Monday 28 March 2011

107-ကိုယ့်ဘာသာကိုယ် ကျော်ခွဆိုဒ် ရှာနည်း

ပြည်တွင်းက မိတ်ဆွေတွေအတွက် ကျနော်တို့ ဒီကနေ တင်ပေးလိုက်တဲ့ proxy ဆိုဒ်တွေကို ခဏခဏအပိတ်ခံနေရတဲ့အတွက် အခက်အခဲတွေ့နေသူတွေအတွက် ကိုယ်တိုင်ရှာလို့ရတဲ့နည်းလေးပါ။ google တို့ yahoo တို့မှာ appspot proxy ဆိုပြီးရိုက်ထည့်ရှာလိုက်ပါ။ Update ဖြစ်တာ အမြဲထိပ်ဆုံးမှာ တင်ပေးထားပါတယ်။ ဒါဆိုကိုယ့်စိတ်ကြိုက်ရွေးပြီး ကျော်ခွနိုင်ပါပြီ။ ဒီ appspot proxy ဆိုတဲ့ စာသားလေးပဲမှတ်ထားရမှာပါ။
Site တွေ တဆင့်ခံပြီး သုံးနည်း
ကိုယ့်ဘာသာရှာလို့ရလာတဲ့ proxy ဆိုဒ်တွေကို တဆင့်ခံသုံးပြီး ကျော်ကြည့်ရဖြစ်ပါတယ်။ proxy ဆိုဒ်တိုင်းမှာ Link လိပ်စာရိုက်ထည့်ပြီး ကျော်ဖို့ အကွက်လေးတွေ ပေးထားပါတယ် ။ အဲ့ဒီမှာ ကိုယ်ဖွင့်ချင်တဲ့ ဆိုဒ် စာကို ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။ တော်တော်များများက သိပြီး ဖြစ်မှာပါ။
Proxy Server တွေက Proxy Number တွေကို အမြဲလိုပြောင်းလဲနေတဲ့အတွက် Proxy ကိုသုံးရမှာ ပြဿနာနည်းနည်းရှိပါတယ် ဒါကြောင့် Site တွေ တဆင့်ခံပြီး သုံးလာပါတယ်။
ဒါကတော့ Solakoko ရဲ့  IT Sharing site တစ်ခုကနေ ကူးပေးလိုက်တာပါ
http://www.quigonjinn02.appspot.com/
http://quigonjinn03.appspot.com/
http://quigonjinn03.appspot.com/
http://www.october22.host22.com/
http://bumblebee.net16.net/prx/index.php
http://moomoo.net16.net/prx/index.php
http://turkeysoup.webatu.com/prx/index.php
http://www.funkysoup.webatu.com/prx/
http://www.cornpops.netai.net/index.php
http://gamerskangaroo.hostoi.com/prx/index.php
http://www.cornpops.netai.net/index.php
https://ctunnel.com/
http://polysolve.com/

ထိပ်ဆုံက လင့်ခ်တွေကနေ စမ်းသုံးကြပါ
Youtube,Blogger,Ning,Gmail ,etc.. စတာတွေအကုန်ကျော်လို့ ရပါတယ်
ကွန်နက်ရှင်တော့ နဲနဲ ကောင်းဖို့ လိုတာပေါ့

ဒါကတော့ Facebook က ကိုကြည်ဝင်းဆိုတဲ့ အကို တင်ပေးထားတဲ့ဆိုဒ်ကလေးတွေပါ
http://www.iloveim.com/
http://www.instan-t.com/
https://imo.im/
http://www.ebuddy.com/
http://www.meebo.com/
နောက်တစ်နည်းက
koKaungkhant Mintun ဆီကနည်းပါ။
ပထမဆုံးကတော့ Proxy သုံးပြီင်္း ကျော်တဲ့နည်းလေးပါ
Firefox ရဲ့  Tools>>Options>>Advanced>>Network>>Setting ကနေ Manual Proxy Setting ထဲကို Proxy နဲ့ Port ရိုက်ပြီး reload လုပ်ပြီး သုံးတဲ့နည်းပါ မသိသေးတဲ့လူတွေအတွက်ပါ။
ခုဟာက အဆင်ပြေ...တဲ့ Proxy list ကလေးပါ

IP 203.81.81.38 Port 80
IP 203.81.81.49 Port 80
IP 212.93.193.88 Port 443
IP 212.116.220.100 Port 443
IP 212.93.193.89 Port 443
IP 212.93.193.90 Port 443
IP 134.153.184.17 Port 443
IP 212.116.220.149 Port 443
IP 192.18.102.59 Port 443
IP 212.93.193.82 Port 443
IP 212.93.193.83 Port 443
IP 212.93.193.72 Port 443

အဆင်ပြေမှာပါ  ကျော်နိုင် ခွနိုင်ကြပါစေ။
forward mail :မှ

106-Laptop ပျက်နေပြီဆိုရင် ဘယ်လိုဖြေရှင်းမလဲ

အခုပြောပြမယ့် အကြောင်းအရာလေးကတော့ ပျက်နေတဲ့ Laptop တွေကို ဘယ်လို Troubleshoot လုပ်ရမလဲ၊ Problem တွေ ဘယ်လိုရှာကြမလဲဆိုတဲ့ အကြောင်းအရာလေးပါ။ Laptop ရဲ့ Power Adapter ကို Plug ထိုးပြီး Power Button ကို ဖွင့်လိုက်တဲ့အခါမှာ အားလုံးဟာ ဘာ Sign မှ မပြဘူး။ Laptop မှာ ပုံမှန်အသံတွေလည်း မကြားရ။ LED ကလည်း မလင်း၊ Fan ကလည်း မလည်၊ Screen ကလည်း အမဲကြီးပဲ ဘာမှမပေါ်ဘူးဆိုရင်တော့ သေချာသလောက် ၎င်း Laptop ပျက်နေပါပြီ။ ဒါဆို ဘယ်လိုဖြေရှင်းကြမလဲ။ ပြောပြမှာပေါ့ဗျာ။ အဲဒါပြောချင်လို့ကို ဒီလိုအစပျိုးလိုက်တာ။

၁။ နံရံက Wall Outlet က ကောင်းရဲ့လား သေချာအောင်လုပ်ပါ။ ၎င်းအပြင် Laptop DC Adapter က Wall Outlet ကနေ Power ရနေရဲ့လားကြည့်ပါ။ တကယ်လို့ Power မရဘူးဆိုရင် အခြား Wall Outlet တစ်ခုကို ပြောင်းတပ်ကြည့်ပါ။

၂။ Laptop DC Power မှာ Voltage Output ကမှန်ကန်ရဲ့လားဆိုတာကို စစ်ဆေးပါ။ DC Power ကို Voltmeter နဲ့စမ်းသပ်နိုင်ပါတယ်။

၃။ DC Adapter ကကောင်းတယ်၊ Voltage Output ကလည်း မှန်ကန်တယ်ဆိုရင် Laptop မှ Power Adapter ကိုဖြုတ်ပါ။ ၎င်းနောက် Battery ကို ဖြုတ်ပါ။ ၎င်းနောက် Battery ကို ဖြုတ်ပါ။ တစ်မိနစ်၊ နှစ်မိနစ်လောက် ခဏထားပါ။ ပြီးရင် Adapter ကို Plug ပြန်ထိုးပြီး Laptop ကို ပြန်ဖွင့်ကြည့်ပါ။

ဒါမှမဟုတ် မိမိစမ်းသပ်တုန်းက Adapter က မကောင်းတာဆိုရင်တော့ နောက်ထပ် DC Adapter နဲ့ လဲလိုက်ပါ။ DC Adapter ကို ၀ယ်မယ်ဆိုရင် ပျက်သွားတဲ့ Adapter နဲ့ ပုံစံတူဝယ်ရမှာပါ။ အကယ်၍ Adapter လဲလိုက်လို့လည်း Laptop က ပျက်နေတုန်းဆိုရင်တော့ Motherboard က ပျက်နေတာ (သို့မဟုတ်) DC Power Jack ကပျက်နေတာ ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ခြေများတာကတော့ DC Power Jack က ကျိုးနေပြီး Adapter ကနေ Motherboard ဆီကို Power မပေးနိုင်တာဖြစ်ဖို့ များပါတယ်။ အဲဒါဆိုရင်တော့ Laptop ကိုပြန်ဆင်ပြီးတော့ Power Jack ကို အစားထိုးမှရမှာပါ။

Problem2

Laptop ရဲ့ DC Power Adapter ကို Plug ထိုးပြီး Power Button ကို ဖွင့်လိုက်တဲ့အခါမှာ Laptop မှာ ဖြစ်ပေါ်နေကြ အသံ (normal noise) တွေလည်း ကြားရတယ်။ LED ကလည်း ပုံမှန်အတိုင်းလင်းတယ်။ ဒါပေမယ့် Screen မှာကျ ဘာမှမပေါ်ဘူး။ Laptop က Start မဖြစ်ဘူး။ ဒါဆိုရင် ဘယ်လိုဖြေရှင်းကြမလဲ။

ပထမဦးဆုံး LCD Screen ကို သေချာစွာကြည့်ပါ။ Laptop LCD Screen မှာ ဘာ Image မှ မပေါ်ဘူးဆိုရင် အခြား External Monitor တစ်လုံးနဲ့တွဲပြီး စမ်းကြည့်ပါ။ Laptop ရဲ့ VGA Port ကို External Monitor နဲ့ Join လိုက်ပါ။ ပြီးတော့ Laptop ကို Power On ပြီး စမ်းသပ်ကြည့်ပါ။

Laptop ရဲ့ Internal LCD Screen နဲ့ External Screen ကြားမှာ Video Output ထွက်ရှိဖို့အတွက် HP Laptop တွေမှာဆိုရင် Fn နဲ့ F4 Keys ကို တစ်ပြိုင်ထဲနှိပ်ပေးရမှာပါ။ Toshiba Laptop တွေမှာဆိုရင် Fn နဲ့ F5 ၊ IBM Laptops တွေမှာဆိုရင် Fn နဲ့ F7 Keys တို့ကို နှိပ်ပေးရမှာပါ။ အဲဒီလို LCD (သို့) Video Cable က ပျက်နေတာပါ။ Video Cable က Motherboard နဲ့ Laptop LCD Screen နဲ့သေချာစွာ ချိတ်ဆက်ထားတယ်ဆိုပေမယ့်လည်း သူ့ကို ပြန်ဖြုတ်ပြီး ပြန်ချိတ်ကြည့်ပါ။ အကယ်လို့ External Monitor နဲ့စမ်းကြည့်လို့မှ ဘာ Image မှ မပေါ်ဘူး။ ပျက်နေတယ်ဆိုရင်တော့ LCD Screen နဲ့ Video Cable ရဲ့ Error မဟုတ်တော့ပါဘူး။ ကျွန်တော့်ရဲ့ အတွေ့အကြုံအရတော့ ဖြစ်နိုင်ချေအများဆုံးက Laptop Memory ကြောင့်ပဲ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် Laptop Memory ကို ဖြုတ်ပြီး အခြား Slot မှာပြောင်းပြီးတပ်ကြည့်ပါ။ အကယ်၍ မိမိမှာ Memory Module နှစ်ခုရှိလို့ရှိရင် ၎င်းတို့ကို တစ်ခုပြီးတစ်ခုပြန်ဖြုတ်ပြီး တစ်ခုချင်းစီ ပြန်စမ်းကြည့်ပါ။ ၎င်းနှစ်ခုထဲက တစ်ခုခုက ပျက်နေတာလည်း ဖြစ်နိုင်ပါတယ်။ Memory ကို Slot ပြောင်းတပ်၊ Memory Module တွေကို ဖြုတ်ပြီး တစ်ခုချင်းစမ်းသပ်လို့မှ မရဘူးဆိုရင် ဒါဟာ Memory နဲ့ ပတ်သက်တဲ့ Error မဟုတ်လို့ပါ။ Laptop မှာ Battery ၊ Hard Drive နဲ့ DVD Drive တို့ကိုဖြုတ်ပြီး ၎င်းပစ္စည်းတွေမပါဘဲ Laptop ကို ဖွင့်ကြည့်ပါ။

နောက်တစ်နည်းက Motherboard မှ Laptop ရဲ့ Video Cable ကို Plug ဖြုတ်ပြီး External Monitor နဲ့ Laptop ကိုတွဲပြီး Power ပြန်ဖွင့်ကြည့်ပါ။

External Monitor မှာကောင်းစွာ အလုပ်လုပ်တယ်ဆိုရင်တော့ Laptop ရဲ့ Display Panel က တစ်ခုခုမှားယွင်းနေတာ ဖြစ်ပါလိမ့်မယ်။ Hard Drive တို့၊ DVD တို့ကို ဖြုတ်စမ်းတာလည်း မရဘူးဆိုရင် နောက်တစ်နည်း Wireless Card ၊ Modem ၊ Keyboard တို့ကို ဖြုတ်ပြီး Laptop ကို ပြန်ဖွင့်ကြည့်ပါ။

အဲဒါလည်းပဲ External Monitor မှ ဘာမှမပေါ်ဘူးဖြစ်နေတယ်။

နောက်ဆုံးတော့ Laptop ကို Disassembled လုပ်ပြီး Motherboard ကို ဖြုတ်လိုက်ပါ။

အထက်ကပုံမှာဆိုရင် Video Card က Motherboard မှာ ပေါင်းစပ်တပ်ဆင်ထားတယ်။ CPU မှာ Heatsink နဲ့ Cooling Fan ပါတယ်။ Memory Module ကလည်း ကောင်းတယ်။ DC Power Adapter ကလည်း ကောင်းကောင်းအလုပ်လုပ်တယ်။ Power ဖွင့်လိုက်တဲ့အခါမှ CPU Cooling Fan ကလည်တယ်။ Monitor မှာ ဘာမှပေါ်ဘူးဆိုရင် သေချာသလောက်ကတော့ (95%ကတော့) Motherboard မကောင်းတာပဲ ဖြစ်ဖို့များပါတယ်။

Laptop ရဲ့ Hardware အစိတ်အပိုင်းတွေ ပျက်စီးမှုကို ဖြေရှင်းခြင်း

from နောက်ဆုံးတင်ထားသည့်အကြောင်းအရာ
များ - Mistake 51 Area by chitoo

Laptop ရဲ့ Hardware အစိတ်အပိုင်းတွေ ပျက်စီးမှုကို ဖြေရှင်းခြင်း

ကျွန်တော်တို့အသုံးပြုနေတဲ့ Laptop တွေမှာ Hardware ပိုင်းဆိုင်ရာအစိတ်အပိုင်းတွေပျက်စီးနေလို့ရှိရင် ဘယ်လိုဖြေရှင်းကြမလဲ။ Hardware ပိုင်းဆိုင်ရာ တစ်ခုခုပျက်စီးနေတာနဲ့ပဲ အဲဒီ Laptop ကြီးကို အသုံးမပြုတော့ဘူးလား။ ဒီလိုတော့လည်း ဘယ်ဟုတ်မလဲနော်။ အဲဒီပျက်နေတဲ့ အစိတ်အပိုင်းကိုရော အစားထိုးပြီး အသုံးမပြုတော့ဘူးလား။ ဘာပဲပြောပြော အစားထိုးပြီး အသုံးပြုလို့ရတဲ့ အစိတ်အပိုင်းဆိုရင်တော့ အစားထိုးပြီး အသုံးပြုချင်တာပဲပေါ့။ ဒါကြောင့် ဒီသင်ခန်းစာလေးကို ရေးလိုက်တာပါ။ ဆက်လက်လေ့လာလိုက်နော်။



Network Port ပျက်စီးခြင်း

Laptop အများစုမှာတော့ Network Port (RJ-45 Port) ကို ရောင်းကတည်းက Motherboard နဲ့တိုက်ရိုက်ချိတ်ဆက်ထားပြီး Built In အနေနဲ့ပါရှိတာပါ။ ၎င်း RJ-45 (Network Port) ပျက်စီးသွားလို့ရှိရင် ၎င်း Laptop နဲ့ Network ချိတ်ဆက်ချင်တဲ့အခါ ဘယ်လိုအသုံးပြုကြမလဲ။ Motherboard ကြီးတစ်ခုလုံးကို အစားထိုးမှာလား။ စဉ်းစားစရာပါပဲ။ Desktop မှာဆိုရင်တော့ ရှင်းရှင်းလေးပဲ နောက်ထပ် Network Card တစ်ခုကို PCI Slot မှာ ကောက်စိုက်လိုက်ရုံပေါ့။ အခု Laptop ဆိုတော့ ဘယ်လိုလုပ်ကြမလဲ။ လွယ်ပါတယ်ဗျာ။ Motherboard ကြီးတစ်ခုလုံးကို အစားထိုးမယ့် အစား PCMCIA Network Card (aka LAN PC Card) ကို အသုံးပြုနိုင်ပါတယ်။ ၎င်း LAN PC Card ကို Laptop ရဲ့ ရနိုင်တဲ့ PC Slot မှာ တပ်လိုက်လို့ရှိရင် Laptop မှာ Network Port ရသွားမှာပေါ့။


USB Port ပျက်နေခြင်း

Laptop တိုင်းမှာဆိုဆို USB Port ပါရှိပါတယ်။ USB Port က တစ်ခုမက ပါရှိပါတယ်။ ၎င်းတို့အထဲက တစ်ခုလောက်ပဲပျက်မယ်ဆိုရင်တော့ အကြောင်းလားဗျာ။ နောက်တစ်ခုကို ပြောင်းပြီး အသုံးပြုလိုက်ရုံပါပဲ။ ဒါပေမယ့် အဲဒီလိုမှမဟုတ်ဘဲ USB Port တွေအားလုံးပျက်နေပြီဆိုရင် ၎င်း Laptop ကို USB အသုံးပြုချင်တဲ့အခါ (or) Motherboard ပေါ်မှာ ရှိတဲ့ USB Controller ကြီးတစ်ခုလံးပျက်စီးသွားတဲ့အခါတွေမှာ ဘယ်လိုအသုံးပြုကြမလဲ။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် Motherboard တစ်ခုလုံးလဲရမှာလား။ Motherboard တစ်ခုလုံးလဲမယ့်အစား PCMCIA USB Card ကို အသုံးပြုနိုင်တယ်။ ၎င်း USB Card ကို PC Slot မှာ Plug ထိုးပြီး အသုံးပြုရမှာပါ။ USB Card မှာက USB Port နှစ်ခုပါရှိတာရှိသလို၊ USB Port (၄) ခုပါတာတွေလည်း ရှိပါတယ်။ ဒါကတော့ ကိုယ့်ရဲ့ PCMCIA Card ပေါ်မှာ မူတည်ပါတယ်။



Internal Wireless (Wi-Fi) Card ပျက်စီးခြင်း

အခုနောက်ပိုင်း Laptop မှာ Internal Wireless Card တွေပါရှိလာပါပြီ။ အချို့ Wireless Card တွေဟာဆိုရင် Laptop ရဲ့အောက်ခြေကနေ Door လေးကို အသုံးပြုပြီး လွယ်ကူစွာ အသုံးပြုနိုင်ပါတယ်။ တစ်ချို့ Model တွေမှာဆိုရင်တော့ Case အတွင်းမှာ နက်ရှိုင်းစွာတပ်ဆင်ထားတာကို တွေ့ရပါတယ်။ ၎င်း Internal Wireless Card က ပျက်သွားတဲ့အခါမှာ ဘယ်လိုလုပ်ကြမလဲ။ Internal Wireless Card ကို အစားထိုးလိုက်လို့ရသလို၊ PCMCIA Wireless Card ကို အစားထိုးလို့ ရပါတယ်။


Internal Flash Memory Card Reader ပျက်နေလျှင်

အခုနောက်ပိုင်း Newer Laptop တွေမှာဆိုရင် Internal Memory Card Reader တွေပါရှိလာပါတယ်။ Flash Memory Card တော်တော်များများကို ၎င်း Card Reader မှာ ထိုးပြီး အသုံးပြုလို့ရပါတယ်။ တကယ်လို့ Built In ပါလာတဲ့ Card Reader ပျက်သွားပြီဆိုတော့လည်း External USB Flash Memory Card Reader ကိုဝယ်ပြီး အသုံးပြုလို့ရပါတယ်။


Internal CD/DVD Drive ပျက်နေခြင်း


Laptop တိုင်းမှာ CD/DVD Optical Drive တွေပါရှိပါတယ်။ ၎င်း Drive ပျက်စီးနေပြီဆိုရင်တော့ External USB Optical Drive တွေကို အစားထိုးပြီး အသုံးပြုလို့ရပါတယ်။

Sunday 27 March 2011

105-Windows ရဲ့ မှုလ Language ကို မိမိကြိုက်ရာ Language ပြောင်းနည်း။



ကျတော်အခု တင်ပြမယ့် နည်းလေးကတော့ ကျတော့်သူငယ်ချင်း တယောက် ပြောပြလို့ သိရတဲ့နည်းလေးပါ။ အားလုံးသိရအောင် ဝေမျှ ပေးလိုက်ပါတယ်။ လိုအပ်မယ်ဆိုရင် အသုံးပြူလို့ ရအောင်လို့ပါ။ ကျွန်တော်တို့ Laptop ၀ယ်တဲ့ အခါမှာ အများအားဖြင့် မိမိတို့ အင်္ဂလိပ် ဘာသာနဲ့ Windows ကို အသုံးပြုများကျပါတယ်။ ဒါပေမဲ့ မိမိ သေချာ မတက်ကျွမ်းတဲ့ ရုရှားလို နိုင်ငံများမှ သူငယ်ချင်းများအနေနဲ့ မိမိတို့ laptop များ ၀ယ်တဲ့ အခါမှာ Russia ဘာသာနဲ့ windows ကို English Language ပြန်ပြောင်းတဲ့ အခါမှာ Windows ပြန်ချစရာ မလိုဘဲ မှုလ ရုရှား Windows မှာဘဲ တစ်ခါတည် Language ပြောင်းပြီး ချက်ချင် အသုံးပြုလို့ရပါတယ်။ ကျတော်တို့ Window 7 သုံးတဲ့အခါ Window ရဲ့ System ပိုင်းတွေမှာ မိမိပေါ်ချင်တဲ့ ဘာသာစကားနဲ့ ပေါ်အောင် လုပ်လို့ရပါတယ်။ ဒီအတွက်ကို Window 7 ရဲ့ ထုံးစံအတိုင်းပဲ အင်တာနက်ချိတ် ထားတာနဲ့ Window ကနေတစ်ခါတည်း ဒေါင်းလုပ်ချပီး ပြောင်းလိုက်လို့ရပါတယ်။ ကျတော်တို့ Registry ကနေ၀င်ပီး ပြောင်းရေးတာမျိုးလည်း လုပ်လို့ရပါတယ်။ဒါပေမယ့် သူကတခုချင်း လိုက်ပြောင်းပေးရပါတယ်။ အခုက အကုန်လုံးတခါတည်း ပြောင်းပေးပြီးသား ဖြစ်သွားအောင် လုပ်ပေးပါတယ်။ အခုက Microsoft မှာ ကျတော်တို့ ဘာသာစကားကို မှတ်ပုံမတင်ရသေးလို့ပါ။ နောက်တချိန်မှာ မှတ်ပုံတင်ပေးလာခဲ့ရင် Window ကို မြန်မာလို အလွယ်တကူ သုံးလို့ရနိုင်ပါတယ်။ အခု ဒီနည်းလေးကို လုပ်ကြည့်လိုက်ရအောင်…
1. Win key+R (Rum) ကနေ Window update ကိုသွားလိုက်ပါ။ Start >> Control Pannel >> Window Update သွားလိုက်ပါ။


1.    2.Updates are available for computer အပိုင်းကနေ optional update အပိုင်းကို သွားလိုက်ပါ။


3.Window 7 Language Pack အပိုင်းကို ရောက်သွားပါလိမ့်မယ်။ မိမိလိုချင်တဲ့ Language ကို Click လေးပေးပြီး OK ပေးလိုက်ပါ။ အလိုလျောက် Download ချပေးပီး စက်ထဲမှာ တခါတည်း ထည့်ပေးထားပါလိမ့်မယ်။ ကျတော် ဥပမာအနေနဲ့ တရုတ်ဘာသာကို နမှုနာ ပြထားပါတယ်။


4.အထက်မှာ ကျတော်တို့လုပ်ခဲ့တဲ့အပိုင်း တွေကဆိုရင် LANGUAGE ကို Install လုပ်တဲ့အပိုင်း ပဲရှိပါသေးတယ်။ စက်ထဲမှာ မပေါ်သေးပါဘူး။ နောက်တဆင့် အနေနဲ့ မိမိစက်မှာ ပေါ်လာအောင် Start >> Control Pannel >> Clock,Language and Region အပိုင်းကို သွားရပါမယ်။ Language and Region အပိုင်းကို ရောက်တာနဲ့ Change Display Language ထဲကို ၀င်လိုက်ပါ။

5.Region and Language >> Keyboards and Languages >> Choose a Display Language >> Apply >> OK လုပ်ပေးလိုက်ပါ။

1.    6.နောက်ဆုံးအဆင့် အနေနဲ့ computer ကို Logoff ပေးလိုက်ပါ။ ပြီးရင် Logon ပြန်ဝင်လိုက်ပါ။ ဒါမှမိမိ လုပ်ဆောင်ချက်က အသက်ဝင်ပီး စတင်လုပ်ဆောင်မှာ ဖြစ်ပါတယ်။ အားလုံးပဲအဆင် ပြေမယ်လို့ မျှော်လင့်ပါတယ်။

104-Power နဲ့ ဆိုင်တဲ့ Button များကို နားလည်ကြည့်ခြင်း



ကျွန်တော်တို့ Window 7 မှာ ပါတဲ့ Power Button တွေကို လွယ်မရောင်နဲ့ ခက် တိမ်မရောင်နဲ့ နက်ဆိုသလိုပေါ့ ဒါတွေကို နေ့တိုင်းတော့ သုံးနေကျတာဘဲ ။ ဒါပေမဲ့ ကွဲကွဲ ပြားပြား သိတဲ့ လူရှိပေမဲ့ အခြေခံသမားတွေ တော်တော်များများ သိတာ အတော်ရှားတယ်။ ဒါကြောင့် ဒီ Button တွေကို နားလည်းစေချေင်တဲ့ စိတ်ဆန္ဒကို အရင်းခံပြီး တင်ပြလိုက်တာပါ။ သိတဲ့ လူတွေကိုတော့ မပြောလိုပါဘူး။ မသိတဲ့ မိတ်ဆွေများကို ရည်ညွှန်း တင်ပြပေးတာ ဖြစ်ပါတယ်။



Screensaver and Sleep

Screensaver နဲ့ Sleep တို့က အလုပ်လုပ်ပုံချင်း တူကြသလို လုပ်ဆောင်ပုံချင်းလည်း မကွာကြပါဘူး။ ကျတော်တို့ Window Xp မှာဆိုရင်တော့ Screensaver လို့ခေါ်ပီး Window 7 မှာတော့ Turn of Display ဆိုပီး တွေ့ရပါလိမ့်မယ်။ သူရဲ့ လုပ်ဆောင်ပုံကတော့ အားလုံးသိပီးတဲ့အတိုင်း စက်ကိုမပိတ်ပဲ ဒီတိုင်းထားတာ ကြာလာတဲ့အခါ Power Save လုပ်တဲ့အနေနဲ့ Monitor ကို ခနပိတ်ပေးထားရုံပါပဲ။ လုပ်လက်စ အလုပ်တွေကလည်း ဆက်ပီးလုပ်နေဦးမှာပဲ ဖြစ်ပါတယ်။

Sleep ရဲ့ အလုပ်လုပ်ပုံက ကျတော်တို့ လုပ်လက်စ အလုပ်တွေကို ခဏရပ်ပီး ထမင်းစားတာဖြစ်ဖြစ် စက်နဲ့ဝေးတဲ့နေရာကို ခနသွားပီး ပြန်လာတာနဲ့ လုပ်လက်စတွေကို ချက်ချင်းပြန်လုပ်ချင် တဲ့အခြေအနေ မျိုးဆိုရင် Sleep က Ram ထဲမှာ လုပ်လက်စတွေကို သိမ်းထားပေးပါတယ်။ တနည်းအားဖြင့် Stand by သဘောပါပဲ။ Laptop တွေမှာဆိုရင် Sleep လုပ်ထားခဲ့ရင် သူက Power(Battery) သုံးစွဲမှူကို အနည်းငယ် လျော့ချပေးတဲ့ အတွက် Plug in မလုပ်ဘဲ Laptop ကိုသုံးနေရတဲ့ အခါမျိုးမှာ အဆင်ပြေစေပါတယ်။ ဘာကြောင့် အနည်းငယ်ပဲ လို့ဆိုရတာလဲ ဆိုတော့ Sleep က Power Supply ကို Shut Down လုပ်လိုက်တာ မဟုတ်တဲ့အပြင် Ram ထဲမှာ လုပ်လက်စတွေကို ဆက်မှတ်ထားဖို့ Power အနည်းငယ် လိုအပ်တဲ့ အတွက်ကြောင့်ပါ။ Sleep ရဲ့ အားနည်းချက်တွေ ကတော့ ကျတော်တို့ Sleep လုပ်ထားပီး မီးပျက်သွားပဲ ဖြစ်ဖြစ်၊ Laptop တွေမှာဆိုရင် Sleep လုပ်ထားတုန်း Battery ကုန်သွားတာမျိုးဆိုရင် လုပ်လက်စအလုပ်တွေ၊ ဖွင့်ထားတဲ့ ဖိုင်တွေအကုန် ပိတ်လိုက်တဲ့ အတွက် မိမိလုပ်ထားတွေ Save မလုပ်ထားတဲ့ အရာတွေအကုန် ပျက်သွားပါတယ်။ ( Power Option ကနေ Monitor , Hard Disk တွေကိုလည် Turn on.Turn off သတ်မှတ်နိုင်ပါသေးတယ်။

Hibernation & Shutdown

Shutdown နဲ့ Hibernation က အလုပ်လုပ်တဲ့ ပုံစံချင်းတူညီ ကြပေမယ့် လုပ်ဆောင်မှူချင်းကျတော့ နည်းနည်းလေးကွာပါတယ်။ ဆိုလိုတာက Hibernation နဲ့ Shutdown တခုခု လုပ်လိုက်တာနဲ့ စက်ကြီးပိတ်ပြီ Power Off သွားတာချင်း တူပေမယ့် ဖြစ်သွားတဲ့ အဖြစ်အပျက်တွေ နည်းနည်းလေး ကွာပါတယ်။ Shutdown လုပ်လိုက်ရင် လုပ်လက်စတွေထဲက တချို့ application တွေကို စက်က အလိုလိုပိတ်ပေးပီး တချို့တွေကို တော့ Save လုပ်မှာလား မလုပ်ဘူးလား Force Shut down လုပ်မှာ လားဆိုပီး မေးပါတယ်။ Force Shut Down ဆိုရင်တော့ လုပ်လက်စတွေကို Save မလုပ်ပေးတော့ပါဘူး။

Hibernation အပိုင်းမှာတော့ Hibernation လုပ်လိုက်တာနဲ့ သူကလုပ်လက်စ အလုပ်တွေအကုန်လုံးကို Hard Disk ထဲမှာ Hiberfil.sys File တခုတည်ဆောက်ကာ လုပ်လက်စတွေကို ချက်ချင်းမှတ်ထားပီး Power ကိုပိတ်လိုက်ပါတယ်။ မိမိစက်ကို ပြန်ဖွင့်တဲ့အခါ မြန်မြန်ဆန်ဆန် မိမိလုပ်လက်စ နေရာကို နောက်ဆုံး အခြေအနေအတိုင်း မပျက်မစီးဘဲ ပြန်လည်ရောက်ရှိ ရရှိစေပါတယ်။

Vista မှာဆိုရင် Hibernation ကို Hybrid sleep mode လို့ခေါ်ပါတယ်။ ကျတော်တို့ Window Vista မှာဆိုရင် Sleep လုပ်တာနဲ့ Hybrid Sleep Mode အခြေအနေကို တခါတည်း ကူးပြောင်းသွား စေတဲ့အတွက် Data တွေ ဆုံးရူံးမှာ ကြောက်စရာမလိုပါဘူး။ တကယ်လို့ Hybrid Sleep ကို Disable ဒါမှမဟုတ် Turn off ပေးထားခဲ့ရင် Sleep Mode သဘောအတိုင်းပဲ အလုပ်လုပ်မှာ ဖြစ်တဲ့အတွက် ရုတ်တရက် Power off ဖြစ်ခဲ့ရင် လုပ်လက်စ Data တွေပြန်ရမှာ မဟုတ်တော့ပါဘူး။ သူရဲ့ အားသာချက်ကတော့ လုပ်လက်စတွေကို Standby အနေနဲ့ ခနရပ်ထားပီး ချက်ချင်းပဲ နောက်ဆုံးအနေအထားကို ပြန်လိုချင်တဲ့ Power ချွေတာပီး သုံးစွဲနေရတဲ့ Laptop သမားတွေအတွက် ပိုမိုအဆင်ပြေစေပါတယ်။ ဒါပေမယ့် သူ့ရဲ့အားနည်းချက်ကတော့ Memory ထဲမှာ Hiberifil.sys ဆိုတဲ့ Hibernation File တွေကို မှတ်ထားပေးတဲ့ အတွက် Disk Space ထဲမှာ Fragmentation File တွေ ဖြစ်ပေါ်လာစေတဲ့ အတွက် Disk ကို Defeagement ပြန်လုပ်ပေးဖို့တော့ မမေ့သင့်ပါဘူး။ ဒါကြောင့် မိမိလုပ်ချင်တဲ့ အခြေအနေကို မိမိသေချာရွေးချယ် လုပ်ဆောင်လို့အောင် ဗဟုသုတအဖြစ် ဝေမျှလိုက်ပါတယ်။

Switch User & Lock

သူတို့ရဲ့ လုပ်ဆောင်ချက်တွေကတော့ မကွာကြပါဘူး။ မိမိလုပ်လက်စ အလုပ်တွေကို မိမိစက်နားမှာ မရှိတဲ့အချိန်မှာ သူများတွေ မသိစေချင်ရင် Adminstrator မှာ Password ခံထားရင် အလုပ်ဖြစ်တဲ့ ကောင်လေးတွေပါ။
Switch User ပဲဖြစ်ဖြစ် Lock ပဲဖြစ်ဖြစ် လုပ်ထားပီး မိမိပြန်သုံးချင်တဲ့အခါ Password ခံထားရင် Password လေးရိုက်ပီး Login ပြန်ဝင်လုပ်လိုက် ရုံပါဘဲ။ လုပ်လက်စတွေ ဘာမှမပိတ် မပျက်စီးပါဘူး။ (မီးမပျက်ခဲ့ရင်ပေါ့ …P)


Logoff & Restart 

Logoff ရဲ့ လုပ်ဆောင်ချက်ကတော့ သူက ကျွန်တော်တို့ Application တစ်ခု Run ပြီးလို့ Restart ချခိုင်းတဲ့ နေရာမှာ Restart ချ စရာမလိုဘဲ Logoff လုပ်ပေးတာနဲ့ အချိန်တိုအတွင် အဲ့ဒီ Application အလုပ်လုပ်မှာဖြစ်ပါတယ်။ လုပ်လက်စတွေ အကုန်လုံးကို Save မလုပ်ဘဲ အကုန်ပိတ်ပစ်လိုက်ပါတယ်။ ဒါပေမယ့် Power Supply တော့ပိတ်မသွားပါဘူး။ သူက Login လုပ်တဲ့ အပိုင်းနောက်က အလုပ်တွေအကုန် Log Off ထွက်လိုက်တဲ့ သဘောပါပဲ။ (သူ့ကိုဘယ်နေရာမှာ အသုံးချမလဲဆိုတော့ ကျတော်တို့ Registry ပိုင်းမှာ တခုခုဝင့်ပြင်တာမျိုး၊ ဒါမှမဟုတ် Software တခုခု ရမ်းပီးတဲ့အခါ Restar ပေးဖို့ လိုအပ်လာရင် Restat မပေးဘဲ Logoff လုပ်ရုံနဲ့လည်း မိမိလုပ်ချင်တဲ့ အလုပ်တွေ Activate(ပြီးမြောက်) စေပါတယ်။)

Thursday 24 March 2011

103-windows 7 မှာ Folder တွေ ဖွင့်တဲ့အခါမှာ ကြာနေလား

နကျွန်တော်တို့ Windows 7 သုံးတဲ့ သူငယ်ချင်းတွေ သိတဲ့ အတိုင်း folder တွေ ဖွင့်တဲ့ အခါမှာ Windows 7 မှာ အတော်အတန့် ကြာပါတယ်။ XP လို ချက်ခြင်း တက်မလာပါဘူး။ အောက်မှာ တင်ပြထားတဲ့ ပုံအတိုင်း ဖြေးဖြေးခြင်းမှ တက်လာပါတယ်။ အဲဒီလို မဖြစ်ရအောင် လုပ်လို့ရတဲ့ နည်းဖြစ်ပါတယ်။ Windows XP နဲ့ Windows 7 အကြောင်းသာ တင်ပြ နေပေမဲ့ ဒီနည်းက Windows Vista မှာလည်း အသုံးဝင်ပါတယ်။ Windows 7 နဲ့ Windows Vista က ဆင်တူသလောက် ရှိပါတယ်။ အခုနောက် ပိုင်းတော့ ကျွန်တော်အထင် Windows Vista သုံးမည့်အစား Windows 7 ကိုသာ သုံးကြမယ်လို့ ထင်ပါတယ်။ ရှည်နေပြီ။ မဆိုင်တာတွေ ပြောနေတာနဲ့ Windows 7 မှာ Folder တွေ အတက်မြန်စေချင်ရင်အောက်က နည်းများကို အသုံးသာချလိုက် မြန်လာမလား စမ်းကြည့် ကိုယ်တိုင်းသိမည်။ (တင်ပြပေးထားတဲ့ နည်းအားလုံး လုပ်ဆောင်ပါ။)
နည်းလမ်း (၁)
Windows Search ကို Disabled ပေးခြင်း1. Start >> Run (Win Key +R) >> Services.msc လို့ရိုက်ပြီး Enter ခေါက်လိုက်ပါ။
2. အောက်ပါအတိုင်း ကျလာတဲ့ Properties Box မှ Windows Search ကို ရှာလိုက်ပါ။ Windows Search ပေါ်မှာ Double click ပေးလိုက်ပါ။ General Tab မှ Startup Type မှာ Disabled ရွေးပြီး Apply ကိုနိုပ်ပြီး OK ပေးလိုက်ပါ။

နည်းလမ်း (၂)

Disable Thumbnail Preview

1.ကြိုက်သစ်နှက်ရာ Folder တစ်ခုကို ဖွင့်ပြီး Organize >> Folder and Search Option ကို click လိုက်ပါ။ ( control pannel >> Folder Option ကို ဖွင့်လဲ ရပါတယ်။ )အောက်ကပုံကိုကြည့်ပါ။

2.အောက်ပါအတိုင်းကျလာတဲ့ Box မှ View ကနေ Advanced Settings မှာ Always Show icons, never Thumbnails ကို အမှန်ခြစ် ပေးလိုက်ပါ။ ပြီရင် Apply ကိုနိုပ်ပြီး OK ကို ပေးလိုက်ပါ။

102-Window 7 မှာ ၀င်းဒိုးတွေ ထပ်နေတဲ့ ပြဿနာ ဘယ်လိုရှင်းမလဲ

 ကျွန်တော်တို့ Windows 7 သုံးတဲ့ သူငယ်ချင်း အတော်များများ ကြုံခဲ့ရတဲ့ နည်းလေးပါ။ အကြောင်းကတော့ Windows တင်ခဲ့စဉ်မှာ မှုလ တင်ခဲ့ပြီးသာ Windows ကို Delete လုပ် ပြီ Format မရိုက်ခဲ့လို့ ကြုံရတဲ့ ပြဿနာဖြစ်ပါတယ်။ ကြုံရတာက မိမိ C partition ထဲမှာ Windows folder တွေ မိမိ အကြိမ်တင်ရင် တင်ခဲ့သလောက် Windows တွေ ထပ်နေတက်ပါတယ်။ အကြောင်းက အပေါ်မှာ ပြောခဲ့သလို Windows တင်တဲ့ အချိန်မှာ မှုလ Windows ကို Format မရိုက်ခဲ့လို ဖြစ်ပါတယ်။ ဒါကြောင့် Harddisk ထဲမှာ မလိုအပ်ဘဲ နေရာတွေ ပြည့်နေပြီ မိမိက ဘာမှ အများကြီး သုံးပြီးသာ ဖြစ်နေတက်ပါတယ်။ အကြိမ်ရေ နည်းတဲ့ အခါမှာ ပြဿနာ မဟုတ်ပေမဲ့ အကြိမ်ရေး များလာတဲ့ အခါမှာ ပြဿနာ တက်လာတက်ပါတယ်။ ဘယ်လို ဖြစ်ရတာလဲဆိုတော့ ကျွှန်တော်တို့ Window 7 မှာ computer ဖွင့်လိုက်တဲ့အခါ window start up လုပ်နေစဉ် အတွင်းမှာ မိမိဘယ် Window နဲ့ boot တက်မလဲ ဆိုတာကို ရွေးချယ်ပေးရတဲ့ Boot option အပိုင်းရှိပါတယ်။ Window တခုတည်း ဆိုရင်တော့ သူကအချိန် အနည်းငယ်ပဲ ပေါ်လာပီး မိမိတင်ထားတဲ့ Window 7 အတိုင်းဆက် အလုပ်လုပ်ပါတယ်။ တကယ်လို့ ကိုယ်ကအရင်က Window XP တင်ခဲ့ပြီး Window 7 ပြောင်းသုံးတဲ့အခါ အရင်Window Xp ကို Format မရိုက်မိဘဲ Window ဆက်တင်မိတဲ့ အခါမျိုးမှာဆိုရင် Boot တက်တဲ့အခါ Window Version နှစ်ခုထဲက တစ်ခုခုကို ရွေးပေးဖို့ Boot option လုပ်နေစဉ်မှာ ပေါ်လာတတ်ပါတယ်။ အခုနပြောသလို အခြေအနေမျိုးမှာ စက်ဖွင့်တဲ့အခါတိုင်း ကိုယ်ကရွေးပေးနေရပါတယ်။ မရွေးပေးဘဲ သူ့ဘာသာ Boot တက်ရင်တော့ နောက်ဆုံးတင်ထားတဲ့ Window 7 အတိုင်းပဲ အလုပ်ဆက်လုပ်ပါတယ်။ ဒါပေမယ့် ကျွှန်တော်တို့ အဲ့ဒီအရင်က Window ( Xp ဒါမှမဟုတ် Vista တခုခုပေါ့ ) လက်ရှိသုံးနေတဲ့ Window 7 မတင်ခင် အရင် Window တခုခုကို Earlier Version Of Window လို့ခေါ်ပါတယ်။ အယ့်ဒီ Earlier Version အပိုင်းကြီးကို Boot တက်တဲ့အခါ မမြင်ရအောင် Remove လုပ်ပစ်ထားလိုက်ရင် နောက်ဆို ရွေးပေးစရာ မလိုတော့ပါဘူး။ စက်ဖွင့်လိုက်တိုင်း သူ့ဘာသာ မြန်မြန်ဆန်ဆန်ပ Window7 တက်လာပါလိမ့်မယ်။ကျွှန်တော်တို့ ပြောနေတာအရမ်း များသွားပီ။ ကျွန်တော်တို့ အလွယ်မြင်အောင် အောက်က ပုံကိုကြည့်လိုက်ပါ။ အောက်မှာတော့ Windows က နှစ်ခုသာ ပြထားပါတယ်။ ဒီထပ်ပိုနေတဲ့ စက်တွေကို တွေ့ခဲ့ဘူးပါတယ်။ အောက်မှာ ရှင်းတဲ့ နည်းကို ကျွန်တော် အသေးစိတ်တင်ပြပေးထားပါတယ်။ အောက်က ပုံကို အရင်ကြည့်ကြည့်ပါ။



 လုပ်နည်း
1.  Command Prompt လို့ခေါ်တဲ့ Cmd ကို Run as administrator နဲ့အရင် ဖွင့်လိုက်ပါ။ ရိုးရိုးအတိုင်း Wndkey+R လို့ရိုက်ပီး ပေါ်လာတဲ့ Run Box မှာ cmd လို့ရိုက်ထည့်ပီး ဖွင့်ပီးပေါ်လာတဲ့ cmd မှာဆို အလုပ်မလုပ်ပါဘူး။ ဒါကြောင့် ခုနပြောသလိုပဲ Run as administrator နဲ့ပဲ ဖွင့်လိုက်ပါ။ 



2.ပေါ်လာတဲ့ Cmd Box မှာ bcdedit လို့ရိုက်လိုက်ပါ။ ကျလာတဲ့ဘောက်ထဲမှာ windows Legacy os Loader ကို တွေ့ရပါလိမ့်မည်။

        3.နောက်ဆုံးအနေနဲ့ ကျွှန်တော်တို့က မလိုအပ်တဲ့ အပိုင်းဖြစ်တဲ့ Windows Lagacy OS loader အပိုင်းကို     Delete လုပ်ပေးရပါမယ်။  Command Prompt မှာ bcdedit /delete {ntldr} /f လို့ ရိုးရိုးလေး ရိုက်ပေးပီး Enter ရိုက်ပေးလိုက်ပါ။ အားလုံး အဆင်ပြေသွားပါပီ။ 

Tuesday 22 March 2011

100-လွယ်ကူစွာ gmail နှင့် gtalk အသုံးပြုနည်း

Windows တင်နည်း

   Windows တင်နည်းနဲ့ ပက်သက်လို့ အသေးစိတ် ရေးပေးထားပါတယ်။ Windows XP နှင့် Windows 7 အတွက် ရေးပေးထားပါတယ်။ VIsta နဲ့ Windows 7 က လုပ်ဆောင်ချက်ခြင်းသိပ်မကွာလို့ Windows Vista အတွက်တော့ မေ၇းပေးထားပါဘူး။dpf ဖိုင်လေးပါ down ပြီးဖတ်နော်...

ဒီမှာDownloadလုပ်ယူပါ

Sunday 20 March 2011

98-i phone သို့  zawgyi font ထဲ့နည်းလေးပါ

့http://Rblog  မှ copy လုပ်ပြီတင်ပေးလိုက်ခြင်းဖြစ်ပါတယ်...
အမှားပါရင်ကြိုတင်တောင်းပန်ပါတယ်....
ကျွန်တော့ထက်တော်တဲ့ သူများ ကြိုတင်တောင်းပန်အပ်သည်။
iphone နှင့် ipod ထဲကို zawgyi font သွင်းရင် အလွယ်ဆုံးနည်းလေးဖြစ်ပါသည်။
စက်ထဲတွင် cydia ဆိုတဲ့ program ရှိရပါမည်။ ထို program ကိုဖွင့်လိုက်ပါ.ပြီးရင် အောက်မှာရှိတဲ့ teskbar တွင် manage ကိုဝင်ပါပြီးနောက် sources ကိုထပ်ဝင်ပါ ထို့နောက် အပေါ်ထောင့် နားတွင် Edit ကိုနိပ်ပါ ပြီးနောက် add ကိုထပ်နိပ်ပါ ထိုင်တွင့် Http:// ကွက်လပ်လေးပေါ်လာပါမည် ထိုကွက်လပ်တွင် http://www.cydia.macforus.com ထည့်ပြီး add ကိုနိပ်ပါ ထို့နောက် အပေါ်တွင်ရှိမည့် done ကိုနိပ်ပါ.ထိုအခါ sources ထဲတွင် cydia.macforus ဆိုတဲ့ program adder လေးတစ်ခုပေါ်လာပါလိမ်မည် အဲ့ဒီ့အထဲကို ဝင်လိုက်ပါက zawgyi keyboard နှင့် zawgyi font ၂ နှစ်ခု သို့ ၄ ခုပေါ်လာပါမည်.ဘယ်လိုဘဲပေါ်စေကာမူ zawgyi keyboard နှင့် zawgyi font နှစ်ခုပဲ သွင်းရပါမည် ပထမ zawgyi font ကိုအရင် install လုပ်ပါ ပြီးနောက် back ပြန်လာပြီး zawgyi keyboard ကိုထပ် install လုပ်ပါ ထို့နောက် springboard
လုပ်လိုက်ပါ.ဤတွင် ဇော်ဂျီ font သွင်းလို့ပြီးပါပြီ ခင်ဗျာ. ထို့နောက် lauguage ထဲရှိ ikeyboard ထဲတွင်ပြင်ဆင်၍ဇော်ဂျီ font ကိုစတင်သုံးစွဲနိုင်ပါပြီခင်ဗျား.......

Thursday 17 March 2011

97-WINDOWS HYPER LOGIN


Windows Hyper Login | 6.74 MB

ဒီစော့ဝဲလေးကတော့ Windows Login Password ကို ပုံစံနှစ်မျိုးနဲ့ အသုံးပြုနိုင်တဲ့ စော့ဝဲလေးပဲ ဖြစ်ပါတယ်......မူလ ၀င်းဒိုးမှာ ပါရှိတဲ့ Windows Login Password အပြင် နောက်ထပ် Windows Hyper Login ဖြင့် Login Password ကို ဆက်လက် ဖန်တီးပေးနိုင်တဲ့ စော့ဝဲလေးပဲ ဖြစ်ပါတယ်.....Portable စော့ဝဲလေးဖြစ်တဲ့ အတွက် လိုအပ်တဲ့ အချိန် အလွယ်တစ်ကူ အသုံးပြုနိုင်ပါတယ်........
စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်မှာယူနိုင်ပါတယ်......


Photobucket
Ifile | Mediafire

Tuesday 15 March 2011

96-harddriveပျက်ဆီးခြင်းမှကာကွယ်ပေးမဲ့အချက်(10)ချက်

Hardware တွေရဲ့ ဈေးနှုန်းက ဒီဆယ်စုနှစ်ထဲမှာ အံ့ဩဖွယ်ကောင်းလောက်အောင်ကို ပြိုကျလာခဲ့ပါတယ်။ ဒါပေမဲ့လည်း လူတိုင်းက ကိုယ်စက်ထဲက hardware တွေကို ပျက်ချင် ပျက်ပါစေလို့ဆိုပြီး ပစ်စလက်ခတ်ထားကြမှာတော့ မဟုတ်ကြပါဘူး။ အထူးသဖြင့် hard drive တွေကို ဒီလိုမျိုး မထားတတ်ကြပါဘူး။
အချက်အလက်ဟာ နည်းပညာလောကသားတွေအတွက် အလွန်အရေးပါလှပါတယ်။ ဒီအချက်အလက်တွေ သိုလှောင်ရာဖြစ်တဲ့ hard drive တွေရဲ့ ကြံ့ခိုင်ရေးဟာ အလွန်ကို အရေးပါလှပါတယ်။ အောက်ဖော်ပြပါ အချက် (၁၀) ချက်ကတော့ hard drive တွေကို အလွယ်တကူ မပျက်စီးစေဖို့ လုပ်ဆောင်သင့်တဲ့ အချက်တွေ ဖြစ်ပါတယ်။
၁။ chkdsk ကို run ပေးပါ။
Hard drive တွေက မီးအားအတက်အကျကြောင့်ဖြစ်စေ၊ အခြားသောအကြောင်း အမျိုးမျိုးကြောင့်ဖြစ်စေ အထဲမှာပါတဲ့ သတ္တုပြားမှာ ပြဿနာတက်တာ၊ ဆော့ဖ်ဝဲ ပြဿနာဖြစ်တာ၊ partition table မှာ ပြဿနာဖြစ်တာ အစရှိတဲ့ ပြဿနာတွေ တွေ့ကြုံရတတ်ပါတယ်။ ဒီပြဿနာတွေကို ပြေလည်စေဖို့အတွက် chkdsk ဆိုတဲ့ ပရိုဂရမ်လေးဟာ Windows မှာ အစကတည်းက လာထည့်ပေးထားပါတယ်။ ဒီပရိုဂရမ်လေးက ပြဿနာ အတော်များများကို ပြေလည်အောင် ဖြေရှင်းပေးပါတယ်။
၂။ Hard drive ကို စောင့်ကြည့်ပေးနိုင်တဲ့ ပရိုဂရမ်သုံးပါ။
Hard drive ကို စောင့်ကြည့်လေ့လာပေးတဲ့ ပရိုဂရမ်တွေ များစွာရှိပါတယ်။ Acronis Drive Monitor ကတော့ အခမဲ့ရတဲ့ tool တစ်ခုဖြစ်ပြီး သုံးစွဲရတာ အလွန်ကောင်းပါတယ်။ အပူချိန်နဲ့ hard drive ရဲ့ နေရာလွတ်တွေကို စောင့်ကြည့်ပေးနိုင်ပါတယ်။
၃။ Data ထားတဲ့နေရာနဲ့ OS တင်ထားတဲ့နေရာကို ခွဲထားပါ။
OS တင်ထားတဲ့နေရာနဲ့ data ထားတဲ့နေရာကို partition တွေ သီးခြားပိုင်းထား သင့်ပါတယ်။ အဲဒီလို တင်မထားတဲ့အခါ OS ဆိုတာ ပျက်လွယ်တဲ့အတွက် data တွေကို သီးခြား partition မပိုင်းဘဲ OS ထားတဲ့ partition မှာထားမယ်ဆိုရင် ပျက်စီးဆုံးရှုံးမှုတွေ ရှိလာပါလိမ့်မယ်။
၎။ ကွန်ပျူတာသုံးနေတဲ့ ပတ်ဝန်းကျင်ကို သတိပြုပါ။
ကွန်ပျူတာကိုထားတဲ့နေရာက ဖုန်တွေထူတာ၊ ရေငွေ့တွေပေါများတာနဲ့ အပူချိန် သိပ်များတာ အစရှိတဲ့ အကြောင်းအရာတွေကို သတိထားရှောင်သင့်ပါတယ်။ အဲဒီလိုဖြစ်တာတွေက ကွန်ပျူတာမှာ လျှပ်စစ်ပတ်လမ်းတို့တွေဖြစ်ပြီး hardware တွေကို ပျက်စီးနိုင်တဲ့ အခြေအနေတွေ ဖြစ်ပေါ်အောင် ဖိတ်ခေါ်နေသလိုပါပဲ။ ပြီးတော့ ကွန်ပျူတာကို အပူချိန်လျော့နိုင်သလောက်လျော့အောင် ပန်ကာလေးတွေ ထားသုံးဖို့ လိုအပ်ပါတယ်။ Hard drive ကို ပန်ကာထည့်ပြီးသုံးတာက အပူချိန်လျော့နိုင်တဲ့အတွက် ပျက်စီးမှုကို ကာကွယ်နိုင်သလို hard drive ပူလာတဲ့အတွက် ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။
၅။ လျှပ်စစ်ဓာတ်အပိုတွေ ကွန်ပျူတာမှာ မစီးပါစေနဲ့။
ကွန်ပျူတာကို မီတာနဲ့ထောက်ပြီး တိုင်းတာတဲ့အခါ လျှပ်စစ်ဓာတ်အားတွေက ကွန်ပျူတာပုံးမှာ စီးနေတာတွေကို တွေ့ရတတ်ပါတယ်။ အဲဒီလို ဖြစ်တတ်တာက ကွန်ပျူတာကို ပျက်စီးစေဖို့ လွယ်ကူစေပါတယ်။ လျှပ်စစ်ဓာတ်အား ရယူသုံးစွဲတဲ့ ပလပ်ပေါက်တွေနဲ့ ကြိုးတွေကို ကောင်းမွန်အောင်လုပ်ထားဖို့ လိုအပ်သလို မြေစိုက်ကြိုးကိုလည်း ထည့်ပေးထားဖို့ လိုအပ်ပါတယ်။
၆။ Drive ကို defragment ပုံမှန်လုပ်ပေးပါ။
Drive တွေကို သုံးစွဲတာကြာလာတဲ့အခါ ဖိုင်တွေရဲ့ အထားအသိုက ပြန့်ကျဲလာပါတယ်။ အဲဒီလိုဖြစ်တဲ့အခါ ဖိုင်တွေကို နေရာချတာနဲ့ ရှာဖွေတာလုပ်တဲ့အချိန် ပိုကြာလာပါတယ်။ အဲဒီလိုဖြစ်လာတာကို ကာကွယ်ဖို့အတွက် drive ကို defragment ပုံမှန်လုပ်သင့်ပါတယ်။
၇။ Solid state drive ကို ပိုသုံးပါ။
Hard drive တွေက solid state drive တွေထက် ပျက်စီးနိုင်မှုမှာ ပိုများပြားပါတယ်။ ဈေးကြီးပေမယ့် solid state drive တွေက hard drive တွေထက် ပျက်စီးနိုင်မှုမှာ လျော့နည်းတာကြောင့် ပိုမိုရွေးချယ်သင့်ပါတယ်။
၈။ Power save နည်းပညာကို သုံးပါ။
Hard drive တွေကို အလုပ်မလုပ်စေပဲ အချိန်ကြာကြာ ဖွင့်လှစ်ထားတာထက် ဘယ်အချိန်လောက်အထိ ဆက်တိုက်မသုံးစွဲဘူးဆိုခဲ့လျှင် hard drive ကို ပိတ်ထားတာတို့ sleep mode ကို သုံးတာတို့ လုပ်ထားသင့်ပါတယ်။ hard drive သက်တမ်း ပိုကြာပါလိမ့်မယ်။
၉။ ဝက်အူတွေနဲ့ မလှုပ်အောင် ကြပ်ထားပါ။
Hard drive ကို အချို့က စကူနှစ်လုံးပဲ ဖမ်းထားတာ၊ ချောင်နေတဲ့ စကူတွေ ထည့်သုံးတာတို့က hard drive ကို အခန့်မသင့်ရင် လှုပ်တာ ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုးဖြစ်ပေါ်လာခဲ့ရင် hard drive ကို သုံးမရအောင် ပျက်စီးသွားစေပါလိမ့်မယ်။
၁၀။ Back up ပုံမှန်လုပ်ပါ။
ပစ္စည်းတွေမှာ မပျက်တဲ့ ပစ္စည်းမရှိပါဘူး။ အချိန်ကြာမှ ပျက်တာနဲ့ စောစောပျက်တာပဲ ကွာပါတယ်။ ဒါကြောင့် အချက်အလက်တွေကို ပုံမှန် Back up လုပ်ထားသင့်ပါတယ်။
forward:mail မှ

95-username လေးမကျန်ခဲ့အောင်

ကဲအဲဒါလေးကိုဘယ်လိုကာကွယ်မလဲဆိုတော့။ start key +R နှိပ်ပါ။ box ထဲမှာ regedit ရိုက်ထည့်ပါ။ အဲဒီကနေ HKEY_CURRENT_USER==>Software==>Google==>Google Talk==Accounts ကိုထောက်လိုက်ပါ။ ညာဘက်မှာ o ဆိုတာတွေ့ပါမယ်။ အဲဒါကို double Click နှိပ်ပါ။ Value data: အောက်မှာ gtalk သုံးခဲ့တဲ့ username တွေကိုတွေ့ရပါမယ်။ ကိုယ်နာမည်ပါရင်ဖျက်ခဲ့ပေါ့။       ကူညီချင်တယ်ဆိုရင်တော့သူများနာမည်တွေပါဖျက်ပေးခဲ့ရင် ပိုကောင်းတာပေါ့ ။ အဲဒါပြီးရင်မပြီးသေးဘူးဗျ စောစောက Accounts ကိုကြည့်နေတယ်မလား အပေါ်ကအဆင့်ပြီးရင် အဲဒီ +Accounts ဆိုတာရှိတယ်မလား အဲဒီ + လေးကိုနှိပ်လိုက်ပါ။ အဲဒီမှာ ကိုယ်ဝင်ထားတဲ့ Username တွေရှိပါသေးတယ်။ ကိုယ့် Username ပေါ် click ထောက်လိုက်ပါ။ right click==>delete နဲ့ဖျက်လိုက်ပါ။ ဒါဆိုရင်တော့လုံခြုံ(သွားပြီလို့ထင်ပါတယ် ) သွားပါပြီ။

94-connection ကောင်းမကောင်းဘယ်လိုကြည့်

အင်တာနက်ဆိုင်မှာလူတွေပြောလေ့ရှ
ိပါတယ် ကျသွားပီတို့ တက်လာပီတို့ (con)ပြောပါတယ်
အခုပြောမှာက အဲ့ကောင်းတယ်မကောင်းဘူးဆိုတာဘယ်လိုကြည့်လဲပေါ့

ပထမတစ်နည်းကတော့
Task Manager ကကြည့်လို့ရပါတယ်
Task Manager ကိုတော်တော်များများသိပါတယ် မသိရင်တော့  Ctrl+Alt+Del(or)Ctrl+Shift+Esc နှိပ်ကြည့်ပါ

ပထမဆုံး Networking Tab ကိုသွားပါ အဲ့ကအောက်မှာပြထားတဲ့အနီရောင်ဘောက်လေးမှာ
0.1% 0.12% တို့ဆိုရင်တော့ကျနေပါတယ် အဲ့ထက်များရင်တော့ကောင်းပါတယ် 0.5လောက်ဆိုရင်တော့အတိုင်းအထက်အလွန်ပါပဲ(နေပြည်တော်ကလိုင်းလောက်ရှိပါတယ်)

ဒုတိယတစ်နည်း
win+R>>cmd>>nslookup>>nslookup အဲ့မှာ

အဲ့လိုပေါ်လာရင်တော့ တက်တယ်ပေါ့ မပေါ်ပဲ Request Time Out ဆိုရင်တော့ကျနေပါတယ်
Address ဆိုတာကတော့ကိုယ်သုံးနေတဲ့ IP ပဲဖြစ်ပါတယ်

93-Folderများကိုလော့ချနည်း

တချို့သော Folderများကိုလော့ချချင်တဲ့ အခါ ဆော့ဝဲ လေးတွေကို
အသုံးပြုကြရပါတယ်... အခုဟာလေးကတော့ ဆော့ဝဲမပါဘဲ Folder
လော့ချတဲ့ နည်းလေးပါ... ကဲစမ်းကြည့်လိုက်ကြရအောင်...
1.   Folder လေးတစ်ခုကို မိမိနှစ်သက်အမည်နဲ့ ဆောက်လိုက်ပါ။
2.   အဲဒီ Folder ထဲမှာ TXT ဖိုင်လေးပြုလုပ်ပြီး ကုဒ်လေးတွေထည့်လိုက်ပါ။(အောက်မှာပေးထားပါတယ်)
Code:
cls
@ECHO OFF
title Folder Private
if EXIST "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}" goto UNLOCK
if NOT EXIST Private goto MDLOCKER
:CONFIRM
echo Are you sure you want to lock the folder(Y/N)
set/p "cho=>"
if %cho%==Y goto LOCK
if %cho%==y goto LOCK
if %cho%==n goto END
if %cho%==N goto END
echo Invalid choice.
goto CONFIRM
:LOCK
ren Private "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}"
attrib +h +s "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}"
echo Folder locked
goto End
:UNLOCK
echo Enter password to unlock folder
set/p "pass=>"
if NOT %pass%== password here goto FAIL
attrib -h -s "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}"
ren "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}" Private
echo Folder Unlocked successfully
goto End
:FAIL
echo Invalid password
goto end
:MDLOCKER
md Private
echo Private created successfully
goto End
:End

3.   ကော်ပီကူပြီးထည့်လိုက်တဲ့ ကုဒ်များထဲမှ ၂၃ ကြောင်းမြောက်မှာရှိတဲ့ password here ဆိုတဲ့နေရာလေးမှာ မိမိထည့်ချင်သော စကားဝှက်ကို ထည့်လိုက်ပါ..
4.   စကားဝှက်ထည့်ပြီးနောက် အဲဒီဖိုင်လေးကို Save as ကနေ locker.bat အမည်နဲ့ save လိုက်ပါ..
5.   ပြီးပါက Folder လေးထဲကို ပြန်ကြည့်လိုက်ပါ LOCKER ဆိုတဲ့ ဖိုင်လေးကို တွေ့ရပါလိမ့်မယ်...
6.   LOCKER ဆိုတဲ့ဖိုင်လေးကို ၂ချက်ကလစ်ပြီးဖွင့်လိုက်ပါ Private ဆိုတဲ့ Folder လေးကို တွေ့ရပါလိမ့်မယ်...
7.   ကဲ ကိုယ်ထည့်ချင်တဲ့ ဖိုင်များကို Private ဆိုတဲ့ Folder လေးထဲမှာ ထည့်လိုက်ပါ။ ပြီးရင် LOCKER ဆိုတဲ့ ဖိုင်လေးကို ကလစ်လိုက်ပါ Folder ကို လော့ချမှာလား၊ လော့မချဘူးလားဆိုတာတောင်းပါလိမ့်မယ်..


8.    လော့ချမယ်ဆိုရင် Y လို့ ရိုက်လိုက်ပြီး Enter နှိပ်လိုက်ပါ..
9.   သင်က လော့ချထားတဲ့ Folder ကို ပြန်ပြီး မြင်ချင်တယ်ဆိုပါက LOCKER ဆိုတဲ့ ဖိုင်လေးကို ပြန်ကလစ်ပြီး အပေါ်မှာ ပေးထားခဲ့တဲ့ စကားဝှက်ကိုထည့်လိုက်ပါ.. Folder လေးပြန်ပေါ်လာပါလိမ့်မယ်...

92-အခြေခံ ကွန်ပျူတာ Virus များရှင်းလင်းခြင်း


တကယ်တမ်း ကွန်ပျူတာ ဗိုင်းရပ်စ် တွေကို ရှင်းလင်းရတယ်ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်သလို မိမိရဲ့ အဖိုးတန်တဲ့ အချိန်တစ်ချို့ကိုပေးဆပ်ကြရတာပါ။ ဘယ်ကွန်ပျူတာမှ Virus တစ်မျိုးတည်း ရတယ်ဆိုတာ မရှိပဲနဲ့ မိမိရဲ့အိမ်မှာ ပုရွက်ဆိတ်လေးတွေ ၀င်လာသလိုပါပဲ နောက်ဆုံး တပ်စုကြီးနဲ့ပဲ ပြန်လည်ထွက်ခွာသွားကြတာပါ။ Antivirus ဆိုတာ အကောင်းမွန်ဆုံး ကာကွယ်ရေး တပ်ဖွဲ့ကြီးဖြစ်တယ် သို့ပေမယ့်လည်း ၄င်း Antivirus က out of date ဖြစ်နေမယ်ဆိုရင် အသုံးဝင်တဲ့ antivirus program တစ်ခုဖြစ်လာမှာမဟုတ်ပါဘူး။ ဒီတော့ virus တွေကို ခုခံတိုက်ခိုက်ဖို့၊ virus ရှိမရှိဆိုတာ သိဖို့အတွက် သံသယဖြစ်ဖွယ်ရာ processing တွေ၊ ဖိုင်တွေကို သိဖို့လိုပါတယ်။ ဒီလို ဒုက္ခပေးနိုင်တဲ့ virus တွေကို config, taskmanager နဲ့ autoruns tools တွေနဲ့ ရှာဖွေကြရတယ်။ ဒါကြောင့် သံသယ ဖြစ်ဖွယ် process တွေကို မိတ်ဆွေတို့အနေဲ့ ရှာတော့မယ်ဆိုရင် ဒီ file က ဘယ်ကလာတာလဲ၊ registry keys တွေအတွက် လေးလံစေတဲ့ ဖိုင်တွေလား၊ ဘယ်လို services တွေကို အသုံးပြုနေလဲ၊ ဘယ် startup program တွေထဲမှာ ဘယ်လိုဖိုင်တွေအနေနဲ့ ၀င်ရောက် အသုံးပြုနေလဲဆိုတာကို သိဖို့လိုပါတယ်။ အကယ်၍များ virus ကို ရှင်းလင်းလိုက်ဖို့ ၂ နာရီလောက် အချိန်ကြာမယ်ဆိုရင် အဲ့လိုရှင်းလင်းလိုက်ဖို့ထက် Operating System ကိုပြန်လည်၍ အသစ်တင်လိုက်မည်ဆိုသော အချက်နဲ့ ညှိနှိုင်းရပါလိမ့်မယ်။ ဒါက အချိန်ကုန်မခံစေချင်တဲ့အတွက် ကြောင့်ပင်ဖြစ်သည်။

Virus ရဲ့ အဓိပ္ပါယ်။
အရိုးရှင်းဆုံး ဝေါဟာရတစ်ခုအနေနဲ့ Computer Virus ဆိုတာ သူကိုယ်တိုင် ဖိုင်တစ်ခုကို ဖန်တီးနိုင်တယ် ကူးယူနိုင်တယ်။ လုံခြုံရေး ဆိုင်ရာ program တွေကို စိန်ခေါ် ခြိမ်းခြောက်နိုင်တဲ့ အစွမ်းတွေရှိတယ်။ တစ်ချို့ virus တွေက သတ်မှတ်ထားတဲ့ ဖိုင်တွေကို delete လုပ်နိုင်တယ်၊ တစ်ချို့က user တွေ ကွန်ပျူတာရဲ့ password နဲ့ information တွေကို ခိုးယူနိုင်တယ်။ တစ်ချို့ကြပြန်တော့ မိမိရဲ့ ကွန်ပျူတာကို OS တက်မလာလောက်အောင် ဖျက်စီးမှု့လုပ်နိုင်ကြတယ်။
အကြမ်းဖျင်းအားဖြင့် -
Virus = ကိုယ်တိုင် copy ကူးယူနိုင်သော file တစ်ခု
Trojan = virus သို့မဟုတ် malware တွေပါဝင်သော program တစ်ခု
Spyware = ကွန်ပျူတာ ကိုထိန်းချူပ်ခွင့်ရရန် သိုမဟုတ် ကြားဖေါက်ဝင်ရောက်နိုင်အောင် ဖန်တီးထားတော့ ဖိုင် သို့မဟုတ် program တစ်ခု
Maleware = ကွန်ပျူတာအား ပိုင်ရှင်၏ ခွင့်ပြုချက်မရပဲ ပျက်စီးရာ ပျက်စီးကြောင်း ဖန်တီးနိုင်သော program
Worm = Network အပေါ်မှာ လမ်းသလားသော virus

Virus ဖယ်ရှားခြင်း။
မိမိကွန်ပျူတာမှာ virus ရှိသည်ဟု ယူဆပါက Up to Date ဖြစ်နေသော Antivirus program တွေနဲ့ စစ်ဆေးပေးပါ။ Antivirus program က detect သိလို့ ဖယ်ရှားနိုင်တယ်ဆို ရင်တော့ ကံကောင်းတာပေါ့။ AV တွေ Detect သိတယ်.. Remove မလုပ်နိုင်တော့ဘူးဆိုရင်တော့ ဖြစ်နေတဲ action နဲ့ file ကို မှတ်သားထားပါ .. ပြီးရင် Search Engine မှာ ၄င်းဖိုင် နဲ့ ၄င်း virus ရဲ့ ဒုက္ခပေးပုံတွေကို ပြောဆို အကူအညီတောင်းပါ။ ပြီးလျင်လမ်းညွန်အတိုင်းဖြေရှင်းမှာ။ ဖြေရှင်းမှု့မလုပ်ခင်တိုင်းမှာ မိမိရဲ့ အရေးကြီးတဲ့ ဖိုင်တွေကို backup လုပ်ထားပါ။

Virus Detect မသိခဲ့ရင်
ကွန်ပျူတာမှာ AntiVirus / AntiSpyware program တွေအနေနဲ့ Detect မသိဘူး သို့သော် ကွန်ပျူတာက အရင်အတိုင်းပဲ နှေးမြဲနှေးနေမယ်ဆိုရင်တော့ background processes တွေကို ကြည့်ရပါလိမ့်မယ်။ ဒီအတွက် special tool လေးတွေက အဓိက တာဝန်ထမ်းဆောင်ရလိမ့်မယ်။ ဥပမာ :- task manager, autoruns, process explorer and hijackthis တို့လိုပေါ့။

Checking Running Processes
ကျွန်တော်တို့ PC တစ်လုံး Error ဖြစ်တယ်ဆိုရင် ပထမဦးဆုံးအကြိမ် task manager (Ctrl + Alt+ Del) ကို ခေါ်ကြည့်တယ်. ပြီးရင် ဘယ်လို file နဲ့ services တွေ Run နေလဲ Memory usage တွေဘယ်လောက်များများကို ဘယ်လို file တွေက အသုံးပြုနေလဲဆိုတာကိုကြည့်မယ်။ ပြီးရင် System Configuration Ultility (RUN>msconfig) က နေဘယ် serivces တွေ နဲ့ ဘယ်ဖိုင်တွေက Operating System (Windows ) startup မှာ ၀င်ရောက်နေလဲဆိုတာကိုပါကြည့်ပါ။အကယ်၍ starup မှာ ထူးထူးခြားခြား file အမည်လေးတွေနဲ့ ၀င်နေတာတွေ့ရင်


တို့မှာသွားပြီး ဖိုင်အမည်ကို ရိုက်ထည့်စစ်ဆေးကြည့်ပါ။ ဘာကြောင့်လဲဆိုတော့ တစ်ချို့ ဖိုင်တွေက system file တွေနဲ့ပုံစံတူတွေဖြစ်နေတတ်တယ်။ မိမိကွန်ပျူတာအတွက် အရေးမပါတဲ့ processes တွေကို end လုပ်ပါ။

System Configuration Utility


RUN dialog box မှာ msconfig ဆိုပြီးတော့ ရိုက်ထည့်လိုက် ပြီးရင် System Configuration Utility ဆိုတာပေါ်လာမယ်... ဒါကတော့ Microsoft Windows မှာဆိုရင် အကောင်းဆုံး ကွန်ပျူတာကိုပြင်ဆင်မှု့ပိုင်းမှာ အထောက်အကူပြုတဲ့ utility ပဲဖြစ်တယ်။ နောက်ဆုံး ဘာမှမသိဘူးပဲထား startup tab မှာ Disable All ဆိုတာကို နိုပ်မယ်။ နောက် Services tab မှာ Hide All Microsoft Services ဆိုတာကို အမှန်ခြစ်မယ်. ပြီးရင် Disable All ဆိုပြီးနိုပ် restart လုပ်လိုက်ရင် မိမိရဲ့ ကွန်ပျူတာ system ဟာပုံမှန်ထက်သိသိသာသာကို ကောင်းမွန်လာတာကိုတွေ့ရလိမ့်မယ်။ ဒီပုံစံနဲ့ တစ်ခါတစ်လေ ဘာ error မှန်းမသိ (အထူးသဖြင့် Software Conflict ဖြစ်၍ windows normal ၀င်မရခြင်း) တဲ့ ပြဿနာတွေကို F8 နိုပ်ကာ Safe Mode ထဲကနေ ပြင်ပြီးသုံးသွားရင်တောင် အဆင်ပြေပါတယ်။

All-in-one diagnostic Tools
Autoruns


ဒီ software က Task manager, msconfig and the services list တွေ စသည့် system diagnostic အစုံပါတဲ့ freeware လေးတစ်ခုပါ။

Process Explorer

ဒါလေးကတော့ အပေါ်က ပုံစံပါပဲ.. သူ့ရဲ့ ထူးခြားချက်ကတော့ file တစ်ခုခြင်းစီအတွက် ကိုယ်ပိုင် ထိန်းချုပ်မှု့ပါ၊ CPU,IO,VM တွေအပြင် performace graphed တွေပါတယ်။

Hijack This

Technician တွေနဲ့ ကွန်ပျူတာ နဲ့နည်းစပ်သူတွေတော်တော်တော်များများသိကြတဲ့ Tool ပါ။ ဒါပေမဲ့ ၄င်းတို့မှာ ပါဝင်တဲ့ R0,R1,R2,R3 / F0,F1,F2,F3 / 01 / 04 / 23 စသည့် notable entries လေးတွေကို သတိမထားမိတတ်ပါဘူး။ R0,R1,R2,R3 ဆိုတာက အင်တာနက် အွန်လိုင်း အမှားအယွင်းတွေ၊ အထူးသဖြင့် Internet Browser တွေပေါ့... အသေးစိတ်ကို


Malware Bytes

Antivirus Program တွေက ၄င်းတို့ရဲ့ Virus Signiture တွေနဲ့ငြိတဲ့ ဖိုင်တွေကို စစ်မယ်၊ Anti Spyware တွေက Registry Entries မှာ ၄င်းတို့ Spyware အဖြစ်သတ်မှတ်ထားတဲ့ ဖိုင်တွေကို စစ်မယ်။ ဒါပေမဲ့ တစ်ချို့ malware တွေကို antivirus တွေ antispyware တွေ Detect သိသော်ငြားလည်း သူတို့ကို Delete မလုပ်ဘူး( Delete လုပ်ဖို့လည်း သူတို့မှာ Power မရှိသလို၊ System File လား၊ ဘာလား မခွဲခြားနိုင်ခြင်း၊ ၄င်း malware တွေနဲ့ familiar ဖြစ်နေခြင်း)။ (မှတ်ချက် - တစ်ချို့ Antivirus program တွေက အဲ့လို malware ရရင် တွေ့သမျှ အကုန်ဖျက်ပါတယ်...ဘာဖိုင်မှကိုမထားပါဘူး။ ပြီးရင်တော့ စက်တောင် မတက်တော့ဘူး။ မိမိရဲ့ ကွန်ပျူတာက malware ကိုက်လို့ ဘာမှမဖြစ်ပဲနဲ့ Antivirus run လိုက်မှ နောက်ဆုံး ရှိတဲ့ ဖိုင်လေးတွေပါ အကုန်ပြောင်သွားတတ်ပါတယ်။) ဒါကြောင့် ၄င်း malware တွေက မိမိရဲ့ Running System နဲ့ Applications တွေကို နည်းမျိုးစုံနဲ့ဒုက္ခပေး၊ application သုံးနေရင်းနဲ့ ရုတ်တရက်ပိတ်၊ error ကျ အဲ့လိုတွေဖြစ်လာတတ်တယ်။ ဒီအတွက် Maleware Bytes ဆိုတဲ့ software လေးက အဆင်ပြေဆုံးပါ။
 ဆိုဒ်တခုမှ ကူးထားခြင်းဖြစ်သည်။

91-ကွန်ပျူတာ ဘာကြောင့် နှေးသွားရတာလဲ

“ကျွန်တော့် ကွန်ပျူတာက ဘာလို့ အလွန်နှေးနေတာလဲ” လို့ သင့်ကိုယ်သင် မကြခဏမေးဖူးပါသလား။ သူတို့ရဲ့ ကွန်ပျူတာက နှေးသွားတဲ့အခါ ကွန်ပျူတာ သုံးသူတိုင်းက ဘာမှ မလုပ်တတ်ကြတော့ပါဘူး။ တစ်ချိန်တုန်းက အဖြေကို ရှာခဲ့တာကြောင့် ကျွန်တော် သိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့် ကွန်ပျူတာက အကြောင်းပြချက်မရှိဘဲနဲ့ နှေးသွားတတ်လို့ပါ။ ကျွန်တော့် ကွန်ပျူတာပေါ်မှာ Spyware တွေကြောင့် ပါလို့ တစ်ချို့ လူတွေက ပြောပါတယ်။ ဒါပေမယ့် Spyware ကို ရှင်းလင်းလိုက်ပေမယ့် ကျွန်တော့် ကွန်ပျူတာရဲ့ စွမ်းရည်ကို အကျိုးမသက်ရောက်ပါဘူး။ အဲဒီကတည်းက ပြသာနာက စစ်စတမ်ထဲက လာတယ်ဆိုတာ တွက်ဆမိပါတယ်။
၁။ ကွန်ပျူတာတစ်လုံးက ဘာကြောင့် နှေးသွားရတာလဲ။
အွန်လိုင်း ၀က်ဆိုဒ်များနဲ့ ဖောရမ်များမှာ ပိုမို လွန်ကဲတဲ့ လေ့လာမူတွေကို လုပ်ပြီးတဲ့ နောက်တွင် ကွန်ပျူတာ Registry က Error တွေကြောင့် ဖြစ်တဲ့ ကွန်ပျူတာနှေးကွေးမူရဲ့ အဓိကအကြောင်းရင်းကို လေ့လာခဲ့ပါတယ်။ လူအများစုက Registry ဟာ ဘာအတွက်ဆိုတာရယ် ဒါမှမဟုတ် ကွန်ပျူတာတစ်လုံးကို ဘယ်လိုနည်းနဲ့ နှေးနိုင်တယ်ဆိုတာကို မသိကြပါဘူး။
၂။ ကွန်ပျူတာ Registry ဆိုတာ ဘာလဲ။
ကွန်ပျူတာထဲမှာရှိတဲ့ Registry ဖိုင်များမှာ သင့် ဟာ့ဝဲ နဲ့ ဆော့ဝဲ ကို မှန်မှန်ကန်ကန် ဘယ်လို လည်ပတ်ရမယ်ဆိုတာ ပြောဖို့ ညွှန်းကြားချက်များနဲ့ Setting များ ပါဝင်ပါတယ်။ Application တစ်ခုကို လုပ်ဆောင်တဲ့ အခါ ကွန်ပျူတာက မှန်ကန်တဲ့ Registry Key များကို ရှာဖွေဖို့ ရှေ့ဆက်ပါတယ်။ အချိန်ကြာလာတဲ့ အမျှ Registry မှာ Error များ ပိုမို ပါဝင်လာပါတယ်။ ဒါမှမဟုတ် စစ်စတမ်က အဲဒါတွေကို အကြိမ်ကြိမ် ရွေ့ပြောင်းပြီးတဲ့ အခါတွင် Registry Key များက ရှုပ်ပွလာပါတယ်။ စစ်စတမ်ကနေ ပျောက်ဆုံးနေတဲ့ ဒါမှမဟုတ် ရှုပ်ထွေးနေတဲ့ အပိုင်းများကို တွေ့တဲ့အခါ ကွန်ပျူတာက ကြောက်စရာကောင်းလောက်အောင် နှေးသွားပါတယ်။ ဒါမှမဟုတ် Hang တောင် ဖြစ်သွားနိုင်ပါတယ်။
၃။ သင့် ကွန်ပျူတာ Registry ကို ဘယ်လိုနည်းနဲ့ ပြင်ဆင်မလဲ။
သင့် ကွန်ပျူတာကို ပြင်ဆင်တာက လွယ်ကူပါတယ်။ ဒါပေမယ့် သင်က Registry Setting များကို ပြောင်းလဲခြင်းနဲ့ အတွေ့အကြုံ မရှိဘူးဆိုရင် သင်ကိုယ်တိုင် လုပ်ဆောင်ဖို့ မကြိုးစားသင့်ပါဘူး။ အမှတ် အမြင့်ဆုံး Registry Cleaner တစ်ခုကို အင်တာနက်ကနေ ကျွန်တော် ဒေါင်းလုပ် လုပ်ခဲ့ပါတယ်။ အဲဒါက ကျွန်တော့်ကွန်ပျူတာရဲ့ Registry ထဲမှာရှိတဲ့ Errors ပေါင်းရာချီကို မဖော်ထုတ်ခင်မှာ ကျွန်တော့် ကွန်ပျူတာကို Scan ဖတ်ပါတယ်။ နောက် ဆယ့်မိနှစ်လောက် ကြာတော့ ကျွန်တော့် ကွန်ပျူတာကို ရှင်းလင်းပေးလိုက်ပြီး သူရဲ့ လုပ်ဆောင်မူနူန်းက သိသိသာသာကို တိုးလာပါတယ်။ ကျွန်တော့် ကွန်ပျူတာက နောက်တစ်ကြိမ် အသစ်တစ်လုံးလို ခံစားရပါတယ်။
၎။ သင့် Registry ကို ထိန်းသိမ်းခြင်း
သင့် Registry ကို ရှင်းလင်းပြီးတဲ့နောက်တွင် အဲဒီအပေါ်မှာ သင့်အနေနဲက ထိန်းသိမ်းခြင်းကို လုပ်ဆောင်သင့်ပါတယ်။ သင့် Registry Cleaner ကို သင့် ကွန်ပျူတာ ချောချောမွတ်မွတ် လည်ပတ်နေစေဖို့ ရက်သတ္တပတ် အနည်းငယ် တစ်ကြိမ် Scan လုပ်ပေးပါ။ သင့် Registry ဖိုင်များကို ပြင်ဆင်ပါ။ သင့် ကွန်ပျူတာကို နောက်တစ်ခါ အသစ်တစ်လုံးကဲ့သို့ လုပ်ဆောင်ပေးပါ။
(၀န်ခံချက်။ ။စာရေးဆရာ Austin Porter ရဲ့ ဆောင်းပါး Why is My Computer So Slow? ကို မြန်မာ ဘာသာသို့ ပြန်ဆိုပါတယ်။)
forward :mail မှ

Monday 14 March 2011

90-Desktop ကို အလှဆင်ချင်သူများအတွက်

Desktop ကို အလှဆင်ချင်သူများအတွက် မျှဝေပေးလိုက်ပါတယ်
အားလုံး အဆင်ပြေမယ်လို့လဲထင်ပါတယ်


Desktop မြင်ကွင်းကို တစ်မူထူးခြားပြီ လှပတဲ့ Real Desktop Software ကို ဖော်ပြပေးလိုက်ပါတယ်။ ဒီဆော့ဝဲလ်လေးကို Run ထားတဲ့အချိန်မှာ အပေါ်က မြင်ကွင်းလေးလို့ ဖြစ်နေမှာပါ။ Start ဘားတန်းပေါ်က Icon ကို ပိတ်လိုက်တဲ့အခါမှာတော့ နဂို မိမိတို့ရဲ့ Desktop ကို ပြန်ပေါ်မှာ ဖြစ်ပါတယ်။ စိတ်ဝင်စားသူများ ဒီမှာDownload လုပ်ယူပါ။ Patch ဖိုင်ထည့်ပေးထားပါတယ်။ Install လုပ်ပြီရင် Start bar မှာ ပေါ်နေတဲ့ R Icon လေးကို ပိတ်ပြီး Patch ဖိုင်ကို Run လိုက်ပါ။ ဒါဆို အမြဲတမ်း သုံးနိုင်ပါပြီ။

Friday 11 March 2011

89-့MozilliaFirefoxကနေYouTubeသီချင်း/ဗွီဒီယိုတွေကိုMp-3အဖြစ်လျှင်မြန်စွာDownloadယူချင်ရင်

ဒီမှာ Install လုပ်ပေးလိုက်ပါ။



မူရင်းလင့်ခ်ဒီမှာ-https://addons.mozilla.org/en-US/firefox/addon/youtube-mp3/

from :  kp3family

87-အသုံးဝင်သောဆောစ့်ဝဲတစ်ချို့များ

သူငယ်ချင်းတို့အတွက်အသုံးတည့်မယ်ထင်တာလေးပါဗျာ....အဆင်ပြေကြပါစေ
မိမိဓာတ်ပုံနဲ့သီချင်းနဲ့တွဲ 3d flash song လုပ်တဲ့ဆော့စ်ဝဲပါ နှစ်သက်မယ်လို့ထင်ပါတယ်.......

ဒီမှာ


မိမိဓာတ်ပုံနဲ့သီချင်းနဲ့တွဲ flash song လုပ်တဲ့ဆော့စ်ဝဲနောက်တစ်ခုပါ

UltraSlideshow

ဒါလေးကတော့......မိမိကွန်ပျူတာရဲ့မျက်နှာWallpaperတွေ
အလိုအလျောက်ချိန်းပေးတဲ့ဆော့စ်ဝဲပါ..၀င်းဒိုးXPအတွက်ပေါ့........

ဒီမှာ



youtube ကနေဒေါင်းချင်တာတွေဒေါင်းရအောင်..သူရဲ့စွမ်းဆောင်ရည်ကတော့တော်တော်ကောင်းတယ်ဗျ...
Download and convert YouTube Music to MP3, AVI, WMV, MOV, MP4, 3GP formats.စသည်ဖြင့်
ဖိုင်formatပြောင်းပြီးတစ်ခါတည်းဒေါင်းနိုင်တယ်ခင်ဗျာ...............

ဒီမှာ


Internet Download Manager ဆိုလူတိုင်းသိမှာပေါ့...သူကောင်းကြောင်းတော့မပြောတော့ပါဘူး
ကွန်နက်ရှင်အခက်ခဲကြောင့်...မှုရင်းလိပ်စာကိုဘဲတင်ပေးလိုက်ရတာပါ...အဆင်ပြေကြပါစေဗျာ......

Internet Download Manager6.05.3

ဒီမှာ Internet Download Manager6.04

Internet Download Manager6.04
Internet_Download_Manager6.04

86-google streetview ကိုသုံးပြီး ကမ္ဘာမှာရှိတဲ့ ကိုယ်မရောက်ဖူးတဲ့ လမ်းတွေကို ကြည့်ရအောင်

ဒီနေ့  ပျင်းနေတာနဲ့ google streetview လေးဖွင့်ပြီး လျှောက်ကြည့်မိတယ်။အခုဆို 
streetview က နိုင်ငံတချို့ကို ကြည့်လို့ရနေပါပြီ။အမေရိကန်၊သြစတေးလျ၊ဂျပန်၊တောင်အာဖရိကနဲ့ 
ဥရောပတိုက်က နိုင်ငံတော်တော်များများကို ကြည့်လို့ရနေပါပြီ။ကိုယ်မရောက်ဖူးတဲ့ နိုင်ငံကို ကိုယ်တိုင်ရောက်ရှိသွားသလို လှည့်ပတ်ကြည့်ရှုနိုင်ပါတယ်။သိပြီးတဲ့သူများလဲ သိပြီးဖြစ်မှာပါ။မသိသေးတဲ့သူတွေ ကြည့်လိုက်နော်။နိုင်ငံတစ်ခုရဲ့ ယဉ်ကျေးမှု၊လှုမှုဘ၀မြင်ကွင်းတွေကို ရှင်းရှင်းလင်းလင်း မြင်သိရတာပေါ့။
ပထမဆုံး http://www.google.com/intl/en_us/help/maps/streetview/ ဆိုတဲ့ လင့်လေးကိုဖွင့်လိုက်ပါ။
Snapshot103.jpg












Try Street View on Google Maps ဆိုတာလေးကို နိုပ်ပေးလိုက်ပါ။အောက်ပုံအတိုင်း ကြည့်ချင်တဲ့ နေရာများကို ကြည့်နိုင်ပါပြီ။အောက်ကပုံက လန်ဒန်မြို့က ပုံလေးတပုံပါ။
Snapshot104.jpg

 
 အရပ်လေးမျက်နှာကို လှည့်ပတ်ပြီး ကြည့်ရှူနိုင်ပါတယ်။ကိုယ်တိုင် ရောက်ရှိသွားသလို ခံစားရစေပါတယ်။

85-Password.Protect.USB.v3.6.1



Password.Protect.USB ဒဲ့ ကလိကြည့်တော့ မိမိစက်မှာရှိတဲ့ Folder တွေ သူများတွေ အလွယ်တကူဖွင့်ကြည့်လို့မရအောင်
Lock ချထားလို့ ရပါတရ်
ညီမလေး တစ်ယောက်တောင်းထားဖူးတာ
မှတ်မိပီး ခုမှတွေ့လို့ ပြန်ရှယ်လိုက်ပါတရ်၊၊
စိတ်ဝင်စားရင်
ဒီမှာ ဒေါင်းလုဒ် ဆွဲယူပေါ့၊၊
အဆင်မပြေတဲ့ သူတွေရှိမှာဆိုးလို့ အခြား Mirror တွေက ပါ တင်ပေးလိုက်ပါတရ်၊၊

Hosting SiteDownload LinkStatus
HotFileSuccess
EasyShareSuccess
MegaUploadSuccess
ZidduSuccess
MegaShareSuccess
RapidShareSuccess
ZShareSuccess
SendSpaceSuccess
MediaFireSuccess
ZippyShareSuccess
FileFrontSuccess
iFileItSuccess
FileDudeSuccess
FileApeSuccess