerry format.

Wednesday 15 June 2011

windows 7 တင်နည်း ( မြန်မာလို )စာအုပ်

      
windows 7  installation e book ( မြန်မာလို )စာအုပ်လေးပါ windowsတင်နေကြသူတွေအတွက်တော့ လိုမယ်မထင်ပါဘူး..။စာအုပ်လေးထဲမှာ windows တင်နည်းကို ပုံနှင့် တကွ ရှင်လင်းတင်ပြထားတဲ့ အတွက် ကိုယ်တိုင် windows တင်ချင် သူတွေအတွက် အရမ်းကို အစဉ်ပြေမယ်လို့ ထင်ပါတယ် ။
                        လိုချင်တယ်ဆိုရင်တော့ ဒီမှာ download  လုပ်ယူပါ ။



Tuesday 14 June 2011

windows 7 ( အသုံးပြုနည်း လက်စွဲ ) မြန်မာလို



 ဦးအောင်လင်း ရေးသားထားသော
 windows 7 ( အသုံးပြုနည်း လက်စွဲ ) မြန်မာလို စာအုပ်ပါ။
download




                                                                                                                                                                                                                           

windows xp installation e book ( မြန်မာလို )



windows xp installation e book ( မြန်မာလို ) စာအုပ်ပါ...ပုံနှင့် 
တကွ ရေးသားတင်ပြပေးထားတဲ့  အတွက် ကိုယ်တိုင်windows တင်ချင်သူတွေအတွက်အရမ်းကို
အစဉ်ပြေလိမ့်မယ်လို့ ထင်ပါတယ်။

download 


External HDD ကို Window 7 နဲ့ partatin ခွဲရအောင်


မိမိကွန်ပျူတာမှာ ပါလာတဲ့ Hard Disk က ဒေတာသိုလှောင်မှုဂစ် နည်းနေတယ်ဆိုရင် ကျွန်တော်တို့ External Hard Disk ကို ၀ယ်ပြီတော့ အသုံးပြုကြပါတယ် ။ အဲလို External Hard Disk ကိုဝယ်လာ တဲ့အခါမျိုးမှာ ကွန်ပျူတာနဲ့ ချိန်ဆက်ပြီးတော့ ပါတေးရှင်းတွေကို ကိုယ်လိုသလို ဘယ်လိုခွဲမယ် ဆို တာအခု ကျွန်တော် ပြောပြမှာ ဖြစ်ပါတယ် ။ သိပြီးသား သူများအတွက် ရီစရာ သဖွယ် ဖြစ်နေပေမယ့် ။ မသိသေးသူများ အတွက် ကျွန်တော် ရေးသားခြင်း ဖြစ်ပါတယ် ခင်ဗျာ ။ ကျွန်တော်ဝယ်လာတဲ့ အမျိုး အစားကတော့ အောက်ကအမျိုးအစား ဖြစ်ပါတယ် ။

Manufacturer (design) Transcend
Type of device USB HDD
Name of external hard drive - Transcend 320Gb
Model - TS320GSJ25R-S
Form Factor - 2.5 inch
Hard drive - 320Gb
Hard Disk Speed - 5400
Operating System Windows 98/Me/2000/XP/Vista, MacOS, Linux
Power Device - 5V from USB-port
Dimensions - 129h79h13 mm
Weight – 190 grams



အဆင့် (၁) ။ ၀ယ်လာတဲ့ External Hard Disk ကို ကွန်ပျူတာ ဖြင့်ချိတ်ဆက်လိုက်ပါ ။ ပြီးလျှင် My computer အား Right Click ထောက်၍ Manage အား ၀င်ပါ ။


အဆင့် (၂) ။ Computer Management Box ကျလာလျှင် Disk Management အားနှိပ်ပါ ။ ကျွန် တော်ဝယ်လာတာကတော့ ၃၂၀ ဂစ်ပါ ။ ဒါပေမယ့် အမှန်တကယ်ပါလာတာတော့ ပုံမှာ မြင်တဲ့ အ တိုင်းပါပဲ ၂၉၈.၀၉ ဂစ်ပဲပါလာပါတယ် ။ မိမိတို့ဝယ်တဲ့ ပမာဏပေါ်မှုတည်ပြီး ဖော်ပြပေးပါလိမ့်မယ် ။ တစ်ချို့ အမျိုးအစားတွေကလည်း သူတို့ ဖော်ပြသလောက် ၃၂၀ ဂစ် ဆို ၃၂၀ ဂစ် အပြည့်အ၀လည်း ပါပါတယ် ။ တစ်ချို့ကျတော့လည်း အပြည့်အ၀ ပါချင်မှပါပါမယ် ။ အနီးစပ်ဆုံးတော့ ပါပါတယ် ။




အဆင့် (၃) ။ ၂၉၈.၀၉ GB ဟုပြနေသော အကွက်ထဲတွင် Rick Click ထောက်၍ New Partition ၀င် ပါ ။


အဆင့် (၄) ။ Next ပေးပါ ။


အဆင့် (၅) ။ Primary partition အားရွေး၍ Next ပေးပါ ။

အဆင့် (၆) ။ ဤနေရာတွင် မိမိ External Hard Disk တွင်ပါသော ဂစ်ပမာဏ ကို မီဂါဗိုက်ဖြင့် ဖွဲပြထားခြင်း ဖြစ် ပါ တယ် ခင်ဗျာ ။ မိမိ ခွဲချင်သလောက် ဂစ်ပမာဏ ကို မီဂါဗိုက်ဖွဲ့၍ ထည့်ပါ ။ ကျွန်တော်က ပထမဆုံး ပါ တေးရှင်းကို ဂစ် ၄၀ ထားမှာ ဖြစ်တဲ့အတွက် ၁၀၂၄*၄၀=၄၀၉၆၀ ဟုတ်ထည့်ထားခြင်း ဖြစ်ပါတယ် ခင်ဗျာ ။ မိမိထားချင်သော ဂစ်ပမာဏကို ၁၀၂၄ ဖြင့်မြှောက်၍ မီဂါဗိုက် ဖွဲပါခင်ဗျာ ။ ၁ ဂစ်လျှင် ၁၀၂၄ မီဂါဗိုက် ဖြစ်ပါတယ် ။ မိမိထားချင်သော ပမာဏကို ထည့်ပြီးလျှင် Next ပေးပါခင်ဗျာ ။

အဆင့် (၇) ။ မိမိခွဲချင်သော ပါတေးရှင်အား မိမိစိတ်ကြိုက် J , K , M , L နာမည်ပေးပါခင်ဗျာ ။ ပြီးလျှင် Next ပေးပါ ။

အဆင့် (၈) ။ File system မှာ NTFS ရွေး၍ Next ပေးပါခင်ဗျာ ။

အဆင့် (၉) ။ Finish ပေးပါခင်ဗျာ ။

အဆင့် (၁၀) ။ ပုံတွင် ပြထားတဲ့အတိုင်း ပါတေးရှင်းတစ်ခု တည်ဆောက်ပြီးသွားပါပြီခင်ဗျာ ။ ပထမအ ကန့်ထဲမှာ ကျွန်တော်တို့ ခွဲထားသလောက် ၄၀.၀၀ GB ဆိုတာကိုပြနေပြီး ။ ၂၅၈.၀၉ GB ကတော့ ပါတေးရှင်းမခွဲရသေးပဲ ကျန်နေတဲ့ အပိုင်းဖြစ်ပါတယ် ခင်ဗျာ ။ နောက်ထပ်ခွဲချင်တဲ့ ပါတေးရှင်းတွေကို လည်း ပထမနည်းအတိုင်း ခွဲသွားပါခင်ဗျာ ။

အဆင့် (၁၁) ။ ဒါကတော့ ကျွန်တော် External Hard Disk ကို ပါတေးရှင်း ၄ ခုခွဲထားခြင်း ဖြစ်ပါ တယ်ခင်ဗျာ ။
ပထမပါတေးရှင်း J - ၄၀.၀၀ ဂစ်
ဒုတိယပါတေးရှင်း K - ၈၆.၀၀ ဂစ်
တတိယပါတေးရှင်း L - ၈၅.၈၉ ဂစ်
စတုထ္တပါတေးရှင်း ၈၆.၁၅ ဂစ် ပြနေပါတယ် ။ ကျန်တဲ့ ပါတေးရှင်တွေမှာ အပြာ ရောင်ပြနေပြီ စတုထ္တပါတေးရှင်း မှာ အနက်ရောင်ပြတာကတော့ စတုထ္တပါတေးရှင်းကို အဆင့်(၃) မှ အဆင့် (၉) အတိုင်းပြုလုပ်ပါ ။

အဆင့် (၁၂) ။ ပါတေးရှင်း ၄ ခုလုံးအပြာရောင်ပြသွားတဲ့ အခါမှာတော့ My Computer အားဖွင့်၍ ကျွန်တော် တို့ ခွဲထားတဲ့ ပါတေးရှင်းတွေကို Format ချမယ့် အပိုင်းဖြစ်ပါတယ်ခင်ဗျာ ။ My Computer ကိုဖွင့်လိုက်တဲ့ အခါမှာ ကျွန်တော်တို့ တည်ဆောက်ထားတဲ့ ပါတေးရှင်အသစ်တွေဟာ ပမာဏ ဘယ်လောက်ရှိတယ် ဆိုတာ ပြမှာ မဟုတ်ပါဘူးခင်ဗျာ ။ မိမိစက်ထဲမှာ ရှိတဲ့ ပါတေးရှင်းတွေ ရဲ့  ပမာဏကိုပဲပြမှာဖြစ်ပါတယ် ။ မိမိတို့ တည်ဆောက်ထားတဲ့ ပါတေးရှင်းတစ်ခုခုကို Right Click ထောက်၍ Format အားနှိပ်ပါ ။

အဆင့် (၁၃) ။ ပါတေးရှင်းအား ပထမဆုံးအကြိမ် Format ချမှာ ဖြစ်တဲ့အတွက် Quick Format အား အမှန်ခြစ်ပေး၍ Start ပေးလိုက်ပါခင်ဗျာ ။

အဆင့် (၁၄) ။ Start ပေးလိုက်တဲ့အခါမှာ အောက်မှာ ပြထားသလို ပေါ်လာမှာဖြစ်ပါတယ် ။ Format ချတဲ့အခါမှာ Hard Disk ထဲမှာရှိတဲ့ ဒေတာတွေကို ဖျက်ပစ်မှာဖြစ်တယ်လို့ ပြောချင်ဖြစ်ပါတယ် ။ ကျွန် တော်တို့က ပထမဆုံးအကြိမ်ဖော့မက်ချခြင်းဖြစ်တဲ့အတွက် partition ထဲမှာ ဘာဒေတာမှ မရှိသေးပါ ဘူး ။ အဲဒီအတွက်ကြောင့် ကျွန်တော် တို့ Ok ပေးလိုက်ပါခင်ဗျာ ။
အဆင့် (၁၅) ။ Format Complete ပေါ်လာတဲ့အခါမှာ ကျွန်တော်တို့ ပါတေးရှင်းအသစ်ကို Format ချခြင်းအပိုင်း ပြီပါပြီခင်ဗျာ ။

အဆင့် (၁၆) ။အခုဆိုကျွန်တော်တို့ အသစ်တည်ဆောက်ထားတဲ့ partition အားလုံး Format ချပြီး သွားပါပြီခင်ဗျာ ။ အခုချိန်ကစပြီးတော့ ဒေတာတွေကို ပါတေးရှင်းအသစ်ထဲကို စထည့်လို့ရပါပြီခင်ဗျာ ။

ကဲ အားလုံးပဲ အဆင်ပြေကြပါစေခင်ဗျာ ။
နားမလည်မှုများ လိုအပ်ချက်များရှိပါက ကွန်မန့်ပေး၍ လည်းကောင်း ၊ မေးလ်ပို့၍ လည်းကောင်း အကြံ ဥာဏ်ပေးနိုင်ပါတယ်ခင်ဗျာ ။ ကျွန်တော် နားလည်သလောက်ရေးသားထားခြင်း ဖြစ်ပါတယ် ခင်ဗျာ ။ လိုအပ်ချက်များရှိပါက ကျွန်တော် ၍ အားနည်းချက်ကြောင့်သာ ဖြစ်ပါကြောင်း ….. ။
ခင်မင်လေးစားစွာဖြင့်

Wednesday 1 June 2011

Talking Oxford English Explanatory Dictionary

English to English
Talking Oxford English Explanatory  Dictionary  ပါ . အသံထွက်နည်းလည်းပါဝင်ပါတယ် ။
instll လုပ်နည်းကို အောက်မှာ ပုံ ကြည့် ပါ ။
ဒီမှာ download  လုပ်ယူပါ ။သူငယ်ချင်း အားလုံးအတွက်
အသုံးဝင်မယ် လို့ ထင် ပါတယ် ။